ဘာကြီးလဲ

သူ့ ညီမလေး သည် သူ့ စိတ်ထဲ ရှိရာကို မည်သူ့ ကို မှ မတိုင်ပင်ဘဲ တိုင်ပင် မိ၍ တားလျှင်လည်း

နောက် မဆုတ်တက် ပဲ လုပ်ချင်တာ ကို လုပ် ပစ်လိုက်လေ့ ရှိသည် ။ အကယ်၍ ထို ကိစ္စသည်

တက်တက်စင်အောင် ‘ လွဲမှား ‘ သွားလျှင် သူ မှားသွားကြောင်း ကို သတ္တိ ရှိရှိ ဝန်ခံပစ်သည် ။

အပြစ် ဆိုလျှင်လည်း ခံသည် ။ အဆုံးအရှုံး ဆိုရင်လည်း ရင်ဆိုင်သည် ။ အကယ်၍ ထို ကိစ္စ သည် ‘ မှန် ‘ သွား လျှင်လည်း ခေါင်း ကို မော့မည် ၊ ရင် ကို ကော့မည် ၊ လက်မ ထောင်မည် ။

ဒါပေမယ့် လောက တွင် ဝန်ခံရုံ ၊ ရင်ဆိုင်ရုံ နှင့် မရသော ‘ အမှား ‘ မျိုး ရှိသလို ခေါင်းမော့ ရင်ကော့ ကာ လက်မ ထောင်၍ မရသော ‘ အနိုင် ‘ မျိုးလည်း ရှိ တတ်ကြောင်း ကို လမင်းစိုး မသိသေးပါ ။

ချစ်မင်းစိုး ကတော့ အနိုင် အရှုံး နှင့် တွေ့ရသော အပြောင်းအလဲ ထက် ရေရှည် သွားရသော

ဓမ္မဓိဌာန် ကျသည့် ‘ တည်ငြိမ်မှု ‘ ကို ပို၍ သဘောကျပါသည် ။ မစွန့်စားရဲ သူ မဟုတ်ပါ ။ အလိုအပ်ပဲ နှင့် အနိုင်အရှုံးကို စိန်မခေါ်ချင်သော သဘော ရှိ သူ သာ ဖြစ်ပါသည် ။

“ အခု ကိစ္စ ကို ညီမလေး က ကိုကို့ ကို ဆန့်ကျင်နေတာ မဟုတ်ဘူး ၊ ကိုကို့ သဘောထား ကို နား မလည်သေးတာ လို့ပဲ ကိုကို ထင်တယ် ညီမလေး ”

“ တူတူပါပဲ ”

“ ဘယ် တူ မှာလဲ ညီမလေး ရဲ့ ၊ အခု ကိုကို တို့ စီစဉ်တဲ့ ကိစ္စ က ဒီနေ့ နက်ဖြန် ကောက် လုပ်မယ့်

ကိစ္စ မှ မဟုတ်တာ ၊ ရေရှည် ကိစ္စ ညီမလေး ရဲ့ ၊ အနည်းဆုံး one year over ရှိတယ် ၊ အဲဒီလောက် အချိန် ပေး ပြီးတော့လည်း ကိုကို ဒီ လူ သုံးယောက် ကို ရှာ ချင်တယ် ။ ကိုကို သူတို့ အတွက်

အချိန် ပေးနိုင်တယ် ညီမလေး ”

“ ကိုကို ရွေးတဲ့ အထဲ က ခင်မေရာ တစ်ယောက် ပဲ ညီမလေး သဘော တူ တယ် ၊ နန္ဒာမောင့် ကို မကြိုက်ဘူး ၊ ပြီးတော့ ညိုမောင် ဒီ လူ့ ကို သဘော မကျဆုံး သူ ပဲ ဒီ လုပ်ငန်း နဲ့ ပတ်သတ်လို့ ဘာ တစ်ခု ကို မှ မသိဘူး ၊

ကိုကို အဲဒါ ရှင်းတယ် ”

ချစ်မင်းစိုး လည်း တော်တော်လေး ဒုက္ခ ရောက်သွားသည် ။

အဘယ်ကြောင့်ဆိုသော သူ ညိုမောင့် ကို သဘော ကျ သော အချက် က ထိုသို့ ‘ ဘာတစ်ခု မှ မသိခြင်း ‘ ကြောင့် ဖြစ်သည့် အတွက် သာ တည်း ။

ထိုကြောင့် ဒီ ကိစ္စ ကို သွယ်ဝိုက် မနေတော့ဘဲ ထိပ်တိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ရှင်း မှ ရတော့မည် ဆိုတာ ကို ချစ်မင်းစိုး ဆုံးဖြတ်လိုက်သည် ။

“ ညီမလေး နဲ့ ကိုကို ဒီ ကိစ္စ ကို ဆွေးနွေးကြရအောင် ကွာ ”

“ ဘယ်လို ပုံစံမျိုးနဲ့ လည်း ကိုကို ”

ဒီတစ်ခါတော့ ညီမလေး က သူ့ ကို မျက်နှာချင်း ဆိုင်ပြီး ပွင့်ပွင့်လင်းလင်း ပဲ မေး ပါသည် ။ လမင်းစိုး မေးသည့် သဘော က ရုံး ၊ ကုမ္ပဏီ ၏ စည်းကမ်း အတိုင်း မေးခြင်း သာ ဖြစ်ပါသည် ။

သူတို့ မောင်နှမ ဒီ ကုမ္ပဏီ ကို ထူထောင်ခဲ့ကြစဉ်က အလုပ် တာဝန် ခွဲဝေကြသည့် အခါတွင်

စည်းမျဉ်းတွေ ၊ စည်းကမ်းတွေ ဥပဒေတွေ ကို မောင်နှမ နှစ်ယောက် အရင် ထုတ်ကြသည် ။

ချစ်မင်းစိုး က အကြီးမို့ ဥက္ကဌ နေရာ ကို နေရပြီး ၊ လမင်းစိုး က အငယ်မို့ ဒုတိယအကြီးဆုံး နေရာ မှာ နေရသော်လည်း လုပ်ငန်း နှင့် ပတ်သတ်သော ကိစ္စတစ်ခု ကို ချစ်မင်းစိုး က အစ်ကိုကြီး မို့

သူ စိတ် ထင်ရာ လုပ်ခွင့် မရှိသလို လမင်းစိုး ကလည်း ညီမလေး မို့ နွဲ့ဆိုး နဲ့လုပ်ပစ်လိုက်ပြီ ကိုကိုရေ

ဟု လုပ်၍ မရပါ ။

ကိစ္စတစ်ခု မပြေလည်လျှင် မောင်နှမ ဆိုတာ ခဏ မေ့ ထားပြီး ကုမ္ပဏီစည်းကမ်း နှင့် အညီသာ

ဆွေးနွေးရပါသည် ။ ထို ဆွေးနွေး နည်း က ၃ မျိုး ရှိသည် ။ ပထမနည်း က ဝေဖန်ဆွေးနွေးခြင်း ဖြစ်သည် ။

ဒုတိယနည်း က အကြောင်းပြ ဆွေးနွေးခြင်း ဖြစ်သည် ။ တတိယနည်း က ယှဉ်ပြိုင်ဆွေးနွေးခြင်း ဖြစ်သည် ။ ထိုဆွေးနွေးနည်း ၃ နည်းဖြင့် ဆွေးနွေး ၍ လက်ခံနိုင်လောက်သော အခြေအနေ ရောက်မှ သဘော တူကြသည် ။ သဘောတူ ပြီးလျှင် ထိုသဘော တူညီမှု ကို အကျိုးအကြောင်း မဲ့ ဖျက်သိမ်း၍ မရပေ ။

“ အကြောင်းပြဆွေးနွေးနည်း နဲ့ တော့ ကောင်းမယ် ထင်တယ် ညီမလေး ”

“ ညီမလေး သဘော တူပါတယ် ၊ ခင်မေရာ ကတော့ နိုင်ငံခြားဘာသာသိပ္ပံ က ဂျပန်စာ နဲ့ ကျောင်း ပြီးတယ် ၊ ဂျပန်ဂိုက် လည်း လုပ်နေတယ် ၊ ရုပ်ရည် ကျွမ်းကျင်မှု ၊ ဘာမှ ပြောစရာ မရှိတဲ့ အတွက်ထားတော့ ၊ ကေသီမိုး ကိုတော့ အရန် နေရာမှာ ပဲ ထား ချင်တယ် ”

“ ဘာဖြစ်လို့လဲ ညီမလေး ”

“ အင်တာဗျူး တုန်း က သူ့ ပုံစံ က ဖြည်းဖြည်း နဲ့ မှန်မှန်သမား ပုံစံမျိုး ဖြစ်နေတယ် ၊ ညီမလေး တို့

လုပ်ငန်း နဲ့ အံဝင် မဝင် ဆိုတာ ရုတ်တရက် ဆုံးဖြတ်လို့ မရဘူး ၊ ဒီတော့ သူ့ ကို အစမ်းပဲ ခန့် ချင်တယ် ၊ လုပ်ငန်း အတွက် ယတိပြတ် ပြောလို့မရနိုင်ဘူး ”

“ အစမ်းခန့် ဆိုရင်တော့ ညီမလေး နောက် တစ်ယောက် သာ ရွေး လိုက်တော့ ၊ သူ က အစိုးရဝန်ထမ်း ညီမလေး ၊ ညီမလေး က အစမ်း ခန့် လည်း သူ က ရုံး ကနေ ထွက် ရမှာပဲ ၊ ပြီးတော့ မှ ညီမလေး မခန့်ဘူး ဆိုရင် ”

“ ကောင်းပြီ ကိုကို ၊ ညီမလေး သူ့ ကို သဘော ကျတဲ့ အခြား အချက်တွေ ရှိတယ် ၊ ညီမလေး

သူ့ ကို ခန့်မယ် ၊ ညီမလေး တို့ project အတွက် အသုံး မတည့်ရင်လည်း ဒီ ကုမ္ပဏီ အတွက်ပဲ ထား ကြတာပေါ့ ”

“ ညီမလေး သူ့ ကို ဆုံးဖြတ်ချိန် က … ”

“ နှစ်လ ”

“ သုံးလ ယူ ညီမလေး အဲဒီလောက် မှ လမ်းစကလေး ပဲ ရ ဦးမှာ ”

“ OK ကိုကို … ”

လမင်းစိုး က သူ့ Diary ထဲ မှာ သဘောတူသော အချက် ကို သေသေချာချာ ထည့် ရေးသည် ။ ပြီးတော့ … ကေသီမိုး၏ C.V form ကို တစ်ဖက် သို့ ရွေ့သည် ။ ပြီးတော့ ချစ်မင်းစိုး ကို လှမ်း၍ ကြည့်သည် ။ ကိုကို ကရော ဆိုသည့် သဘောမျိုး ။

“ ကိုကို့ မှာ လည်း ညိုမောင့် ကို သဘော ကျ ထားတဲ့ အချက်တွေ ရှိတယ် ၊ ညီမလေး … ညီမလေး …

ကေသီမိုး ကို သဘော ကျတဲ့ အချက်တွေ ရှိထား သလိုမျိုး ပေါ့ ”

“ ညီမလေး ကေသီမိုး ကို သဘောကျတဲ့ အချက်တွေ က … တစ် ”

“ ဟိုး … ဟိုး … ညီမလေး ၊ အဲဒီ အကြောင်းကို ကိုကို နဲ့ ညီမလေး ပြောပြီးပြီးလေ … ၊ အစမ်းခန့် မဖြစ်ဖို့ပဲ အခုမှ ကိုကို က ပြောတာ ”

“ ဟုတ်ပြီ ကိုကို … ညိုမောင့် ကိစ္စ ကို ပြောပါဦး ”

“ ကိုကို နဲ့ ညီမလေး ၊ ညိုမောင့် အပေါ် မှာ မြင်တဲ့ အမြင်ချင်း က အတူတူပဲ ညီမလေး ”