ဦးလေးသန်း ကတော့ အေးအေးဆေးဆေး ပင် ။ အမိန့်ပေးစရာ ရှိတာကို ပေး ၊ ခိုင်းစရာ ရှိတာ ကို ခိုင်း ၍ နေသည် ။ ညိုမောင် တို့ ဆက်ပြီးသား ပိုက် မြေကြီး ထဲ ဝင် သွားအောင် ပိုက် ကို ကြပ် နေအောင် ချည် ထားသည့် သံကြိုး နှင့် ဆက်ထားသော ကန့်လန့် ဖြတ် သံကြိုး ကို လက်နှစ်ဖက် ဖြင့် လူ နှစ်ယောက် စက်ဝိုင်းပတ် တွန်းရင်း လမ်းလျှောက် ကြရသည် ။ နွားများ ဆီဆုံ ကြိတ် သကဲ့သို့ ဖြစ်သည် ။
ဦးလေးသန်း မျက်နှာ ကို ကြည့် နေသော သူ သည် အိမ်ဆောက်ပစ္စည်း ရောင်းသည့် ဆိုင် တစ်ဆိုင် ၏ အမည် ပါသော ကြော်ညာ အင်္ကျီ ကို ဝတ်ထားသည် ။ ထို အင်္ကျီ မှာ ပေရေပြီး ညစ်ပတ်၍ နေပြီ ဖြစ်သည် ။ ထို လူ ၏ နားထင် နှင့် ပါးများ မှာ ချိုင့်ဝင် လျက် ရှိပြီး ခန္ဓာကိုယ် မှာ ချုံးကျ ၍ နေသည် ။ ထို လူ ရှိရာ သို့ သံချောင်း ကို တွန်းရင်း ရောက် သွားတိုင်း မောင်ညို မကြည့်ဘဲ မနေနိုင်ပါ ။ ထို လူ မျက်နှာကလည်း မျက်ဝန်းများ က ဖျော့တော့ အားနည်းနေသည့် တိုင် ဦးလေးသန်း ကိုတော့ စူးစိုက်၍ သာ ကြည့် နေပါသည် ။
ညိုမောင် တစ်လှည့် နားတော့ ညိုမောင့် အစား နောက် တစ်ယောက် ဝင်သည် ။ ညိုမောင် အုန်းပင် ခြေရင်း မှာ ခဏ ထိုင်ရင်း ဦးလေးသန်း ကို လာ ငေးနေသော လူ သည် နေမကောင်းသဖြင့် ဒီ အလုပ် မှ ခဏ နားနေသူ ဖြစ်ပြီး သူ ဝင် လုပ်နေရတာ ထို လူ့ နေရာ ဆိုတာ ကောင်းကောင်း သိသွားသည် ။
မြေကြီး ထဲ သို့ ထိုးထည့်နေသော ပိုက် ကို လှည့် ပေးရသည့် သံကြိုး နှင့် ချည်သည့် အခါတွင် ထို လူ သည် ခြေလှမ်း တရွရွ လက် ကို ဆုပ်ချည်ဖြန့်ချည် နှင့် အားမလို အားမရ ဖြစ်ပြီး အော် လေတော့သည် ။
“ ဟိတ်ကောင် ကုလားလေး ၊ ဘာဖြစ်လို့ မင်း ဘိုးအေ မန်းကီး နဲ့ကျပ် ရတာလဲ ၊ စွန်ရှစ် နှင့် ကြပ်ပါလား ၊ မူလီ အနှောင့် ကို နည်းနည်း ရိုက် ထည့်လိုက် ”
ထို လူ့ အသံကြောင့် လုပ်နေကြသူတွေ အားလုံး က ဦးလေးသန်း ကို လှမ်း ကြည့်ကြလိုက်ကြသည် ။ ဦးလေးသန်း က ဘာမှ မပြောပဲ မျက်နှာ လွှဲ လိုက်၏ ။ ထို့ကြောင့် လုပ်နေသူများ က ထိုသူ ပြောတာ လိုက် လုပ်ကြရသည် ။
ညိုမောင် ဦးလေးသန်း နား သွားပြီး သူ ထင် တာ ဟုတ်လား ဟု မေးလိုက်သည် ။
“ ဟုတ်တယ်ညိုမောင် ၊ မင်း အခု ဝင်တာ သူ့ နေရာပဲ ၊သူ့ နေရာကြီးတော့ မဟုတ်ဘူးပေါ့ကွာ ၊ ဒီကောင် က သိပ် ကျွမ်းတဲ့ကောင် ကွ ၊ ကျွင်းတူးရ သိပ် ခက် တဲ့ ပြင်ဦးလွင် တို့ ၊ ဖားကန့် တို့ အထိ လိုက် ဖူးတဲ့ ကောင် ၊ ရေကြော သဲကြော သိပ် သိတဲ့ကောင် ပေါ့ ၊ ဒါပေမယ့် မလိမ်မာဘူး ကွ ”
ဦးလေးသန်းက ဆေးပေါလိပ် မီးညှိသည် ။ ထိုလူ ကတော့ ဦးလေးသန်း ကို စူးစိုက်ကြည့် နေဆဲ ။
“ ဒီလို ဆိုရင်လည်း ဦးလေးသန်း ရယ် သူ့ ကို အလုပ် ပြန် ပေးလိုက်ပါ ၊ ကျွန်တော် က လူငယ် ပဲ ဘယ်မှာ အလုပ် ရှာ ရှာ ရပါတယ် ၊ သူ … ဦးလေးသန်း ကို ကြည့်နေတဲ့ မျက်လုံး တွေ ကို ကျွန်တော် နားလည်တယ် ဦးလေးသန်း ”
“ ငါ လည်း နားလည်တာ ပေါ့ ကွာ ၊ ဒါပေမယ့် အခု သူ့ကို ပြန် ခေါ်လို့ မရသေးဘူး ကွ ၊ ဒီကောင် နလံ ထ ကာစပဲ ရှိသေးတာ ၊ အား မရှိသေးဘူး ၊ နောက် တကျင်း ကျမှပဲ ခေါ်ရတော့မှာ ၊ ကဲ ဒီတစ်ချောင်း ပြီးရင် ထမင်း စားမယ် ဟေ့ ”
ဦးလေးသန်း အသံ ဆုံးတော့ ညိုမောင် လူစား ဝင် လဲပြီး ခက်သွက်သွက် ဝိုင်းပတ် လှည့်ပေးလိုက်သည် ။ ထိုစဉ်မှာပင် ညိုမောင် တို့ အလုပ် ခွင် ထဲ သို့ စက်ဘီးစီး ဝင် လာသူ က မော်မော် ။
“ ကိုညိုမောင် ခများ ကို ကိုတိုးလွင်ကြီး ဖုန်း ဆက်တယ် ၊ ခင်များ လူတွေ့ ဖြေတာ အောင်တယ် တဲ့ ၊ နက်ဖြန် သတင်း ပို့ ရမယ် ၊ အဲ့ဒါ သူ့ ဆီ ဖုန်း ပြန် ဆက်ပါတဲ့ ”
“ ဟုတ်ရဲ့လား မော်မော် ရာ ”
သူ ဝမ်းသာအားရကြီး မေး လိုက်သည် ။ ရင်တွေလည်း ခုန်လိုက်တာ အရမ်း ကို ဖြစ်နေသည် ။
“ ဖုန်း က အဆောင် ကို လာတာ ၊ လာခေါ်တဲ့ သူ က အဆောင် မှာ တစ်ယောက် မှ မရှိဘူး ဆိုတာနဲ့ ကျွန်တော် တို့ ဆိုင် က တစ်ယောက် ယောက် ခေါ်ပေးပါ ဆိုတာမို့ မော် က သွား ကိုင်ပေးတာ ၊ ကိုညို သူ့ ဆီ ဖုန်း ပြန် ဆက်ပါတဲ့ ကိုတိုးလွင် က … ”
“ အေး …. အေး ခဏနေဦး လေ ၊ ငါ ပါ နင် နဲ့ အတူ လိုက်ခဲ့မှာပေါ့ မော်မော် ရ ”
မော်မော် က တစ်ချက်စ ဉ်းစားလိုက် သည် ။ ပြီးတော့ ခေါင်းကို ညိတ်သည် ။
“ ကဲ ဦးလေးသန်း ကြား တဲ့ အတိုင်း ပဲ ၊ ကျွန်တော့် ရဲ့ နေ့ဝက် လုပ်ခ ကို ဒီက ဆရာ ကို ပေးပါ ၊ ကျွန်တော့် အတွက် ထမင်း ကိုလည်း ဒီ က ဆရာ ကို ကျွေးပါ ၊ ကျွန်တော် သွားတော့ မယ် ဦးလေးသန်း ၊ ဒီ ဆရာ ကို မှေးပြီးတော့ ခိုင်းပါ ဦးလေးသန်း ရာ နော် ၊ သူ့ မှာ က မိသားစု နဲ့ မဟုတ် …”
“ သာဓု ကွာ … သာဓု ပါ ”
ဦးလေးသန်း က အပြုံး နဲ့ သာဓု ခေါ်သည် ။ ညိုမောင် က စက်ဘီးပေါ် ရှေ့က တက်ပြီး မော်မော် က နောက် က ထိုင် လိုက်သွားပြီး ထို နှစ်ယောက် ကို အဝီစိတွင်းသမားတွေ ငေးပြီး နားမလည်နိုင်စွာ ကျန်ရစ်ခဲ့လေသည် ။
အဆောင် ကို ရောက်တော့ သူတို့ ဆက်နေကျ ဖုန်း အိမ် ကို ပြေး ရ၏ ။ ရုံး ကို ဖုန်း ဆက်တော့ ညိုမောင့် လက်တွေ က တုန်၍ နေသည် ။ တိုးလွင် ကို အရံသင့်ပင် တွေ့ပါသည် ။ သူ ကြားရသည့် သတင်း က မှန် ၍ နေသည် ။ သတင်း က သေချာပြီ ဟု သိရသော်လည်းသူ့ ရင်ခုန်တာ နှင့် လက်တုန်တာ က ရပ်၍ မသွား ခဲ့ ။
“ ဒါဆို ငါ လာခဲ့မယ် တိုးလွင် ”
တိုးလွင် ဘက် မှ ခဏ အသံ တိတ် သွား၏ ။
“ ငါ ကြည့်တာ မျက်စိ မမှားပါဘူး ကွ ၊ မင်း က အမှတ်စဉ် ( ၄ ) ၊ အဖေ အမည် ဦးလှဟန် ၊ မောင်ညိုမောင် ၊ မှတ်ပုံတင် အမှတ် က … ”
“ ငါ ကိုယ်တိုင် လာ ကြည့်ချင်တာပေါ့ကွ ၊ မင်း ကလဲ ”
“ မင်း … အလုပ် လုပ်လက်စကြီး မဟုတ်လား ”
“ ငါ အခုပဲ အဲဒီ အလုပ် က ထွက်ခဲ့ပြီးပြီ ၊ အဲဒီ ကိစ္စကို တွေ့တော့မှပဲ ပြော ပြတော့မယ် ၊ ငါ ရေချိုး ပြီးတာနဲ့ ထွက်ခဲ့မယ် ဟုတ်လား ”
တိုးလွင် ၏ အဖြေ ကို စောင့် မနေတော့ဘဲ ဖုန်း ကို ချပြီး ပိုက်ဆံ ရှင်း၍ အဆောင် သို့ ပြန်သည် ။ လမ်း မှာ တွေ့သမျှ လူတွေ ကို ပြုံးပြုံး ပြရင်း နှင့် အဆောင် ကို ရောက်သွားသည် ။ ညိုမောင် ပြုံးတာ ကို နားလည်သည့် လူတစ်ယောက် မှ မရှိ ။ သို့သော် အားရပါးရ နှစ်လိုဖွယ်ရာကြီး ပြုံးပြနေသော မောင်ညို့ အပြုံး ကြောင့် တချို့လည်း အားနာပြီး ပြန် ပြုံးပြသူ က ပြုံးပြကြ မိလေသည် ။
ကုမ္ပဏီ ကို ရောက်တော့ တိုးလွင် ကို အဆင်သင့် တွေ့သည် နှင့် တိုးလွင် လက် ကို ဆုပ်ကိုင်ရင်း အောင်စာရင်း ကြော်ငြာ သော ဒုတိယထပ် သို့ တက်ခဲ့သည် ။ ထို ဒုတိယထပ် တွင် ဦးဌေးဝေ ကို ပါ တွေ့သဖြင့် ခေါ် လာခဲ့သည် ။ ဦးဌေးဝေ လည်း ပျော်၍ နေသည် ။
“ ဒါနဲ့ မင်း ပြောတော့ ပြဿနာတွေ တက်ပြီး မဖြေနိုင်ဘူးဆို ကွ ”
“ ဟာ… အဲဒါ တကယ်ပဲ ဦးဌေးဝေ ၊ ကျွန်တော် က ပိုပြီး အံ့ဩတာ အဲ့ဒါကြောင့်ပေါ့ ၊ ကျွန်တော် က တခြား အလုပ်တောင် ရှာနေပြီ ”
အမည် စာရင်း ကြေငြာရာ နေရာကို ရောက်တော့ “ Solo” ကုမ္ပဏီလုပ်ငန်း တာဝန်များ ကို ထမ်းဆောင်ရန် အတွက် အောက်ဖော်ပြပါ ဖြေဆိုသူ လေးဦးအား အစမ်းခန့် ခန့်ထားလိုက်သည် ဟု ရေး၍ ထားပြီး ၊အောက်တွင် လူ ( ၄ ) ဦး အမည် ပါရှိသည် ။ ( ၁ ) မခင်မေရာ ( ၂ ) မကေသီမိုး ( ၃ ) ဥက္ကာကျော် ( ၄ ) မောင်ညိုမောင် ဆိုသော စာရင်း ကို တွေ့ရ၏ ။ အောက်အပိုဒ် တွင် ထို အရွေးချယ်ခံရသူများ သည် နက်ဖြန် အင်္ဂါ ( —– ) နံနက် ( ၉ : ၃ဝ ) နာရီ တွင် ကိုယ်တိုင် လာရောက် တွေ့ဆုံရမည် ဖြစ်သည် ။
ညိုမောင် သည် အားရဝမ်းသာ ပင် ဦးဌေးဝေ ၏ လက် ကို ဆုပ်ကိုင်ထားမိ၏ ။ မျက်နှာ တွင် ပျော်ရွှင်ခြင်း ၊ ဂုဏ်ယူခြင်း ၊ ဝမ်းသာခြင်းတို့ က အရောင် ခြယ်ထားသလို မြင်နေရသည် ။ စာရွက်ပေါ် တွင် ရေးထားသော သူ့ နာမည် ကို ညိုမောင် ကြည့်၍ မဝတော့အောင် ကို ဖြစ်နေသည် ။
“ ကဲ … ဦးဌေးဝေ နှင့် တိုးလွင် တို့ အားတယ် မဟုတ်လား ၊ တစ်ခုခု သွား စားကြရအောင် ကွာ ၊ ကျွန်တော် ကျွေးချင်လို့ပါ ၊ သိပ် အဝေးကြီး မသွားဘူး ကွာ ၊ ကုမ္ပဏီ ရှေ့ က ပန်းစံပါယ် မှာ ပဲ ထိုင်တာပေါ့ ”
တိုးလွင် နှင့် ဦးဌေးဝေ တို့ နှစ်ယောက် ၏ လက်ကို ကိုင်ရင်း ပျော်ရွှင်စွာ ထွက်သွားသော ညိုမောင့် ကို ကြည့်ပြီး လမင်းစိုး ပြုံး မိသည် ။
ကိုကို ခန့်မှန်းသလိုပင် ညိုမောင့် အတွက် ကြီးစွာသော အိမ်မက် ဆိုတာတော့ အမှန်ပင်ဖြစ်သည် ။ဒါပေမယ့် အဲဒီ အိမ်မက် ဟာ ပျော်စရာ ကောင်းတဲ့ အိမ်မက်လား ၊ စိတ်ညစ်စရာ ကောင်းတဲ့ အိမ်မက်လား ဆိုတာ ကိုတော့ မကြာမီ ညိုမောင် သိ ရမည် ဖြစ်လေသည် ။
အညိုရောင် မှန်ချပ် နောက် မှ ခွာ ၍ လမင်းစိုး သူ့ ခုံ ကို သူ ပြန်လာသည် ။ ထို အညိုရောင် မှန်ချပ်တွေ က အထဲ က အပြင် ကို အားလုံး မြင်နေရပြီး ၊ အပြင် က အထဲ ကို ဘာတစ်ခု မှ မမြင်ရသော မှန်ချပ်များ ဖြစ်ပါသည် ။