“ အချစ် ” ကလေး ဟု ခေါ်ခြင်း မဟုတ် ။ ‘ ကျစ် ‘ ကလေး ဟု ခေါ်ခြင်း ဖြစ်သည် ။
သော်သော်တို့ ထမင်းဆိုင် ၏ နာမည် သည် ‘ စေတနာရှင် ‘ ဖြစ်သော်လည်း ထို နား မှာ နေ ကြသော အဆောင်ကျောင်းသားများ နှင့် ရပ်ကွက်သူ ရပ်ကွက်သားများ ကတော့ ‘ ကျစ်ဆံမြီးဆိုင် ‘ ဟု ဝိဂြိုဟ်ပြု ၍ ခေါ်ကြကြောင်း ၊ နောင် ကျမှ ညိုမောင် သိရသည် ။ ထို့ကြောင့် သော်သော် ၏ ကျစ်ဆံမြီး သည် အလှအပအတွက် သာ မဟုတ် စီးပွားရေး နှင့် ပတ်သက် နေကြောင်း ညိုမောင် သိရှိသွားသည် ။
ညိုမောင် ထမင်း ကုန် ခါနီးမှာ လိုက်ပွဲဝက်ရည်ဆမ်းပန်းကန်လေး က အနား ရောက်လာသည် ။ သော်သော် လည်း အခြားအရာများ ကို ချရင်း သိမ်းရင်းဖြင့် သူ့ ပန်းကန် ထဲ သို့ ဂေါ်ဖီ နှင့် သခွားသီးချဉ် ကို လည်း ထည့် ပေးသွားသည် ။ သော်သော် ဈေးရောင်းဈေးဝယ် ကျွမ်းကျင်ခြင်း ကို ညိုမောင် စိတ် ထဲ က ချီးကျူးသည် ။
“ ဘယ်လောက် ကျ လဲ ဟင် ”
“ ဪ … သွားတော့မယ် ပေါ့ ၊ အစာ ဝ တော့ ဌာနေ ကို ပြန်တော့မယ် ပေါ့ ”
မော်မော် က ခါး ထောက်ရင်း သူ့ ကို ရန်တွေ့ သလို ပုံစံမျိုးနှင့် စ သည် ။
“ အာ .. မဟုတ်ပါဘူး .. ဟိုလေ ”
“ မစားခင်တုန်း ကတော့ ဟိုဟာတေွ ရွှေ့ ၊ ဒီဟာတွေ သယ်နဲ့ စား ပြီး သွားတော့ လစ်တော့မယ် ဆိုတာ ဘယ် ဟုတ်မလဲ ၊ ‘ အတ္တ ‘ ပြီး သွားရင် ‘ ပရ ‘ က လာတော့လေ ”
“ ဟဲ့ .. မော်မော် ”
“ ရပါတယ် … ရပါတယ် ”
“ ဒါဆိုရင် စား ပြီးသား ပန်းကန် ပေး ၊ ဟို က စားပြီးသား ပန်းကန်တွေ လည်း ယူ လိုက် ”
“ အိုကေ … ”
ညိုမောင် စားပြီးသွားသော ပန်းကန်တွေ ကို ယူ ပေးသည် ။ သော်သော် က ထမင်းကြော် ထည့်ပြီး ဝက်စပ်ရည် ဆမ်းပြီး ဟင်း ထည့်ပြီးသား ပန်းကန် ကို ထိုး ပေးလျှင် ထို ပန်းကန် ထဲသို့ ညိုမောင် က အချဉ် နှင့် ငရုတ်သီးကြော် ထည့် ပေးပြီး မှာသူ ကို ပေးရသည် ။ ရေနွေး ကုန် လျှင် ဓာတ်ဘူး ထဲ ထည့် ရသေးသည် ။ လိုက်ပွဲ ချပေးရသည် ။ ၆ နာရီခွဲ လောက်မှာ လူ က တော်တော်လေး ကျလာပြီဖြစ်သည် ။
မိကျစ်ရေ … အကျစ်ရေ .. ကျစ်ဆံမြီးရေ နှင့် သော်သော် လည်း ကျစ်ဆံမြီး ကို ရှေ့ ပို့လိုက် နောက် ပို့လိုက် နှင့် လက် မလည်တော့ ၊ ညိုမောင် က သူ သာ မရှိလျှင် ပို ဆိုးမည် ဟု တွက် လိုက်မိသေးသည် ။ ထို့ကြောင့် ညိုမောင် ပို ၍ သွက်အောင် လုပ်ပေးသည် ။
“ ဟာ … ဟေ့ကောင် ညိုမောင် ဘယ်လို ဖြစ်ရတာလဲ ၊ သူငယ်ချင်း ရာ ”
တိုးလွင် ၏ တမင် လုပ် ပြောလိုက်သော အံ့ဩသံကြီး ကြောင့် ညိုမောင် လန့် ၍ သွားသည် ။ သော်သော် ကတော့ မော့ပင် မကြည့် ။ ညိုမောင် ဒုတိယ အကြိမ် ပြာ သွားပြန်သည် ။
“ သူငယ်ချင်း … ညိုမောင် ရာ ကုမ္ပဏီ မှာ မရလည်း ငါ .. ငါ နဲ့ ပွဲစား လိုက် လုပ်ပါလားကွာ ၊ အဆင်ပြေပါတယ် ၊ ဒီလို စားပွဲထိုး အလုပ်ကတော့ ငါ တောင်းပန်ပါတယ် ကွာ ”
ကိုဇော် က အိုက်တင်မင်းသားတွေ လို သရုပ်ဆောင် ၍ ပြောသည် ။
“ ညိုမောင် … သူငယ်ချင်း … ငါ ပန်းထိမ် သင် ပေးပါ့မယ် ကွာ ၊ ပန်းထိမ် ဆိုတာ လူမမြင် သူမမြင် နဲ့ ပိုက်ဆံ ရတာပါ ၊ ဒီလိုကြီးတော့ မလုပ်ပါနဲ့ ကွာ ၊ ငါ … ငါ တောင်းပန်ပါတယ် ”
ဆံပင် က ရှည်ရှည် ၊ အသား က မည်းမည်း ၊ မုတ်ဆိတ် နှင့် နှုတ်ခမ်းမွေး နှင့် ဆိုတော့ ကိုမိုး က ကုလားမင်းသား လို အိုက်တင် နှင့် ပြော ပြန်၏ ။ ညိုမောင် မွှန်ထူပြီး ရယ် နေမိ၏ ။
“ ဒီ ဆိုင် မှာ ပွဲစား လည်း မလိုဘူး ၊ ရွှေတို့ ဘာတို့ ခိုးတာ ဝှက်တာလည်း မရှိဘူး ၊ ကောင်းကောင်းမွန်မွန် နဲ့ ရိုးရိုးသားသား ပဲ ဈေး ရောင်းကြတာ ၊ ရောင်းဖို့လည်း မရှိ ၊ အပ်ဖို့လည်း မရှိ ၊ ညောင်း တော့ … ”
“ ဒါဆိုရင်တော့ ငါ ဝင် ပြောရလိမ့်မယ် မော်မော် … ဒီကောင် က ရွာ ကနေ ကုမ္ပဏီ မှာ လုပ်မယ် ဆိုပြီး ငါ့ အဆောင် ကို တက် လာတာ ၊ ဒီကောင် ငါ့ ဆီ ရောက်မှ ထမင်းကြော်ဆိုင် က စားပွဲထိုး ဖြစ် နေရင် … ငါ့ မျက်နှာ ဘယ် သွား ထားရမလဲ ”
“ ဒီ ပန်းကန်တွေ နား မှာ ထား … ဆေး ပေးမယ် ”
“ ငါ့ ကို ဆရာတော် က ဘယ်လို ပြောမလဲ ”
“ အနိစ္စ … အမြဲ မရှိ ၊ ဒုက္ခ … ဆင်းရဲခြင်း ၊ အနတ္တ အစိုးမရ .. လို့ ပြောမှာပေါ့ ”
တစ်စက္ကန့်လေးမျှ တုံ့ဆိုင်း မနေဘဲ ချက်ချင်း ဒက်ခနဲ ၊ ဒိုးခနဲ ဒေါက်ခနဲ ပြန် ပြောလိုက်သော မော်မော့် စကားကြောင့် ကိုဇော်တို့ အုပ်စုရော စားနေကျ သူတွေပါ ပွဲ ကျသွားသည် ။
“ ကဲ … တော်ပါပြီဗျာ ၊ ဒီကောင် ငါတို့ ဆီ ကနေ အလွတ်ကြေးနဲ့ ပြောင်းရွှေ့သွားပြီ ဆိုတာ နားလည်လိုက်ပါပြီ ၊ ဘယ်လို ဖြစ်ရတာတုံး ညိုမောင် ရာ မမြင်ဝံ့ မတွေးဝံ့တွေ ပါ လား ”
ကိုဇော် က ညိုမောင့် ပခုံး ကို ပုတ် ၍ ပြောသည် ။
“ နောက်မှ … ပြောကြမယ်ကွာ ”
“ ကိုတိုး တို့ ထုံးစံ အတိုင်းပဲလား ”
“ အေးပေါ့ အကျစ် ရေ ”
“ မော်မော် ကြက်ဥသုံးလုံး ဟပ် ( ဖ ) ဖရိုက်ကြော် ၊ အနှစ် မပေါက်စေနဲ့ ၊ ကိုညိုမောင် ရေနွေးအိုး … ရေနွေးအိုး … ”
ညိုမောင်က လေချွန် နေသော ရေနွေးအိုး ဆီ သို့ ကမန်းကတမ်း လှည့် ရ၏ ။ တိုးလွင် တို့ စားပြီးတော့ ရး၃ဝ နာရီ လောက် ရှိပြီမို့ သော်သော် တို့ လူ နိုင်သွားပြီ ဖြစ်သည် ။ ဒီတော့မှ ညိုမောင် တို့ လက်ဖက်ရည် ဆိုင် သို့ ထွက်ခဲ့ကြသည် ။ ဆိုင်ကို ရောက်တော့မှ ညိုမောင် က သူ့ အကြောင်း ကို ရှင်းပြသည် ။ သူငယ်ချင်းတွေ တဝါးဝါး တဟားဟား နှင့် အားရပါးရ ရယ်မောကြလေသည် ။
“ ငါ မပြောဘူးလား ၊ မင်း ဘုန်းကြီးကျောင်းသား ငါတို့ ကို ရောင်းစားမှာ လို့ ”
“ ကောင်းတယ် ၊ ဟေ့ကောင် ညိုမောင် ဒီကောင့် ကို ရောင်း ရင် ကျဈေး နဲ့ မှ ရောင်း ၊ ဒါမှမဟုတ် ကြေးများများ နဲ့ စပ်ပြီးမှ ရောင်း ကွာ ”
တိုးလွင် စကားကြောင့် ကားပွဲစား ရော ၊ ပန်းထိမ်ဆရာ ပါ အားရပါးရ ရယ် လိုက်ကြလေသည် ။
ချစ်မင်းစိုး ခေါင်း ကို ခါ ရမ်းလိုက်ရင်း သက်ပြင်း ကို ချ လိုက်သည် ။သူ့ ရှေ့တွင် မကျေနပ်သော
မျက်ဝန်းများ ကို ကျုံ့ထားပြီး ၊ နူတ်ခမ်း ကို တင်းတင်း စေ့ ၊ စားပွဲ ကို စိုက်၍ ကြည့် နေသော သူ့ ညီမလေး
လမင်းစိုး ရှိသည် ။ လမင်း သည် ငယ်စဉ် ကတည်း က သူ လုပ်ချင်တာ ကို ဇွတ် လုပ်တက်သော
ခေါင်းမာသော ဒေါသကြီးတတ်သော စိတ်ဖြေစိတ်ကျေလည်း လွယ် သော ညီမလေး တစ်ယောက် ဖြစ်သည် ဆိုတာ ကို သူ သိပါသည် ။