“ အို … ရပါတယ် ကိုညိုမောင် ရယ် ၊ လူတစ်ယောက် တိုးတက်သွားတာ ကို သော် ကတော့ ဝမ်းသာပါတယ် ကွာ ၊ ကိုညိုမောင် ဘာဟင်း နဲ့ထည့် မလဲဟင် ၊ ထမင်းချိုင့် က အပြား ဆိုတော့ အရည်ဟင်းတော့ မလုပ်နဲ့ ၊ ငါးကြင်းကြော်နှပ်ကလေး စား ဟုတ်ပြီလား ၊ ချဉ်ပေါင်ကြော် ရယ် ၊ ပဲစောင်းခါးသီးသုပ် ရယ် ကို ပလတ်စတစ်အိတ် နဲ့ ထည့် ပေးလိုက်မယ် ”
“ ဒါနဲ့ တစ်လ ဈေး က … ”
“ ခုနှစ်ရာ ပဲ သော်သော် ယူ ပါ့မယ် ၊ တစ်ခြား လူ ကိုတော့ ရှစ်ရာ ယူတာ ”
“ ပိုက်ဆံ ကြိုပေးထားရမှာလား ဟင် ”
“ သုံးပုံ တစ်ပုံလောက် ပေး ထားရင် ရ ပါတယ် ”
“ ကျွန်တော် ငါးထောင် ပေး ထားမယ်လေ ၊ တစ်နေ့ ခုနှစ်ရာ ဆိုတော့ ရက် ၂ဝ စာ အတွက် သောင်းလေးထောင် ကျတာကိုး ”
“ ကိုညိုမောင် က စနေတနင်္ဂနွေ မစားဘူးလား ”
“ အဲဒါက လက်ငင်းပေး စားမှာလေ ”
တိုးလွင် ရောက်လာတော့ ၈ နာရီ ၁၆ မိနစ် ။
“ သွားရအောင် ညိုမောင် ”
“ စောပါသေးတယ်ကွာ ၊ အခုမှ ၈နာရီ ၁၆မိနစ်ပဲ ရှိသေးတာ ၊ ကား က ၁၅ မိနစ် အတွင်း ရတယ် ၊ ပေါင်း လိုက်ရင် (၈ : ၁၃) နာရီ ကားရုံးဘေးနားက မှတ်တိုင်ကို မောင်းတာ အားလုံး ၂၆ မိနစ် ပဲ ရှိတာ ၊ အားလုံးပေါင်း (၈ : ၅ဝ) နာရီဆိုတော့ ငါ့တို့ ၃၃မိနစ်တောင် ပိုနေသေးတာပဲ ၊ ဖြည်းဖြည်းပေါ့ ”
“ ခွီးပဲ ၊ မင်း က မင်း နာရီနဲ့ တွက် ပြောနေတာ ၊ ဟိုက MD တို့ ၊ GM တို့ နာရီ က မင်း နာရီ နဲ့ တူချင် မှ တူမှာပေါ့ကွ ၊ နေရင်း ထိုင်ရင်း နေ့ဝက်ကြေး နဲ့ မိနေဦးမယ်“
Solo ကုမ္ပဏီ စည်းကမ်း က ( ၉ : ၃ဝ ) နာရီ အချိန် ထက် နောက်ကျ၍ ရောက်လျှင် တစ်နေ့စာ လုပ်အားခ ၏ တစ်ဝက် ကို ဖြတ်တောက်၍ အပြစ် ပေးတက်သည် ။
“ ဒါဆို သူတို့ နာရီတွေ က စုတ် နေလို့ပေါ့ကွ ”
“ မင်း နာရီ ကရော ဘယ်လောက် မှန်လို့လဲ ”
“ တိုးလွင် ငါ့ နာရီ က နှစ်တစ်ရာ မှာ တစ်မိနစ် မလွဲစေရဘူးဆိုတဲ့ နာရီကွ ၊ ဒါ ငါ မင်းတို့ ကို နောက်ပြောင်ပြီး ပြောနေတာ မဟုတ်ဘူး ၊ ငါ့ အဘိုး လက်ထက်တုန်း ကလည်း ဒီ နာရီကို မတိုက်ခဲ့ရဘူး ၊ ငါ့ အဖေ လက်ထဲ မှာလည်း မတိုက်ခဲ့ရဘူး ၊ ငါ့ လက်ထဲမှာလည်း တစ်ကြိမ် မှ မတိုက်ခဲ့ရဘူး ကွ ၊ ငါကတော့ မြန်မာနိုင်ငံမှာ နေနေသရွေ့ ငါ့ လက်ထဲ က နာရီ ရဲ့အချိန် ကို ပဲ ယုံတယ် ဒါပဲ ”
ညိုမောင် ပြောသည့် စကား သည် ဒေါသသံ နည်းနည်းကလေး စွတ်ထားသော မခံချင်စိတ် အပြည့် ရှိသည့် အသံ သာဖြစ်ပါသည် ။
“ အမလေး ဒီလောက်တောင် ညွှန်း နေရအောင် ကဲ ကိုညိုမောင့် နာရီ ခဏ ပြစမ်းပါဦး ”
မော်မော် က တောင်းသဖြင့် ညိုမောင် ချွတ်ပေးလိုက်သည် ။ မော်မော့် က နာရီကလေး ကို စူးစူးစိုက်စိုက် ကြည့်သည် ။ ထူးခြားတာ တစ်စုံတစ်ရာ များ ပါမလား ဟု ရှာပုံလည်း ရသည် ။
ညိုမောင် သည် မော်မော့် လက် ထဲ က နာရီကလေး ကို ငေး နေမိသည် ။ နာရီဒိုင်ခွက်နံဘေး က ရွှေရောင် သည် အိုလှပြီ ၊ မှိန်ဖျော့၍ စားသည့်နေရာက စားနေပြီ ။ အဆိုးဆုံး က လယ်သာ လက်ပါတ်ပဲ ဖြစ်သည် ။ ဟောင်းနွမ်းပြီး အနားစ နည်းနည်း ဖွာ ထွက်ချင်နေပြီ ။ သူ့ နာရီ သည် သူ ပြောသည့် ဂုဏ်ပုဒ်တွေ နှင့်လိုက်ဖက်အောင် တောက်ပ မောက်ကြွား စရာ အဆင်းအင်္ဂါ မရှိ ၊ ရွှေရည်စိမ် လက်ပတ်ကလေး နှင့် သာ ဆိုလျှင် …
သူ့ နာရီ ကို ရွှေရည်စိမ်လက်ပတ်ကြိုးကလေး လဲ တပ်ရေး သည် ညိုမောင့် အတွက် အကြီးမားဆုံးသော မျှော်လင့်ချက် တစ်ခု ဖြစ်ပါသည် ။ သူ ကုမ္ပဏီ က လခ ထုတ်လျှင် ဆရာတော် ထံ ပို့ ရမည် ။ မေမေ့ ထံ ပို့ရမည် ။ ပိုသည့် ငွေထဲက လမ်းစရိတ် ၊ ထမင်းစရိတ် နှင့် အဆောင်စရိတ် ကို နူတ်ပြီးလျှင် ပိုသောငွေ ကို စုဖို့ ညိုမောင် တိတိကျကျ ကို ပြဌာန်း ထားသည် ။
သူ အကြိုက်ဆုံး ရွှေရောင်လက်ပတ်ကလး ကို ရွှေဘုံသာလမ်း တွင် ကိုမိုး နှင့် သွားတုန်းက တွေ့ခဲ့ပြီးပြီ ။ ရွှေရောင်လတ်ပတ်ကြိုး ချည်းတင် တစ်သိန်းလေးသောင်းငါးရာဖြစ်သည် ။ အဲဒီ ရွှေရောင်လက်ပါတ်ကြိုး နှင့် သာ သူ့ နာရီကလေး ကို ပါတ် လိုက်ရလျှင် သူ့ ဘဝ တွင် သူ သေပျော်ပြီ ဖြစ်သည် ။ ထို ဆန္ဒ သည် ညိုမောင့် ဘဝ အတွက် တော်တော် ပြင်းထန်သည် ။
ညိုမောင် ၏ ထို ပြင်းထန်လှသော အာသီသ နှင့် မျှော်လင့်ချက် တို့ ဖြင့် ဖွဲ့စည်းထားသည့် ရလိုမှုကလေး ကို ပြက်ရယ် မပြုသင့်ပါ ။ လှောင်ပြောင် ဖို့ လည်း မသင့်တော်ပါ ။ အချို့လူတွေ ဒီ ထက် အဓိပ္ပါယ် မဲ့ တာတွေကို အများကြီး အရူး ထ ခဲ့ကြလေ့ ရှိသည် မဟုတ်လား ။
မော်မော် က အားရအောင် ကြည့်ပြီး ဘာမှ မတွေ့တော့ နာရီကလေး ကို သော်သော့် ဆီ သို့ ထိုး ပေးလိုက်သည် ။ သော်သော် က နာရီကလေး ကို သေသေချာချာ ခဏ ကြည့်လိုက်ပြီး နောက် …
“ နာရီကလေး က ဒီဇိုင်း ရိုးရိုးကလေး နဲ့ ချစ်စရာလေး ပါ ၊ Swiss made ဆိုတာလည်း စာ ပါတာပဲ ၊ နာရီ မှာတော့ ဆွစ်ဇာလန်နာရီ က နာမည် အကြီးဆုံး ပဲ ၊ ဆွစ်ဇာလန် တစ်နိုင်ငံလုံး က ကမ္ဘာ ကို နာရီ ရောင်းပြီး ချမ်းသာတာလေ ”
သော်သော့် စကားကြောင့် ညိုမောင် က တိုးလွင် ကို “ ကဲ .. ဘယ်လိုလဲ ကိုယ့်လူ ” ဆိုသည့် အကြည့်မျိုး နှင့် ကြည့်သည် ။ တိုးလွင် စိတ် ထဲကတော့ “ ဟို က လူမှုရေး အရ ပြော တာကို မြောက်နေတယ် ” ဟု ညိုမောင် ကို ကြည့်ပြီး တွေးနေသည် ။
ညိုမောင် က နာရီ ကို ပြန် ပါတ်ပြီး ကြည့်ရင်း …
“ တိုးလွင် ၈ နာရီ ၂၁ မိနစ် ရှိပြီ ၊ လစ်ကြစို့ ၊ သွားမယ်နော် သော်သော် ”
“ ဪ .. တစ်ယောက် ပဲ နူတ်ဆက် တာလား ”
“ နင် လည်း ပါ တာပေါ့ ဟ ၊ တာ့တာ ”
ညိုမောင် တို့ နောက်ကျော ကို ကြည့်ရင်း မော်မော် က ရယ် နေသည် ။ သော်သော်် က ကန်စွန်းရွက် ကို ဆိတ်ရင်း …
“ မော်မော် နောက် ကို ကိုညိုမောင့် ရှေ့ မှာ ငါ့ ကို အနှောင့်အသွား မလွတ်တဲ့ စကားတွေ နဲ့ မနောက်နဲ့ ”
“ မသော် က မကြိုက်လို့လား ”
“ ဟုတ်တယ် ၊ အဲဒီလို နင် လုပ် လုပ်နေတာ ကို မကြိုက်တာ ၊ သူ့ ဘက် က ခပ်မှန်မှန် နေ နေတာကို ကိုယ့် ဘက် က သွားသွား စနေတော့ ကိုယ့် ဘက်က တန်ဖိုး လျော့တာပေါ့ ”
“ ဒါဆို ကိုညိုမောင် တို့ ဘက်က စ ရင် ကျေနပ်တယ်ပေါ့ လေ ၊ ဒီလိုလား ”
“ တော်ပြီ မော်မော် ၊ ကန်စွန်းရွက် က ချဉ်ရည်ဟင်း ချက်မှာနော် ၊ ငါ ရေပြန် ချိုးဦးမယ် ၊ ပြီးရင် ၁၁ : ၁၅ နာရီ ကျောင်း ကို လစ်ရမှာ ”
တစ်ယောက်ယောက် က တစ်နေရာရာ ကနေပြီး ညိုမောင် တို့ လေးယောက် ကို ချောင်းကြည့် နေမည် ဆိုလျှင် ထို လူ သည် အကောင်းဆုံး ဟာသ ကား တစ်ကား ကို ကြည့်နေရသူ ဖြစ်လိမ့်မည် ထင်သည် ။
အဘယ်ကြောင့် ဆိုသော် ညိုမောင် တို့ လေးယောက် သည် အဝါရောင်ဖိုက်ဘာ နောက်မှီ ပါသော ခုံကလေး ခြောက်လုံး ပေါ်တွင် ရှေ့တည့်တည့် ကြည့်ပြီး ထိုင်နေကြသည် ။ ထိုင်နေကြပုံ က မိန်းကလေး နှစ်ယောက် က ညာဘက် အစွန်း တွင် ထိုင်နေပြီး ကျန်သည့် လေးခုံ တွင် ညိုမောင် နှင့် နောက် ယောကျာ်းလေး တစ်ယောက် က တစ်ခုံခြား စီ ထိုင်ကြ၏ ။
ညိုမောင် က သူ့ ညာဘက်တွင် ရှိသော ကောင်မလေး နှစ်ယောက် ကို တစ်ချက် ခိုးကြည့်သည် ။ ကောင်မလေး နှစ်ယောက် က ရှေ့တူရူ သို့ သာ တည်ငြိမ်စွာ စိုက် ကြည့်နေကြ၏ ။ ဒါနှင့် တစ်ခုံခြား ဘယ်ဘက်က ပုဂ္ဂိုလ် ကို ကြည့်တော့ အိတ်ဆောင် ီငခအငသညမေပ ကလေး ကို ငုံ့၍ ဖတ်နေတာ တွေ့ရ၏ ။ ဒါနဲ့ပဲ ညိုမောင် လည်း သက်ပြင်း ကို ချပြီး ရှေ့ တူရူ ကိုသာ ကြည့် နေလိုက်ရသည် ။ ခဏနေတော့ Dictionary ဖတ် နေသော ဥက္ကာကျော် က ညိုမောင့် ကို ကျော်ပြီး ကောင်မလေး နှစ်ယောက် ကို လှမ်း ကြည့်သည် ။ ကောင်မလေးတွေ က ရှေ့ ကိုပဲ ကြည့်နေကြတော့မှ ညိုမောင့် ကို ကြည့် သည် ၊ ပြီးတော့ တစ်ချက် ပြုံးပြီး Dictionary ကို ပြန် ငုံ့ ဖတ်နေလိုက်သည် ။ ခင်မေရာ က သူ့ နံဘေး က ကေသီမိုး ကို ကျော်ပြီး ညိုမောင့် ကို ကြည့်သည် ။ ရေ မချရသေးသော ပုဆိုးအသစ် က ခုံပေါ် မှာ နေသား မကျဘဲ ထိုးထိုးထောင်ထောင် နှင့် ရှိသည် ။ ကော်လံလည်ကတုံး ကလည်း အသစ် မှန်း သိသာ နေသည် ။