““ဟားဟား … ငါ့သားကတော့ သူ့အမေပြောတဲ့အတိုင်းပဲဟေ့ … ထွားလာလိုက်တာ မောင်မြန်မာကြီး အတိုင်းပဲ …””
ဇာတ်တိုက်တုန်းက မပါပေမယ့် မောင်မြန်မာကြီးကျနေတာပဲ စကားတစ်ခွန်းက ဇော်ဝိတ်ကို သဘောခွေ့ သွားစေတယ်။ သူကိုယ်တိုင်က မောင်မြန်မာဖြစ်ချင်တဲ့ ဝိတ်ပေါကိုး။
““ဒါပေါ့ ဖေဖေရ … အဖေတူသားပဲ၊ အဖေ့လိုပဲ ထွားရမှာပေါ့””
““ဟယ် … သားအဖတွေ အားရလိုက်တာ””
ဘုမသိဘမသိနဲ့ ဒေါ်မြတင်ကြီး ဝင်ထောက်လိုက်တာကြောင့် ဇော်ဝိတ် မျက်နှာပျက်သွားတယ်။ ဒါကို ဒေါ်မြတင်ကပဲ ဆက်ပြီး …
““ဩော် … သားက မေမေကို သတိမရတော့ဘူးပေါ့””ဆိုတော့ ဇော်ဝိတ်ကလည်း သူ ဒေါ်မြတင်ကို တင်းထားတာတွေ ပြဇာတ်နဲ့ ရောချပါလေရော့လား …။
““သိပ်သတိရတာပေါ့ အမေရယ် မွေးမေပေးသော အသည်းကိုယူကာ ဆိုကတည်းက … အမေ့ကို သိပ်သတိရတာပေါ့ …။ အမေ လုပ်ထည့်လိုက်လို့ ကျွန်တော့်အရှက် ဖြန်းဖြန်းကွဲခဲ့တာ မေ့လို့ရပါ့မလား …””
သူ့စကားကြောင့် ဒေါ်မြတင် မျက်နှာပျက်သွားပြီး …
““အဲဒါ … အမေက ဘာပြောရမှန်းမသိလို့ ယောင်ပြီးထွက်သွားတာပါ သားရယ် …၊ နောက်ကို မဖြစ် စေရပါဘူး …။ အခုလည်း တစ်ခါတည်းပါ””
““တစ်ခါတည်းဆိုပေမယ့် ပြန်ပြင်လို့မရတော့ဘူး အမေ … အမေ သင်ပေးလိုက်လို့ ကျွန်တော့်ရဲ့ မျက်ရည်တွေလည်း ခန်းခြောက်တတ်ခဲ့ပါပြီ …။ နောက်ပြီး ခုန ကျွန်တော် တက်္ကသိုလ်က ပြန်လာတော့ ကျွန်တော့်မျက်နှာကို စိမ်းစိမ်းကြီး စိုက်ကြည့်ပြီး တော့်ဟိုသင်းလေးလာနေပြီဆိုတော့ ကျွန်တော် ဘာကောင် ဖြစ်သွားပြီလဲ အမေ …””
““အဲဒါက … အမေ့မေတ်္တာနဲ့ ဟိုသင်းဆိုတာကို ဟိုသင်းလို့ မခေါ်ရက်တာနဲ့ ဟိုသင်းလို့ ခေါ်လိုက် တာပါကွယ် … တကယ့်မေတ်္တာပါ ဟိုသင်းလေးရယ် …””
““အမေ့ရဲ့ တကယ့်မေတ်္တာကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါမှားမယ် ဆိုရင်တော့ ကျွန်တော့်ဆီက ချေးထားတဲ့ အကြွေးတွေကို ပွဲပြီးတာနဲ့ ပြန်တောင်းရမှာပဲ …””
ဒေါ်မြတင် မျက်နှာပျက်သွာတယ်။ သူ ပွဲကဖို့အတွက် သူ့ယောကျာ်း ဖိုးလုံးဆီမှာ ပိုက်ဆံတောင်းတာ မရလို့ ဇော်ဝိတ်ဆီက ခဏဆွဲထားမိတာကိုး …။ ဒါကြောင့် မျက်နှာချိုသွေးကာ …
““ငါးရံ့အူဟင်းလေး ချက်ကျွေးတဲ့မျက်နှာ ရှိသေးတယ်လေ။ ငါးရာနှစ်ဆယ့်ရှစ်က ငွေနှစ်ရာ့ ငါးဆယ်ထက် ပိုပါတယ် …””
““ဟိုချေးမစင်တဲ့ ငါးရံ့အူဟင်းကို ပြောတာလား … သွားစမ်းပါ””
သူတို့နှစ်ယောက် ပြောရင်းပြောရင်းနဲ့ စကားတွေက ဘေးရောက်လာတယ်။ ဒါကိုသိတဲ့ ဦးရေပြားကပဲ ကြားဝင်ပြီး …
““ကဲ … ကဲ … ဒီသားအမိတွေ နောက်မှပဲ အလွမ်းသယ်ကြ …။ ကဲ … သားလည်း ပညာစုံပြီဆိုတော့ ရှေ့ဆက်ပြီး ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားလဲ ပြောစမ်း …””
ဦးရေပြားအမေးကို ကိုဇော်ဝိတ်က အားနဲ့မာန်နဲ့ ပြန်ဖြေတယ်။
““ကျွန်တော်က ပြည်သူကြားက ရဲသားကြီးလုပ်မယ်။ ရဲသားကြီးဘဝနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင် မယ်””
““ဟားဟား … ဒါမှ ငါ့သားကွ … ဒါမှ ငါ့သား၊ ငါ့သားဆိုတာ ဒါမျိုးပဲဖြစ်ရမှာပေါ့ … ဟားဟား …””
ဘေးနားရှိတဲ့ ဒေါ်မြတင်က ဇာတ်လမ်းတွေထဲက ထုံးစံအတိုင်း ခေါင်းကိုခါ မျက်နှာကို တစ်ဖက် လှည့်ရင်း …
““အို … ကျုပ် ဟိုသင်းကိုတော့ ရဲစခန်းထဲ မထည့်ရဲပေါင် …။ တော်ကြာ ကျိုးပဲ့လာမှဖြင့် …””
သူ့စကားကြောင့် ဦးရေပြားရော၊ ကိုဇော်ဝိတ်ပါ မျက်နှာပျက်ကုန်ကြတယ်။ နောက်မှ နည်းနည်းနပ်တဲ့ ဦးရေပြားကပဲ …
““ဟယ် … ကျိုးပဲ့လာရင်လည်း နောက်မှ ကျိုး၊ နောက်မှ ပဲ့ … ကဲ … အခုတော့ ငါ့သားလည်း ခရီးဝေးက လာရတော့ ဆာလှပေါ့…။ ဟဲ့ … မြနှစ် … ငါ့သား စားဖို့ ဘာရှိတုံး …””
သူ့အမေးကို ဒေါ်မြတင်က အလိုမကျဟန် ချစ်ခင်ဟန်ဖြင့် … သရုပ်ဆောင်ရင်း …
““ရှိပါ့တော် … ကျုပ်သားလေးလာရင် ဆာလာမယ် သိလို့ ဟိုသင်းတွေ အပုံလိုက် …””
သူကတော့ ထမင်း၊ ဟင်းကို ဆိုလိုပုံရတယ်။ ဒါပေမယ့် သုံးတဲ့စကားက မကောင်းတော့ ဘယ်လိုကြီးမှန်းကို မသိဖြစ်သွားတယ်။ ဒါကို စကားတွေမှားတာ လွန်လွန်းလို့ တင်းလာတဲ့ ဦးရေပြားက …
““ကဲ … သားရေ၊ မင်းအမေပြောတဲ့ ဟိုသင်းအပုံလိုက်ကိုပဲ တို့သားအဖနှစ်ယောက် သွားဟပ်ကြ ရအောင် …။ သူနဲ့ တွေ့မှ တို့တွေလည်း ခွေးလုံးလုံးကို ဖြစ်ရတော့တာပဲ …””ဆိုပြီး စင်နောက်ကို ဒေါကြီး မောကြီးနဲ့ ဝင်သွားတယ် …။
ဒီလိုနဲ့ မဖြစ်ဖြစ်အောင်တော့ ဇာတ်ကို ဆက်ကနေကြတာပေါ့ …။ ဇာတ်ကလည်း ဘယ်သူမှ စိတ်မပါတော့ ဘယ်ကနေ ဘယ်လိုဖြစ်မှန်း ဘယ်ကိုရောက်နေမှန်းကို မသိတော့ဘူး။ သေနတ်တွေ ပစ်တာလည်း တဒိုင်းဒိုင်းပဲ …။ စိတ်နာလို့ ပိုပစ်နေသလားတောင် အောက်မေ့ရတယ်။ ဇော်ဝိတ်ကြီးဆို ဘာမဆိုင် ညာမဆိုင် ဦးဒေါနနဲ့ ဒေါ်မြနှစ် (သူ့မိဘနှစ်ပါး) စကားပြောနေတုန်း ပြေးထွက်လာပြီး …
““မွေးမေပေးသော အသည်းအတွက်ကွ … ရော့ …””
““ဒိုင်း””
““ရော့””
““ဒိုင်း””
““ဟိုသင်းပုံ ဟပ်ရတဲ့အတွက် … ရော့””
““ဒိုင်း””ဆိုပြီး မိုးပေါ် သုံးချက် ထောင်ဖောက်သွားသေးတယ်။ ယမ်းဖောက်နေရတဲ့ အီးတီခမျာလည်း ယမ်းတစ်လုံး အရက်တစ်ခွက်နဲ့ ညှိပြီး ရောင်းနေတာ ဖင်ပါထောင်နေပြီ။ ဒါပေမယ့် ပါးစပ်ထဲ အရက်တစ်ခွက် စွပ်ကနဲ ထည့်ပေးလိုက်၊ ယမ်းသံက ဒိုင်းကနဲထွက်ပြီးသား …။ အားလုံးကလည်း စိတ်နာနာနဲ့ သောက်နေကြလို့ ထင်တယ်။ စကားပြောတာတောင် လေလုံး မကွဲကြတော့ဘူး။
တကယ်“က”နေတာမှ ခြောက်ယောက်လောက်ရှိတာ။ ငါးယောက်က မူးနေတာဆိုတော့ စဉ်းစားသာ ကြည့်။ (တစ်ယောက်က မိန်းမ … ဒေါ်မြတင်လေ) ဒီလိုနဲ့ နောက်ဆုံး ဇာတ်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်သိမ်းပိုင်းကို ရောက်လာတယ်ဆိုပါတော့။