ဘာကြီးလဲ

“ အဲဒါတွေ ကျွန်တော် မသိဘူး မမ ၊ ဒီ ငွေ ကို မမ လက်ခံပါ ၊ ကျွန်တော် ပြန်တော့မယ် မမ ”

“ မောင်ဇေယျာ အဖေ နဲ့အမေ အမွေ က ဒီခေတ် နဲ့ တွက်ရင် အနည်းဆုံး တစ်ယောက် ကို သိန်း တစ်ထောင် နီးပါးတော့ ရ ကြမှာပေါ့ ၊ ဒီတော့ အဖေ နဲ့ အမေ နဲ့က နောက်ဆုံးအကြိမ် အထိ ငါ့ ကို မပေးဖို့ ပြော ခဲ့လို့ အသုဘကြော်ငြာတွေ ထဲ မှာ ငါ့ နာမည် မပါတာ ဆိုရင် ငါ ကလည်း ဒီ ငွေကို ယူစရာ မလိုဘူး ၊ မင်းတို့ ကို စီစဉ်တဲ့ ခင်ခင်မင်း ကို ပြောလိုက် ၊ အမေ နဲ့ အဖေ က နောက်ဆုံး အကြိမ် အထိ ငါ့ ကို အမွေ ဖြတ် ဖို့ အမွေ ပေးတဲ့ ထဲ မှာ မထည့်တာ ဆိုရင် ငါ တစ်ပြား မှ မယူဘူး ၊ သူတို့ က မပြောခဲ့ဘူး ဆိုရင်တော့ ငါ ဝေစု အမှန် ကို လို ချင်တယ် ၊ ငါ့ ကို နှစ်သိမ့်တဲ့ ဒီ သိန်းငါးဆယ် ကိုတော့ ဘယ်တော့မှ မယူဘူးလို့ ပြောလိုက်စမ်း ဇေယျာ ”

ထို့နောက်တွင် မေမေ သည် သူတို့ မောင်နှမတွေ နဲ့ တော်တော်လေး စကား မပြောဖြစ်အောင် နေခဲ့သည် ။ ထို့နောက် မေမေ လေ ဖြတ်သည် ။ ပထမဦးဆုံး အကြိမ် ဆိုတော့ ရှိတာလေး ထု ခွဲပြီး ရအောင် ကုတော့ မေမေ သည် နံရံ ကို ကိုင်ပြီး လမ်းလျှောက် နိုင်လာသည် ။ အစား ဝင် လာသည် ။ စကား ပီပီသသ ပြော လာနိုင်သည် ။

ထိုအချိန် တွင် မေမေ က သူ့ ကို ခေါ်ပြီး ပြောခဲ့သည့် စကား ကို သော်သော် အသည်း ထဲ မှာ ဒီနေ့အထိ မှတ်မိနေသည် ။

“ သမီး က သမီး အကြီး မို့ မေမေ မှာ စရာ ရှိတယ် ၊ အခု မေမေ မှာမယ့် စကား ရဲ့အခြေအနေမျိုး ကို သိပ် မကြာခင် အချိန် မှာ သမီး ရောက်မှာပဲ ဆိုတာ မေမေ သိတယ် ”

“ ဘာကို မှာမှာလဲ မေမေ ”

“ အချစ် ”

“ ရှင် ”

“ ဟုတ်တယ် သမီး ၊ အချစ် မှာ မေမေက တစ်ကိုယ်ကောင်း ဆန်ခဲ့တယ် ၊ အချစ် ကို ပဲ ကြည့်ခဲ့တယ် ၊ ဘဝ ကို မကြည့်ခဲ့ဘူး ၊ သမီး တို့ တစ်တွေ ရ လာတော့မှ မေမေ အဲဒီတုန်း က ဂုဏ် ယူခဲ့တာ မှန်တယ်လို့ ထင်ခဲ့တာတွေ ဟာ အလကားမှန်း သိတော့တာ ၊ သမီး ဟာ အချစ် ကို ကြုံမှာပဲ ၊ သမီး ရွေးချယ်ခွင့် ရ မှာပဲ ၊ အဲဒီအခါ ကျရင် ကိုယ် က နှစ်သက်ပြီး ၊ သူ က ဘဝ အတွက် အဆင်ပြေနိုင်မယ့် လက်တွဲဖော်မျိုး ကို ရွေးပါ ”

“ သမီး မှာ အခု ဘာမှ မရှိပါဘူး မေမေ ရယ် ”

“ မေမေ သိပါတယ် ၊ တစ်ချိန် ကျရင်တော့ ရှိ လာမှာပေါ့ ၊ မေမေ တုန်း က မေမေ က ရွှေမင်းသမီး ၊ ဘာမှ မလုပ်တတ်ဘူး ၊ မင်း တို့ ဖေဖေ က မေမေ့ ကို စိတ်ချမ်းသာအောင် ထားပြီး ၊ ဖူးဖူး မှုတ် ချစ်တက်တာက လွဲပြီး ဘာမှ မတတ်ဘူး ၊ ထမင်း စားဖို့ ဟင်းတစ်ခွက် ပဲ ရှိရင် သူ စား ပြီးပြီ လို့ လိမ် ပြီး မေမေ့ ကို ကျွေးတတ် တဲ့ အချစ်ဟာ အိမ်ထောင်းရေး နဲ့ထိပ်တိုက် တိုးတော့ ဆုံးရှုံးမှုတွေ ကြီးတာပေါ့ ”

“ မေမေရယ် အဲဒါတွေ ပြော မနေပါနဲ့ ၊ ကံ ကံ ၏ အကြောင်းတွေ ပါ ”

“ ဟဲ့ .. ငသော် ရဲ့ နင် က ဘယ်လောက် သိလို့ ကံတွေ ဘာတွေ ပြော နေရတာလဲ ၊ ငါ တို့ မိန်းကလေး ဆိုတာ ဘဝ မှာ တစ်ကြိမ်ပဲ စွန့်စားခွင့် ရတာ ၊ အေး … အဲဒီ တစ်ကြိမ် ကို ငါ က ငါ့ အချစ် နဲ့လဲ ခဲ့တယ် ၊ ချမ်းသာရတာ ကို ငါ က ညည်းငွေ့ နေပြီလေ ၊ ဒါပေမယ့် အဲဒီ ငါ့ အမှား တွေ ကြောင့် သမီး တို့ ကျတော့ ဒဏ် ခံရတာပဲ ၊ ဒီတော့ သမီး ချစ်သူ ထားရင် မေမေ့ ဘဝလေး ကို တော့ နည်းနည်း ထည့်စဉ်းစား ဒါပါပဲ ”

အဲဒီ စကား တွေ ပြောပြီး တစ်လလောက် အကြာမှာ မေမေ ဆုံးသည် ။

မေမေ သည် ဆုံးခါနီး တွင် သူ့ လက် ကို ကိုင်ပြီး …

“ သမီး မေမေ ပြောတာတွေ မမေ့ နဲ့ ၊ သမီး ဘဝ ကိုလည်း သမီး မမေ့ နဲ့ ” ဟု ပြောခဲ့သည် ။

သော်သော်သည် သက်ပြင်း ကို ချမိသည် ။

အခု အရွယ်ရောက်ချိန် မှ စ၍ မိန်းကလေး တစ်ယောက် ၏ အလှဆုံး အချိန် နှစ်ဆယ့်တစ်နှစ် အထိ သူ့ ကို ချစ်ရေး ဆိုသူတွေ ရှိခဲ့ပါသည် ။ သို့သော် သူ ကလည်း ရင် မခုန် ၊ မေမေ ပြောခဲ့သော ဥပဒေ နှင့် လည်း မညီ ။ မေမေ သည် ကိုယ် က အချစ် ကို မစွန့်လွှတ်ရ ၊ အချစ် သူ ကိုယ့် ဘဝ နှင့် အတူ ပါလာရမည် ဟု သူ့ ကို သွန်သင်ခဲ့ခြင်း ဖြစ်သည် ။

ထိုစဉ် လိပ်ပြာကလေး တစ်ကောင် က သူ့ ထမင်းဆိုင် ထဲ သို့ ဝင် လာသည် ။

လိပ်ပြာကလေး က အဝါရောင် အောက်ခံ ပေါ် မှာ အနက်ရောင် အဝိုင်းကလေးတွေ နှင့် ၊ အနီစင်းကလေးတွေ လည်း ပါသည် ။ တော်တော်လေး လှသည့် လိပ်ပြာကလေး ဟု သော်သော် ငေးရင်း ကြည်နူးသွားသည် ။ ထို လိပ်ပြာကလေး သည် ဟင်းအိုးနား ကို နား လျှင် ဆိုင် ရောင်း ကောင်းမည် ။ သူ့ အပေါ် ကို နား လျှင် အချစ်ရေး ကံကောင်းမည် ။ ဒီလို တွေးမိသွားတော့ မျက်စိ ထဲ မှာ ညိုမောင့် ကို မြင်သည် ။ အို … ဘာ ဆိုင်လို့လဲ ။

ထို လိပ်ပြာကလေး သည် အခုလို အတောင်ပံ ပေါ် မှာ လှပသော ဆေးစက်များ မရခင် တုန်း က ပိုးတုံးလုံး ဘဝ နှင့် သူ့ ခန္ဓာကိုယ် မှ ရက်လုပ်သော ပိုးချည်မျှင်တွေ ကြား ထဲ တွင် အိပ်ပျော် နေခဲ့သည် ။ ထိုအချိန် သည် လိပ်ပြာကလေး အတွက် မှောင်မိုက် ကြမ်းတမ်းသည့် ကာလများ ဖြစ် လိမ့်မည် ။

အချိန်တန်တော့ အိပ်ရာ မှ နိုးလာသည် ။ သူ့ ကိုအကျဉ်း ချထားရာကို ခွဲ ထွက်ပြီး လှပသော အတောင်ပံများ နှင့် ပန်းပွင့်တွေ ဆီ ကို ပျံသန်း၍ သွားမည် ဖြစ်သည် ။

သော်သော် က သူ့ ဘဝ ကိုလည်း လိပ်ပြာကလေး လို ပဲ သဘော ထားသည် ။

တစ်နေ့နေ့ မှာတော့ သူ သည် လှပဆန်းကျယ်သော အတောင်ပံများ နှင့် သူ လိုရာ ကို ပျံသန်းနိုင်သော လိပ်ပြာကလေး တစ်ကောင် ဖြစ် ကို ဖြစ်ရမည် ။

လမင်းစိုး သည် သူ့ မိဘ နှစ်ပါး ကား မှောက်ပြီး ကွယ်လွန်ခဲ့စဉ်က အသက် ဆယ့်နှစ်နှစ် သာ ရှိသေးသည် ။လောကကြီး အကြောင်းကို ဘာမှ မသိသေး ။ အမေ နှင့် အဖေ ကို မေး လျှင် ချစ်မင်းစိုး က မုန့်သွား ဝယ်တယ် ၊ အရုပ် သွားဝယ်တယ် ဟု ဆိုလျှင် ကျေနပ်သွားတက်သော ပီဘိ ကလေးငယ် တစ်ယောက် သာ ဖြစ်သည် ။ ထို့ကြောင့် လမင်းစိုး ကို အစ်ကို ဖြစ်သူ ချစ်မင်းစိုး က လိုသမျှ တသမျှ ရအောင် ထားခဲ့သည် ။

အသိဉာဏ် ရင့်ကျက်ချိန် ရောက်၍ အမေ နှင့် အဖေ ကွယ်လွန်သွားပြီ ဆိုတာကို သိရတော့ လမင်းစိုး သည် သိပ် မခံစားရတော့ ။ လမင်းစိုး တွင် စွဲ သွားသော အစွဲ တစ်ခု က ထို အရာ ကို ထို ဆုံးရှုံးမှု ကို နှစ်သိမ့်၍ ပေးသည် ။ ထို အစွဲ မှာ လမင်းစိုး လိုချင်တာ ကို ရသော အစွဲ ပင် ဖြစ်သည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် မိဖ မဲ့ ဖြစ် ရသော လမင်းစိုး အပေါ် မိသားစု နှင့် ပတ်ဝန်းကျင် က အလို လိုက်ခဲ့သော အကြိုက်အတိုင်း ဖြစ်စေခဲ့သော စေတနာများ အပေါ်တွင် တည်ဆောက် ထားသော လမင်းစိုး ၏ မာနတရား သည် ဘယ်လောက် ကြောက်စရာ ကောင်းသည် ဆိုတာကို လမင်းစိုး ကိုယ်တိုင် လည်း မသိခဲ့ပါ ။

ထိုနေ့က လမင်းစိုး ၏ project အသစ် အတွက် ရှယ်ယာ ဝင်ရန် စိတ်ဝင်စားသော မိတ်ဆွေ သစ် ၅ ဦး ကို စတင် မိတ်ဆက် ပေးသူ အန်တီဘေဘီ ကတော့ လူသူ ရှင်းပြီး စားစရာ လည်း စုံသော တက္ကသိုလ်ရိပ်သာလမ်းမ ပေါ်ရှိ ဂျပန်စားသောက်ဆိုင်ကလေး တစ်ဆိုင်တွင် စီစဉ်ဖို့ ကြိုးစားခဲ့သည် ။

သို့သော် … လမင်းစိုး က သူ့ကုမ္ပဏီ မှာ ပဲ တွေ့ချင်သည် ။

လမင်းစိုး ၏ အစ်ကို ချစ်မင်းစိုး က အိမ်ဆောက်ပစ္စည်းတွေ ၊ ဂျပန်ကားပစ္စည်းတွေ ၊ အိမ်သုတ်ဆေးတွေ ၊ လျှပ်စစ်ပစ္စည်းတွေ နှင့် ဈေးကွက် မှာ ခိုင်မာပြီးသား ဖြစ်သည် ။ အခု လမင်း က ဂျပန်မိတ် အလှကုန်ပစ္စည်းတွေ ၊ အကျီဖက်ရှင် ၊ ဖိနပ် ၊ အနွေးအင်္ကျီ ၊ ထီး စသည့် မိန်းကလေး ယောကျာ်းလေး တစ်ယောက် အတွက် တစ်ကိုယ်ရည် စာ ပြည့်စုံစေသော အဝတ်အစား ဖက်ရှင်များ ကို သွင်းမည် ဖြစ်သည် ။

ထို့အတွက် မြန်မာနိုင်ငံ မှ မော်ဒယ်တွေ ၊ နာမည်ကြီး မင်းသမီးမင်းသားတွေ ကို အသုံးပြုမည် ဖြစ်သလို ဂျပန်နိုင်ငံ မှ နာမည်ကြီး မော်ဒယ်များ ကို လည်း မြန်မာနိုင်ငံ သို့ ဖိတ်ခေါ်၍ ပြိုင်ပွဲတွေ ၊ model show ပွဲတွေ နှင့် သူ့ ဈေးကွက် ကို မြှင့်တင်ရန် ကြိုးပမ်းမည် ။

ကိုရီးယားကားတွေ ဇာတ်လမ်းတွဲတွေ တွင်ကျယ် သဖြင့် ကိုရီးယား ဖက်ရှင်တွေ မြန်မာနိုင်ငံ က လူငယ်တွေ ရဲ့ ကိုယ် ပေါ် ရောက်လာကြသလို လမင်းစိုး ကလည်း အကောင်းဆုံး ဂျပန် ဇာတ်လမ်းတွဲတွေ နှင့် မြန်မာပရိတ်သတ် ကို နှစ်ခြိုက်စေပြီး သူ တင်သွင်းသော ဂျပန်ပစ္စည်းတွေ မြန်မာပြည် က အမျိုးသား အမျိုးသမီးတွေ နှစ်ခြိုက်စေရမည်ဟု အကြံ ထားသူ ဖြစ်သည် ။