ညိုမောင် ကတော့ ဘာမှ ပြောမနေတာ့ပါ ။ လမင်းစိုး ၏ စူးရဲသောအကြည့် သည်သူ့ နှလုံးသား ထဲသို့ တိုက်ရိုက် ရောက်သည် ဟု ခံစားရသည် ။ ပြီးတော့ ညိုမောင် က လမင်းစိုး ကို ခမ်းနားသော အခန်းကြီး ထဲ မှာ တစ်ယောက်တည်း အကျဉ်း ကျနေသူ ဟု ထင်သည် ။ လမင်းစိုး သည် ဘယ်အချိန် မှာ ရုံးထဲ ရောက်နေတက်သလဲတော့ မသိ ။ ညိုမောင့် ရှေ့ က ဖြတ် ပြီး ရုံး ထဲ သို့ ဝင်တာကို ညိုမောင် တစ်ခါမှ မတွေ့ဘူးပါ ။
ညိုမောင် ဒါတွေကို စဉ်းစား မနေတော့ ။ သူ့ ကို လုပ်ခိုင်းထားသည့် နာမည်တွေ ကို ပဲ စိတ်ရှည်လက်ရှည် နှင့် ကူး နေလိုက်သည် ။ ညိုမောင် က ဘုန်းကြီးကျောင်းသား ဖြစ်သည့် အတွက် ညိုမောင့် လက်ရေး သည် ပေစာတွင် ရေးသည့် လက်ရေး လို ဝိုင်းဝိုင်းစက်စက် နှင့် ညီညာ လှပသည် ။
ကျောင်း မှာ ဆိုလျှင် ဆရာတော်ကြီး က ဆေးကျမ်း ၊ အဂိ္ဂရတ်ကျမ်းနှင့် ဆရာတော်ကြီး သဘောကျသော ဒီပနီကျမ်းများ ကို ဒိုင်ခံ ကူး ရသည် က ညိုမောင် ပင် ဖြစ်သည် ။ ကြမ်းပြင် ပေါ် မှာ ဝမ်းလျား မှောက်လျက် ညိုမောင် စာ ကူးရသည် ။ ညိုမောင် ကူးပြီးသွားသော ပေစာရွက်များ ကို ဆရာတော်ကြီး က တစ်ချပ်ချင်း အနား မှာ ကောက်ယူဖတ်ရင်း ပါဌိ ၊ ပါတ်သား အမှားအယွင်း ကို စစ်လေ့ရှိသည် ။
အခု ညိုမောင် စာ ကူးရတာတွေ က နာမည်တွေ ဖြစ်သည် ။ ပြီးတော့ Air-con အခန်း ထဲ က နောက်မှီ ပါသော လယ်သာ ကုလားထိုင်ကြီး ပေါ် မှာ ဆိုတော့ ညိုမောင့် အတွက်တော့ သက်တောင့်သက်သာ ရှိလှလွန်းသည် ။
ဘဏ် က ပြန် လာသည့် ကိုသက်ဝင်း က လက်မှတ်စာအုပ် ကို ကူး ရေးနေသော ညိုမောင့် ကို တွေ့တော့ မေးသည် ။ ညိုမောင် က ပြောပြတော့ ကိုသက်ဝင်း မျက်နှာ က တစ်ချက် တင်းမာသွားသည် ။
“ ငါ့ section က လူ ကို တခြား section က အလုပ်တွေ ခိုင်း တာ ငါ မကြိုက်ဘူး ၊ မင်း တို့ အလုပ် ပြီးလို့ ရယ်ရယ်မောမော နေတာ ဘာမှ အပြစ် မရှိဘူး ၊ ကောင်းပြီ ၊ ဒီ ကိစ္စ ကိုတော့ ငါ ပြောရလိမ့်မယ် ”
“ ဆရာ … ”
ညိုမောင် လှမ်း ခေါ်သော်လည်း မရတော့ ။ ကိုသက်ဝင်း က အေးဆေးတည်ငြိမ်စွာပင် လမင်းစိုး ၏ အခန်း ထဲ သို့ ဝင် သွားပြီ ဖြစ်သည် ။
“ ဆရာက မဟုတ်ရင်ခံတဲ့သူ မဟုတ်ဘူး ၊ မမလမင်းစိုး ကလည်း မာနခဲ ၊ ဒုက္ခပါပဲ ဟယ် ”
သူဇာ တို့ အုပ်စု ဘာ လုပ်ရမှန်း မသိတော့အောင် ဖြစ် နေကြသည် ။ တကယ်လို့ ဆရာ နဲ့ လမင်းစိုး တို့ ပြဿနာ တက်ကြပြီ ဆိုလျှင် သူတို့ ကြား ထဲ က မြေဇာပင် ဖြစ်တော့မည် ။ ဝါဝါဦး က ထွက်စာ နံပါတ်တွေ ကို ထွက်စာတွေ ရောက် မလာသေးဘဲ ကောက်ရေးသည် ။
ရီရီထွေး က ဖုန်းတစ်ကော ဝင်လာသဖြင့် အဆင် ပြေသွား၏ ။ ဘာ လုပ်ရမှန်း မသိသော သူဇာ က ဖိုင်တွေ ကို ကောက် စီနေသည် ။
ဘဏ်ချက်လက်မှတ်တွေ နှင့် ထုတ်ယူလာသော ငွေစာရင်း ကို ကိုသက်ဝင်း က လမင်းစိုး ထံ အပ်သည် ။ လမင်းစိုး စစ်ဆေးကြည့်တော့ တစ်စုံတစ်ရာ အမှားအယွင်း မရှိ ။ ကိုသက်ဝင်း သည် ကုမ္ပဏီ တစ်ခုအတွက် ဘက်ပေါင်းစုံမှာ ကျွမ်းကျင်သော တန်ဖိုး ရှိသည့် ဝန်ထမ်း တစ်ယောက် ဖြစ်သည် ။ ထို့ကြောင့်လည်း ကိုသက်ဝင်း မာန ကြီးသည် ။ ထိုကြောင့်လည်း ကိုသက်ဝင်း သည် အခုလို နေရာမျိုး မှာ ရောက်နေခြင်း ဖြစ်၏ ။
“ လမင်းစိုး ကို တစ်ခု ပြောစရာ ရှိတယ် ”
“ ပြောပါ ကိုသက်ဝင်း ”
“ ကျွန်တော့် လက်အောက် က ဝန်ထမ်း ကို တခြား section တွေ က ကိစ္စတွေ ကို ခိုင်းစရာ မလိုဘူးလို့ ကျွန်တော် ထင်တယ် ”
လမင်းစိုး ပြုံး နေလိုက်သည် ။ ကိုသက်ဝင်း သည် အဲဒီလို လူစားမျိုး ဖြစ်ပါသည် ။ လမင်းစိုး ကို ရှေ့က ဘာ ဝိဂြိုလ် မှ မပါဘဲ နာမည်အရင်းအတိုင်း ခေါ်သူ ဆို၍ ဒီ ကုမ္ပဏီ မှာ ကိုသက်ဝင်း တစ်ယောက် သာ ရှိပါသည် ။
“ ကျွန်မ က သူ့ ကို အပြစ် ပေး ထားတာပါ ကိုသက်ဝင်း ”
“ သူ က ဘာ မှားလို့လဲ ”
“ လူမှုရေး ကိစ္စ တစ်ခုပါ ၊ အဲဒီ ကိစ္စ ကို ထားလိုက်ပါတော့ ၊ လမင်း သူ့ ကို အပြစ် ပေးပြီး ခိုင်းတဲ့ ကိစ္စ က ဒီက ဝန်ထမ်းတွေ ရဲ့ နာမည်တွေ နဲ့ သူ့ ကို ရင်းနှီးစေချင်တာလည်း ပါတယ် ဆိုပါတော့ ”
လမင်းစိုး သည် ကြိုတင် စဉ်းစားထာတာ မဟုတ်ရပါပဲ ၊ ကိုသက်ဝင်း နှင့် စကား ပြောနေရင်းမှ ကုမ္ပဏီဝန်ထမ်းတွေ ရဲ့ နာမည် နဲ့ရင်းနှီးစေချင်သည် ဆိုတာကြီး က ထွက် လာတာဖြစ်သည် ။
“ အဲဒါဆိုရင် လက်မှတ် ပါ သူ့ ဆီမှာ ထိုး ခိုင်းလိုက်ပါလား ”
ကိုသက်ဝင်း မျက်နှာ ကို ကြည့်တော့ သူ့ စီစဉ်မှု ကို သဘောကျပြီး အကြံသစ် ပေးတာလား ၊ ရွဲ့ ပြောတာလား ဆိုတာကို လမင်းစိုး ဝေခွဲ၍ မရ ။ ဒီတော ့အလွတ် ရှောင်တာ ပိုကောင်းမည် ။
“ ကိုသက်ဝင်းက သဘောကျတယ် ဆိုရင် ကျွန်မ သဘော တူပါတယ် ”
ကိုသက်ဝင်း က ဘာမှ မပြောဘဲ ထ သွားသည် ။ သူ ကိုသက်ဝင်း ကို ကား ပျက်တဲ့ ကိစ္စအကြောင်း ကိုညိုမောင် က ပြောပြပြီး ၊ သူ့ ကို လောင်နေတာ ဆိုတာကို မပြောခဲ့ပါ ။ အဲဒီ မပြောရခြင်း က ညိုမောင့် ကို ပေးတဲ့ အပြစ် နဲ့ ဘာမှ မဆိုင်ဘူး ဆိုတာကို သူ ကိုယ်တိုင် သိ နေသောကြောင့် ဖြစ်သည် ။
အို … ဒီကိစ္စတွေ မေ့ ထားတာပဲ ကောင်းပါတယ် ဟု စဉ်းစားရင်း ယမင်းမ ဖုန်းနံပါတ် ကို လှမ်း ဆက်လိုက်သည် ။ ယမင်းမ နဲ့ ရေ သွား ကူးရင် ကောင်းမလား ။
ထမင်းချိုင့် ထည့်ပြီး ပျော်ရွင်ကြည်လင်စွာဖြင့် ထွက်သွားသော ညိုမောင့် ကို ငေး ကြည့်ရင်း သော်သော် သက်ပြင်းကို ချမိသည် ။ သူ လည်း ကိုညို့ လို စတီးလ်ထမင်းချိုင့်ကလေး နှင့် ကုမ္ပဏီ တစ်ခု မှာ လုပ်သော မိန်းကလေး တစ်ယောက် ဖြစ် ချင်ပါပြီ ။
မိသားစု တာဝန် ကို ဒီ ဆိုင်ကလေး နှင့် ခုခံရတာ ပင်ပန်းလွန်း အားကြီးသည် ။ထမင်းဆိုင် ၏ အမြတ် က မိသားစု လေးယောက် စားသောက်ရုံ ခြိုးခြံသုံးစွဲရုံ လောက်သာ ရှိပါသည် ။ လ တစ်လ တွင် ပုံမှန် စားဝတ်နေရေး ထက် ငွေအပို ကုန်စရာ ရှိသည့် လ ဆိုလျှင် အရင်း ထဲ ကို ထို ငွေ သည် သွား စိုက်ဝင်လေသည် ။ အငယ်ဆုံး မောင်လေး က ကိုးတန်း ဆိုတော့ လူငယ်ပီပီ အိမ်ကိစ္စ ကို ထည့် မတွက် ။ သရီးကွာတားဘောင်းဘီ လိုချင်သည် ။ အော်တာရှပ်အင်္ကျီ ဝတ်ချင်သည် ။ ဆံပင် ထောင်ဖို့ ဂျယ်လီခေါင်းလိမ်းဆီ ၊ scholl ဖိနပ် ၊ လေးဖြူ စတိတ်ရှိုး လက်မှတ် နှင့် Mp3 , Mp4 ကို နားထောင်ချင်သည် ။
သူ ပူဆာသမျှ အကုန် မရနိုင်သောအခါ မောင်လေး သည် ရပ်ကွက် ထဲ က ကောင်လေးတွေ နှင့် တွဲသည် ။ သရီးကွာတား ၊ ခေါင်းထောင်ဖို့ ဂျယ်လီ ၊ အော်တာရှပ်စတာတွေကို သူငယ်ချင်းတွေ ဆီ က ငှား ဝတ်သည် ။ Live – show တွေ ကို သူငယ်ချင်းများ ၏ စေတနာ နှင့် ကပ် ကြည့်ရသည် ။ ဒီတော့ မောင်လေး သည် အိမ် မှာ မကပ်တော့ ။ လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာပင် နေ့ည ထိုင်ပြီး သူငယ်ချင်းတွေ ခိုင်းသမျှ လိုက် လုပ်ပေးနေရပြီ ။ လူငယ် ဆိုတော့ စိတ် ကလည်း လေနေပြီ ။ ဘီယာတွေ ဘာတွေ တစ်ခါတလေ သောက် လာတက်၏ ။
ဖေဖေ့ ပန်းတိမ် အလုပ်ကလည်း လုပ် သည် ဆိုရုံ မျှသာ ရှိ တော့သည် ။ ဖေဖေ သည် နှစ်ရှည် ထိုင်ခဲ့ရသဖြင့် ခါး က မကောင်းတော့ ။ မျက်လုံး က မှုန် နေပြီ ။ မိုးမြတ်ဝင်း မှာ ဖေဖေ ၏ တပည့်အရင်း ဖြစ်သည် ။ အန်တီနွယ် တို့ အဆောင် ကို လည်း ဖေဖေ ကပဲ ငှား ပေးခြင်း ဖြစ်၏ ။ ဖေဖေ သည် တစ်လလုံး နေမှ ဆွဲကြိုးရှစ်ကုံး ၊ ကိုးကုံး လောက် သာ လုပ်နိုင်တော့သည် ။