ဘာကြီးလဲ

“ မင်း က ငါ ဖုန်း ကိုင်လို့ အံ့ဩနေလား ၊ အဲဒါက ဖုန်း ငှားတာကွ ၊ တစ်နေ့ ကို နှစ်ထောင် ပေးရတယ် ၊ တစ်လ ကို ခြောက်သောင်း ပေါ့ ကွာ ၊ အိမ် ကို ယူ လို့လည်း ရတယ် ၊ ငါ ကတော့ ခွင် ရှိတဲ့ နေ့မျိုး ကျမှ ငှား တာပါကွာ ၊ ဟေ့ ညီလေး ခေါင်းကိုက်ပျောက်ဆေး ဟိုဘက် ဆိုင် မှာ သုံးပြားလောက် ဝယ် ပေးကွာ ၊ ပြီးတော့ ကော်ဖီ တစ်ခွက်ပေး ”

ကိုဇော် က ဘီယာနှစ်ဘူး ကုန်တော့ ဖုန်းတစ်ကော ဆက်ပီး ထ ထွက်သွားသည် ။ သူ့ ကို ခေါင်းကိုက် ပျောက် သွားလျှင် စားချင်တာ မှာ စား ဖို့ နှင့် လူ တစ်ယောက် ပိုက်ဆံ လာပေးလျှင် ယူထား ဖို့ ပြောပြီး ထွက် သွားပြန်၏ ။

ခဏနေတော့ ခေါင်းကိုက် က အံ့ဩဖို့ ကောင်းစွာပင် သက်သာ သွား၏ ။ နောက်ထပ် ၁၅ မိနစ် လောက် ကြာတော့ လူ တစ်ယောက် ခပ်သုတ်သုတ် လျှောက်လာပြီး အဖြူရောင် ကြွပ်ကြွပ်အိတ် အမာစားဖြင့် ထည့် ထားသော ပိုက်ဆံထုပ် ကို ပေးသည် ။

“ တစ်ရွက်ချင်းတော့ စစ် မနေနဲ့တော့ ၊ အထုပ်လိုက်ပဲ စစ်တော့ ၊ အဲဒါ ၂၅ တစ်ထောင်တန် ချည်း ပဲ ”

ညိုမောင့် တစ်သက်လုံး ဒီလောက် များသော ငွေ ကို မြင်လည်း မမြင်ဖူးခဲ့ ၊ ကိုင်လည်း မကိုင်ဖူးခဲ့ပါ ။

“ ၂၅ ထုပ် ဟုတ်တယ်နော် ”

“ ဟုတ် … ဟုတ်ပါတယ် အစ်ကို ”

“ အိုကေ .. ပန်းသီး လာ ပေးသွားတယ်လို့ ပြောလိုက် ၊ ဟုတ်ပြီလား ”

ထို လူ က ဘာမှ မပြောတော့ဘဲ ထွက်သွားသည် ။

ဘုရား … ဘုရား ဒီလောက်များတဲ့ ငွေတွေ ကို ဘာမပြော ညာမပြော နှင့် တစ်ခါမှ မမြင်ဖူးသော လူတစ်ယောက် ကို စိတ်ချလက်ချ ပေး သွားတာ တော်တော်လေး ကို အံ့ဩဖို့ ကောင်း နေပြီ ဖြစ်သည် ။

ညိုမောင် ထိုင်ရမလို ထရမလို ဖြစ်နေသည် ။ ကြွပ်ကြွပ်အိတ် ထဲ မှ ငွေသိန်းအစိတ် သည် သူ့ ကို တုန်လှုပ် စေသည် ။ သူ ထ သွားရမှာလား ၊ ဒီမှာပဲ ဆက်နေပြီး ကိုဇော့် ကို စောင့် ရမှာလား ၊ ညိုမောင့် နားထင် မှာ ချွေးစေးတွေ ပြန်လာသည် ။ ဒီငွေတွေ အားလုံး က ကိုဇော် ရ မှာလား ။

နာရီဝက် လောက် ကြာတော့မှ ညိုမောင် ကိုဇော် ကို လှမ်း တွေ့လိုက်သဖြင့် ရင် ထဲ က အပူလုံးကြီး ကျ၍ သွားသည် ။

“ မင်း က လည်း ကြာ လိုက်တာကွာ ၊ ငါ ဒီ မှာ ဘာ လုပ်ရမှန်း မသိဘူး ၊ တော်ကြာ … ”

“ ဪ … လာပေးသွားပြီလား ၊ ၂၅ ခု နော် ”

“ အေး .. OK ငါ့ ကိုပေး ”

ကိုဇော် က ပိုက်ဆံတွေ ထည့်ထားသော အိတ် ကို ဖွင့်ပြီး လက်ညှိုး နှင့် ရေတွက် နေသေး၏ ။

“ OK အဆင်ပြေတယ် ၊ ခေါင်းကိုက်တာရော ”

“ ပျောက်သွားပြီ ”

“ ကဲ .. ဒါဆို တစ်ခုခု မှာကွာ ၊ ဟိုကောင်တွေ အတွက်လည်း တစ်ခုခုတော့ စားဖို့ ဝယ် သွားဦးမှ … ”

“ ကိုဇော် ဒါတွေ အများကြီး ကို မင်း သိလား ”

“ ဟ … ဒါဘယ်က သိ ရမှာလဲ ၊ ဖုန်း ဆက်ပြီး ချိန်း ထားကြတယ် လို့တော့ ဇာနည် ကပြောတာပဲ ”

“ OK …. O … K ”

“ ဟိုကောင်လေး လာဦး ၊ တောက်တောက်ကြော်ရယ် ၊ ကြက်သားသုပ်ရယ် ၊ ဘဲဥမွှေကြော် လည်း ကောင်းတာပဲ ၊ ပြီးတော့ … ”

ခေါင်းကိုက် ပျောက် သွားတော့လည်း ညိုမောင် ဟင်းကောင်းများ နှင့် ထမင်း စား မဝင်ပါ ။ တိုးလွင် နှင့် ကိုမိုး အတွက် ကိုဇော် က ကြက်သားလုံးချိုချဉ် နှင့် ကုန်းဘောင်ကြီးကြော် ကို ဝယ်သည် ။

သူ ထမင်း စားနေစဉ်မှာပဲ လူ ၃ ယောက် ရောက်လာသည် ။ ပြီးတော့ ညိုမောင် ပေးသော ပိုက်ဆံထုတ် ကို တစ်ထုပ်စီ ရေတွက်သည် ။ အားလုံး ပြည့်တော့ မှ ကိုဇော့် ကို တစ်သောင်းခွဲ နှင့် ညိုမောင့် ကို ငါးထောင် ပေးသည် ။ ကိုဇော့် ကို လှမ်း ကြည့်တော့ ခေါင်း ကို ညိတ်ပြသဖြင့် ယူ ထားလိုက်ရ၏ ။

“ မောင်ဇော် မင်း ရဲ့ သူငယ်ချင်း က အသစ် ဆိုပေမယ့် လာဘ် ရှိသားပဲကွ ”

ကိုဇော် က ပြုံးရင်း ခေါင်း ကို ညိတ် ပြသည် ။ ပြီးတော့ …

“ ဒီကောင်က ခဏပါ ၊ မှေးတဲ့ သဘောမျိုးပေါ့ ၊ ဒီကောင် နဲ့ ဒီ အလုပ် က မကိုက်ပါဘူး ၊ နောက်တစ်ခု မရခင် စားဖို့ နေဖို့ကလေး ရရင်ဆိုတဲ့ သဘောပါ ၊ ဒီကောင်က စကား နည်းတယ် ၊ မဖြစ်ဘူး ”

“ ဟာ … မင်း အဲဒီလိုတော့ မပြောနဲ့ကွ ၊ ကိုထွန်းဝင်း ကျတော့ ဘယ်လို လုပ်မလဲ ၊ ဟာ … အင်း … ဟုတ်ကဲ့ ၊ ဒီလောက် ပဲ ပြောတာ ၊ သူဌေး ဖြစ် နေပြီ ၊ ငါတို့ အလုပ်က ဉာဏ် ကို အားကိုးရတယ် ၊ ပြောနိုင်မှ ရတယ် ဆိုပေမယ့် ကံ ကလည်း ရှိသေးတာကိုး ”

“ ဒါတော့ ဟုတ်ပါတယ် ”

ကိုဇော် က ထောက်ခံ လိုက်သည် ။ ထို့နောက် သူတို့ စကားဝိုင်း က မန္တလေး မှ ပို့မည့် ကားတွေ အကြောင်း ရောက်သွားသည် ။ ဘာမှလည်း မလုပ်ရဘဲ ညိုမောင် နောက် လျှောက်လိုက်နေရုံ ၊ လာ ပေးထားသော ပိုက်ဆံကို လက်ခံ ပေးထားရုံနှင့် တစ်မနက်ခင်း မှာ ပဲ ငွေ ငါးထောင် ရသည့် ဆိုသည့် အလုပ်မျိုး က မြန်မာနိုင်ငံ တစ်ခုလုံး မှာ ဒီ အလုပ် ပဲ ရှိလိမ့်မည် ထင်သည် ။

သို့သော် ညိုမောင် ဒီ အလုပ် ကို မလုပ်ချင်တော့ပါ ။ ကိုယ် မသိသော ကမ္ဘာတစ်ခု ကို ရောက် နေသလို ခံစားရပြီး ၊ ဘယ်နေရာ မှာ ဘာ ပြောပြီး ၊ ဘာ လုပ်ရမှန်း မသိတဲ့ အလုပ် ၊ ဟိုထ ဒီရပ် ၊ ဟိုနားထိုင် ၊ဒီကားပေးတက် ဆိုတာမျိုး ကို ဒီ တစ်မနက်ခင်း နှင့် ပင် ညိုမောင် စိတ် ကုန်၍ သွားပြီ ဖြစ်သည် ။

ပြန်ခါနီးတော့ ကိုဇော့် ကို နောက် ရောက်လာသည့် ထဲ က လူ တစ်ယောက် က ကားသော့ တစ်တွဲ ပစ်၍ ပေးသည် ။ ကိုဇော် သည် သူ့ ကို အဆောင် အရောက် ကား နှင့် လိုက် ပို့ပေးပါသည် ။ အဆောင် ရောက်တော့ ဘယ်သူ မှ မရှိ ၊ ဒါနှင့် စားစရာတွေ ကို တိုင်မှာချိတ် ၊ white board မှာ စာ ရေးပြီး ညိုမောင် ခုတင်ပေါ် ပစ် လှဲ လိုက်တော့မှ ဘယ်လောက် ပင်ပန်းနေလဲ ဆိုတာ သိရတော့သည် ။

ခဏကြာတော့ အိပ်စက်ခြင်း သည် ညိုမောင့် ရင်ခုန်သံတွေ ကို မေ့လျှော့သွားအောင် လုပ် ပစ်လိုက်သည် ။

နောက်တစ်နေ့ ကျတော့ ညိုမောင် သည် မနက်ခင်းစောစော ထပြီး သော်သော့် ဆိုင် ကို ဝိုင်းပြီး ခဏတော့ ကူ ခဲ့သည် ။ ဒီလို မနက်ခင်း ထမင်းကြော် စားရင်း ညိုမောင် ကူညီနေတာ လေးရက်လောက် ရှိပြီ ဖြစ်၏ ။ ဒီနေ့တော့ ညိုမောင် စိတ်တေွ လေးပြီး နေမကောင်းချင် သလိုမျိုး ဖြစ်နေသဖြင့် ခဏ သာ ကူညီပြီး အဆောင် သို့ ပြန်ခဲ့သည် ။

ကားပွဲစားတန်း သို့ သွားရန် ပြင်ဆင်နေသော ကိုဇော့် ကို ကြည့်ရင်း ညိုမောင် သည် ‘ သူ ‘ မလိုက်တော့ကြောင်း ကို အားနာနာ နှင့် ပြော ရသည် ။ ကိုဇော် က ပြုံးရင်း ခေါင်းသွက်သွက် ညိတ်သည် ။

“ တစ်နေ့ မင်း ဆီ က ဒီ စကားသံ ကို ကြားရမယ် ဆိုတာ ငါ သိပါတယ် ၊ မင်း ဆုံးဖြတ်တာ မှန်ပါတယ် ၊ ငါ ကလည်း ဒီ အချိန် မှာ မင်း ကို ဘယ်ဟာ က ဘာ ဆိုတာ သင်ပေးဖို့ထက် တစ်နေ့တစ်နေ့ စားပြီး သောက်ပြီး ငါးထောင် တစ်သောင်း လောက် ကျန်ဖို့ ကို ပဲ အာရုံ စိုက် နေရတာကိုး ၊ အခု ‘ ခွင် ‘ တွေကလည်း ပျက် နေတယ် ကွ ”

“ ဟုတ်တယ် ၊ မင်း က အေးအေးဆေးဆေး ထိုင် လုပ်နေရတဲ့ အလုပ်မျိုး နဲ့ မှ ကိုက် မှာ ၊ မင်း ပန်းထိမ် သင် ပါလား ညိုမောင် ”

“ ကိုမိုး က သင် ပေးမှာလား ”

“ ဟ .. သင်ပေးမှာပေါ့ ကွ ၊ ငါ ဒီနေ့ အပ်ထည် တစ်ထည်လောက် ကို အိမ် မှာ လုပ်မယ် ဆိုပြီး ယူ လာခဲ့မယ် ၊ နက်ဖြန် မင်း ပန်းထိမ်ဆရာ အသစ် ဖြစ် ပြီပေါ့ကွာ ”