ဘာကြီးလဲ

လမင်း ဒေါသ နှင့် လှမ်းကြည့်တော့ အလုပ်အားစ ပြု နေပြီဖြစ်သော Reception မှာ ညိုမောင် ပြော နေသော စကား ကို ကောင်မကလေး သုံးယောက် က စိတ်ဝင်တစား နားထောင်နေကြတာ ကို မီးခိုးရောင် မှန်ထဲမှ လှမ်း တွေ့နေရသည် ။ လက် က လူခေါ်ခေါင်းလောင်း ဆီ ရောက်သွားပြီ ဖြစ်သည် ။

ငယ်ရွယ်သူ တို့ ဒေါသ သည် ဆင်ဆိုး တစ်ကောင် လို အင်အား ကြီးပြီး မြွေဆိုး တစ်ကောင် လို အဆိပ် ပြင်းသည် ။ လမင်းစိုး ၏ အတွင်းရေးမှူးမကလေး သစ်သစ် ဝင် လာသည် ။

“ ဟုတ်ကဲ့ … မမ ”

“ Reception က ဒီနေ့မှ အလုပ်ဆင်းတဲ့ သူကို အခန်းထဲ လွှတ်လိုက် ၊ ပြီးတော့ ရုံးတက် ရုံးဆင်း လက်မှတ် စာအုပ် ယူ လာခဲ့ ”

“ ဟုတ်ကဲ့ … မမ ”

ကောင်မကလေး ထွက် သွားတော့ လမင်းစိုး စိတ်လှုပ်ရှား နေသည် ။ ထို့ကြောင့် ရေ ထသောက်သည် ။ သူ လုပ်မည့် ကိစ္စ သည် သိပ် သဘာဝ မကျမှန်းတော့ သူ သိပါသည် ။ ဒါပေမယ့် လမင်းစိုး သည် ထွက်ပြီးသား ဆင်စွယ် ကို ပြန် သိမ်းလေ့ မရှိ ။ လမင်းစိုး ရေညှိရောင်ကတ္တီပါ လိုက်ကာ တွေ ကို ချလိုက်သည် ။

ညိုမောင် အခန်း ထဲ ဝင် လာပြီး အခန်းတံခါးဝကျော်ကျော် မှာ ပင် ရပ်၍ နေသည် ။ ထို အချိန် တွင် သစ်သစ် က စာအုပ် ကို ချပေးပြီး လမင်းစိုး က လက် ခါ လိုက်သဖြင့် ဘာမှ မပြောဘဲ ပြန် ထွက်သွား၏ ။

“ ထိုင်ပါ ”

ညိုမောင် ဝင် ထိုင်သည် ။ ဘာမှန်း မသိသေးသဖြင့် မျက်နှာ ဘယ်လို ထားရမှန်း မသိ ဖြစ်နေတာကို လမင်းစိုး ကောင်းကောင်း သိသည် ။

“ မင်း အလုပ် ပြီး သွားပြီလား ”

“ ဟုတ်ကဲ့ ၊ မနက်ခင်း ဝင်စာတွေ ကို Section အလိုက် ခွဲပြီးပါပြီ ”

လမင်းစိုး က ခေါင်း ကို သုံးလေးချက် ညိတ်ရင်း မဲ့ သည် ။

“ မင်း ဟို ကောင်မလေးတွေ နဲ့ ဘာ တေွ ပြောပြီး ရယ်နေတာလဲ ”

“ ဗျာ …”

ထင်မှတ်မထားသော မေးခွန်း ဖြစ်သထြင့် ဘာ ဖြေရမှန်း မသိဘဲ ကြောင်အမ်းသွားသည် ကို အတိုင်းသား လမင်းစိုး မြင် နေရသည် ။

“ မင်း … ငါ့ အကြောင်း ကို ပြောပြပြီး ရယ်နေတာ မဟုတ်လား ”

“ ဗျာ .. ”

ဒီ ‘ ဗျာ ‘ ကတော့ မျက်နှာပါ ပျက်ပြီး ဘာ လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ် သွားတာ သေချာသည် ။ ဒါဆိုလျှင် သူ့ အကြောင်း ကို ပြောနေကြတာ သေချာပြီ ဟု လမင်းစိုး ဆုံးဖြတ်လိုက်ပြီး ခုနက မပီမပြင် ရှိနေသော ဒေါသ သည် စစ်စစ်မှန်မှန် ဒေါသ ထွက်ခွင့် ရသွားပြီ ဖြစ်သည် ။

“ မင်း .. ငါ့ အကြောင်း ဘာ တေွ ပြောတာလဲ ပြောစမ်း ”

“ … … … … .. ”

ညိုမောင် မဖြေနိုင်ပါ ။ သူ က ‘ မ GM ‘ လို့ ခေါ်တာကို ဝါဝါဦး တို့ ရယ်တာတော့ တကယ်ပင်ဖြစ်သည် ။ သို့သော် ‘ မ GM ‘ လို့ ပြောတာကို သွားပြောလို့ ဘယ် ကောင်းပါ့မလဲ ။

“ မင်း မဖြေနိုင်တော့ဘူး မဟုတ်လား ၊ ငါ သိတယ် ၊ မင်း ငါ့ အကြောင်း ပြောပြီး ငါ့ ကို ဝိုင်း ရယ်နေကြတာ ဆိုတာ ငါ သိတယ် ၊ မင်း မှာ အပြစ် ရှိသလား မရှိဘူးလား ”

“ ရှိပါတယ် ”

ညိုမောင် တိုးတိုးကလေး ဆိုသည် ။

“ ခုနက ရယ်ရယ်မောမော အသံ နဲ့ပြောသလို ပြောပါကွ ၊ ဒီမှာ မှတ်ထား ၊ မင်း လို ကောင် က ငါ့ အကြောင်း ပြောပြီး ဘယ်တော့မှ လှောင်စရာ မလိုဘူး သိရဲ့လား ”

“ … … … … … ”

“ ကောင်ပြီး မင်း ရှေ့ က စာအုပ် က ရုံးဆင်း ရုံးတက် လက်မှတ်ထိုး ရ တဲ့ စာအုပ် အဲဒီ စာအုပ် ထဲ က နာမည်တွေ ၊ ရာထူးတွေ ကို အစဉ်လိုက် သူ့ အတိုင်း သုံးလစာ ကူးရေး ၊ ပြီးရင်း Section ( 8 ) ကို သွားပို့ ၊ အဲဒါ မင်း ကို ငါ ပေးတဲ့ အပြစ်ပဲ ”

“ ဟုတ်ကဲ့ … ”

“ သွားတော့ ”

ညိုမောင် သည် စာအုပ် ကို လက်နှစ်ဖက် ဖြင့် ကောက်ယူပြီး ခေါင်းကို ငုံ့ ၍ အခန်းထဲမှ ထွက်သွားသည် ။

လမင်း လယ်သာ ဆိုဖာကုလားထိုင် နောက်မှီ ကို အားရပါးရ မှီ ချရင်း ခန္ဓာကိုယ် ကို ငြိမ်နေလိုက်သည် ။

ခန္ဓာကိုယ် ထဲ တွင် ရှိသော သူ့ စိတ်သည် အနိုင် ရလိုက်သည့် တိုင် ဘာကို အလိုမကျ ဖြစ် နေတာလဲ ဆိုတာ မသိနိုင်ပါ ။ အရင်တုန်းက သူ ဝန်ထမ်း တစ်ယောက် ကို ပညာ ပြန် ပေးလိုက်ရလျှင် ကိုယ့် ကိုယ် ကိုယ် ယုံကြည်မှု ပို ရှိလာပြီး အားရသွားလေ့ ရှိသည် ။ အခု ဒီလို မဖြစ် ။ မခံစားရ ။ဘာဖြစ်လို့လဲ ကွယ် ။

“ ဟင် … ဦး ကို ခေါ်ပြီး ဘာကြီး ပေးလိုက်တာလဲ ”

“ ရုံးဆင်း ရုံးတက် လက်မှတ်စာအုပ် ၊ ဒီထဲ က နာမည်တွေ ကို သုံးလစာ ကူး ရမယ်တဲ့ ဝါဝါ ရ ”

“ ဟင် … ဘာဆိုင်လို့လဲ ၊ သူဇာတို့က ျွနခနစအငသည ကလေ ၊ အဲဒါတွေ လုပ်စရာမှမလိုတာ ”

“ နင်တို့ မပါပါဘူးဟာ ၊ ဒါ ငါ တစ်ယောက် တည်း လုပ် ရမှာပါ ”

မကျေမနပ် နှင့် ဝင် ပြောသော သူတို့ ကို ညိုမောင် လေအေးအေးဖြင့် သာ တုံ့ပြန်သည် ။ ညိုမောင် မရှင်းတာ က သူတို့ ဒီမှာ ‘ မ GM ‘ လို့ ခေါ် လိုက်တာကို အခန်း ထဲ မှာ ထိုင် နေသော လမင်းစိုး က ဘယ်လိုလုပ် ကြား သွားသလဲ ဆိုတာပဲ ဖြစ်သည် ။

ပြောပြတော့ ရီရီထွေး တို့ လည်း အံ့ဩကုန်ကြသည် ။

“ ဒါဆို ရီတို့ ပြောတာကို မမ က ဘယ့်နှယ်လုပ် သိ ရတာလဲ ၊ ရီ တို့ ပြောနေတုန်း က အနားမှာ ဘယ်သူမှ လည်း မရှိပါဘူး ”

“ ဟဲ့ … နိုင်ငံခြားကားတွေ ထဲ ကလို လျှို့ဝှက်အသံဖမ်းစက်တွေ ဘာတွေများ တပ် ထားလား မသိဘူး သူဇာ ”

ဝါဝါ က အလန့်တကြား ဆိုသည် ။

“ အဲဒါတော့ ငါ လည်း မသိဘူး ၊ အပြောအဆိုတွေ ဆင်ခြင်ကြပေါ့ကွာ ”