ဘာကြီးလဲ

လမင်းစိုး ၏ အကြံ က ကြီးသည် ။

လမင်းစိုး သည် ဒီလို အကြံ ကြီး ကို ကြံတက်သူ ဖြစ်ပါသည် ။ လမင်းစိုး ၏ ထို အကြံ ကြီးကြီး ကို နောက်ကွယ် က အကူအညီ ပေးမှာက ကိုကို ၏ ချစ်သူ ဂျပန် မှာ နေသော မြသဇင် ဖြစ်သည် ။ မြသဇင် သည် မြန်မာနိုင်ငံ မွေး ဖြစ်သော်လည်း ကိုးနှစ် ကတည်း က သူ့ မိဖများနှင့် အတူ ဂျပန်ပြည် သို့ ရောက်ပြီး ယခုတိုင် ဂျပန်နိုင်ငံသူ စစ်စစ် ဖြစ်နေပြီ ဖြစ်သည် ။ ကုမ္ပဏီ ကိစ္စ နှင့် ကိုကို ဂျပန် သွားတုန်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး နောက်ဆုံး ချစ်သူတွေ ဖြစ်သွားကြပြီး ၊ ကိုကို့ ကုမ္ပဏီ ကို နောက်ကွယ် မှ ( ဂျပန်နိုင်ငံ မှ ) တိုက်ရိုက် ကူညီပေးသူ မှာ ‘ မြသဇင် ‘ ဖြစ်သည် ။

အခုလည်း ကိုကို သည် လမင်းစိုး ၏ project အတွက် အကြံဉာဏ် နှင့် နောက်ကွယ်မှ အဆက်အသွယ် ရရန် မြသဇင် ထံ သို့ သွားခြင်း ဖြစ်ပါသည် ။ Share member များ ကို ကုမ္ပဏီ တွင် ပဲ ဆုံတွေ့စကား ပြောချင်တာကတော့ လမင်းစိုး လုပ်နေကျ မိမိ၏ သိက္ခာ ကို မိမိ တည်ထောင်ခြင်းသာ ဖြစ်ပါသည် ။ လမင်းစိုး သည် သူ ၏ အလှကုန် project အတွက် ရှယ်ယာ ရာခိုင်နူန်း ကို ၂ဝ ရာခိုင်နူန်း ထက် ပို၍ ထည့်ဝင်ခံမည် မဟုတ် ဆိုတာကို ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သောကြောင့် မိမိပိုင် နေရာတွင် တွေ့ချင်ခြင်းလည်း ဖြစ်ပါသည် ။

ဒါကို Share member များ က လည်း ရိပ်မိ ကြပါသည် ။ ထို့ကြောင့် သူတို့ အတွက် သိက္ခာဆည်သည့် အနေဖြင့် ကြား မှ စေ့စပ်ပေးသူ အန်တီဘေဘီ့ အိမ် တွင် အားလုံး ဆုံပြီး မှ လမင်းစိုး ၏ ကုမ္ပဏီ သို့ သွားကြဖို့ သဘော တူခဲ့သည် ။ ဒါကို အကြိမ်ကြိမ် စဉ်းစားပြီးမှ လမင်းစိုး သဘော တူခဲ့ပါသည် ။ စီးပွားရေးလောက တွင် အပြောအဆို ၊ အနေအထိုင် ၊ အပြုအမှု အားလုံးသည် တစ်ခါတစ်ရံ ‘ သန်း ‘ ချီ ၍ တန် တတ် ကြောင်း လမင်းစိုး သိပါသည် ။

အန်တီဘေဘီ့ အိမ် တွင် ဆုံကြတော့ Share member ၅ ယောက် အနက် တစ်ယောက် သာ ယောကျာ်းလေး ပါသည် ။ထိုသူ ကတော့ လမင်းစိုးထက် အများဆုံး ကြီးလျှင် တစ်နှစ် ၊ နှစ်နှစ် လောက် သာ ရှိမည် ။ လူ က လူချော ၊ စကား ပြောလျှင် ရှက် တက်သည် ။ သူ့ ကို စလျှင် နားရွက် က စပြီး နီ နေတက်သည် ။ နာမည် ကျတော့ ရိုးရိုး ‘ ကိုငြိမ်းသာ ‘ တဲ့ ။

အန်တီဘေဘီ့ အိမ် မှာ Share member ၅ ယောက် ဆုံပြီး ကတည်း က လမင်းစိုး က သူ့ အတွင်းရေးမှူး ကောင်မလေး ကို ပြင်ဖို့ဆင်ဖို့ အားလုံး မှာ ထားပြီးသား ဖြစ်သည် ။ ဒီလို အချိန်မျိုး မှာ သူ့ အတွက် အမှားအယွင်း မခံနိုင်ပါ ။

“ ကဲ .. အန်တီဘေဘီ ရဲ့ Breakfast ကျေးဇူး ၊ကုမ္ပဏီ မှာတွေ့ပြီးရင် lunch ကို ကျွန်မ ကျွေးပါ့မယ် ၊ ဘယ်မှာများ သုံးဆောင်ချင်ပါသလဲ ”

စီးပွားရေး မှာ ဒီလို ပကာသနတွေ လည်း ပါ ရသေးသည် ။

“ ဒါကတော့ မောင်ငြိမ်းသာ မင်း ပဲ ရွေးပါ ၊ ဆီဒိုနားတို့ ၊ Treader တို့ ၊ Park Royal တို့ ကတော့ မရွေးနဲ့နော် ၊ အဲဒါတွေက မင်္ဂလာဆောင် တော့ မှ ရွေး ရမှာ ”

Share member အသစ် အန်တီတစ်ယောက် စကားကြောင့် ကိုငြိမ်းသာ တော်တော်လေး ရှက်သွားသည် ။ သူ့ နားရွက်တွေ နီ လာ၏ ။ ဘာ စကား မှ ပြော၍ မထွက် လမင်းစိုး ကို မျက်ဝန်းညိုကြီးတွေ နှင့် ကြည့်ကာ ကြည့်ကာ အားနာ နေပုံရ၏ ။

“ ကဲပါ … သူ မရွေးရင် ၊ လမင်း က ပဲ ရွေး လိုက်တာပေါ့ ၊ Lunch ကတော့ ‘ ….. ‘ မှာ ပဲ ကောင်းပါတယ် ”

အားလုံးက လက်ခုတ်လက်ဝါး တီး ၍ အော်ကြသည် ။ လမင်းစိုးသည် ကြောက်သလို ရွံ့သလို ဟန်လုပ်တက်သော မိန်းကလေး မဟုတ်ဘဲ လိုအပ်လာလျှင် ရဲရဲရင့်ရင့် နေထိုင်ရဲသော မိန်းကလေး ဆိုတာ အားလုံး သဘော ပေါက်သွားကြ၏ ။

လမင်းစိုး က ဦးဆောင်ပြီး ကုမ္ပဏီ သို့ ဝင် လိုက်သည်နှင့် Reception မှ ကောင်မလေးတွေ အားလုံး ဝုန်းခနဲ ထ ရပ် လိုက်ကြသည် ။ လူကြီး နှင့် ဧည့်သည်တွေ ကို အရိုအသေး ပေးသော သဘောပင် ဖြစ်၏ ။ သို့သော် မတ်တပ် မရပ်သူ တစ်ယောက်တော့ ရှိပါသည် ။ သူ က ညိုမောင် ဖြစ်၏ ။ ခေါင်း ကို ငုံ့ပြီး ဒီနေ့ မနက် ဝင်စာတွေ အပေါ်မှာ နံပါတ် တွေ တပ် နေသည် ။ နံဘေး က သူဇာ ၊ ဝါဝါဦး နှင့် ရီရီထွေး တို့ မတ်တပ် ရပ်လိုက်ကြတာ ကို သူ မသိ ။ ရီရီထွေး က ကြိတ်ပြီး မတ်တပ်ရပ်လျက် သူ့ ချိုင်းကြား ကို တို့ သည် ။ ထို တိတ်ဆိတ်သွားသော စက္ကန့်ကလေးတွေ လေးငါးခု တင် လမင်းစိုး ၏ မျက်နှာ သည် ကြောက်မက်ဖွယ်ရာ အလွန် ကောင်းသည့် အခြေအနေ သို့ ပြောင်းလဲ သွားလေသည် ။

“ နင် ကလဲ ဘာ … ဪ … ”

ညိုမောင် က ဝင်စာ တွေ ရေးနေရာမှ သူ့ ကို လာ ကိုင်သော ရီရီထွေး ကို ဘာဖြစ်တာလဲ ဟု ပြောမလို့ ခေါင်း ကို မော့ တော့ မှ အားလုံး မတ်တပ် ရပ်နေသော သူငယ်ချင်းများ နှင့် သူ့ ကို စိုက်ကြည့်နေသော လမင်းစိုး တို့ ကို တွေ့လိုက်ရတော့မှ သဘော ပေါက်သွားပြီး ကမန်းကတန်း မတ်တပ် ထ ရပ်ပြီး လက်နှစ်ဖက် ကို သတိ အနေအထား ပုံစံဖြင့် နေ လိုက်၏ ။

သို့သော် ညိုမောင် နောက်ကျသွားပြီ ဖြစ်ပါသည် ။ ဒေါသ ၊ မာန နှင့် ရှက်ရွံ့မှု ဇောအကြိမ် သန်းပေါင်းများစွာ နောက်ကျသွားပြီ ဖြစ်ပါသည် ။ သူ့ ကို စူးစူးရဲရဲ တစ်ချက် ကြည့်ရင်း လမင်းစိုး Reception ကို ဖြတ်၍ ရုံးထဲ ဝင်လိုက်ကြသည် ။ ရုံး က လူတွေ အားလုံး လည်း တိတ်တဆိတ်ပင် လုပ်လက်စ အလုပ်တွေ ကို ခဏ ရပ်ပြီး မတ်တပ် ရပ်ကြသည် ။

“ ညိုမောင် …. နင် တော့ ပြဿနာ ပဲ ”

“ အဲဒီလို လုပ်ရတယ် ဆိုတာ ကို ငါ မှ မသိတာဘဲ ဟာ ၊ နင်တို့ ကလည်း ငါ့ ကို ဘာဖြစ်လို့ ကြို ပြော မထားတာလ ”

“ အေး …. ငါတို့ လည်း အမှတ်တမဲ့ ပဲ ဟာ ”

“ သူတို့ ရောက်ရောက်ချင်း လက် ကုတ်လိုက်ရင် ပြီးရော ”

ညိုမောင်က ရီရီထွေး ကို ပုံမှန်လေသံ ဖြင့် ပြောသည် ။ ဒီကိစ္စအတွက် ညိုမောင့် ဆီ မှာ သိပ် ထိတ်လန့်မှု မရှိပါ ။ ဘာ ပြဿနာ မှ မတက်နိုင် ဟု သူ ယူဆသည် ။ အေးအေးဆေးဆေး ပင် သူ့ ဝင်စာနံပါတ်တွေ ကို တပ် နေလိုက်သည် ။

နောက် တစ်နာရီလောက် ကြာတော့ လမင်းစိုး နှင့် အဖွဲ့သည် ရုံးခန်း ထဲမှ ထွက် လာပြီး ရယ်ရယ်မောမော ဖြင့် ကုမ္ပဏီ အလယ်လမ်းကြောင်း မှ ထွက် လာသည် ။ ဒီတစ်ခါတာ့ သူဇာ ရဲ့ ‘ ဟဲ့ ‘ ဆိုသည့် အသံ တစ်သံတည်း နှင့် ပင် ညိုမောင် အဆင်သင့် မတ်တပ် ထ ရပ်ဖြစ်သွားသည် ။ လမင်းစိုး သည် ကုမ္ပဏီ ၏ မိတ်ဆွေသစ်များ နှင့် ရပ်၍ ရယ်ရယ်မောမော စကား ပြောသော်လည်း Reception ဘက် သို့ ကြည့်သည့် အကြည့်ကတော့ စူးရှခက်ထန်လွန်းနေသည် ကို ဝါဝါဦး က သတိထား မိသည် ။

လမင်းတို့ ကားအသီးသီး နှင့် lunch စားရန် ထွက်သွားကြတော့ သူတို့ လည်း ထမင်းချိုင့် ကိုယ်စီ ဖွင့်ပြီး ထမင်း စားဖို့ ပြင် ကြသည် ။ ညိုမောင့် ထမင်းချိုင့် ကို ဖွင့် လိုက်တော့ အရင်ဦးဆုံး တို့စရာ အံ အဝိုင်းအသေးကလေး ကို တွေ့ရသည် ။ တညင်းသီး လေးစိတ်ခွဲ ကလေးတွေ ၊ ပြီးတော့ ကန်စွန်းရိုးနီမန်ကျဉ်းမှည့်ပြုတ် ၊ ပြီးတော့ ခရမ်းကြွတ်သီး လေးစိတ်ရာထား ပေးရုံ နှစ်လုံး …. ငါးပိရည် ထည့်ထားသော ပလတ်စတစ်အိတ်ကလေး ကို သားရေကွင်း ဖြင့် စည်း ထားတာ ကို တွေ့ ရသည် ။

နောက်တစ်ချိုင့်က ငါးကြင်း ကို ကြော်ပြီး ငရုတ်သီး နှင့် နှပ် ထားသော ဟင်း ဖြစ်သည် ။ ညိုမောင့် ထမင်းချိုင့် ကို စိတ်ဝင်တစား ကြည့်နေကြသော သူဇာ တို့ က …

“ ညိုမောင် ထမင်းချိုင့် ကို ဘယ်သူ ပြင် ပေးတာလဲ ”

“ ဆိုင်က ပဲလေ ၊ ဆိုင် မှာ ထမင်းချိုင့် လခပေး စားတယ် ”

“ တစ်လ ကို ဘယ်လောက် လဲ ”

ဝါဝါဦး က ဖြတ်မေးသည် ။

“ တစ်နေ့ ကို ၈ဝဝ တစ်လ ကို ရက် ၂၆ ရက် ဆိုတော့ နှစ်သောင်း နဲ့ ရှစ်ရာ ကျတယ် ၊ အဲဒါက သူတို့ က နှစ်သောင်း ပဲ ယူတယ် ”

“ ပိုက်ဆံ ကြို ပေးရလား ”

“ ဟင်အင်း … စား ပြီး မှ ပေးရတယ် ၊ အခုလဆို လကုန် မှ ရှင်းပေါ့ ”

“ အဲ့ဒီ ဆိုင်မှာ ကောင်မလေး အပျို ရှိလား ”

“ အင်း …. ရှိတယ် ”

ဝါဝါဦး မေးသမျှ စကားတွေကို ညိုမောင် ဖြေပြီးတော့ မှ ရီရီထွေး က .. ‘ ဟက်ခနဲ ‘ တစ်ချက် ရယ်သည် ။ ပြီးတော့ …

“ အဲဒီ ကောင်မလေး က ညိုမောင့် ထမင်းချိုင့် ကို စီစဉ် ပေးတာလား ”

“ အင်း .. ဟုတ်တယ် ၊ ဘာဖြစ်လို့လဲ ”

“ သူ ညိုမောင့် ကို စိတ်ဝင်စား နေတယ် ”

“ ဗျာ ”

ညိုမောင့် ရင် သည် ‘ လှိုက် ‘ ခနဲ တစ်ချက် ဖြစ်သွားသည် ။

သော်သော် သည် သူ့ ခေါင်း ကို အားအပြည့်နှင့် ခါရမ်း ပစ်လိုက်သောအခါ ဆံစ တစ်ပင်ချင်း ၊ တစ်မျှင်ချင်း သည် နေရောင်ခြည် ထဲ တွင် လွင့်ဝဲ တက်သွားပြီး တောက်ပမှု ၏ စက်ဝန်း မှာ ရောင်စုံသက်တံ တစ်ခု လို ဖြစ်၍နေသည် ။

“ ဘယ်လို ဖြစ်သွားတာလဲ ညိုမောင် ရဲ့ ၊ ရီ က ဒါလေးပဲ ပြောရသေးတဲ့ ဟာ ကို ”