ဘာကြီးလဲ

ကိုကို ၏ နာကျည်းသော စကားသံ ဆုံးတော့ လမင်း အရှေ့က ခုံ ကို လက်ဝါးဖြင့် ‘ ဖြန်း ‘ ခနဲ ရိုက်ပြီး ထ ရပ်သည် ။

“ ကိုကို က သူ့ ကို စိန် မခေါ် ခဲ့ဘူးလား ၊ ဂျပန် မှာ သူ့ အပြင် ကိုကို အသိတွေ အများကြီး ရှိတယ် မဟုတ်လား ၊ ပြီးတော့ သူ့တို့ မိသားစု ဂျပန် မှာ အခြေ ချဖို့ ကိုကို ကပဲ စီစဉ်ပေးခဲ့တာ မဟုတ်လား ၊ ဪ … သူ က အခုတော့ ဒါတွေ မေ့ပြီပေါ့လေ ”

“ ညီမလေး အဲဒီ ကိစ္စတွေ တော်ကြစို့ ၊ ကိုကို သူ နဲ့ ဘာမှ မပတ်သတ်တော့ဘူး လို့ တရားဝင် ပြောခဲ့ပြီးပြီ ၊ အဲဒီတော့ ဒီလောက် ကိစ္စလေးတွေ ကို ပြော မနေနဲ့တော့ ၊ ကိုကို ညီမလေး ဖြစ်ချင်တာကို ရအောင် လုပ်ပေးဖို့ အတွက် အဆက်အသွယ် ကောင်းကောင်း ရှာနေတာနဲ့ ဒီလောက် ကြာသွားတာ ၊ ကိုကို ဆုံးဖြတ်ပြီးပြီ ညီမလေး ”

“ အဆက်အသွယ် က ရခဲ့ပြီလား ”

“ နောက် တစ်ခေါက် ပြန် သွားရဦးမယ် ၊ အဲဒီအခါ ကျရင်တော့ ကိုကို့ အတွက် အတွင်းရေးမှုး တစ်ယောက် လိုတယ် … ညီမလေး ကိုယ့် မန်နေဂျာ ဆိုပါတော့ အဲဒါ မရှိရင် သူတို့ နဲ့ စကား ပြောရတာ တော်တော် ခက်တယ် ညီမလေး ”

“ ညီမလေး စီစဉ်ပေးပါ့မယ် ”

“ ခင်မေရာ ဆိုရင် ကော ညီမလေး ”

“ ကိုကို မလော နဲ့ လေ ၊ ညီမလေး က ကိုကို့ အကြောင်း လည်း သိ ၊ သူတို့ အကြောင်း လည်း သိပါ ၊ ကိုကို ဆုံးဖြတ်ချက် ကို ညီမလေး အရမ်း ဝမ်းသာပါတယ် ၊ တန်ဖိုးလည်း ထားတယ် ၊ ချစ်သူ နဲ့ ညီမ … ၊ ညီမ အပေါ် ထားတဲ့ စေတနာပဲ ကိုကို့ အတွက် လည်း ညီမလေး အဆင်ပြေအောင် စီစဉ်မယ် ဆိုတာ ကိုကို ယုံပါ ၊ ကဲ … ညိုမောင့် အကြောင်း နားထောင် ရအောင် ”

ခင်လေး ရောက် မလာခင် ညိုမောင် ကုမ္ပဏီ တွင် ဖြစ်ခဲ့သော ကိစ္စတွေ ကို လမင်း က ချစ်မင်းစိုး ကို ပြောပြသည် ။ လမင်း က ရယ်ရယ်မောမော ပြောပြ နေသလောက် ချစ်မင်း မျက်နှာ မှာ က အရယ်အပြုံး သိပ် မရှိလှပါ ။ လမင်းစိုး လုပ်ခဲ့သော ကိစ္စ ကို ချစ်မင်းစိုး သိပ် သဘော တူချင်ပုံ မရပါ ။

“ ညီမလေး လုပ်ရပ် က ကုမ္ပဏီ တစ်ခု ရဲ့ ဥပဒေ နဲ့မညီဘူး ၊ ခံစားချက်တွေ သိပ် ဆန်လွန်း အားကြီးနေတယ် ၊ ညိုမောင့် ကို ပေးတဲ့ အပြစ်တွေ က လည်း ထုံးစံ မဟုတ်တာတွေ ဖြစ်နေတယ် ၊ညီမလေး ရဲ့ စိတ် က ညိုမောင် နဲ့ ပတ်သတ်ပြီး မူလ နေရာ ပျောက်နေတယ် ၊ ညီမလေး နဲ့ ညိုမောင် ဟာ ကုမ္ပဏီပိုင်ရှင် နဲ့လက်အောက်ငယ်သား လုံးဝ မဟုတ်ဘူး ဖြစ်နေတယ် လို့ ကိုကို ထင်တယ် ”

ချစ်မင်းစိုး စကား ကြောင့် လမင်းစိုး မျက်နှာ တစ်ခုလုံး နီရဲနေသည် ။ သူ ညိုမောင် နှင့် ပတ်သတ်၍ ဒေါသ ကို ပြခဲ့ပါသည် ။ သို့သော် ထိရောက်သော အပြစ် ကိုတော့ မပေးခဲ့မိတာကို ကိုကို က ချက်ချင်း တွေ့ သွားခြင်း ဖြစ်သည် ။

“ ကိုကို ပြောတာ ညီမလေး ဝန်ခံပါတယ် ၊ သူ့ကို လမင်း အလုပ် ထုတ်ဖို့ အထိ စဉ်းစားပါသေးတယ် ၊ ဒါပေမယ့် သူ ဟာ ကိုကို့ ခွင့်ပြုချက် နဲ့ ဝင်ထားတဲ့ သူ မို့ ကိုကို မရှိချိန်မှာ လုပ် လိုက်ရင် မကာင်းလို့ပါ ”

“ ထားပါတော့လေ ”

“ ပြီးတော့ ညီမလေး သူ့ အကြောင်းတွေ ကို စုံစမ်းတော့ Reception မှာ ရယ်ကြတယ် ဆိုတာက ညီမလေး ကို ကား တွန်းပေးတာ ပြော လို့ ရယ်တာ မဟုတ်ဘူးတဲ့ ၊ ညီမလေး ကို ဘယ်လို ခေါ်ရမလဲ ဆိုတော့ သူဇာ တို့က GM လို့ ခေါ်ရမယ် ဆိုတော့ သူက ‘ မ GM ‘ လို့ ခေါ် တာကို သဘော ကျပြီး သူတို့ က ညီမလေး အခန်း ကို ကြည့်ပြီး ရယ်ကြတာတဲ့ ”

“ ဖုန်း ကရော … ”

“ အဲဒါတော့ စုံစမ်းလို့ မရဘူး ၊ သူ က ဘယ်သူ့ ကို မှ မပြောဘူး ”

ထိုအချိန်တွင် ခင်လေး ရောက်လာပြီး ညိုမောင့် ၏ Computer မှတ်တမ်းများ ကို ကြည့်သည် ။ လေးလ အတွင်း တိုးတက်မှု ရလဒ်ကောင်းတွေ ဖြစ်နေသည် ။

“ အရမ်း ကြိုးစားတယ် မမ ၊ သူ ဘာကို ဖြစ်ဖြစ် အရမ်း တတ် ချင်နေတယ် ၊ ကုမ္ပဏီ တစ်ခုလုံး က Section File တွေ ကို အကုန် ဖွင့်ပြီး သိသင့်တာတွေ သူ မှတ်တယ် ၊ နားမလည်တာ ရှိရင် ခင်လေး ကို မေးတယ် ၊ တစ်ချို့ ကိစ္စတွေ ခင်လေး သူ့ ကို ခိုင်းကြည့်တာ အဆင်ပြေတယ် မမ ”

“ သူ့အတွက် ဘယ် Subject တွေ လိုဦးမလဲ ”

“ Programing အပိုင်းတော့ သူ သိပ် မသိသေးဘူး မမ ”

“ ကောင်းပြီ ခင်လေး ၊ ညိုမောင့် ကို ဒီအပတ် ပြီးအောင် သင်ပြီး ရင် ရပ် လိုက်တော့ ၊ သူ့ ကို Section တစ်ခု မှာ ပြန် ချထား မှာ ။ မခင်လေး က ညိုမောင့် ကို စနေ ၊ တနင်္ဂနွေ မှာ ကျန်တာတွေ သင် ပေးရမယ် ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ပါ ဆရာ ”

ခင်လေး ချစ်မင်းစိုး ကို အရိုအသေ ပြုပြီး ထွက်သွားသည် ။

“ ညိုမောင့် ကို တခြား Section တွေ ကို မပို့နဲ့ဦး ကိုကို ၊ သူ့ ကို Reception မှာ ပဲ ပြန် ခန့် ထားရမယ် ၊ သူ့ မူလ ရာထူး ကို ပြန် ပေးတယ်ပေါ့ ၊ အဲဒီထက် တစ်ဆင့် မြင့်တဲ့ ရာထူး ကို တန်း ပေးလိုက်ရင် ဝန်ထမ်းတွေ စိတ် ထဲမှာ တစ်မျိုး တွေး ကြလိမ့်မယ် ”

“ ဟုတ်တာပေါ့ ညီမလေး တွေးတာ မှန်တယ် ၊ လူ ခေါ် ဖို့ ကိစ္စလည်း ညီမလေး ပဲ စီစဉ်ပါ ၊ ကိုကို တစ်ပတ် လောက် ဘာမှ မလုပ်ချင်သေးဘူး ကွာ ၊ ရုံး ကိုတော့ လာမယ် ၊ မနက်ပိုင်း ပေါ့ ၊ ပြန်ရောက်လာပြီး ကုမ္ပဏီ ကို ပစ်ထားတယ် ဆိုတာ ကို တော့ အပြော မခံချင်လို့ပါ ၊ ကိုကို ဝင်စာ ကို တို့ ယုံလောက်ပေါ့ ဟုတ်ပြီလား ”

အသည်း ကွဲ လာသော ကိုကို့ ကို လမင်း နားလည်ပေးရမည် ဖြစ်သည် ။ မြသဇင် နှင့် ကိုကို သည် ၅ နှစ် နီးပါး ချစ်သူ တွေ ဖြစ်ခဲ့ကြပြီးမှ အခုလို ပြဿနာ ဖြစ်ကြခြင်း ဖြစ်သည် ။ လမင်းစိုး စိတ် အထင် ကတော့ မြသဇင် သည် ဂျပန် မှာ မျက်စိပွင့် နားပွင့် ဖြစ်သွားသောအခါ ကိုကို့ ကို ငြီးငွေ့လိမ့်မည် ။ ပြီးတော့ ကိုကို ကလည်း တစ်နှစ် မှ တစ်ခေါက် နှစ်ခေါက် သာ သွားရသဖြင့် အနေ ဝေးတာလည်း ပါမည် ။ အနေ ဝေးတော့ မီးဝေး ချိပ်မာ ဖြစ်သွားဟန် တူသည် ။

ညိုမောင့် ကို မူလ Reception တွင် ပြန် ခန့်စာ ကို ရေးပြီး ဝန်ထမ်းရေးရာဌာန သို့ ပို့သည် ။ ပြီးတော့ Diary ထဲမှာ Share member များ နှင့် တွေ့ရန် ဟု ရေးသည် ။ ပြီးတော့ လမင်းစိုး သည် အကြာကြီး တစ်ခု ခု ကို စဉ်းစား နေခဲ့သည် ။ သူ့ အတွက်တော့ မဟုတ် ။ ကိုကို့ အတွက် ဖြစ်ပါသည် ။