ဘာကြီးလဲ

“ ဒီ နာရီ ကို မင်း အဘိုး ရပုံ က ဆန်း တယ်ကွ ၊ ငါတို့ ရွာ ချောင်း ထဲ မှာ သေနတ် မှန် ပြီး ရေနစ် နေတဲ့ အင်္ဂလိပ်ကြီး တစ်ယောက် ကို မင်း အဘိုး က ဆင်း ဆယ်ပြီး ဆရာတော့် ဆီ ပို့ ၊ ဆရာတော် က သူ ဖော်ထားတဲ့ ဆေး နဲ့ ကုလို့ ပျောက် သွားတော့ အင်္ဂလိပ်ကြီး က မသေတော့ဘဲ နောက် ရောက်လာတဲ့ စစ်တပ် နဲ့ ပြန်ထွက် လိုက်မယ့် နေ့ မှာပဲ မင်း အဘိုး ကို အမှတ်တရလက်ဆောင် ဆိုပြီး ပေးခဲ့တာ ၊ ထူးဆန်းတာ က အဲဒီ အင်္ဂလိပ်ကြီး ကို လည်း သူ့ အဖေ ရဲ့ အဖေ သူ့ အဘိုး ကပဲ ပေး ခဲ့တာတဲ့ကွ ”

“ ဟာ .. ဒါဆို ဒီနာရီ က သက်တမ်း ကြာပြီပေါ့ ”

“ ဒါပေါ့ကွ ၊ ဆွစ်ဇလန်မိတ် ကွ ၊ နှစ်တစ်ရာ မှာ တစ်မိနစ် လွဲရင် နာရီ ရဲ့တန်ဖိုးထက် အဆတစ်ရာ ဆိုလား တစ်ထောင် ဆိုလား ၊ တစ်သောင်း ဆိုလား ပြန် ပေးမယ်ဆိုတာ သူတို့ ကြော်ငြာတာပေါ့ကွ ”

ထိုကြောင့် ညိုမောင် သည် ရာဇဝင် ရှိသာ ထို နာရီကလေးကို သိပ် မြတ်နိုးသည် ။ သူ့ နာရီကလေး က ပြသော အချိန် သည် ဒီကမ္ဘာ ပေါ် တွင် အမှန်ဆုံး ဟု လုံးဝ စွဲမြဲစွာ ယုံကြည် ထားသည် ။

လူ တစ်ယောက် မှာ တစ်ခါတစ်လေ တစ်ခုခု ရူးသွပ်ခွင့်ကလေး တော့ ရှိထားသင့်သည် ဟု ထင် ပါသည် ။ ထိုအချိန်မှာပင် ညိုမောင် လမ်းကလေး ကို ကွေ့လိုက်တော့ ဟိုဘက်လမ်း ကနေ ညိုမောင့် လို ပဲ ကွေ့ လိုက်သော လူတစ်ယောက် ကို တွေ့လိုက်တော့ ညိုမောင် ဝမ်းသာသွား၏ ။ ပြီးတော့ အံ့ဩသွား၏ ။ အဘယ်ကြောင့် ဆိုသော် ထို လူ က ညိုမောင့် ကို ပြုံး ပြလိုက်သောကြောင့် ဖြစ်သည် ။

“ စားခဲ့ ပြီးပြီလား ”

“ ခင်ဗျာ ”

အပြုံး အပြင် စကား ပါ ပြောသဖြင် ညိုမောင် ပို၍ ဘာ လုပ်ရမှန်း မသိ ဖြစ်သွားသည် ။ သေချာတာက ထို လူ့ ကို ညိုမောင် လုံးဝ မသိပါ ။

“ ခင်ဗျား အင်တာဗျူး လာ ဖြေတာ မဟုတ်လား ၊ ကျွန်တော် လည်း အတူတူပါပဲ ၊ ခင်ဗျား ကို အချိန် ပြောင်းတာ ဖတ် ကတည်း က သတိထား မိတာ ”

“ ဟာ .. ဝမ်းသာလိုက်တာဗျာ ၊ ကျွန်တော် မျက်စိ လည်နေလို့ ”

“ ဒါဆို ဘာမှ မစားရသေးဘူးပေါ့ ”

“ ဟုတ်တယ် မစားရသေးဘူး ”

“ ဒီဘက်အကွေ့ မှာ မုန့်ဟင်းခါးတို့ အသုပ်တို့ ရောင်းတဲ့ ဆိုင်ကလးတွေ ရှိတယ်ဗျ ၊ သွား ကြရအောင် ”

“ ကုမ္ပဏီ နဲ့ တော်တော် ဝေး သေးလား ”

“ ဟာ ခင်ဗျား ကလည်း ကုမ္ပဏီ က ရှေ့ကွေ့ကလေးတင် ဟာ ၊ လာစမ်းပါ ”

ညိုမောင် သက်ပြင်းကြီး ကို ချရင်း ထိုလူ နှင့် အတူ ထွက် ခဲ့လေသည် ။

ယောက်ျားလေးတွေ က ဒေါသ ဖြစ်နေသော မျက်နှာမျိုး ဖြင့် ခပ်သွက်သွက် ထွက် လာကြပြီး ၊ မိန်းကလေး အများစု က နှာခေါင်း ထိပ်ကလေးတွေ နီ ကာ မျက်ရည် လည်ရင်း အင်တာဗျုး အခန်း ထဲ က ထွက် လာတာ ကို မြင်ရလေလေ ညိုမောင် က ဓဇဂ္ဂသုတ် ကို ဖိ၍ ဖိ၍ ရွတ် လေဖြစ်သည် ။

“ သိပ်တော့ မလွယ်ဘူး ထင်တယ်ဗျို့ ၊ ရှေ့ က လူတွေ ပုံစံ ကြည့်ရတာ သိပ် မဟုတ်ဘူး ”

သူ နှင့် အတူ မနက်စာ စား ခဲ့သော ဝင်းထွန်း က လေသံသဲ့သဲ့ ဖြင့် သူ့ ကို ကပ်၍ ပြောခြင်း ဖြစ်သည် ။ ညိုမောင် စိတ် ထဲက မေတ္တာသုတ် ကို ရွတ်နေတာ မပျက်ရအောင် ခေါင်း ကို သာ ညိတ် ပြလိုက်ရ၏ ။ အခန်း ထဲ က အင်တာဗျူး နေ သည့် ပုဂ္ဂိုလ်များ ကို မေတ္တာ ပို့နေခြင်း ဖြစ်သော်လည်း တစ်ခါမျှ မမြင်ဘူးသောကြောင့် မေတ္တာ ပို့ရတာ တော်တော် အူကြောင်ကြောင် နိုင်သည် ဟု ညိုမောင် ထင်သည် ။ မေတ္တာသုတ် ရွတ်တိုင်း သူ့ မျက်နှာထဲမှာ မြင်နေတာက မနက်က တွန်း ပေးလိုက်တဲ့ ကား အဖြူရောင်ကလေး ထဲ က အဖြူရောင်တွေ ချည်းသာ ဝတ် ထားသော အဖြူရောင် လမင်းကလေး မျက်နှာ ကိုပဲ မြင် မြင်နေသည် ။ ဘယ်လောက် ကိလေသာတဏှာ များ လိုက်တဲ့ ကောင် လဲ ဟု ဆရာတော်ဘုရား အမြဲ ဆုံးမတော်မူသည့် အတိုင်း ကိုယ့် ကို ကိုယ် နာနာကြည်းကြည်း နှင့် ယဉ်ကျေးလာအောင် ဆုံးမရင်း မေတ္တာသုတ် ကို သာ အာရုံ နှစ် ၍ ရွတ် နေရသည် ။ သူ့မှာ အားကိုးစရာ ဆို၍ ဘုရား ၊ တရား ၊ သံဃာ သာ ရှိသည် ။

သူ နှင့် ဒီနေ့ မနက်မှ ရင်းနှီးခဲ့သည့် ဝင်းထွန်း က အမှတ် ၂၂ နောက်ဆုံး လူ ဖြစ်၏ ။ သူ နှင့် ဝင်းထွန်း ကြား တွင် တစ်ယောက် ခြားသည် ။ သို့သော် ထို တစ်ယောက် က မလာပါ ။ ထို့ကြောင့် သူ ပြီး လျှင် ဝင်းထွန်း အလှည့်ပင် ဖြစ်သည် ။

“ ခင်ဗျား ပြီးရင် ခဏ စောင့်ဗျာ ၊ အတူ ပြန်ကြတာပေါ့ ၊ ဟုတ်လား ”

သူ ခေါင်း ကို ညိတ် ပြလိုက်၏ ။

“ ကာမေသု ဝိနယဂေဓံ ၊ နဟိဇာတုတ်ဂတ်ဘ သေယပုန ရေတိ မစ်တ သုတ်တံနိတ်ထိတံ ”

“ အမှတ်စဉ် ၂၁ မောင်ညိုမောင် ”

မေတ္တာသုတ် ရွတ် အပြီး သူ့ အမည် အခေါ် တိုက်ဆိုင် သွားသဖြင့် ညိုမောင့် စိတ် ထဲမှာ တော်တော်လေး ပီတိ ဖြစ်သွားသည် ။

“ ဟုတ်ကဲ့ … ရှိပါတယ်ခင်ဗျ ”

“ အဆင်သင့် ပြင်ထားပါ ၊ ဒီ ခုံမှာ နေရာ ယူ ထားပါ ”

ညိုမောင် ဝင်းထွန်း လက် ကို ပုတ်ရင်း ထပြီး အမည် ခေါ်သူ ညွှန်ပြသော နေရာတွင် ဝင် ထိုင်ရသည် ။ အထဲ ကို ရောက် လျှင် အင်တာဗျုးသူများ က ထိုင်ပါ ဟု မပြောမချင်း မတ်တပ် ရပ်နေရမည် ။ သူတို့ က ‘ ထိုင်ပါ ‘ ဆို မှ ထိုင် ရမည် ။ ထိုင်သည့် အခါတွင် လျှော့တိလျှော့ရဲ မထိုင်ရ ။ တောင့်တောင့်တင်းတင်းကြီး မနေရ ။ မျက်လုံး ကို တစ်ခန်းလုံး လျှောက် ကြည့်တာမျိုး မလုပ်ရ ။ ပြီးတော့ ကိုယ့် ကို မေးမည့် လူကြီးများ ကိုတစ်ယောက် ပြီး တစ်ယောက် လျှောက် ကြည့်တာမျိုး မလုပ်ရ ။ တစ်ယောက် တည်း ကို စူးစိုက် ကြည့်တာမျိုး လည်း မလုပ်ရ ဆိုတာတွေ ကို ညိုမောင် သတိထားဖို့ တစ်ကြိမ် စီ ပြန် စဉ်းစား လိုက်သည် ။

“ ကဲ … ကိုညိုမောင် … ဝင်လို့ ရပါပြီ ”

သူ တံခါး ကို တွန်းဖွင့်ပြီး ဝင် လိုက်တော့ အမျိုးအမည် ပြော၍ မရသော ရနံ့ တစ်ခု ကို နှလုံးသား ထဲ က ရပါသည် ။ ထို ရနံ့မျိုး ကို အင်တာဗျုး ဖြေသူ မှ သာ ခံစား နိုင်မည်ဖြစ်ပြီး စာ ဖြင့် ရေး ပြရန် မလွယ်ကူပါ ။ ရလည်း မရနိုင်ပါ ။

သူ ထိုင်ရန် အတွက် စီစဉ်ထားသော ခုံ ၏ နောက်တွင် ခေါင်း ကို ပုံမှန် ထားပြီး မျက်ဝန်းတွေ ကို တော့ အောက် ကို စိုက် ထားလိုက်သည် ။ လမင်းစိုး ဘာ လုပ်ရမှန်း မသိ ဖြစ်၍ သွားသည် ။ ထို့ကြောင့် ရှေ့မှာ ရှိနေသော စာရွက်တွေ ကို ကောက် ကိုင်ပြီး ဘာ အဓိပ္ပါယ် မှ မရှိပဲ လျှောက် ဖတ်၍ နေမိသည် ။ ဒီ ငတိ မျက်စိ လည် လမ်း မှားပြီး ကုမ္ပဏီ ကို ရောက် မလာပါစေ နဲ့ ဟူသော သူ့ ဆုတောင်း မှာ မပြည့်ခဲ့ ။

“ ထိုင်ပါ ”

ငြင်သာ ဖော်ရွှေသော အသံ ကြောင့် ညိုမောင် ခေါင်း ကို တစ်ချက် ညိတ် ပြပြီး ခုံ တွင် ဝင် ထိုင်သည် ။ ပြီးတော့ ရှေ့က စားပွဲပေါ် မှာ မြင်ရသည့် သူ့ မျက်ဝန်း တစ်ငုံ့ စာ စာရွက်တွေ ဖိုင်တွေ ကို သာ စိုက် ကြည့် နေမိသည် ။ သူ က စကား မပြောဘဲ ကိုယ် က သူတို့ ကို မကြည့်ရပါ ။

“ ကိုညိုမောင် က eco နဲ့ ပြီးတာနော် ”

“ ဟုတ်ပါတယ် ခင်ဗျာ ”

ချိုသာစွာ ဖြေရင်း ခေါင်း ကို မော့ လိုက်တော့မှ ညိုမောင့် ခေါင်း သည် အင်တာဗျုးအခန်း နှင့် ပြည့် သွားသည် ဟု ပင် ထင် ရသည် ။

သူ … ။

အဖြူရောင် လမင်းလေး ။ သူ ကား တွန်းပေးခဲ့ သူ ။ ပိုက်ဆံ တစ်ထောင် ။

“ ကျွန်တော် က ချစ်မင်းစိုး ပါ ၊ Solo ကုမ္ပဏီ ရဲ့ မန်နေဂျာချုပ် ပါ ၊ ပိုင်ရှင် က လည်း ကျွန်တော် ပါပဲ ၊ သူ က ကျွန်တော့် ညီမ ပါ ၊ မလမင်းစိုး Solo ရဲ့ ဒုမန်နေဂျာချုပ် ပါ ၊ ကိုညိုမောင့် ကို ကျွန်တော် တို့ အခုလို ခေါ်တွေ့ရတာ ရဲ့ အဓိကအချက် က ကျွန်တော် တို့ ရဲ့ Solo စီးပွားရေးလုပ်ငန်း ကို ကိုညိုမောင် ဘယ်လို စိတ်ဝင်စားသလဲ ၊ ဘယ်လို မြင်သလဲ ဆိုတာကို ရိုးရိုးသားသား သိချင်တာပါပဲ ”

ကိုချစ်မင်းစိုး ဆိုသူ က ညိုမောင့် ထက် ၂ နှစ်လောက်တော့ ကြီးသည့်ပုံစံ ပေါ်သည် ။ စကား ပြော ရည်မွန်သည် ။ တည်ငြိမ် အေးဆေးသည် ။ သူ ပေးထားသည့် နာမည် က လမင်း ဖြစ်ပြီး ၊ အခု တွေ့ရသော ဒီ ကောင်မလေး အမည်က ‘ လမင်းစိုး ‘ ဆိုတာ ရယ် ၊ သူ မေတ္တာသုတ် ရွတ်နေတုန်း ဒီ ‘ လမင်း ‘ မျက်နှာပဲ ပေါ်ပေါ် လာ နေတာရယ်နဲ့ သူ့ ကို မေးမည့် သူ က လမင်းစိုး ဖြစ် နေတာတွေရယ် ကြောင့် ညိုမောင် စိတ်တွေ လှုပ်ရှားပြီး ကိုချစ်မင်းစိုး မေးသော မေးခွန်းတွေ ကို အတင်း ပြန် စဉ်းစားယူရသည် ။

“ ကျွန်တော် Solo ကုမ္ပဏီ ကို ဈေးကွက် ထဲ ကို ထိုးဖောက်ကာ စ ကုမ္ပဏီ တစ်ခုလို့ပဲ သုံးသပ်မိပါတယ် ခင်ဗျာ ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် တို့ ရွာကလေး မှာ ဒီ နာမည် ကို မကြားဘူးသေးပါဘူး ၊ တခြား ကုမ္ပဏီတွေ တော်တော်များများ ကိုတော့ သိနေကြပါတယ် ၊ ကျွန်တော်တို့ ကြော်ငြာအား သုံးရပါ့မယ်“

“ မှန်တယ် ၊ ဘာဖြစ်လို့ ကျွန်တော်တို့ ကုမ္ပဏီ ကို စိတ် ဝင်စားရတာလဲ ”

“ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစား သင်ထားခဲ့ရတဲ့ ပညာ ကို အသုံးချဖြစ် ချင်တာရယ်.. ပြီးတော့ … ”

ညိုမောင် စကား ဆက်မပြောဘဲ မျက်လွှာ ကို ချလိုက်သည် ။

“ ပြောပါ ဘာကို မဆို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် ”

“ ပြီးတော့ ကျွန်တော့် အမေ နှင့် ဆရာတော် တို့ ရဲ့ မိဘကျေးဇူး ကို ဆပ်တဲ့ အနေ နဲ့ လုပ်ကျွေးချင်လို့ပါ ”

ကိုချစ်မင်းစိုး က လေးနက်စွာ ခေါင်းညိတ်လေသည် ။ ပြီးတော့ …

“ ကိုညိုမောင့် လိပ်စာ က ဘုန်းကြီးကျောင်း လိပ်စာကြီး နော် ”

“ ဟုတ်ပါတယ် ၊ ကျွန်တော် ၁ဝ နှစ် သား ကတည်း က ဘုန်းကြီးကျောင်း ကို စ ရောက်ပါတယ် ၊ ကျောင်း က ကျွန်တော် တို့ ရွာ အပါအဝင် ရွာ ၉ ရွာစလုံး ကိုးကွယ်တဲ့ကျောင်းပါ ၊ ဆရာတော် ကိုယ်တိုင် ကျွန်တော့် ကို ဘွဲ့ ရသည် အထိ ကျောင်း တက်ဖို့ စရိတ် ကို တာဝန် ယူခဲ့တာပါ ။ အဲဒါကြောင့် ဆရာတော့် ကျေးဇူး နဲ့ မိဘကျေးဇူး ကို ကျွန်တော် က ဆပ် ချင်တာပါ“

“ ကိုညိုမောင် တို့ ရွာ မှာ ပွဲရုံတို့ ၊ ပွဲဒိုင်တို့ မရှိဘူးလား ”

“ ရွာ မှာ တော့ မရှိပါဘူး ၊ ရွာ ကနေ ၃ နာရီလောက် လှည်း နဲ့ သွား ရင်တော့ ကမ်နီး ကို ရောက်ပါတယ် ၊ အဲဒီမှာ ဒိုင်တွေ ရှိပါတယ် ”

“ အဲဒီ ဒိုင်တွေ မှာ ကိုညိုမောင် လို ပညာတတ်တွေ လိုမှာပဲ ၊ ဘာဖြစ်လို့ မလုပ်တာလဲ ”

“ အဲဒီမှာ ဆိုရင် ကျွန်တော် ဘယ်လောက် ကြိုးစားကြိုးစား ထူးခြားမှာ မဟုတ်ပါဘူး ၊ အဲဒီ က ဒိုင်တွေ မှာ လုပ်ဖို့ က eco နဲ့ ဘွဲ့ ရစရာ မလိုပါဘူး ။ ၈ တန်း အောင် လောက် ဆိုရင် ရပါပြီ ၊ အဲ့ဒါကြောင့် ကျွန်တော့် ပညာ ကို နှမြောတာလည်း ပါပါတယ် ”

“ ကိုညိုမောင် ဒါ ပထမဦးဆုံး အလုပ် လျှောက်ဖူးတာနော် ”

“ ဟုတ်ပါတယ် ခင်ဗျာ ”

“ ကောင်းပါပြီ ၊ ကောင်းပါပြီ ၊ ကျွန်တော် မေးစရာ မရှိတော့ပါဘူး ။ ကဲ … ညီမလေး ”

ကိုချစ်မင်းစိုး က သူ့ ညီမလေး ဘက် ကို လှည့်၍ မေး ဆတ်ပြသည် ။ လမင်းစိုး က မဲ့ပြုးကလေး ပြုံးကာ မျက်နှာ ကို ညိုမောင့် ဘက် သို့ တည် လိုက်သည် ။