ဘာကြီးလဲ

“ ဟင် .. ဒါဆို ”

“ ကိုကို့ စကား မဆုံးသေးဘူး ညီမလေး ရဲ့ ၊ အဲဒီ အမြင် ကို ကိုကို အသုံးချ ကြည့်ချင်တယ် ၊ ညီမလေး က လွှင့် ပစ်ချင်နေတယ် ၊ အဲဒါပဲ လွဲ တာ ၊ ဟုတ်တယ် ၊ ညိုမောင် ဟာ ‘ ဘာမှ မသိဘူး ‘ ဘာမှ နားမလည်သေးဘူး ၊ ဘယ် ကုမ္ပဏီ မှာ မှ မလုပ်ဖူးသေးဘူး ၊ ဒါကြောင့် ကိုကို တို့ ကုမ္ပဏီ ဟာ

သူ့ အတွက် ကြီးမား တဲ့ အိမ်မက်ကြီး တစ်ခု ဖြစ်နေတယ် ၊ အဲဒါကို ကိုကို သဘောကျတယ် ညီမလေး ”

“ ဒါကတော့ ကိုကို ရယ် ၊ အလုပ် သစ် ကို စ လုပ်ကြတဲ့ သူတိုင်းမှာ ရှိတဲ့ စိတ်ထားပါ ၊ ကိုကို နဲ့ ညီမလေး တို့ ဒီ အလုပ် ကို စ လုပ်တော့လည်း ဒီ စိတ်မျိုး ရှိခဲ့ကြတာပဲ မဟုတ်လား ”

“ ဟုတ်တယ် ညီမလေး ၊ ဒါပေမယ့် အဲဒီ စိတ်ထား နဲ့ လိုက်ဖက်တဲ့ ရိုးသားမျက်လုံးတွေ သူ့ မှာ ရှိတယ်

ညီမလေး ၊ အဲဒါကို ကိုကို က သဘော ကျတာ ”

လမင်းစိုး က ခေါင်း ကို ခါ လေသည် ။ သူ့ ကို ကား တွန်းပေးခဲ့သော ညိုမောင့် ပုံ ကို မျက်စိ ထဲ ပြန် မြင်လာသည် ။ ညိုမောင် သည် သူ့ ကို ရိုးရိုးသားသား ကူညီခဲ့တာ ဖြစ်သည် ဆိုတာ ကို လမင်းစိုး ပြန် မြင်သည် ။ ကုမ္ပဏီကတ် ကို ပြတော့ သူ မျက်နှာ ပျက် သွားတာကို မရိပ်မိ ။အင်တာဗျူး နေ့ က သူ ဖိဟောက် ထင်ရာတွေ လျှောက် မေးတာ ကိုလည်း ဒေါသမဖြစ် ၊ စိတ်ဆိုးဟန် မပြ ၊ သူ့ ကို တွေ့တော့ အံ့ဩသွား ပုံ ကို ကိုကို မရိပ်မိတာပဲ တော် လှပြီဟု တွေးမိသည် ။

“ ဘာမှ မသိ ၊ ဘာမှ လည်း မတတ်တဲ့ လူ ကို မှ ကိုကို ရာ ”

“ ဟုတ်တယ် ညီမလေး ၊ အဲဒါ ကိုကို အလိုချင်ဆုံး အရည်အချင်း ပဲ ၊ ညိုမောင် ဟာ အဖြူထည် ၊

ဗလာသက်သက် ၊ ဘာမှ မရေးရသေးတဲ့ စာရွက် ဆိုပါစို့ ၊ ကိုကို တို့က သူ့ ကို အရောင် ဆိုး မှာ မဟုတ်ဘူး ညီမလေး ၊ အရောင် ခြယ် ပေးမှာပါ ”

“ ဒါဆိုရင် ဒီလိုလုပ် ကိုကို ၊ ညိုမောင့် ကို လည်း ခန့် ၊ ဥက္ကကျော် ကို လည်း ခန့်မယ် ၊ နှစ်ယောက်စလုံး အစမ်း သဘောပေါ့ ”

“ ဥက္ကာကျော် ကို ညီမလေးက ဘာ သဘော ကျတာလဲ ”

“ အင်း .. ပါးနပ်တယ် ၊ လုပ်ငန်းအတွေ့အကြုံ ရှိတယ် ၊ ဖျတ်လတ်တယ် ၊ လူမှုဆက်ဆံရေး ကောင်းတယ် ၊ ကွန်ပျူတာ လည်း ကျွမ်းကျင်တယ် ”

“ မှန်တယ် ၊ ဒါပေမယ့် သူ့ အကြောင်း ကို ကိုကို သိထားတာတော့ ညီမလေး ကို ပြောပြရလိမ့်မယ် ၊ သူ က

ကုမ္ပဏီ နှစ်ခု ပြောင်းခဲ့တယ် ၊ သူ နောက်ဆုံး ထွက် ခဲ့တဲ့ ကုမ္ပဏီ က ကိုကို နဲ့ သိလို့ လှမ်း မေးတော့

သူတို့ နဲ့သဘောထား မကိုက်ညီ လို့ သူ့ သဘော နဲ့ သူ ထွက်စာ တင်သွားတာပါတဲ့ ၊ ငွေရေး ကြေးရေး ကိစ္စ တော့ မဟုတ်ဘူး တဲ့ ”

ကုမ္ပဏီ မှာ အချင်းချင်း လက်ခံထားသည့် မူဝါဒ တစ်ခု ရှိသည် ။ မိမိ ကုမ္ပဏီ မှ ဝန်ထမ်း တစ်ဦး ကို ထုတ်သည် ဖြစ်စေ ထွက်သည် ဖြစ်စေ ထို ဝန်ထမ်း အကြောင်း အခြား ကုမ္ပဏီ က စုံစမ်းလာလျှင် ရာဇဝတ်မှု နှင့် မပတ်သတ်သမျှ ကာလပတ်လုံး ပြောခွင့် မရှိပါ ။ ရဲအရေးပိုင် အထိ တရားရုံး အထိ ရောက်သည့် ပြစ်မှုမျိုး ဆိုလျှင်တော့ သတိပေးသည့် အနေနှင့် ဖွင့် ပြောခွင့် ရှိသော်လည်း ထို သူ့ ကို

ခန့်ရေး မခန့်ရေး ကိစ္စ ကို ဝင်ရောက် စွက်ဖက်ခွင့် မရှိပါ ။

“ ရပါတယ် ညီမလေး ထိန်း နိုင်မှာပါ ၊ ကိုကို့ ဆီ က ညီမလေး အခွင့်အရေး တစ်ခုတော့ တောင်း ချင်တယ် ”

“ ပြော ညီမလေး ”

“ ကိုကို့ လူ ကို အလုပ် နေရာ အတွက် ညီမလေး စိတ်ကြိုက် နေရာ မှာ ခန့်မယ် ၊ အဲဒါကို ကိုကို ဝင်ပြီး မစွက်ဖက်ရဘူး ”

“ ကောင်းပြီ သိခွင့်တော့ ရှိတယ် မဟုတ်လား ”

“ ရှိပါတယ် စာဝင်စာထွက် မှာ ထား မှာ ”

လမင်းစိုး စကားကြောင့် ကိုကို က ပြုံး လေသည် ။ ပြီးတော့ ခေါင်း ကို တဆတ်ဆတ် ညိတ်သည် ။

“ ဟင် … ကိုကို့ လူ က ဘာမှ မသိသေးဘူးလေ ”

“ ကိုကို သဘော တူတယ်လေ ညီမလေး ရဲ့”

“ ဒါဆို ပြီးရော ”

“ ညီမလေး ကို ကိုကို တစ်ခုတော့ ပြော မယ် ၊ ကိုကို က နောက် ၂ နှစ် ဆို မြသဇင် နဲ့ လက်ထပ်ပြီးရင်

ဂျပန် မှာ နေဖြစ်မယ့် အချိန်က ပို များတော့မှာ … ၊ ဒါမှလည်း အဲဒီ ကနေ ညီမလေး ဒီမှာ လုပ်ဖို့ အတွက် စီစဉ် ပေးနိုင် မှာ ၊ ညီမလေး အနား ကိုကို မရှိတဲ့ အချိန်မှာ ညီမလေး ကို ကိုကို လူလည် တစ်ယောက် နဲ့

အတူ မထားခဲ့ချင်ဘူး ၊ ရိုးသားတဲ့ လူ တစ်ယောက် နဲ့ ပဲ ထားခဲ့ ချင်တာ ၊ ဒါဆို မိန်းကလေး ထား ပါလားလို့ ပြောမယ် ၊ ညီမလေး နဲ့ တည့်မယ့် မိန်းကလေး က ဒီ ကမ္ဘာ ပေါ် မှာ မမွေးသေးဘူးလေ ၊ အင်တာဗျူး နေ့ က ညီမလေး ဟောက် တာ ကိုညိုမောင် သည်းခံ နေတာရော ၊ ညီမလေး ကို လန့်တာရော ၊ သူ သိတာလေး ကို ရိုးရိူးသားသား ဖြေ သွားတာရော ကို ကြည့်ပြီး သူ့ ကို ရွေးတာ ၊ အဲဒါ ညီမလေး အတွက် ပါ ”

“ ကောင်းပြီ … ဒါဆိုရင် ညီမလေး က ပဲ သူ့ ကို အရောင် ခြယ် ပေးရမယ် ဆိုပါတော့ ”

“ ဟုတ်တယ် ၊ ဒါပေမယ့် ကုမ္ပဏီ ရဲ့ စည်းကမ်း အတိုင်းပဲ နော် ”

“ ဒါတော့ စိတ်ချပါ ကိုကို ၊ ညီမလေး က မှန်တယ် ထင်တာကို ပဲ လုပ် တတ်တာပါ ၊ မတရား လုပ်တတ်တဲ့ လူ မဟုတ်ပါဘူး ၊ စည်းကမ်း အတိုင်းပါပဲ စိတ်ချပါ ”

“ အိုကေ … တို့ မောင်နှမ ဆွေးနွေးတာ အောင်မြင်တယ် ၊ ကဲ … တစ်ခုခု သွား စားကြရအောင် ”

“ ကိုကို .. ဂျပန် ကို ဘယ်တော့လောက် သွားမှာလဲ ”

“ ရှေ့အပတ် ထဲ ပဲ ညီမလေး … ”

နေ့လယ် ၁၁ နာရီ ခွဲ တော့ ညိုမောင့် ခေါင်းတစ်ခုလုံး အုံခဲ ၍ နားထင်တွေ တဒိန်းဒိန်း နှင့် ဖြစ်၍ နေသည် ။ ကိုဇော် ကတော့ စီးကရက်လေး ခဲ လိုက် ၊ ဒီ ကား ဆီကနေ ဟို ကား ဆီ သွားလိုက် ၊ လူ လေးငါးယောက် နှင့် မတ်တပ် ရပ်ရင်း တဟားဟား အော်ရယ်ရင်း စကား ပြောလိုက် သူ့ ကို ပါ ခေါ် တင်ပြီး ကားတစ်စင်း နှင့် လျှောက် စီးလိုက် ၊ ပြန်လာတော့ လူလေးငါးယောက် ရပ်ရင်း စကား ကို ခပ်တိုးတိုး ခေါင်းချင်းဆိုင် ၍ ပြောလိုက် ပြီးတော့ လက်ဖက်ရည်ဆိုင် ပြန် ထိုင်လိုက် ၊ Hand phone ဆက်လိုက် ၊ ကားတွေ ကို လျှောက် ကြည့်လိုက်နှင့် ဘာတွေ ဖြစ်ပြီး ဘာတွေ လုပ် ညိုမောင် မသိတော့ပါ ။

ဒီလိုသာ နေ့စဉ် ကိုဇော့် နောက် က လိုက် နေရမည် ဆိုလျှင် ညိုမောင် ခံနိုင်မည် မထင်ပါ ။

“ မင်း ငါ နဲ့ လိုက်ခဲ့ပေါ့ကွာ ၊ အတွေ့အကြုံ ယူ ၊ ငါ ဘယ်လို လုပ်တယ် ဆိုတာကို ကြည့် ပေါ့ကွာ ၊ ငါ တို့ အလုပ်က သင်ခန်းစာ ရယ် လို့ တိတိကျကျ မရှိဘူး ၊ လေ့လာအားရယ် ၊ ပါးနပ်မှုရယ် ၊ အကွက် မြင်ဖို့ရယ် ရ လာတဲ့ ကံတရား ကို ချက်ချင်း အသုံးချတက်ဖို့ရယ် ၊ ဒါပဲလိုတာ ၊ ဟို ရောက်တော့ မင်း သိသွားမှာပါ ”

ဟု ဆိုခဲ့သော်လည်း ကားပွဲစားတန်း ရောက် လို့ မိတ်ဆက် ပေးပြီး ကတည်း က သူ့ ကို ကိုဇော် ဘာ စကား မှ မပြောတော့ ။ ကိုဇော် မိတ်ဆိတ် ပေးသူတွေ ကလည်း စကား မပြောတော့ ။ မပြောတာလည်း ကောင်းပါသည် ။ သူတို့ ပြော နေကြသည့် စကားတွေ ကို သူ နားမလည်ပါ ။ အကြေးမလှန်နဲ့ ၊ ထပ်ခွင်ပဲ ရိုက်ကွာ ၊ ကျော်ခွင် မရိုက်နဲ့တို့ ၊ ဆယ့်ငါးပြား တော့ မလုပ်နဲ့လေ ၊ ပြားနှစ်ဆယ် တော့ အဖွင့် ထည့်ပေါ့ ယောက်ဖရယ် တို့ ၊ မန္တ္တလေးခွင် ဆင်းလာရင် နှစ်ခွင် မဆင်နဲ့တော့ ၊ ခွင် ပျက်သွားပြီသာ ပြောလိုက်တော့ တို့ ဆိုတော့ ညိုမောင် သည် တိုင်းပြည် တစ်ပြည် ကို ရောက်သွားပြီး ၊ သူ နားမလည်သော စကားလုံးတွေ ကို နားထောင် နေရသူ လို ဖြစ်နေသည် ။

“ ကဲ .. တစ်ခုခု မှာလေ ၊ ညိုမောင် ကြိုက်တာ စား ၊ ဟေ့ကောင်လေး ကိုယ့် အတွက် ဘီယာ တစ်လုံး ပေး ”

“ ကိုတိုး … ကျွန်တော် ခေါင်းတွေ ကိုက်နေတယ်ဗျာ ၊ ဘာမှ မစားချင်ဘူး ”

“ အာ .. တကယ် ကိုက်နေတာလား ၊ ဒါဆို ဆေး နဲ့ ကော်ဖီ သောက် ရမှာပေါ့ ခေါင်းကိုက် ပျောက် တော့မှ ထမင်းစား ”

ထိုစဉ် ကိုဇော် ကိုင် ထားသော ဖုန်း က အသံ ထ မြည်သည် ။ ကိုဇော် ဖုန်း ပြောသည့် စကားတွေ ကို ထုံးစံအတိုင်း သူ နားမလည်ပါ ။ ကိုဇော့် ကို ထို ဖုန်း အား မနက် က မိန်းမဝဝကြီး တစ်ယောက် က လာ ပေးသွားခြင်း သာ ဖြစ်ပါသည် ။