“ ဟုတ် …”
“ သေသေချာချာ စဉ်းစားနော် စာဝင်စာထွက် ဆိုတာ ကုမ္ပဏီ မှာ အနိမ့်ဆုံးပဲ ”
“ ဟာ … ရပါတယ် ၊ ကျွန်တော် ကလည်း ဘာမှ သိသေးတာမှ မဟုတ်တာ ၊ တာဝန်ကြီးတွေ ပေးမှာတောင် ကြောက် နေတာပါ ”
“ သေလိုက်စမ်း လမင်းမ ” ဟု သူ့ ကိုယ် သူ လမင်း ပြောလိုက်သည် ။ ကိုကို ပြောတာ တော်တော်လေး မှန် နေပြီ ။ အမှန်တော့ ညိုမောင် ကို စာဝင်စာထွက် မှာ ထားဖို့ အစီအစဉ် မရှိပါ ။ Marketing ဌာန အကူ ( သို့ ) စာရင်းအင်းဌာန မှာ အကူလောက် ထား ဖို့သာ စိတ်ကူး ပါသည် ။ဒါပေမယ့် အခု ပြောရင်းနှင့် လမင်းစိုး ညိုမောင့် ကို ဝင်စာ ။ ထွက်စာဌာန ( Reception ) မှာပဲ ထားဖို့ ဆုံးဖြတ်လိုက်သည် ။
“ ကောင်းပြီ … ဒါဆိုရင် ရှင် Reception မှာ နက်ဖြန် က စပြီး တာဝန် ယူရမယ် ၊ ဟောဒီမှာ ခန့်အပ်လွှာ ၊ ပြီးတော့ ခဏနေဦး ၊ အခု ဒီ စာ နဲ့ခန့်တယ် ဆိုတာ ၃ လ အစမ်း ခန့် နော် ”
“ ဟုတ်ကဲ့ … ခင်ဗျ ”
လမင်း ကိုသက်ဝင်း ဆီ သို့ ညိုမောင့် ကို Reception ( စာဝင် ။ စာထွက် ) တွင် တာဝန် ပေးကြောင်း ကို အင်္ဂလိပ် လို စာ တစ်စောင် ရေးပေးလိုက်သည် ။
“ ဒီ စာ ကို ဦးသက်ဝင်း ဆိုတဲ့ လူ ဆီ ကို ပေးပါ ။ သူ က ရုံး တစ်ရုံးလုံး ရဲ့အုပ်ချုပ်ရေးမှူး ၊ ပြီးတော့ ရှင် တစ်လ ကို လခ ခုနှစ်သောင်း ရမယ် ၊ ကြိုးစားရင် ကြိုးစားသလို အဆင့် တက်မယ် ၊ လုပ်ငန်း နဲ့ ပတ်သတ်တဲ့ ရုံးစည်းကမ်း တွေ ကို မသိရင် ဦးသက်ဝင်း ကို မေးလို့ ရတယ် သိလား ”
“ ဟုတ်ကဲ့ ခင်ဗျ ”
“ သွားလို့ရပြီ ”
ဖိုင် ကို ကောက် ယူပြီး ပေါ့ပါးတက်ကြွစွာ ထွက် သွားသော ညိုမောင့် ကို ကြည့်ရင်း … လမင်း စိတ် ထဲမှာ ဘာကိုမှန်း မသိ အလိုမကျ ဖြစ် နေမိသည် ။ အင်းပေါ့လေ ကုမ္ပဏီ တို့ ရုံး တို့ မှာ မလုပ်ခဲ့ဘူးတော့ စာဝင် ။ စာထွက် ဆိုတာကို ဘာမှန်း မသိ ၊ ဘယ်လို နေရာမှန်း မသိလို့ နေမှာပေါ့ ဟု တွေး မိသည် ။ တစ်ပတ်လောက် ကျရင် ဘာ Complain တက်လာဦးမလဲ စောင့် ကြည့်ကြသေးတာပေါ့ ဟု တွေးမိသည် ။
ဒီနေ့ အလုပ်ခန့်အပ်ရေး ကိစ္စ မှာ လမင်းစိုး စိတ် ထဲက ထင် ထားသလို ရာခိုင်နူန်းပြည့် အောင်မြင်ခြင်းတော့ မရှိခဲ့ပါ ။
ထင်မှတ်မထားခဲ့ဘဲ ပြဿနာ ဖြစ်ရသူက ဥက္ကာကျော် ဖြစ်နေသည် ။ လမင်း က ဥက္ကာကျော် ကို ဆိပ်ကမ်း မှာ ရောက်နေသော ကုန်ပစ္စည်းတွေ ကို ရွေးပြီး စာရင်း နှင့် တကွ ဂိုဒေါင် ကို အရောက် ပို့ ရသော ကုန်ပစ္စည်းအဝင်ဌာနစိတ် မှ ဌာနမှူး ကိုမင်းနိုင် နှင့် တွဲဖက် တာဝန်ချပေးသည် ကို မကျေနပ်ခဲ့သောကြောင့် ဖြစ်သည် ။
ဥက္ကာကျော် က သူ့ မှာ ရှိပြီးသား အစွမ်းအစများ သည် ကုမ္ပဏီတစ်ခု ၏ ဌာန ခွဲ တစ်ခုခု ကို ဦးဆောင်နိုင်သည် ဟု အတိအကျ ကို ယုံကြည်ထားသူ ဖြစ်ပြီး ထို ယုံကြည်ထားသည့် အတိုင်း နေရာ တစ်နေရာ ကို လမင်း ထံ မှာ တောင်းဆိုခဲ့သည် ။
ကိုယ့် မှာ ရှိသော ပညာ နှင့် ဉာဏ် နှင့် လိုက်ရောညီထွေ ရှိသော မာန ကို လမင်းစိုး သဘော ကျပါသည် ။ အခု ဥက္ကာကျော် ဆိုလိုသည့် ပုံစံ က ကုမ္ပဏီတွေ ဆိုတာ ဒီ အလုပ်တွေ ကို ဒီလိုမျိုးပဲ လုပ်နေတာပါပဲ ၊ ဒါကို သူ နားလည်ပါတယ် ။ သူ တတ်ပါတယ် ။ အနည်းငယ် ကွဲလွဲတာ ရှိ လျှင်လည်း သူ တစ်ပါတ်လောက် လေ့လောလိုက်ရင် ရ သွားလိမ့်မယ် ဆိုသည့်သဘောမျိုး ဖြစ် နေသဖြင့် လမင်းစိုး က …
“ ကိုဥက္ကာကျော် ကျွန်မ တို့ ကုမ္ပဏီ ရဲ့ လုပ်ငန်းတစ်ခု ကို တစ်ပတ်လောက် နဲ့ လေ့လာ လို့ ရပေမယ့် ကျွန်မ တို့ ကတော့ ကိုဥက္ကာကျော် ကို ၃ လ လောက် လေ့လာဖို့ လိုနေပါတယ် ”
ထို စကား ကြောင့် ဥက္ကာကျော် မျက်နှာ ပျက် သွားတာ ကို လမင်း က လူမှုရေး အရ မသိချင်ယောင် ဆောင် နေ လိုက်ပါသည် ။
နောက်ဆုံးမှာ ဥက္ကာကျော် က ‘ သူ ဒီ တစ်ရက် တော့ စဉ်းစားပါဦးမယ် ‘ တဲ့ ။ သူ က Solo ကို စလျှောက် ကတည်း က ‘ ဌာနမှူး ‘ တစ်နေရာရာ ကို ဦးတည် ခဲ့တာပါ ‘ ဟု ဆိုပြီး ဖိုင် ကို မ၍ ထွက်သွားသည် ။
ကေသီမိုး ကတော့ အလုပ် မှ လစာမဲ့ ခွင့် တစ်လ ယူပြီး ဆင်း ကြည့်မည် ဟု မြွေမသေ တုတ်မကျိုး နှင့် ပင် ကိစ္စ ပြတ် သွားသည် ။ ခင်မေရာ ကတော့ သူ့ နေရာ နှင့် သူ မို့ ဘာမှ အထွေအထူး ပြောစရာ မရှိ ။ ဥက္ကာကျော် ကိစ္စ ကလည်း မကျေနပ်စရာ မရှိပါ ။ ဒီလို စိန်ခေါ်မှုမျိုး ကို လမင်းစိုး မကြာခန တွေ့ခဲ့ဖူးပါသည် ။ လမင်းစိုး မကျေနပ်တာက အတူတူ အလုပ်လျှောက် ၊ အတူတူ လူတွေ့ စစ်ပြီး ခန့်တာချင်း အတူတူ ကို လစာ အနည်း ဆုံး အဆင့် အနိမ့်ဆုံး နေရာ ကို ပေးတာ ကို တစ်ချက် မှ မျက်နှာ မပျက်ဘဲ လက်ခံ ယူ သွားသော ညိုမောင့် ကို သာ ဖြစ်နေသည် ။
လူ့ဘဝ ဆိုတာ ‘ မကြာခဏ မထင်မှတ်တာတွေ ဖြစ်တက်တဲ့ နေရာ ‘ ဆိုတာ သိပ် မှန်နေလေသည် ။
ညိုမောင် မနက် ၅ နာရီ ၁၀ မိနစ်လောက် သော်သော် တို့ ထမင်းကြော်ဆိုင် ကို ထွက်ခဲ့သည် ။ ညိုမောင် ရောက်တော့ သော်သော် တစ်ယောက်တည်း အသုပ် သုပ်နေသည် ။ သော်သော့် ပါးက သနပ်ခါး ပါးကွက်ပင် မခြောက်သေး ။ မော်မော့် ကိုလည်း မတွေ့ရ
“ မော်မော် ရော ”
“ အင်း … နေမကောင်းလို့ တဲ့ ”
ဒါဆို ညိုမောင် ဆက်မေးစရာ မရှိတော့ပါ ။
“ ကိုညို စားတော့မလား ”
“ လူ ရှင်းတုန်း စားထားလိုက်မယ်လေ ၊ ဒီနေ့ ဆိုင်ထွက် နောက်ကျတယ် ဟုတ်လား ”
“ ဘာဖြစ်လို့ ပြောတာလဲ ”
“ သော်သော့် သနပ်ခါး ပါးကွက် က မခြောက်သေး လို့ ”
“ ဆိုင်ထွက် နောက်ကျဘူး ၊ သနပ်ခါးလိမ်း နောက် ကျ တာ ”
သော်သော် ပြောရင်း ဆိုရင်း ထမင်းကြော်ပန်းကန် ကို လှမ်း ပေးသည် ။ ထုံးစံ အတိုင်း ဝက်စပ်ရည် များများဆမ်း ၊ အချဉ်များများ နှင့် ဝက်ချိုတုံးကြီး သုံးတုံး ။
ညိုမောင် ရေနွေးကြမ်း တစ်ခွက် ငှဲ့ပြီး ထမင်းကြော် ကို အားရပါးရ အမြန် စားသည် ။ အရင်က ဘုန်းကြီးကျောင်းသား လက် ၊ အခု အဆောင်နေသူ့ လက် ဆိုတော့ သိပ် မြန်သည် ။ ၁ဝ မိနစ် မပြည့်ခင် လိုက်ပွဲ တစ်ပွဲ ပါ ကိစ္စ ချောသွား၏ ။
ညိုမောင့် ဘေး မှာလည်း စား နေကျ ဖောက်သည် တွေ ရောက်လာပြီ ဖြစ်သည် ။ သော်သော် အသုပ်တစ်ပွဲ ကို သုတ် ပေးနေရသည် ။ အသုပ် က အချိန်တော်တော်လေး ယူ သည် ။ ထည့်ရတာက အစုံ ၊ ပြီးတော့ နယ်ဖတ် ပေးရသေး၏ ။ ပေါ့လို့ ၊ ငန်လို့ ၊ ဘာ လိုနေမှန်း မသိလို့ ဆိုတာတွေ က လည်း ရှိသေး၏ ။ အသုပ် တစ်ပွဲ သုပ်ချိန် တွင် ထမင်းကြော် ဆိုလျှင် ခြောက်ပွဲလောက် ပြင် ပေးနိုင်၏ ။
ညိုမောင် သူ့ ပန်းကန် ကို ဇလား ထဲ ထည့်ပြီး သော်သော့် ကို ကူ လုပ်ပေးသည် ။
“ ရပါတယ် ကိုညို ရယ် ၊ ကုမ္ပဏီ မှာ အလုပ် ရတဲ့ သူက ဒီလို အလုပ်မျိုး ကို ဝင် ကူမနေပါနဲ့ ၊ ထားခဲ့ပါ ”
“ သော်သော့် ကို မခနဲ့တတ်ဖူး ထင်နေတာ ၊ သော်သော်လည်း ခနဲ့တတ်သားပဲ နော် ”
“ ဟုတ်တာကို ရင် ထဲက အတိုင်း ပြော တာပါ ကိုညို ရယ် ၊ သော်သော် ကို တကယ် ကူညီချင်ရင်လေ ကိုညို တို့ ကုမ္ပဏီ မှာ ပဲ ဖြစ်ဖြစ် ၊ ကိုညို နဲ့သိတဲ့ အခြား ကုမ္ပဏီတွေ မှာ ပဲ ဖြစ်ဖြစ် အလုပ် လိုရင် သော်သော့် ကို ပြောပါ ကိုညို ရယ် နော် ”
သော်သော့် စကား ကြောင့် ညိုမောင် စိတ် မကောင်း ဖြစ်သွားသည် ။ အင်းလေ သူ လည်း ဒီ အရွယ် မှာ ထမင်းကြော် နဲ့အသုပ် ကို တစ်သက်လုံး ဘယ် ရောင်းချင်ပါ့ မလဲ ၊ ဒါပေမယ့် သူ ကလည်း ဒီနေ့ မှ စ အလုပ်ဆင်းမည့် လက်သစ် ။ သော်သော့် အားကိုးမှု ကို သူ နားလည်နိုင်ပါသည် ။