ဘာကြီးလဲ

“ သူ က ကားတွန်းခ တစ်ထောင် ပေးခဲ့တယ် လေ ”

“ ဟ .. အဲဒါ ကို မင်း ရယူတာ မှ မဟုတ်ဘဲ ၊ သူ က မင်း ပြန်တောင်းတာ က အကူအညီပဲ မဟုတ်လား ၊ ဒါကိုမှ သူ က သူတောင်းစား ပေးသလို လွှင့်ပစ်ပြီး လည်း ပေး သေးတယ် ၊ အထဲမှာ တွေ့တော့လည်း စော်ကားသေးတယ် ၊ ဘာလဲ ကွ ”

“ ငမိုး အဲဒီ ဖြစ်ရပ်တွေ အားလုံးရဲ့ တရားခံက ကား ကြောင့် ဖြစ်တာ ကွ ”

“ ကား ကြောင့် ဘာလဲ ကွာ ၊ မင်း ကလည်း ကားပွဲစားလို့ မပြောရဘူး ၊ ဘာပဲဖြစ်ဖြစ် ဖြစ် တာနဲ့ ကားကြောင့် ဆိုတာ ချည်းပဲ ၊ ဒီကိစ္စ က ကား နဲ့ ဘာ ဆိုင်လို့လဲ ”

“ တိုက်ရိုက်ကိုဆိုင်တယ် ငမိုး ၊ ဒီကောင် ပြောပုံ အရ ဆိုရင် ဒီ ကောင်မကလေး စီး တဲ့ ကား ဟာ ငါတို့ ဈေးကွက် မှာတော့ နောက်ဆုံးပေါ် ပဲ ၊ သူ က ကားအတွက် လုပ်ဆောင်ချက်တွေ အားလုံး ကို ဒစ်ဂျစ်တယ်စစ်စတန် ( Degital system ) နဲ့ သွားတာကွ ၊ အနည်းဆုံး တစ်ထောင် အထက် မှာရှိတယ် ”

တစ်ချိန်လုံး တိတ်နေရာမှာ ဝင် ပြောသော ကိုဇော့် ကိုလည်း ညိုမောင် ငေး နေမိသည် ။ ရွှေသမား က ရွှေ နှင့် သူ့ ကိစ္စ ကို ဆုံး ဖြတ်သည် ။ အခု ကားသမား က ကား နှင့် သူ့ ကိစ္စ ကို ဆုံးဖြတ်နေတာ ကို ညိုမောင် ပင် ပြန် စိတ်ဝင်စားနေရ၏ ။

“ ကားကောင်း စီးတဲ့ သူဌေးတွေ မှာ မှ ကျရောက်တက်တဲ့ ရောဂါ ရှိတယ် ၊ အဲဒါက ကား ပျက်ရင် သေမတက် ရှက်တာပဲ ၊ ဒီကောင်မလေး လည်း ဒစ်ဂျစ်တယ် တစ်ထောင် ကျော် ကားကြီး စီးပြီး ရွှေတောင်ကြား ထဲ မှာ ကား ပျက်တာကို ရှက် မှာပေါ့ ၊ ကား ဆိုတာကလည်း အဖိုးတန်ကြီးလေ ပြင်တက်တဲ့ သူ ရှား လေလေ ဝယ် ထည့်ရမယ့် စပါယ်ယာပစ္စည်း များလေလေပဲ ”

“ ဟေ့ကောင် … ငဇော် မင်း ကားအကြောင်းတွေ လာ မပြောနဲ့ကွာ ”

“ ဒါမှ မင်းတို့ ငါပြောတာကို သဘော ပေါက်မှာပေါ့ ကွ ၊ အဲဒီတော့ ဒီ ကား ဟာ ဒီလို တစ်ခါ နှစ်ခါ ဖြစ်ထားဖူးရမယ် ၊ သူတို့ သွား ပြကြမှာပဲ ၊ ကိုင်နိုင်တဲ့ သူ မရှိသေးလို့ဖြစ်မယ် ၊ ဒါပေမယ့် စက် ထိုးရပ်သွား ရင် တွန်း နိုး လို့ ရတယ်ဆိုတာကိုတော့ ကောင်မလေး က သိ ထားတယ် ၊ သူတို့ ကံ ကောင်းတာပေါ့ ၊ တချို့ ကား ဆို ကြိုး နဲ့ ဆွဲပေးတော့ပဲ ”

“ ကဲ .. ကားအကြောင်းတွေ မပြောပါနဲ့ ဆိုနေ ကွာ ”

“ နေစမ်းပါဦး ၊ မင်း ကလဲ ၊ အဲဒီမှာ ဒီကောင် ကို တွေ့တော့ လမ်းသွားလမ်းလာပဲ ၊ ပုံစံ ကို ကြည့်ပြီးတော့ ကားအကြောင်း ဘာမှ နားလည်တဲ့ အကောင် ပဲ ဆိုပြီး တစ်ခါဆက်ဆံ သဘောမျိုးနဲ့ တွန်း ခိုင်းတာ ၊ ပြီးတော့ သူဌေး တို့ ထုံးစံ အတိုင်း ငွေ ကို အားကိုး တာ ပေါကွာ ၊ ကား လည်း စက်နှိုး ပြီး မုန့်မိုးတစ်ထောင် ပေးခဲ့မယ် ၊ ဒီ ဘဝ မှာ နောင် တစ်ခါ ဒီလို ကောင်မျိုးနဲ့ ဆုံစရာ ကိစ္စလည်း မရှိတော့ဘူး ဆိုပြီး ပိုက်ဆံ ထုတ်ပေးတော့မှ ဒီကောင် က မယူဘဲ သူ့ Solo ကတ်ကို ပြပြီး အဲဒီမှာ အင်တာဗျူး ဖြေမယ်ပါ ပြော လိုက်တော့ အရှက် ကွဲပါပြီ ဆိုပြီး ပိုက်ဆံ ကို ချပြီး လစ် တာ ၊ ပိုက်ဆံ တစ်ထောင် ကို သူတောင်းစား ပေးသလို စော်ကားပြီး ပေး သွားတာ မဟုတ်ဘူးကွ ၊ ရှက်ပြီး လစ်တာ … ”

ကိုဇော့် စကား ဆုံးတော့ အားလုံး ငြိမ်သွားကြသည် ။

ကိုဇော် ပြောသည့် သုံးသပ်မှု ကို ဘယ်သူမှ မငြင်းနိုင်ကြ ။

“ မဟုတ်သေးဘူး ကွ ၊ မင်း ပြောတာ မှားတော့ မမှားဘူး ၊ ဒါပေမယ့် ကောက်ချက် ချတာ မှား နေတယ် ”

ရုတ်တရက် တံခါးဝ မှ ထွက် လာသော မမနွယ် ၏ အသံကြောင့် အားလုံး ထိတ်လန့်၍ သွား ကြသည် ။ မတ်တတ်တွေ ဘာတွေ ထ ရပ် ဖြစ်ကြသည် ။

မမနွယ် ၏ ဘယ်ဘက်လက်ခုပ် ထဲ မှာ စပါယ်ပန်းဖူးကလေး တွေ ကို တွေ့ ရသည် ။ သူတို့ အဆောင် ၏ ညာဘက် တွင် မမနွယ် စိုက်ထားသော စပါယ်ရုံကြီး တစ်ရုံ ရှိသည် ။ မမနွယ် သည် ထို စပါယ်ရုံ မှ စပါယ်ဖူးများ ကို ညဘက် ဆင်း ခူးလေ့ ရှိပြီး ၊ ကြိုး နှင့် သီကာ ရေ စွတ်ထားသော ပိတ်ပါးစကလေး နှင့် ထုတ် ထားတက်သည် ။ မနက် မိုးလင်းလျှင် ပွင့် နေသော စပါယ်ပန်းကုံး ကို ပလာဇာ သို့ ပန် သွားလေ့ ရှိသည် ။

အခုလည်း ထို စပါယ်ဖူးတွေ လာ ခူးရင်း သူတို့ ပြောတာတွေ ကို မမနွယ် ကြား ပြီးတော့ ဝင် လာတာ ဖြစ်ပုံ ရသည် ။

“ ထိုင်ပါကွ …. ထိုင်ပါ ”

ကိုမိုး က သူ့ ပန်းထိမ် ထိုင်ခုံ ကို ပြေး ဆွဲသည် ။

“ နေပေစေ … မောင်လေး ၊ မမနွယ် ပလာဇာ မှာ တစ်နေ့လုံး ထိုင်ရတော့ ခုံ မြင်ရင် မုန်း လွန်းလို့ ရတယ် ”

မမနွယ် က တံခါးဝ မှာ ရပ် ရင်း စပါယ်ပန်းဖူးတွေ ကို ဟိုဘက် ဒီဘက် ကစားရင်း ပြောသည် ။

“ မောင်ဇော် တွက်တာ ကတော့ ကား ကို မူတည်ပြီး တွက် တာပေါ့လေ ၊ မောင်ဇော် ပြောတဲ့ ကား ကိစ္စတွေ ဘာတွေ က ပါ ချင်လည်း ပါ မှာပေါ့ ၊ ဒါပေမယ့် အဓိက က တော့ မိန်းကလေး တစ်ယောက် ရဲ့ မာန စိတ် ကြောင့် ဖြစ်တာကွ ”

အင်း … အပျိုကြီး ကလည်း သူ့ အဖြစ် ကို အပျိုကြီး တွက် တွက်ဦးမည် ဟု ညိုမောင် တွေးတာ စိတ် ထဲ မှာ ကြိတ် ပြုံးမိသည် ။

“ မိန်းကလေး ဆိုတာ လူတစ်ယောက် ကို အကူအညီ တောင်းဖို့ တော်တော်လေး ကို ဝန်လေး တတ်ကြတယ်ကွ ၊ အထူးသဖြင့် မိန်းကလေးတွေ က ယောကျာ်းလေး ဆီ က အကူအညီ တောင်း ရမှာကို ပိုပြီး ဝန်လေးတက်ကြတယ် ၊ မောင်ညို တို့ အင်တာဗျူး ကို နာရီအချိန် ရွေ့တယ် ဆိုတာ သူ ကားပျက် နေလို့ ရွေ့တာကွ ၊ မင်း ကို အကူအညီ တောင်းတော့ မင်း က လိုလိုလားလား ပဲ ပေးခဲ့တယ် ၊ သူ က မင်း ကို မုန့်ဖိုး ၊ လက်ဖက်ရည်ဖိုး ပေးတာ မရိုင်းပါဘူး ၊ မိန်းကလေး ဆိုတာမျိုးက အကူအညီ ကို ဆန့်ကျင်ဘက် ယောကျာ်းလေး တစ်ယောက် ဆီက ယူမိပြီးပြီ ဆိုရင် အဲဒီ ကိစ္စ ကိုတစ်ခါတည်း ရှင်းချင် တတ်ကြတယ် ၊ အဲဒီလို မရှင်း ထားရင် အဲဒီ အကူအညီ ကို ခုတုံး လုပ်ပြီး မလိုအပ်တဲ့ အခြား လူမှုရေးကိစ္စတွေ ပါဝင် လာတက်ကြတယ် ”

“ ဟာ … အဲဒါတော့ မမနွယ် မှားပြီ ”

“ မောင်မိုး မမနွယ် ပြောတာ ခပ်ညံ့ညံ့ ယောက်ျားတွေ ကို ပြော နေတာပါ ၊ ယောက်ျားလေးတွေ အားလုံး အပေါ်မှာ ချတဲ့ ကောက်ချက် မဟုတ်ပါဘူး ၊ တစ်ခါတုန်းက မမနွယ် ကို ကား ပေါ် က လူ တစ်ယောက် က ခြင်း ပေးထားပါလား ဆိုလို့ ထမင်းချိုင့်ရယ် ၊ ထီးရယ် ၊ ဘာညာ ထည့်ထားတဲ့ ခြင်းကလေး ပေး ကိုင် မိတော့ သူ က ထိုင်ခုံ မှာ ပေါ့လေ ၊ ကူညီတယ် လို့ ပဲ မမနွယ် ကတော့ ထင် တာပေါ့ ၊ နှစ်မှတ်တိုင် လောက် ကြာတော့ အဲဒီ လူ က ဘယ်မှာ လုပ် တာလဲ တဲ့ ၊ မမနွယ် ကလည်း ထုံးစံအတိုင်း မေးတယ် ထင်လို့ ရန်ကင်းစင်တာ မှာ အထည်ဆိုင် ပေါ့ လေ ၊ သူ က တစ်ဆင့် တက်တယ် ၊ ဘယ် အထပ် မှာ လဲ ၊ ဆိုင်နံပါတ် ဘယ်လောက်လဲ ၊ သူ ကြုံရင် လာလည်လို့ ရမလား ဘာလား ၊ နာမည် ဘယ်လို ခေါ်သလဲတွေ တပြုံကြီး ဝင် လာရော ၊ အဲဒီတော့ မမနွယ် တစ်ခွန်းပဲ ပြန် ပြောလိုက်တယ် ၊ ရှင် ကျွန်မ ရဲ့ ခြင်း ကို ပြန် ပေးတော့လို့ အဲဒါ မမနွယ် ကိုယ်တွေ့ ပါ ”

ကိုဇော် နှင့် ကိုမိုး က ခေါင်းကို ညိတ်ကြသည် ။

လောကကြီး ထဲ မှာ ဒီလို ကောင်မျိုးတွေ လည်း ရှိနိုင်တာပဲ ဟု သာ ဒေါသ ထွက်ထွက် နှင့် ခေါင်း ကို ညိတ် ကြရခြင်း ဖြစ်၏ ။

“ အဲဒီတော့ မိန်းကလေး တစ်ယောက် ဟာ အကူအညီ တောင်းဖို့ ဒါမှမဟုတ် ယူဖို့ ဆိုတာကို တော်တော်လေး သတိ ထားကြရတာ အခု ကိစ္စက လူ ပြတ်တဲ့ လမ်းပေါ်မှာ ပြီးတော့ တစ်ယောက်ချင်း အကူအညီ ယူရတာ ၊ အကူအညီ ကြောင့် ကိုယ် အဆင်ပြေ သွားတော့ ဒီ ကျေးဇူး ကို ဖြတ် ပစ်တဲ့အနေနဲ့ အကောင်းဆုံး လုပ်နိုင်တာကတော့ လက်ဖက်ရည်ဖိုး ပေးတာပဲ ၊ အဲဒီမှာ မင်း က Solo ကို ပြော လိုက်တော့ သူ ကိုယ်တိုင် ကလည်း အင်တာဗျူး မေးမယ့် သူ ဖြစ်နေတော့ မင်း ကို တစ်ထောင် အတင်း ပေးပြီး မင်း ကျေးဇူး ကို ရအောင် ဖြတ်တာ ၊ အင်တာဗျူးခန်း ထဲမှာ မင်း ကို ဒုက္ခ ရောက်အောင် မေးတာတွေ က တမင် မေးတာ ၊ မင်း ကို သူ မညှာဘူး ၊ မင်း နဲ့ သူ့ ကြား မှာ ဘာ ကျေးဇူး မှ မရှိဘူး ၊ မင်း သူ့ ကား ကို တွန်း ပေးရုံနဲ့ Solo မှာ အလုပ် မရဘူး …. အစ ရှိတဲ့ ခံစားချက်တွေ နဲ့ မင်း ကို တမင် ရစ် ပြီး မေး ခဲ့တာ သူ မောင်ညို့ကို သိစေချင်တာ က သူ နဲ့ မင်း နှစ်ယောက် တည်း ရှိ တုန်းမှာ သူ တောင်းခဲ့တဲ့ အကူအညီ ဟာ မင်း Solo မှာ။အလုပ် ရဦးတော့ အဲဒီ အကူအညီ ကြောင့် မဟုတ်ဘူး ဆိုတာကို သိစေချင်လို့ တမင် လုပ်တာပဲ ”

အားလုံး သက်ပြင်းတွေ ချဖြစ် သွားကြသည် ။

ဘာမှ မဟုတ်ဘဲ ဖြစ်ခဲ့သည့် ကိစ္စသည် ဒီလောက် နက်ရှိုင်းသွားမှန်း မောင်ညိုမောင် လည်း အခုမှ သိတော် မူတော့၏ ။

မမနွယ် တွက် ပြသွားသည့် အချက်တွေ ကိုလည်း ကိုဇော် နှင့် ကိုမိုး တို့ မဖြစ်နိုင် ဟု မပြောနိုင်ကြပါ ။ မမနွယ် တွက် ပြတာကလည်း ထောင့် စေ့ပါသည် ။ မိန်းကလေးချင်း စိတ်ထား ကို အခြေခံ ထားသဖြင့် သဘာဝ လည်း ကျပါသည် ။ မမနွယ် သည် သူ ပြောတာ ကို ဘယ်သူက ငြင်းဦးမလဲ ဆိုသော သဘော နှင့် စပါယ်ဖူးကလေးတွေ ကို လက်ပြောင်း ဆော့ရင်း စောင့် ၍ နေသည် ။

“ မမနွယ် ပြောတာ ဖြစ်နိုင်ချေ အရှိဆုံးပါပဲ ၊ ကျွန်တော် အင်တာဗျူး အခန်း ထဲ မှာ လုံးလုံး မလှန် နိုင်အောင် ကို မေးတာ ၊ သူ့ အစ်ကို ကတောင် တား ယူရတယ် ”

“ အေး .. မမနွယ် တွက်တဲ့ အတိုင်းသာ မှန် ရင် မင်း အဲဒီ အလုပ်ကို ရ လိမ့်မယ် မောင်ညို ”

“ ဗျာ ”

ညိုမောင် တအံ့တဩ လှမ်း ကြည့်တော့ မမနွယ် က တံခါး ကို ကျော ခိုင်းပြီး ထွက်သွားပြီ ဖြစ်၏ ။