ဘာကြီးလဲ

“ သော်သော် ဒီနေ့ ဝယ်လာတဲ့ ဘဲသား က တော်တော် ရင့်တယ် ၊ ကိုညိုမောင် ရေ နည်းနည်း သွား ထည့်လိုက်ဦးမယ် နော် ”

ညိုမောင် က ဘာမှ မပြောဘဲ သော်သော့် ကို ငေး နေရာမှ ပြုံး ပြလိုက်သည် ။ ထို အပြုံး ပြီးပြီးချင်း သော်သော် က ထွက်ပြေး သွားတာ ဖြစ်သည် ။ သော်သော် သည် သူ့ ဘဲသားတွေ ကို တော်တော်လေး ကို စိတ်မချဟန် တူသည် ။

သန့်ရှင်းရေး လုပ်နေရသည့် ကိစ္စ ကို ရုံးဝန်ထမ်းတော်တော်များများ က မကျေနပ်ကြတာ ကို ညိုမောင် သိ ပါသည် ။ အထူးသဖြင့် သူ့ ျွနခနစအငသည အဖွဲ့ က ပိုပြီး စိတ်မကောင်း ဖြစ်ကြသဖြင့် လမင်းစိုး အဝေး မှာ မကျေမနပ် ပို ဖြစ်ကြသည် ။ ညိုမောင် ကတော့ အဲဒီကိစ္စတွေ ကို စိတ် ထဲ မှာ မထားပါ ။ ပြီးတော့ သူ့ အစား ဝမ်းနည်းနေကြသော သူငယ်ချင်းတွေ ကို ရွာ ဘုန်းကြီးကျောင်း မှာ တုန်း က လုပ်ရသည့် သန့်ရှင်းရေး အကြောင်း ကို ပြော ပြတတ်သည် ။

“ နင်တို့ ကလည်း ငါ ပြောပြမယ် ၊ ဆရာတော်ကြီး နေတဲ့ နှစ်ထပ်ကျောင်း က အောက်ထပ် မှာ ဆွမ်းစားတယ် ၊ အပေါ်ထပ် မှာ တရား ပေးတယ် ၊ အပေါ် ထပ် ရော အောက် ထပ် ရော အနည်းဆုံး လူ အယောက် သုံးရာကျော် တော့ အေးအေးဆေးဆေး ဆန့်တယ် ၊ ကြမ်းအခင်း က သုံးထပ်သား ပျဉ်းကတိုးသုံးထပ်သား နော် ၊ အဲ့ဒါ ကို ငါ ရယ် ၊ ဂျာရစ် ရယ် ၊ ကျီးကန်း ဆိုတဲ့ ကောင် သုံးကောင် တိုက် ရတာ ”

သူ့ သူငယ်ချင်းတွေ အားလုံး စိတ်ဝင်စား နေတော့မှ ညိုမောင် က စကား ကို ဆက်ပြောသည် ။ သူ့ ရွာ အကြောင်း သူ့ ဆရာတော် အကြောင်း ပြောနေရလျှင် ညိုမောင့် မှာ ကျေနပ်၍ နေတက်သည် ။

“ ငါတို့ တိုက်ရတဲ့ ပစ္စည်း က အုန်းသီးအစိမ်း ကို အလယ်ခေါင် က လွှ နဲ့ ဖြတ် ၊ အထဲ က အုန်းသီး အသား ကို ထုတ် ပြီး အုန်းဆံ နဲ့အတူ တွဲရက် ကျန်ခဲ့တဲ့ အုန်းမှုတ်ခွက် ထဲ မှာ အဝတ် ကို ဒီဇယ်ဆီ နဲ့ ဆွတ်ပြီးတော့ မှ တိုက်ရတာ ၊ ငါက ပထမ လျှာထိုးပြား ပေါ် မှာ အုန်းဆံခွက် ကို တင် ။ အုန်းသီး ပေါ် ကို လက်နှစ်ဖက် တင် ဖင် ကို ထောင်ပြီး အုန်းခွက် ကို ဖိပြီး ခပ်သွက်သွက် ထွက်ပြေး ရတာ ၊ ဟိုဘက် ကို ရောက်တော့ နောက် တစ်လိုင်း ပေါ့ ၊ ငါ က ဟိုဘက် ရောက်လို့ နောက်တစ်လိုင်း ပြောင်းတဲ့ အချိန် ငါ တိုက်သွားတဲ့ လိုင်း ကို ကျီးကန်း ဒါမှမဟုတ် ဂျာရစ် က ထပ်တိုက် ၊ လျှာထိုးတစ်လွှာ ကို ငါတို့ သုံးယောက် တိုက်ရတာ တစ်ဝက်လောက် ရောက်ရင် ပက်လက်တွေ လန်ကုန်ကြရော ”

“ နေ့တိုင်း အဲဒီလို တိုက်ရတာလားဟင် ”

“ တစ်ပတ် ကို ၃ ရက် တိုက်ရတာဟ ၊ ဒါ ကျောင်း ပေါ် သန့်ရှင်းရေး ပဲ ရှိသေးတာနော် ၊ အခု ဒီမှာ လုပ်ရတာက ဘာ ပင်ပန်းလို့လဲ ဟာ ၊ ဒီ ဖုန်စုတ်စက်ကလေး နဲ့ ကော်ဇော တွေ ပေါ် လိုက်တွန်း ၊ ပြီးတော့ နင်တို့ ခုံလေးတွေ လိုက် သုတ် ၊ ထိုင်ခုံတွေ ကို စားပွဲအောက် ညီအောင် ပြန်တည့် ၊ ဒါပဲ ရှိတာ ၊ နေခင်း ဘက် ဆို တစ်ရေး တောင် နှပ် လို့ ရသေးတယ် ၊ ကဲ .. ဘယ်လောက် ကောင်းလဲ ”

“ ဟယ် … နေ့ခင်းဘက် အိပ်ရသေးတယ် ဟုတ်လား ”

ဝါဝါ က အလန့်တကြား မေးသည် ။

“ အေးလေ .. အဲဒီ သန့်ရှင်းရေး အလုပ် ပြီးရင် အိပ်လို့ ရပြီ လို့ ငါ့ ကို MD က ပြောထားတာပဲ ၊ ငါ စတို ထဲ မှာ အိပ် တာပေါ့ ”

ညနေ နင်တို့ ပြန်သွားတော့ မှ ဖုန်စုတ်စက် နှင့် ဖုန်စုတ် ၊ ခုံတွေဘာတွေ စီ ပြီးရင် ပြန် ဒါပဲ“

ညိုမောင် သည် သူ လုပ်ရသည့် အလုပ် ၏ ရာထူး ၊ ဂုဏ်သိက္ခာ ၊ အဆင့်အတန်း စတာတွေကို ဘယ်တော့မှ စဉ်းစားလေ့ မရှိဘူး ဆိုတာကို သူဇာ တို့ ယုံလိုက်ကြသည် ။ ပြီးတော့ ညိုမောင် သည် သူ လုပ်ရသည့် အလုပ် ထဲ မှာ သူ ကျေနပ်စရာ ပျော်စရာ ကို အမြဲတမ်း ရှာလေ့ရှိသည် ။ သူ့ အလုပ် ကို အောက်ကျသည် ဟု သူဇာ တို့ က ထင် နေခြင်း ဖြစ်ပါသည် ။ ညိုမောင် ကတော့ သူ့ အလုပ် ကို အောက်ကျသည် ဟု ဘယ်တုန်း က မှ မထင်ခဲ့သူ ဖြစ်ပါသည် ။

အဲဒီနေ့ က ညိုမောင် အပြင်ဘက် ကို သန့်ရှင်းရေး လုပ်ပြီး မှ လမင်းစိုး အခန်း ထဲ သို့ ဝင်သည် ။ ညိုမောင် သည် လမင်းစိုး အခန်း ကို ဆိုလျှင် အမြဲ ဂရုတစိုက် လုပ်ပေးလေ့ ရှိပါသသည် ။ ဘာကြောင့်မှန်းတော့ မသိ ။ လမင်းစိုး ဒီ အခန်း ထဲ သို့ ဝင်လာလျှင် စိတ် ထဲ မှာ ကျေနပ်ပြီး ကြည်နူး သွားစေချင်သည့် စိတ်ကလေး ဖြစ်သွား စေချင်သည် ။

ထို့ကြောင့် သူ ဂရုတစိုက် သန့်ရှင်းအောင် ကြိုးစားသည် ။

ထိုအချိန်တွင် ပင် တိတ်ဆိတ် နေသော အခန်း ထဲ မှာ ထင်မထားသော ဖုန်းမြည်သံ ကြောင့် ရုတ်တရက် လန့်ဖြန့်ပြီး ညိုမောင် ‘ အား ‘ ခနဲ အော်ရင်း ထ ခုန်မိသွားသည် ။ ရင်တွေ က တဆတ်ဆတ် တုန်နေသည် ။ ဖုန်း မြည်သံ ပါ ဟု သူ့ ကို သူ အသိ ပေးရ၏ ။ ဖုန်းသံ က ဆက်မြည်နေဆဲ ။

အဲဒီမှာ ညိုမောင် တက် သော ပြဿနာ က ဒီ ဖုန်း ကို ကောက် ကိုင်ရမှာလား ။

ဒီလိုပဲ ပစ် ထားရမှာလား ဆိုတာပဲ ဖြစ်သည် ။

အကယ်၍ ဒီ ဖုန်း သည် လမင်းစိုး အတွက် ဒါမှမဟုတ် ကုမ္ပဏီ အတွက် အရေးတကြီး ဖုန်း ဖြစ် နေလျှင် ဘယ် နဲ့ လုပ်မည်နည်း ။ လမင်းစိုး ၏ အစ်ကို ဂျပန် က ဆက်တာ ဆိုလျှင် ဘယ်နဲ့ လုပ်မှာတုံး ။

သူ ကိုင် လိုက်တာ ပို ကောင်းမည် ဟု ဆုံးဖြတ် လိုက်သည် ။ လမင်းစိုး အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စ ဆို လျှင် တော့ လမင်းစိုး မရောက်သေးဘူး ဟု ပြော လိုက်ရုံသာ ရှိသည် ။ အရေးတကြီး ဖုန်း ဆိုလျှင် မှတ်ထား ရမည် ။

ညိုမောင် တရပ်စပ် မြည်နေသော ဖုန်း နား သို့ ကြောက်ကြောက်ရွံ့ရွံ့ကပ် သွားသည် ။ ဖုန်းသံ က ဒီလောက် ကြာနေပြီ ဆိုတော့ တစ်ဖက် လူ ကိုလည်း အားနာ နေမိသည် ။ စိတ်လှုပ်ရှားစွာ ဖြင့် ဖုန်း ကို ကောက် ကိုင် ပြီး ‘ ဟလို ‘ ဟု ထား လိုက်သည် ။ စိုးရိမ်စိတ် က များ နေသဖြင့် အသံ က တုန်ချင် နေသည် ။

“ လ .. လမင်း လား ၊ ဖုန်း ကို မချပစ်လိုက်ပါနဲ့ နော် ၊ ကိုငြိမ်းလေး ကိုငြိမ်း လမင်း ကို အရမ်းလည်း အားနာတယ် ၊ လမင်း စိတ်ဆိုး မှာ လည်း အရမ်း စိုးရိမ်ပါတယ် ၊ အခုလို ဖုန်း ထဲ ကနေ ပြောဖို့ ကို တောင် မှ အကြိမ်ကြိမ် ကြိုးစားခဲ့ရတာပါ ၊ လမင်း … လမင်း ဖုန်း မချပါနဲ့နော် ”

“ ဂွတော့ ကျကုန်ပြီ ” ဟု ညိုမောင် တွေး လိုက်သည် ။ တစ်ဖက်က ဖုန်း မချဖို့ တွင်တွင် တောင်းပန် ၍ နေသည် ။ ဒီ စကား အသွားအလာ အရ ဆိုလျှင် ရည်းစားစကား ပြောတော့မှာ ဆိုတာလောက်တော့ ညိုမောင် နားလည်ပါသည် ။ ထို့ကြောင့် ညိုမောင် သည် နူတ်ခမ်းတွေ ကို မဖွင့်ဘဲ လည်ချောင်း အသံ နှင့်ပင် ‘ အင်း ‘ ဟု ပြောလိုက်၏ ။

“ ဝမ်းသာလိုက်တာ လမင်း ရယ် ၊ လမင်း ကလေ ဟိုဘာလဲ ဟို ကျွန်တော့် ဘဝ ပါ ၊ ကျွန်တော် လမင်း ကို လက်ထပ် ချင်ပါတယ် ၊ လက်မထပ် ခင် ချစ်သူတွေ လို နေရင်းနဲ့ တစ်ယောက် အကြောင်း တစ်ယောက် ဟိုလေ လေ့လာမယ် ဆိုရင်လည်း လမင်းစိုး သဘောပါပဲ ၊ လမင်း လမင်း ကိုယ် ပြောတာ ကြားတယ် နော် ”

“ အင်း .. ”

“ ဒါဆို လမင်း က ကိုယ့် ကမ်းလှမ်းချက် ကို အခု သဘော တူ ထားတယ်ပေါ့ နော် ၊ အဲဒီလို ကိုယ် ယူဆရမှာလား ဟင် ”

ဒီတစ်ခါတော့ ပါးစပ် ပိတ်ပြီး အင်း လို့ မပြောရဲတော့ ၊ ဒီလို ပြောလိုက်လျှင် ပြဿနာတွေ အများကြီး တက် လာနိုင်သည် ။ ဒီတော့ အမှန်အတိုင်း ဖွင့်ပြောလိုက်တာ ကောင်းလိမ့်မည် ထင်သည် ။

“ လမင်း ကျွန်တော် ပြောတဲ့ အဓိပ္ပာယ် ကို လက် လက်ခံတယ်နော် ”

“ … … … … … … … … .. ”