ဘာကြီးလဲ

ထို့ကြောင့် ခင်မေရာ က ညိုမောင့် ကို ရင်းနှီးနေသူတစ်ဦး လို နှစ်လိုဖွယ်ရာ ပြုံး ပါသည် ။ Dictionary ဖတ် နေတဲ့ လူ က ‘ ဥက္ကာကျော် ‘ ဆိုတာပဲ ဖြစ်ရမည် ဟု ခင်မေရာ က တွေး လိုက်ပြီး Dictionary ဖတ်နေတာ ကို ကြည့်ပြီး ကလေးလေးတွေ ကို ကြောက်ပါတယ် လို့ နောက်သည့် ပုံစံမျိုး လို ပခုံး ကို ကျုံ့ ၊ နူတ်ခမ်း ကို မဲ့ ၊ မျက်လုံး ကို ပြူးလိုက်သည် ။

ကေသီမိုး ကို တော့ ကပ် နေသဖြင့် ရှန်၍ သာ ကြည့် လိုက်သည် ။ မျက်နှာအေးအေးကလေး မို့ မိတ်ဆွေ ဖြစ်လျှင် ခင်မင်ဖို့ ကောင်းမှာပဲ ဟု ခင်မေရာ တွေးလိုက်သည် ။

ကေသီမိုး ကတော့ သူတို့ မကြည့်ချိန် တွင် ညိုမောင် ၊ ဥက္ကာကျော် နှင့် ခင်မေရာ တို့ ကိုတစ်လှည့်စီ ကြည့်ပါသည် ။ သို့သော် ကေသီမိုး ကြည့် သည့် အကြည့်က တစ်မျိုးတစ်စားတည်း ဖြစ်သည် ။ ငါ့ ကို ခင်ကြပါ ဟယ် ၊ ကူညီကြပါ ဟယ် ဆိုသည့် အကြည့်မျိုး ဖြစ်သည် ။

ညိုမောင် နှင့် ကေသီမိုး မျက်ဝန်း ခိုး ကြည့်ချင်း သွား ဆုံတော့ ဒိန်းခနဲ ရင်ထဲ ကိုယ်စီ မြည်ပြီး မျက်နှာ လွှဲ လိုက်ကြ၏ ။ ဥက္ကာ က ညိုမောင် နှင့် အကြည့် ဆုံတော့ ပြိုင်တူ ပြုံး လိုက်ကြသည် ။ ကေသီ နှင့် ခင်မေရာ လည်း ဒီလိုပဲ ပြုံးကြသည် ။

၉ နာရီ နှင့် ၅၁ မိနစ် တောင် ရှိနေပြီ ချိန်းထားသော အချိန်ထက် ၂၁ မိနစ်တောင် နောက်ကျနေပြီ ဖြစ်၏ ။ ဒီလို ကုမ္ပဏီကြီး အနေ နှင့် မဖြစ်သင့်သော ကိစ္စ ဟု ညိုမောင် နာရီ ကို ငုံ့ကြည့်ရင်း တွေး နေမိသည် ။ ၉ နာရီ ၃ဝ မိနစ် မှာ တော့ ကောင်မလေး တစ်ယောက် ထွက် လာပြီး … .

“ မမလမင်း ၊ နိုင်ငံခြား cal ပြော နေလို့ ခဏစောင့်ပေးပါရှင် ” ဟု ပြောသွားခဲ့၏ ။

နိုင်ငံခြား ကို မိနစ်နှစ်ဆယ် လောက် ဖုန်း ပြောသည် ဆိုလျှင် ဟိုမှာ သူ့ ရည်းစားများ ရှိသလား ဟု ညိုမောင် တွေးနေမိသည် ။

ထိုအချိန်မှာပင် ခုနက ကောင်မလေး ထွက်လာပြီး သူတို့ ကို တစ်ချက် ကြည့်ပြီး …

“ မခင်မေရာ ဝင်နိုင်ပါပြီ ရှင် ”

ခင်မေရာ က ဝမ်းသာအားရ မတ်တပ် ထရပ်ပြီး သူတို့ ကို နူတ်ဆက်သလို ပုံစံမျိုးပြုံး ပြပြီး ကောင်မကလေး နှင့် ပါသွားသည် ။

ညိုမောင် နာရီ ကို ကြည့် ထားလိုက်သည် ။ ရ မိနစ် ကျော်ကျော် လောက် မှာ ခင်မေရာ ပြုံးရွှင်စွာ ပြန် ထွက်လာသည် ။ သူတို့ ရှေ့ ကို ရောက်တော့ ခေါင်းတစ်ချက် ညိတ်၍ ပြုံးပြ ပြီး ထွက်သွားသည် ။

“ မကေသီမိုး ”

ညိုမောင် နာရီ ကို ကြည့်ပြီး မှတ် ထားသည် ။ ၁ဝ မိနစ် ကျော် ကြာ၏ ။ ကေသီမိုး က တော်ပါသေးရဲ့ ဆိုသည့် ပုစံမျိုး နှင့် သူတို့ကို မရဲတရဲ ကြည့်ပြီး ဖြတ်သွားသည် ။

“ မောင်ဥက္ကာကျော် ”

သူ ဟာ နောက်ဆုံး လူ ပါလား ဟု ညိုမောင် တွေးလိုက်မိသည် ။

ဥက္ကာကျော် ကတော့ ၁၅ မိနစ်လောက် ကြာမည် ထင်သည် ။ ပြန် ထွက်လာတော့ သိပ်ရွှင်ရွှင်ပျပျပုံစံ မရှိ ။ သူ့ ကိုပင် လှည့် မကြည့်တော့ဘဲ ထိုင်ခုံပေါ်တွင် ချထားခဲ့သော အနက်ရောင် နာမည်ကြီး တံဆိပ် နှင့် ဘေးလွယ်အိတ် ကို ကောက်ယူပြီး ထွက်သွား၏ ။

နာမည် ခေါ်သည့် ကောင်မလေး က ညိုမောင့် ကို တော့ နာမည် မခေါ်တော့ဘဲ ပြုံးပြီး ခေါင်း ကို သာ ညိတ် ပြ၏ ။ ညိုမောင့် နာရီ ကို တစ်ချက် ကြည့်ပြီး ဝင်သွားသည် ။

အခု ညိုမောင် ဝင်ခဲ့သော အခန်း က အင်တာဗျုး တုန်း က အခန်း မဟုတ်ပါ ။ အခန်း မှာ air-corn က စိမ့်စိမ့်ကလေး အေးနေပြီး မွှေးရနံ့ တစ်ခု ကို ရနေသလို ခံစားရသည် ။

အောက်ခံ ကော်ဇော မှာ အဖြူရောင်တွင် ပန်းနုရောင် ရှိ သော နှင်းဆီပွင့်အကြီးကြီး တစ်ပွင့် နှင့် အစိမ်းရောင် ရွက်ဖတ်ကလေးတွေ ကို ဒီဇိုင်း ဆင်၍ ထားသည် ။ နင်း ရမှာ ပင် နင်းရက်စရာ မရှိလောက် အောင် လှပ လွန်းနေသည် ။

စာရွက်တစ်ရွက် ကို လက်မှတ် ထိုးပြီး နံဘေး က စာအနည်းငယ် ရေးနေသော အင်တာဗျူးနေ့ က သူ့ ကို မေးခဲ့သော ကောင်မလေး ခေါ်မလား ၊ မိန်းကလေး ခေါ်မလား ၊ အင်း သူဌေး ဆိုတာက ပို မှန်လိမ့်မည် ထင်သည် ။ စားပွဲ ပေါ်တွင်တော့ ‘ မန်နေဂျင်းဒါရိုက်တာ လမင်းစိုး ‘ ဟု အင်္ဂလိပ် လို ရေးထားသည် ။ ဒါဆိုလည်း MD ပေါ့လေ ” ။

ညိုမောင် မတ်တပ် ရပ်၍ နေရသည် ။ ညိုမောင့် လိုပင် MD လက်မှတ် ထိုးနေသော စာရွက်တွေ ကို လာ ပို့ သူ ကောင်လေး နှင့် သူ့ ကို လာခေါ်သူ ကောင်မလေး တို့ လည်း မတ်တပ် ပင် ရပ်နေကြရသည် ။ လက်မှတ် အကုန် ထိုးပြီး သွားတော့ မှ လမင်းစိုး က မော့ ကြည့်သည် ။

“ ကိုညိုမောင် ထိုင် ပါ ”

ညိုမောင် ခုံ တွင် ဝင် ထိုင်ပြီး စားပွဲ ပေါ် က စက္ကူ ဖိသည့် ဖန်တုံးကလေး ကို စိုက်ငေး ကြည့်နေလိုက်သည် ။ ဖန်တုံးကလေး ထဲ မှာ ဘုရားရှိခိုးကျောင်း လို အဆောက်အဦးကလေး တစ်ခု ရှိသည် ။ ပြီးတော့ ယူကလစ်ပင်ကလေး တစ်ခု ရှိသည် ။ ပြီးတော့ ကြယ်ကလေးတွေ နှင့် နှင်းစ လို အမှုန်စက်ကလေးတွေ ရှိသည် ။

“ ကိုညိုမောင် က ဘယ်ရုံး ၊ ဘယ်ကုမ္ပဏီ မှာ မှ မလုပ်ခဲ့ဖူးဘူး နော် ”

“ ဟုတ်ပါတယ် ခင်ဗျ ”

“ ဒီ့ အပြင် အလုပ်ရော ဘာတွေ လုပ်ခဲ့ဖူးသေးလဲ ”

“ အင်း … ပြောမယ် ဆိုရင်တော့ ကျွန်တော် လယ် ထွန်ဖူးတယ် ၊ နှမ်း နဲ့ ပဲ နည်းနည်း စိုက်ခဲ့ဖူးတယ် ၊ ရွာ က ရပ်ဆွေရပ်မျိုး တစ်ယောက် နဲ့ ပွဲရုံ မှာ လုပ်ခဲ့ဖူးပါတယ် ”

“ ဟုတ်ပြီ ပွဲရုံ မှာ ဘယ်နေရာ က လုပ်ခဲ့တာလဲ ”

“ ဟာ … အဲဒီလို မရှိပါဘူး ခင်ဗျ ၊ သူ့ ကို ကူညီတဲ့ သဘောပါ ၊ တောက်တိုမယ်ရ သဘောပါပဲ ”

လမင်းစိုးက နူတ်ခမ်းတွေကို ဆွဲဆန့်ပစ်လိုက်သည် ။

ပြောပုံဆိုပုံ ရိုးတာ ကတော့ ပေါ်လွင် ပါသည် ။ အင်တာဗျူးနေ့ က ဒေါသ နှင့် မွှန်ထူနေတာရော တခြား လူတွေ တော်တော်များများ ကို ရော မေး ခဲ့ရတာကြောင့် ညိုမောင့် ကို သေသေချာချာ စေ့စေ့ မကြည့်ခဲ့ရ ။

အခု ကြည့်တော့မှ ညိုမောင့် နဖူး က မဟာနဖူး ဖြစ်သည် ။ အမေရိကန် က မင်းသား အင်ဒီဂါစီယာ ( ANDY GARICA ) ၏ နဖူးမျိုး ၊ မျက်ခုံး က ထူထူ မည်းနက်နေ၏ ။ နှာတံ က သွယ်သွယ်ချွန်ချွန် ။ နူတ်ခမ်း က အောက်နူတ်ခမ်း ပြည့်ပြီး အပေါ်နူတ်ခမ်း ပါးပါး ။ အထူးခြားဆုံး မှာ လေးထာင့်ကျကျ လင်းနေအောင် ပေါ်သော မေးရိုးကြီး ပင် ဖြစ်၏ ။

“ အင်း … ဒါဆိုရင်တော့ ရှင့် ကို ဒီ ကုမ္ပဏီ အကြောင်း သိသွားအောင် ဒီ ကုမ္ပဏီ ရဲ့ အောက်ခြေ အဆင့် ကနေ စ သင် မှ ဖြစ်လိမ့်မယ် ဆိုတာကို ကိုညိုမောင် လက်ခံ နိုင်ပါသလား ”