ဘာကြီးလဲ

နက် ၅ နာရီ မိနစ် ၂ဝ လောက် မှာ ရေကန်ဆီ မှ ရေသံ တဗွမ်းဗွမ်း ကို ကြားရသဖြင့် ကိုဇော် အိပ် ပျော်နေရာမှ လန့်ပြီး နိုးလာခဲ့သည် ။ ပြတင်းပေါက် က လှမ်း ကြည့်တော့ ညိုမောင် ။ ကိုဇော် စိတ်ဓာတ် အကြီးအကျယ် ကျ သွားသည် ။ ရယ် လည်း ရယ် ချင်သည် ။ မနက် ကိုးနာရီ ခွဲ မှ အလုပ် ဆင်းရမှာ ကို မနက် ၅ နာရီ ကျော် မှာ ရေ ထ ချိုးတာတော့ တဆိတ် လွန်ပြီ ဟု ထင်သည် ။ ရေသံ က တဗွမ်းဗွမ်း ကြားနေရတုန်းပင် ဖြစ်သည် ။ ဒုတိယ နိုး လာသူက တိုးလွင် ဖြစ်သည် ။ တိုးလွင် နှင့် ကိုဇော် တို့ မျက်ဝန်းချင်း ဆုံမိကြသည် ။

“ တက်ကြွတာ ရင်ခုန်တာတော့ ဟုတ်ပါတယ်ကွာ ၊ ဒါပေမယ့် ဒီ အချိန်ကြီး ရေ ထ ချိုးတာကြီး ကတော့ ကွာ … ”

“ ဒါမျိုးက ပြောလို့လည်း မရဘူး ၊ ဈေး ထဲ မှာ ဆေးလည်း မရှိဘူးကွ ၊ နောင်ကျ သူ့ ဘာသာ ဒီကိစ္စ ကို ရှောင်ကျဉ် သွားလိမ့်မယ် ၊ အဲဒါကို ‘ နောင်ကျဉ် ‘ တယ်လို့ ခေါ်တယ် “

“ ငါတို့ က သူ နောင်မကျဉ် ခင် ဘယ်နှရက် ခံရဦးမှာလဲ ”

“ ဒီကောင် က မျိုးရိုး လိုက်တာကွ ၊ သူ့ ဘဒွေး တစ်ယောက် ရွာ မှာ ရှိဖူးတယ် တဲ့ ၊ မြို့ တက်တော့ ဓာတ်ခဲ ထည့် ဖွင့်လို့ရတဲ့ ရေဒီယိုကလေး တစ်လုံး လက်ဆောင်ရတာ ၊ ရ ကတည်း က ဖွင့် လိုက်တာ နေ့ရော ညရော တဲ့ ၊ မြန်မာ့အသံ ပြီးသွားလည်း ကုလားလိုင်း ၊ တရုတ်လိုင်း ၊ အင်္ဂလိပ် လိုင်း ၊ အို .. အသံ ထွက်သမျှ အကုန် ကွာ နားထောင်တာ ထမင်း မစားဘူး တဲ့ ။ ကျွေး လို့လည်း မရဘူး တဲ့ ၊ အဲဒါ ရေဒီယို သုံးရက် နားထောင် လိုက်တာ မြို့က ဆေးရုံ ကို တန်း တင်ရတာ အား ပြတ်သွားလို့တဲ့ လေ ”

တိုးလွင် နှင့် ကိုဇော် တို့ တစ်ပြိုင်နက် ရယ်လိုက်ကြသည် ။ ထိုအချိန်မှာပင် ညိုမောင် အခန်း ထဲ သို့ ဝင် လာ၏ ။

“ မင်းတို့ ငါ့ ကို ရယ်နေကြတာလား ၊ အေးပေါ့ကွာ ၊ ရယ်ကြမယ် ဆိုရင်လည်း ငါ စိတ်မဆိုးပါဘူး ၊ရယ်သင့် ပါတယ် ၊ ငါ ဘယ်လို မှ နေလို့မရတဲ့ အဆုံး ရေ ထ ချိုး လိုက်ရတာပဲ ”

“ ရပါတယ် အဆုတ် အအေးပတ်တာ လောက်ကတော့ ရပ်ကွက် ထဲ က ဆရာဝန်တွေ နိုင်ပါတယ် ၊ စိတ် လွတ်သွားရင် သာ ဒီ နဲ့ စိတ်ကျန်းမာရေး က တော်တော် ဝေး နေလို့ စိတ် ပူရတာပါ ”

ကိုဇော့် စကားကြောင့် သူတို့ သန့်ရှင်းလွတ်လပ်စွာ ရယ်ဖြစ်လိုက်ကြသည် ။

“ ညိုမောင် မင်း ခဏတော့ ပြန် အိပ်လိုက် ၊ ညိုမောင် ငါ ၈ နာရီ ထိုးတာနဲ့ မင်း ကို နှိုးမယ် ၊ တော်ကြာ ရုံး ရောက်မှ အိပ်ချင် နေရင် ပြဿနာ တက်နေမယ် ”

“ ဟုတ်တယ် ညိုမောင် ၊ မင်း တစ်ညလုံး အိပ် မပျော်တာ မဟုတ်လား ”

“ ဟုတ်တယ် ကိုဇော် ၊ ကျွန်တော် တစ်ညလုံး ကို အိပ် မပျော်တာ ”

“ ခဏလောက် အိပ်လိုက်ပါကွာ ”

“ တိုးလွင် ငါ့ ကို ရး၃ဝ နှိုး ကွာ ”

“ ၈ နာရီ ဆို ရပါပြီကွာ ”

“ ဟာ … မလုပ်ပါနဲ့ကွာ ၊ ရ နာရီခွဲ ပဲ နှိုးတာ ၊ နောက်တော့ မနောက်ပါနဲ့ကွာ နော် ၊ ငါ့ ဘဝ အတွက် … ”

“ ဟေ့ကောင် ညိုမောင် ၊ တော်တော့ ဒီလို ကိစ္စမျိုး ကို ငါတို့ က နောက် မလားကွ ၊ အိပ် မှာ သာ အိပ် စမ်းပါကွာ ”

“ ငါ့ နာရီ နဲ့တိုက်ပြီး နှိုးနော် ”

တိုးလွင် တော်တော် စိတ်ညစ်သွားပုံ ရသည် ။

ခေါင်းကို ကုတ် ၊ မျက်နှာ ကို ရှုံးမဲ့ ရင်း …

“ အေးပါကွာ ၊ အေးပါကွာ ၊ မင်း ရဲ့စံချိန်ကိုက် နာရီတော်ကြီး နဲ့ကို တိုက်ပြီးတော့ နှိုးပါ့မယ် … အိပ်ပါ … စိတ်ချပြီးတော့ သာ အိပ်ပါ ”

ဟု ခပ်ငေါ့ငေါ့ ပြောတော့ မှ ညိုမောင် ပြုံးပြီး မျက်ဝန်းများ ကို မှိတ် လိုက်သည် ။ရေချိုးပြီးစ လန်းဆန်းသွားသော စိတ် ကို တစ်ညလုံး ဝိုင်းခဲရန် စောင့်နေကြသော အိပ်စက်ခြင်းတွေ က အုံနဲ့ ကျင်း နှင့် စိတ်ရှိလက်ရှိ ကိုက် လိုက်ကြသဖြင့် ညိုမောင် ခဏချင်း ကို အိပ် ပျော်သွားလေသည် ။ တိုးလွင် က ညိုမောင့် ကို ၈ နာရီ တွင် နှိုးပါသည် ။ ညိုမောင် သည် အိပ်ရာ မှ ထပြီး သူ့ နာရီ ကို ကြည့်တော့ ၈ နာရီ ။

“ မင်းကွာ ရ နာရီခွဲ နှိုးပါ ဆိုတာကို ”

“ ငါ့ နာရီ က အခု ရနာရီ ခွဲ ပြီး လို့ ငါးမိနစ် ကွ ”

“ အဲဒါဆို မင်းနာရီ က စုတ် နေလို့ ”

တိုးလွင် ဘာမှ ပြန် မပြောပါ ။ ညိုမောင် နှင့် တစ်ရွာတည်းသားကြီး ဦးဌေးဝေ ပြောပြထားလို့ ညိုမောင် ဒီ နာရီ ရူးတာ ကို သိပြီးသား ဖြစ်သည် ။

ညိုမောင် မျက်နှာ ထပ် သစ်သည် ။ ပြီးတော့ မန္တလေး က သူ ဝယ်လာသည့် ကော်လံ လည်ကတုံး အင်္ကျီလက်ရှည် ကို ဝတ်သည် ။ ပြီးတော့ ဆိတ်ခွံပုဆိုး အစိမ်းနုအကွက်စိတ်ကလေး ကို ဝတ် သည် ။ ခေါင်း ကို လေးငါးခြောက်ကြိမ် သပ်သပ်ရပ်ရပ် ဖြီး ပြီးသွားတော့ မှ ကျေနပ်သွားသလို မှန်ထဲ မှာ ကြည့် ၍ ပြုံးသည် ။

ဒီနေ့ ကုမ္ပဏီ က လူကြီးတွေ နှင့် တွေ့ရမှာ ဆိုတော့ ကိုယ့်ဘက် က သပ်ရပ်နေဖို့ လိုသည် မဟုတ်လား ၊ တိုးလွင် ကတော့ ညိုမောင့် ကို ကြည့်ပြီး ပြုံး၍ နေသည် ။

တိုးလွင် သည် လေးကလေး တချွန်ချွန် နှင့် လုပ်စရာ ရှိတာတွေ ကို လုပ်နေသော ညိုမောင့် ကို …

“ ဟေ့ကောင် … .ဘာလဲ … မင်းက အခု သွားတော့မလို့လား ”

“ အာ … မသွားသေးပါဘူးကွ ၊ ငါ သော်သော် တို့ ဆိုင် က စောင့် မယ်လေ ”

“ ဒါပေါ့ … ဒါပေါ့ ဒါမျိုးကတော့ အသိ ပေးရမှာပေါ့ ၊ သူတို့ က လာ ခေါ် ပေးထားတာ မဟုတ်လား ”

“ အဲဒါလည်း ပါတာပေါ့ကွာ ၊ ပြီးတော့ ထမင်းချိုင့် ထည့် ရဦးမယ် မဟုတ်လား ၊ အဲဒါ သူတို့ နဲ့ ဈေးလေးဘာလေး ညှိ မလို့ ”

“ ဪ .. ”

ညိုမောင် က တည်ကြည်လေးနက်စွာ ပြန် ဖြေသဖြင့် ကိုဇော် ထပ် မစတော့ ။ နည်းနည်း တုံး တဲ့ ကောင်တွေ ကို စ ရတာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ဟု ကိုဇော် တွေး နေမိသည် ။

“ ကိုညိုမောင် က ဘာ လုပ်ရမှာလဲဟင် ”

“ မသိသေးဘူး မော်မော် ရ ၊ ဒီနေ့မှ လူကြီးတွေ နဲ့တွေ့ ရမှာ ”

ယောကျာ်းလေးတွေ အများကြီး ထဲ က နှစ်ယောက် ပဲ ရွေးတာ ကိုညိုမောင် ပါတယ် ဆိုတော့ ကိုညိုမောင် က တော် တာပေါ့နော် ”

“ အာ .. မတော်ဘူး ဟ ၊ ငါ တစ်ခုမှ ကောင်းကောင်း ဖြေနိုင်တာ မဟုတ်ဘူး ၊ ငါ့ ကို မေးတဲ့ ထဲက ကောင်မလေး … အဲ မဟုတ်ပါဘူး ၊ လူကြီး ပေါ့ ဟာ သူ့ ကား ကို ငါ တွန်း ပေးခဲ့တာလေးပဲ ရှိတာ ”

လမင်းစိုး နှင့် ကိစ္စ ကို ညိုမောင် က သော်သော် တို့ ညီအစ်မ နှစ်ယောက် ကို ပြောပြပြီးသား ဖြစ်ပါသည် ။

“ စေတနာ ဆိုတာ တူသော အကျိုး ပေးတယ် ဆိုတာ မှန် တာပေါ့ ၊ ကိုညိုမောင် တို့ ရုံးမှာ မိန်းကလေးတွေ မလိုဘူးလား ဟင် ”

သော်သော် က ကန်စွန်းရွက် ဆိတ်ရင်း က မေးသည် ။ ညိုမောင် သည် သော်သော့် မျက်ဝန်း ဝင်းပပ ကို စိုက်၍ ငေးမိတော့ ရင်တွေ ဘာတွေ တုန် သွား၏ ။

“ ကျွန်တော် တောင် မှ ဒီနေ့ မှ လူကြီးတွေ ဆီ သတင်း စ ပို့ရမှာ ၊ တကယ်လို့ နေရာ လိုရင် ကျွန်တော် ပြောပါ့မယ် စိတ်ချပါ ၊ အရင် နေ့တွေ က လို လာ ဝိုင်း ကူ နိုင်တော့မှာ မဟုတ်တာကို တော့ … ”