ဘာကြီးလဲ

ဒီကိစ္စတွေ ကို မော်မော် နှင့် သာ တိုင်ပင် ရသည် ။ မော်မော် ကလည်း သိလျက်နှင့် ဘာမှ မကြံတက် ။ မေမေ သာ မာန မကြီးခဲ့ဘူး ဆိုရင် မော်မော် တို့ ဒီလို နေရာမှာ မဟုတ်ဘူး ဆိုသော စကား ကသာ မော်မော် ၏ နောက်ဆုံး နာကြည်းချက် စကား ဖြစ်လေသည် ။

မေမေ့ ဘက် က မိဘတွေ က ချမ်းသာ ကြပါသည် ။

သို့သော် မေမေ သည် သူတို့ သဘော မတူသော ဖေဖေ့ နောက် ကို သတ္တိ ရှိရှိ ဖြင့် လိုက်ခဲ့သည် ။ ထို့ကြောင့် မေမေ့ မိဘများ က မေမေ့ ကို အမွေ ဖြတ် ကြော်ငြာ ခဲ့သည် ။ မေမေ ခိုးရာလိုက်စဉ်က ပါ ခဲ့သော လက်ဝတ်လက်စားများ သည် သာ မေမေ့ အတွက် အမွေ ဖြစ်ခဲ့သည် ။

မေမေ တို့ အချစ် ဇာတ်လမ်း သည် မြင်နေကြုံနေကျ အချစ်ဇာတ်လမ်း ပင် ဖြစ်သော်လည်း ထို ဇာတ်လမ်း စ စ ဖြစ်ခြင်း မှာတော့ မေမေ ၏ အချစ် နှင့် စွန့်လွတ်ရဲခြင်း သည် လည်းကောင်း ၊ မာန နှင့် အချစ် အတွက် သစ္စာတရား သည် လည်းကောင်း ၊ မေမေ့ အသိုင်းအဝိုင်း နှင့် လူ အနည်းအကျဉ်း အတွက် ပြောစမှတ်ကြီး တစ်ခု ဖြစ်ခဲ့သည် ။ မေမေ နှင့် ဖေဖေ့ ကို တွေ့ရလျှင် လူတွေ က ဝိုင်း ကြည့်ကြပြီး ချီးမွမ်းကြသည် ။ အားကျကြသည် ။

ရက်လ ကြာရှည်သော အခါ မေမေ့ တို့ ဇာတ်လမ်း သည် သာမာန်အဖြစ်အပျက် တစ်ခု ဖြစ်သွားသည် ။ ဆီဈေး တက် တာလောက် မျှပင် လူတွေ စိတ် မဝင်စားချင်ကြတော့ ။ မေမေ သူ့ ဘဝ နှင့် ရင်းပြီး စွန့်စားခဲ့ရသော အချစ် သည် ပြောစရာ သိပ် မလိုတော့သော သာမန် အချစ် ဇာတ်လမ်း တစ်ပုဒ် ဖြစ်သွားသည် ။ ကြည့်ပြီးသား ရုပ်ရှင် တစ်ခု လို ဖြစ်သွားသည် ။ ဘာမှ ထူးထူးခြားခြား မရှိတော့ ။

သို့သော် မေမေ ကတော့ ထို အဖြစ်အပျက် ကို မေမေ့ ဘဝ တစ်ခုလုံး အတွက် နစ်မြှုပ်ခဲ့သည် ။ မေမေ့ မိခင် အရင်း ဆုံးသည် ။ မေမေ က သတင်းစာ ထဲ မှာ ဖတ်ရသည် ။ ဖိတ်စာ ရောက်မလာ ။ အကြောင်းကြားသူ မရှိ ။ သတင်းစာ ထဲ က မောင်နှမတွေ သတင်း မှာလည်း မေမေ့ နာမည် က မပါ ။ ထိုကြောင့် မေမေ သည် သူ့ မိခင် ၏ အသုဘ ကို လုံးဝ မသွားခဲ့ ။ တစ်နှစ်ကျော် ကြာသည့် အခါ မေမေ ၏ ဖခင် ဆုံး သွားခဲ့သည် ။ အသုဘကြော်ငြာ က အရင် အတိုင်း ပင် ။ မေမေ့ နာမည် မပါ ။ ဒီတော့ ထုံးစံအတိုင်း မေမေ ကလည်း မသွား ။ မေမေ့ အခန်း ထဲ က ညဘက် ဆိုလျှင် ကြိတ် ငိုသံ ကို သမီး အကြီးဆုံး ဖြစ်သူ သော်သော် လေးငါးခြောက်ရက် ဆိုသလို ဆက်တိုက် ကြား ခဲ့ရသည် ။ ဘာကြောင့်မှန်းတော့ မသိ ။ သော်သော် လည်း မေမေ ငို သလို လိုက်ပြီး ကြိတ် ငိုခဲ့ရသည် ။

တစ်လလောက် ကြာတော့ မေမေ့ ၏ အောက် မှ မောင် အရင်းဖြစ်သူ ဦးဇေယျာ ရောက်လာပြီး ဖေဖေ နှင့် ရယ်ရယ်မောမော နှုတ်ဆက်စကား တွေ ပြောပြီး မေမေ နှင့် တွေ့လိုကြောင်း ပြောသည် ။ ပြီးတော့ မေမေ နေသည့် လမ်း က ကျဉ်းလွန်း သဖြင့် သူ့ ကား ကို လမ်းထိပ် မှာ ရပ်ထားခဲ့ရတာ စိတ်မချကြောင်း ကို ပြောသည် ။

ထိုအချိန်တွင် မေမေ အခန်း ထဲ မှ ထွက်လာသည် ။

မေမေ့ နှုတ်ခမ်း က ပြုံး နေသည် ။

သို့သော် … ထို အပြုံး သည် ဘယ်လောက် ခက်ထန် မာကြောသော အပြုံး လည်း ဆိုတာကို သော်သော် ယနေ့ အထိ မှတ်မိ နေသေးသည် ။

မေမေ သည် ခေါင်းရင်းခန်းတွင် ထိုအပြုံးကို နူတ်ခမ်းမှ မချဘဲ ထိုင် သည် ။ ပြီးတော့ သူ့ မောင် ဘက် ကို ငဲ့ ကြည့်ရင်း နူတ်ခမ်း မှ အပြုံး ကို ဖြုတ် ပစ်လိုက်ပြီး စူးရှနက်မှောင်သော အကြည့် ဖြင့် ကြည့်ရင်း မေးသည် ။

“ ဇေယျာ … ဘာကိစ္စလဲ ”

မေမေ ၏ အသံ သည် မာထန်လည်း မနေ ၊ ယဉ်ကျေးပျူငှာခြင်းလည်း မရှိ ၊ ခံစားချက် ကင်းမဲ့ပြီး အေးစက်သော အသံ ဟု ပြော လျှင်တော့ ရနိုင်မည် ထင်သည် ။

အဝတ်အစား ခံ့ခံ့ညားညား လက်စွပ်ဆွဲကြိုး နာရီ ဟမ်းဖုန်း တကားကား နှင့် သော်သော် တို့ အခုမှ တွေ့ဖူးသော သော်သော် တို့ ဦးလေး ဆိုသူ သည် မေမေ့ စကားသံ အောက်တွင် မျက်နှာ ကို အောက်သို့ ချသွားလေသည် ။

“ ဖေဖေ လည်း ဆုံးသွားပြီ မမ ”

“ သတင်းစာ ထဲ မှာ ငါ ဖတ်ရသားပဲ ၊ လိုရင်းကိုပြော ဇေယျာ ”

“ မမ အတွက် … ငွေ … ငွေ လာ ပို့တာပါ ”

“ ငွေ … ဘာ အတွက်လဲ ”

“ အမွေတော့ ခွဲသွား ပြီး ပြီ မမ ၊ မမ တွက် မပါဘူး ၊ ဒါပေမယ့် မောင်လေး ရတဲ့ အထဲ ကနေ မမ ကို လာ ပေးတာပါ ”

မေမေ သည် မေး ကို အနည်းငယ် မော့ပြီး အပြုံး နှင့် ရယ်လေသည် ။ မေမေ သည် ပြုံးရင်း ရယ်တက်သည် ကို သော်သော် အမြဲ အံ့ဩနေခဲ့မိသည် ။ မေမေ့ ကို မေး ကြည့်တော့ မေမေ က

“ ငါ ခြေမွေး မီးမလောင် လက်မွေး မီးမလောင်နဲ့ အချွေအရံများများ နဲ့ ခမ်းခမ်းနားနား နေခဲ့ရဖူးတယ် ဆိုတဲ့ အမွေ ဆို လို့ အဲဒီလို ရယ် တတ်တာ တစ်ခုပဲ ကျန်တော့တယ် သမီး ”

ဟု ပြောခဲ့ဖူးတာ မှတ်မိသည် ။ အခု မေမေ သည် ဒီလိုမျိုး ရယ်နေပြီ ဖြစ်သည် ။

“ မင်း က ဘာကိစ္စနဲ့ တစ်ယောက်လည်း လာ ပေးရတာလဲ ဇေယျာ ”

“ မမ ဒီလို နေနေရတာ ကို ”

“ ဟေ့ တော်စမ်း ဇေယျာ ၊ ငါ ဒီလို နေ နေရတာ ကို ဘယ်တုန်း က မှ ဆင်းရဲတယ် လို့ ငါ မထင်ခဲ့ဖူးဘူး ၊ ငါ ချစ်တဲ့ ငါ့ ယောက်ျား ၊ ငါ ချစ်တဲ့ ငါ့ သားသမီးတွေ နဲ့ နေရတာ ပျော်စရာ ကောင်း ပါတယ် ”

“ မမ ပြောတာ ကျွန်တော် နားလည်ပါတယ် ၊ အခု ကျွန်တော် ပေးတဲ့ ငွေ ကလည်း မမ ကို ချစ်တဲ့ စိတ် နဲ့ ပါ ”

“ ဘယ်လောက်လဲ ”

“ သိန်းငါးဆယ် ”

သော်သော် တို့ မောင်နှမ တစ်ယောက် နှင့် တစ်ယောက် မျက်လုံး ပြူးပြီး ကြည့် လိုက်မိကြသည် ။ ထို ငွေကြေး သည် သော်သော် တို့ ဘဝ ကို ကောင်းစွာ ပြောင်းလဲစေနိုင်သော ငွေကြေး ပမာဏ တစ်ခု ဖြစ်ပါသည် ။ သော်သော် တို့ ၏ ပေနှစ်ဆယ် ခြောက်ဆယ် နှစ်ထပ် အိမ်ကလေး ကို ရောင်းမည် ဆိုလျှင် တောင်မှ အများဆုံး ဆယ့်ငါးသိန်း လောက် သာ ရနိုင်မည် ဖြစ်သည် ။

မေမေ သည် ထုံးစံ အတိုင်း မေး ကို အနည်းငယ် မြှောက်မော့ရင်း ရယ် လေသည် ။ ပြီးတော့ မေ မေ သည် ခေါင်း ကို တဆတ်ဆတ် ညိတ် နေသည် ။

“ မောင်ဇေယျာ … မောင်ဇေယျာ … မင်း နဲ့ ငါ နဲ့ က ငါးနှစ် ခြားတယ် ၊ မင်း နဲ့ ငါ့ အကြား မှာ ခင်ခင်မင်း ရှိတယ် ၊ ဒါ သူ့ အကြံတွေပါ ၊ မောင်နှတွေ ထဲ မှာ မင်း ကို ငါ က အချစ်ဆုံး ဆိုတာ သိလို့ သူ့ အစီအစဉ် နဲ့ မင်း ကို ငါ့ ဆီ လွှတ် တာပါ ၊ ဒီမယ်ဟေ့ မင်းတို့ ကို ငါ က ထိန်း ခဲ့ရတဲ့သူပါ ၊ ဒီ သိန်းငါးဆယ် ဆို တာ မင်းတို့ လည်း မဆင်းရဲ ၊ ငါ လည်း မချမ်းသာတဲ့ ငွေပါ ၊ ငါ မယူနိုင်ဘူး ဇေယျာ မင်း ပြန်တော့ ”

မေမေ သည် ဦးဇေယျာ ဆိုသော သူတို့ ဦးလေး ဆိုသည့် လူကြီး က ရှေ့သို့ ချထားပေးသော လယ်သာ အိတ် ကို အသာအယာပင် အပြုံး နှင့် တွန်း ပြောခြင်း ဖြစ်သည် ။

“ မမ ဒီ ငွေ အတွက် မမ လက်မှတ် ထိုးစရာတို့ ဘာတို့ မလိုပါဘူး မမ ၊ မမ ကို ကျွန်တော် က ဒီတိုင်း ပေးတာပါ ”

“ ဖေဖေ နဲ့ မေမေ က ငါ့ ကို အရမ်း ချစ်တယ် ၊ အရမ်း တန်ဖိုး ထားတယ် ၊ ငါ က သူတို့ မထင်တဲ့ လမ်းကို လျှောက် ခဲ့တယ် ၊ ငါ ကိုလှ နောက် ကို လိုက် ခဲ့တာ အမေ့ ကို ကန်တော့ ပြီး မှ လိုက်ခဲ့တာ ၊ ခိုးကြောင်ခိုးဝှက် လိုက် ခဲ့တာမဟုတ်ဘူး ၊ ဇေယျာ ရဲ့ ၊ နင် က အဲဒီတုန်း က ဆော့ ကောင်းတုန်း အရွယ် ဘာ သိမှာလဲ ”