“ အာ … ရုတ်တရက်ကြီး ဆိုတော့ ရှက် သွားတာပေါ့ ”
သူတို့ အားလုံး အားရပါးရ ရယ်မော လိုက်ကြသည် ။ ထို့နောက် စိတ်ကူးရှိရာ ချက်ပြုတ် ကြော်လှော် လာကြသော ဟင်းတွေ ကို စုပြီး ကိုယ် ကြိုက်ရာ ကိုယ် နှိုက်စားကြသော ထမင်းပွဲ သည် ပျော်စရာ လည်း ကောင်းသည် ။ မြိန် လည်း မြိန် လှသည် ။ ထိုသို့ စား၍ မြိန်သော အရသာကို စားဖူးသူ မှ သာ သိနိုင်လိမ့်မည် ဖြစ်သည် ။
သို့သော် ထိုထမင်းဝိုင်း သည် ညိုမောင့် အတွက် နောက်ဆုံး ထမင်းဝိုင်း ဆိုတာ ကိုတော့ မည်သူမျှ ကြို၍ မသိနိုင်ချေ ။
ရန်ကုန်မြို့ ရှိ နာမည်ကြီးဟိုတယ် တစ်ခု တွင် လမင်းစိုး သည် menu ကို ကြည့်ပြီး ကောင်းမည် ထင်သော ဟင်းများ ကို မှာသည် ။ ကျန်သည့် ဏမေအညေေ တွေ ကို လည်း ကြိုက်ရာ မှာခိုင်းသည် ။ ဟင်း က ဆယ့်ခြောက်မျိုး လောက် ရှိမည် ။
ဒါပေမယ့် လမင်းစိုး ထမင်း စား၍ မဝင် ။
လမင်းစိုးသည် ဒေါသ ဖြစ်သည့်အချိန်တွင် ရင်ခုန်သံ အမြန်ဆုံး ဖြစ်သည် ။
အခု လမင်းစိုး ၏ ဒေါသ သည် သူ့ ရင်ခုန်သံ နှင့် အတူ ညိုမောင် ရှိနေသော Reception တွင် ရှိနေသည် ။
“ လမင်း … ဒီကောင်လေး စားကြည့်ပါလား ၊ ပုဇွန် ကို ပျားရည် နဲ့နယ်ထားတဲ့ ဂျုံမှုန့် နဲ့ နယ်ပြီးတော့မှ ကြော် ၊ ခပ်ကြွပ်ကြွပ်ကလေး ဖြစ်သွားတော့မှ ချိုချဉ်ကလေး ချက်ထားတာ စားကြည့်ပါဦး လမင်း ရဲ့ ”
“ ကိုငြိမ်းသာ ရော အဲဒီ ဟင်း ကို ကြိုက်ရဲ့လား ”
လမင်းစိုးက ပြန်မေးသော စကားကြောင့် ကိုငြိမ်းသာ မျက်နှာ ရဲခနဲ ဖြစ်သွားသည် ။ ကိုငြိမ်းသာ သည် အရှက်အကြောက် အင်မတန် ကြီးသော ယောကျာ်း တစ်ယောက် ဖြစ်သည် ။ ရုပ်ချောသည် ။ သဘောကောင်းသည် ။ ချမ်းသာသည် ။ တစ်ကားတစ်ခွန်းကို အရမ်းအလေးအနက်ထားလေ့ ရှိ၏ ။
“ ဟုတ်ကဲ့ … ကျွန်တော်လည်း ကြိုက်ပါတယ် ”
“ ဒါဆို ထည့်ပေးလေ ”
ကိုငြိမ်းသာ ရွယ်ထားသော ဇွန်း ထဲ မှ ပုစွန်ဟင်းတွေ လမင်းစိုး ပန်းကန် ထဲ သို့ ရောက်သွားခြင်း ၊ အန်တီဘေဘီ တို့ က ဝိုင်းပြီး လက်ခုပ် တီးကြသည် ။ ကိုငြိမ်းသာ ၏ မျက်နှာ က ထုံးစံအတိုင်း ရဲတွတ် ၍ နေလေသည် ။
အားလုံး အရယ်အမော တွင် လမင်းစိုး လိုက်၍ ရယ်မော လိုက်သည် ။ သို့သော် သူ့ ရယ်သံများ သည် နှလုံးသား နှင့်ဦးနှောက် နှစ်ခု အနက် ဘာကိုမှ ထိခတ်ပြီး ထွက်သွားသော ရယ်သံများ မဟုတ်ခဲ့ ။ သူ့ ခံစားချက် စစ်စစ် က Reception မှာ သာ ရှိလေသည် ။
••••• ••••• ••••• •••••
“ မင်းမှာ အပြစ် ရှိတယ်ဆိုတာ မင်း နားလည်တယ် မဟုတ်လား ”
“ ကျွန်တော် က အဲဒီ အချိန် မှာ ”
“ မင်း ရှင်းပြတာတွေ ကို တို့ မလိုချင်ဘူး ၊ အဲဒီ နေ့ က ကိစ္စ အားလုံးကို တို့ မျက်စိ နဲ့ ကိုယ်တိုင် မြင်ထားတာ ၊ ဒီတော့ မေးတာပဲ ဖြေပါ ”
ညိုမောင် သက်ပြင်း ကို ချလိုက်သည် ။
ဆရာတော်ဘုရား က အမြဲ မိန့်ခဲ့ဖူးတာလေး ကို ပြန် သတိရသည် ။ ငါတို့ မြတ်စွာဘုရား ဟာ ဘဝပေါင်း များစွာ ပါရမီ ဖြည့်ရမှာ သည်းခံခြင်း ဆိုတဲ့ ခန္တ္တီပါရမီ ကို လူတကာ ထက် လွန်အောင် ကို ဖြည့်ခဲ့ရတယ် ၊ မြတ်စွာဘုရား ဟာ ဒေဝဒတ် ကို လည်း သည်းခံခဲ့သည် ၊ မာရ်နတ် ကို လည်း သည်းခံခဲ့သည် ။ ဘယ်လို သည်းခံတာလည်း ဆိုတော့ ပညာ ၊ သီလ ၊ သမာဓိ တွေနဲ့ သည်းခံတာ ၊ ဒီတော့ သည်းခံစရာ ကြုံလာရင် အဲဒီဟာလေးကို သတိ ရပြီး သည်းခံပေတော့ ”
ဟူသော စကားပင်ဖြစ်သည် ။
“ ဟုတ်ကဲ့ …. ကျွန်တော့် မှာ အပြစ် ရှိပါတယ် ”
ညိုမောင် သည် သူ့ အသံ ကို တည်ငြိမ်သည် ဟု ထင် ပါသည် ။
လမင်းစိုး က ဘယ်လောက် အထိ အပြစ် ပေးမလဲ ။ ရင်ဆိုင်ဖို့ အသင့် ဖြစ်၍ နေသည် ။ လမင်းစိုး ပေးမည့် အပြစ် သည် ဘာမှ မဟုတ်သော အပြစ် ဖြစ်မှာ ကိုပင် စိုးရိမ် နေမိ၏ ။
“ ကောင်းပြီ ၊ တို့ မင်း ကို အလုပ် က မထုတ်ပါဘူး ၊ ဒါပေမယ့် ရာထူး တော့ ချမယ် ၊ မင်း … ”
“ ဟုတ်ကဲ့ …. ”
“ အဲ … ဒီတော့ကွာ မင်း ကြောင့် တို့ အရှက် ကွဲခဲ့ရတယ် ၊ အဲဒီတုန်းက ငါ နဲ့ ပါ လာတဲ့ လူတွေ က ငါ့ အိမ်မက် ကို ဝိုင်း ကူပေးမယ့် လူတွေ ချည်းဘဲ ၊ အဲဒါကို မင်း က .. ကဲ … ထားလိုက်ပါတော့လေ ”
“ ဟုတ်ကဲ့ .. ”
“ မင်း … ”
လမင်းစိုး သည် အခုအချိန်မှာတော့ ‘ လမင်းဆိုး ‘ ကလေး တစ်ယောက် ဖြစ်နေသည် ။ သို့သော် ‘ မင်း …’ ဆိုပြီး နောက်ဆက်တွဲ စကား ကို ပြော၍ မပါ ။ လမင်းဆိုး သည် ဆိုး ဆိုးကလေး ဖြစ်အောင် အား ကို တင်းလိုက်၏ ။
“ မင်း ကို သန့်ရှင်းရေး အဖြစ် တို့ က တာဝန် ပေးတယ် ”
“ ဟုတ်ကဲ့ … ”
“ မင်း လစာ ကိုတော့ ငါ မဖြတ်ဘူး ၊ အရင် လစာပဲ ၊ မင်း ၈ နာရီ အရောက် လာရမယ် ၊ ရုံး က လူတွေ ၉ : ၃ဝ နာရီ မရောက်ခင် ဖုန်စုပ်တာ ၊ အမှိုက်ပုံးတွေ သွန်တာ ၊ တရုတ်ကပ်မှန်တွေ တိုက်တာတွေ ကို လုပ်ထားရမယ် ၊ လုပ်ရင် ငါ့ အခန်း ကို နောက်ဆုံး ထား လုပ်ရမယ် ၊ ငါ့ အခန်း ထဲ က သန့်ရှင်းရေး လုပ်ရုံ က လွဲပြီး ကျန်တာ ဘာတစ်ခုမှ မင်း လုပ်ခွင့်မရှိဘူး ၊ ငါ့ စားပွဲပေါ် က ဘယ်ပစ္စည်း ကို မှ မထိရဘူး ၊ ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ ”
ညိုမောင့် စိတ် ထဲမှာတော့ ဒီ ထက် တောင် ရက်စက် စေချင်နေသေးသည် ။
လမင်း သည် ကျားသစ်မကလေး မာန်ဖီ နေသလို စကားလုံးတွေ နှင့် သူ့ ကို ပစ်ပေါက် တိုက်ခိုက်နေသည့် တိုင် ထို စကားလုံးများ သည် ‘ သည်းခံမည် ‘ ဟု ဆုံးဖြတ်ထားသော နှလုံးသား ၏ ရှေ့တွင် ပန်းပွင့်ကလေးတွေ ဖြစ် သွားကြသည် ။
မတန်မရာကို ချစ်နေမိမှန်း သူ သိပါသည် ။
မရနိုင်မှန်းလည်း သူ သိပါသည် ။
ဒါပေမယ့် လူ တစ်ယောက် မှာ ကိုယ့် အချစ် နှင့် ကိုယ် အဆင် ပြေနေသော ကာလ ဆိုတာ ရှိကောင်းတယ် မဟုတ်လား ။
အခု လမင်းစိုး ပေးလိုက်သော အပြစ် သည် သူ့ ရင်ထဲက ဖော်ထုတ်ခွင့် ရသော မေတ္တာ ကို တစ်နည်းအားဖြင့် ဖော်ထုတ် ပြသခြင်းပင် ဖြစ်သည်ဟု ညိုမောင် က ခံယူသည့် အတွက် တုန်လှုပ်ခြင်း ကင်းမဲ့စွာဖြင့် လက်ခံ နိုင်ခဲ့သည် ။
လူ တို့ ရူး သည့် အထဲ တွင် အချစ် နှင့် ပတ်သတ်၍ ရူး သော အရူး သည် နားလည်ရ အခက်ဆုံး ရူးခြင်း ပင် ဖြစ်သည် ။
နောက်တစ်နေ့ မှာ ပင် လမင်းစိုး သူ့အခန်းထဲကို ၉ : ၁၅ နာရီ မှာ ဝင်တော့ သူ့ အခန်း သည် တစ်စုံတစ်ရာ ထူးခြားနေသည် ဟု ခံစားရသည် ။ ခဏငေးပြီးတော့ မှ သတိရသည် ‘ ညိုမောင် ‘ ငါ သူ့ ကို သန့်ရှင်းရေး လုပ်ခိုင်းထားတာပဲ ဆိုတာ သတိ ရသည် ။
သူ့ စားပွဲ ပေါ် က ပစ္စည်းတွေ က လွဲ၍ ကျန်ပစ္စည်းတွေ အားလုံးက နေသားတကျ ရှိနေသည် ။ အဲယားဖလက်ရှ် လိမ္မော်ရနံ့ကလေး ကိုလည်း သင်းသင်းကလေး ရသည် ။ Air – con ကလည်း ပို၍ အေးစိမ့်နေသလို ခံစားရသည် ။ အရင်တုန်းကတော့ လမင်းစိုး သည် သူ့ အခန်း ကို ( ၃ ) လ တစ်ခါလောက် သာ ရှင်းတတ်သူ ဖြစ်သည် ။