ဘာကြီးလဲ

သွက်လက်သော သော်သော့် ကို သေသေချာချာပင် ညိုမောင် ကြည့်သည် ။ သော်သော့် မျက်နှာပေါက် သည် အရမ်း ချောသည် ဟူသော စာရင်း ထဲ တွင် မပါပါ ။ မျက်လုံး နှင့် နှာတံ တော့ ပိရိသေသပ်ပါသည် ။ ဆံပင် နှင့် ကိုယ်လုံးကိုယ်ပေါက် ကတော့ ကိုယ့် ဆရာ တို့ အကြိုက် ဖြစ်လိမ့်မည် ။ သော်သော့် မျက်နှာကျ သည် မြန်မာမိန်းကလေး အတော်များများ တွင် တွေ့ရလေ့ ရှိသော မြန်မာဆန်မှု အပြည့်အဝ ရှိပါသည် ။

“ သော်သော် က ကျောင်း နဲ့ ဆိုင် ၊ ဆိုင် နဲ့ကျောင်း ဖြစ်နေတော့ အဲဒါတွေ ကို အားမထား နိုင်လို့ပါ ၊ အဲဒါ ကူညီပါနော် … ကိုညို ”

“ အေးပါ သော်သော် ရယ် ၊ ကျွန်တော် ကလည်း ကုမ္ပဏီ ဆိုတာကို ဒီနေ့မှ စပြီး အလုပ် ဆင်းမယ့် ငတိ ပါ ။ ကုမ္ပဏီ က အသိ ဆိုလို့ တိုးလွင် တစ်ယောက် ပဲ ရှိသေးတယ် ”

“ ဒါကတော့ လုပ်ရင်းနဲ့ သိ သွားမှာပေါ့ ကိုညို ရယ် ၊ သော်သော် လေ ကိုယ့် အရည်အချင်း ပေါ်မှာ မူတည်ပြီး ဘဝပြောင်းလဲ နိုင်မယ့် အလုပ်မျိုး ကို လိုချင်တယ် ကိုညိုမောင် ရယ် ၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ သော်သော် လုပ်နိုင်ပါတယ် ”

နွမ်းလျသည့် မျက်နှာ နှင့် ပြော လာသော သော်သော့် ကို ညိုမောင် ငေး ကြည့်နေမိသည် ။ သော်သော့် အရွယ် သော်သော် လို ခံစားချက် နဲ့ မိန်းကေလး တွေ မြန်မာနိုင်ငံ မှာ ဘယ်လောက်များ ရှိနေလဲ ။

“ အခု ထမင်း ရောင်းတယ် ဆိုတာက သော်သော် ဘယ်လောက်ပဲ အပင်းပန်း ခံခံ ကောင်းအောင် ချက်ချက် ၊ အချိန် တန်ရင် ဒီ စားနေကျ လူရဲ့ ဒီ အမြတ်ကလေး နဲ့ပဲ ၊ ဘဝ အတွက် ဘာမှ အာမခံချက် ရှိတာ မဟုတ်ဘူး ကိုညိုမောင် ၊ ဘာမှလည်း တိုးတက် မလာနိုင်ဘူး ”

“ သော်သော် က ကျောင်း ဘယ်တော့ ပြီးမှာလဲ ”

“ ရှေ့လ စာမေးပွဲ ကိုညိုမောင် ၊ သေချာပါတယ် ၊ သော်သော် အောင်မှာပါ ၊ သော်သော် တောင်းတဲ့ အကူအညီ ကို သာ …”

“ စိတ်ချပါ သော်သော် ရယ် ၊ သော်သော် ပြောတဲ့ စကားတွေ အားလုံး ကျွန်တော့် ရင် ထဲ ကို ရောက်ပါတယ် ၊ကျွန်တော် အမြဲ မှတ်မိနေမှာပါ ၊ ကျွန်တော် တခြား ကုမ္ပဏီတွေ နဲ့ ဆက်ဆံခွင့် ရတိုင်း သော်သော့် အတွက် စုံစမ်းပေးပါ့မယ် ”

တည်ကြည်လေးနက်စွာ ညိုမောင် ကတိ ပေး မိသည် ။

အရင်တုန်းက သော်သော့် ကို ဈေးရောင်းတာ ပျော်ရွှင်သွက်လက်နေသည် ဟု ထင် ခဲ့သည် ။ အခုမှ သော်သော် သည် ခန္ဓကိုယ် နှင့်လက် က သွက် သော်လည်း နှလုံးသားကလေး က နွမ်းယဲ့ နေပါလား ဟု သတိထား မိ သွားသည် ။

သော်သော် တို့ ဆိုင် က ပြန် လာတော့ သူ့ ဘဝ အပြင် ရင် ထဲ မှာ ဘဝ အပိုလး တစ်ခုပါ ကပ်ငြိမိလာကြောင်း ညိုမောင် မရိပ်မိခဲ့ပါ ။ သို့သော် အဲဒီ နေ့ ကုမ္ပဏီ ကို ရောက်သည် အထိ သော်သော် အကြောင်း သာ တွေး နေမိသည် ။

••••• ••••• ••••• •••••

တိုးလွင် က ၇ နာရီ ကတည်း က မှာ ထားသဖြင့် ညိုမောင့် ကို ခေါ်မနေတော့ဘဲ ထွက် သွားသည် ။ကုမ္ပဏီ ကား မောင်းရသည် ဆိုတာက အချိန် ကို ကိုယ် က မပိုင်သော ဘဝမျိုး ဟု တိုးလွင် က အစောကြီး ကတည်း က ပြောပြထားဖူးသည် ။

ညိုမောင် အဆောင် မှာ ၉ နာရီ ထိုးအောင် တစ်ယောက် ထဲ ထိုင် စောင့်နေရသော တုန်လှုပ်မှု ထက် စာလျှင် အလုပ် ကို စောစော သွားနေလိုက်တာက ပို ကောင်းမည် ဟု စဉ်းစားပြီး (၈ : ၁ဝ) နာရီ မှ အလုပ် သို့ ထွက် လာခဲ့သည် ။

ညိုမောင် လမ်းထိပ် ရောက်တော့ ဆိုင် သိမ်းကာစ သော်သော့် ရှေ့ ကနေ ကုမ္ပဏီ ကို အလုပ် ဆင်း ရတာ ဘာကိုမှန်း မသိ မျက်နှာ ပူနေမိသည် ။ ညိုမောင် သည် အဲ့လို ကောင်မျိုး ဖြစ်ပါသည် ။

ရုံး ကို ရောက်တော့ ဖွင့်ကာစပဲ ရှိသေးသည် ။ ကံကောင်းစွာပင် ညိုမောင် ဦးဌေးဝေ နှင့် တွေ့ သည် ။ဦးဌေးဝေ နှင့် အေးအေးဆေးဆေး တစ်ကြိမ် မှ မတွေ့ရသေးပါ ။ အခုတောင် ဦးဌေးဝေ က ကား သုတ် နေသဖြင့် အား မအား မသေချာ ။

“ ဦးဌေးဝေ ”

“ ဟာ … ညိုမောင်ကြီး ၊ ဘယ်နဲ့ စောလှချည်လား ၊ မင်း အလုပ်ရတာ ဝမ်းသာတယ်ကွာ ၊ တစ်ရွာတည်းသားချင်းလည်း ဖြစ်တော့ ပျော်လည်း ပျော်တယ် ၊ ဘယ်နဲ့စော လှချည်လား ”

“ အဆောင်မှာ ထိုင်နေလည်း မထူးတာနဲ့လေ ၊ အခု ဦးဌေးဝေ ကား အားတယ်မလား ”

“ ကား … မင်း က ဘယ် သွားချင်လို့ လဲ ”

“ အာ … မဟုတ်ပါဘူး ၊ ဦးဌေးဝေ ကလည်း ကား အားရင် လည်း အားပြီပေါ့ ၊ ဒီတော့ ဦးဌေးဝေ ကို တစ်ခုခု လိုက် ကျွေး မလို့ ခေါ်တာ ၊ အောင်စာရင်း ထွက်တဲ့ နေ့ ကလည်း ဦးဌေးဝေ က အား မှ မအားတာ ကိုး ”

ဦးဌေးဝေ က နာရီ ကို ကြည့်သည် ။

“ မကြည့်နဲ့ ၊ ၉ နာရီ ၃ မိနစ် ပဲ ရှိသေးတယ် ”

“ ဒါဆို အဆင်ပြေပါတယ် ငါ့ ကား ကို စီးတဲ့ မယ်တော်တွေ က ၁ဝ နာရီ လောက် မှ လူ စုံတာကွ ၊ အဲ့ဒီ နောက်ပိုင်း ဆိုရင်တော့ မင်း ကို ငါ ပြုံး ပြ ဖို့တောင် အချိန်မရှိဘူး မှတ်တော့ ”

“ ဦးဌေးဝေ က သူတို့ကို ဘယ်တွေ လိုက် ပို့ရတာလဲ ”

“ မားကတ်တင်း ( န် ) တဲ့ ကွာ ၊ ဈေးတွေ ရော စူပါမားကတ် တွေ ရော ၊ လမ်းဘေး က စတိုးဆိုင် တွေ ရော ၊ ရပ်ကွက် ထဲ က ဆိုင် တေွ ရော စုံနေတာပဲ ၊ ခက်တာက အဲ့ဒီလို ဆယ့်လေးငါးရက် လောက် ဝီခေါ် သွားပြီးရင်လည်း ၊ တစ်ပတ်လောက် ငါ က ဘာမှ မလုပ်ရပဲ အား နေပြန်ရောကွ ”

သူတို့ ကုမ္ပဏီ နှင့် သိပ် မဝေးသော လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး မှာ ထိုင်ပြီး ဦးဌေးဝေ မေးသော ရွာအကြောင်း ကို ညိုမောင် က ဖြေ ပေးရသည် ။ ဘယ် ကာလသားဖြင့် အိမ်ထောင် ကျသွားပြီး ၊ ဘယ်သူဖြင့် ဆုံးသွားပြီ စသည်ဖြင့် ဖြစ်သည် ။ ဦးဌေးဝေ က ညိုမောင် ရန်ကုန် မတက်ခင် တစ်လ လောက် က ခွင့် နှင့် ရွာ ကို တစ်ပတ်လောက် ပြန်လာသေးသဖြင့် သတင်းထူးအဆန်း သိပ် မရှိလှပါ ။ ဦးဌေးဝေ ရန်ကုန် အပြန်မှာပင် ညိုမောင် ၏ C.V Form တင်ခဲ့တာ မဟုတ်လား ။

“ ဪ … မေ့နေလို့ ညိုမောင် ၊ ချိုတူး ရယ် ၊ သူ့အစ်မ မိစန်းရယ် ၊ ရန်ကုန် ရောက်နေကြတယ် ၊ မင်္ဂလာဈေး မှာ အလှူအတွက် ပစ္စည်းတွေ လာ ဝယ်ကြတယ် လို့ ပြောတာပဲ ၊ စတုဘုံမ္မိက မှာ တည်း တယ်တဲ့ ၊ မင်း အလုပ် ရတာ ရွာ ကို စာ ရေးချင်ရင် ရေးပြီး သွား ပေးလိုက်လေ ၊ မြန်တာပေါ့ ”

“ ဟာ … စနေနေ့ ထိ ရှိဦးမလား ”

“ ရှိဦးမယ် ၊ နောက် တစ်ပတ်တော့ ကြာဦးမယ် ပြော တာပဲ ”

“ လူ တွေ ရောက်လာကြပြီ ဆိုတော့ သွားကြရအောင် ဦးဌေးဝေ ၊ ရှင်းမယ် … ”

“ အေး … နေစမ်းပါဦး မင်းက ဘယ်နေရာ မှာ တာဝန်ကျတာလဲ ”

“ စာဝင်စာထွက် တဲ့ ”

“ ဟာ … ဒါဆို ဝင်ဝင်ချင်းပဲ ကောင်းတာပေါ့ ကွ ”

ဦးဌေးဝေက “ ကောင်းတာပေါ့ကွ ” ဟု ပြောသောနေရာ ကို သူ သတင်း ပို့ပြီး အလုပ် စ ဆင်းတော့ ထို နေရာ ကို အတော်တော် များများ အံ့ဩ နေ ကြသည် ။ စာဝင်စာထွက်ဌာန တွင် ညိုမောင့် အတွက် အလုပ်ဖော် မိတ်ဆွေ သုံးဦး ထပ် တိုးသည် ။

ပထမ တစ်ယောက် က ကိုသက်ဝင်း ဖြစ်သည် ။