ဘာကြီးလဲ

“ မသိသေးဘူးလေ ၊ ကျွန်တော် လည်း တစ်နှစ် မှ မပြည့်သေးတာ ”

ဘာမှ မဟုတ်သည့် ကိစ္စလေး တစ်ခုကို ပြိုင်တူ ရယ်ဖြစ်လိုက်ကြသည် ။

“ ကျွန်တော် လည်း နာရီ အတွက် ရွှေရည်စိမ် လက်ပတ်ကြိုးကလေး လိုချင်နေတာ ၊ အနား မကပ်နိုင် ပါဘူးဗျာ ၊ အကောင်းစား က ငါးသောင်းကျော်လောက် ရှိတာကိုး ၊ အင်း .. ကျွန်တော်တို့ အိမ်မက်ကလေးတွေ က ချမ်းသာတဲ့ လူတစ်ယောက် ရဲ့ သူငယ်ချင်းတွေ နဲ့ ထမင်း စားတဲ့ ညနေစာ သာသာ ရှိတာပါ ၊ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ အခက်အခဲကြီး တစ်ခု ကို ဖြစ် နေရတယ် ”

“ ဘဝတွေ က ဒီလိုပဲလေ ကိုညိုမောင် ရယ် ”

သော်သော် က ခေါင်း ကို ငုံ့ရင်း နွမ်းလျသော အသံဖြင့် ပြောသည် ။

“ ကျွန်တော် ကသာ အခုနေ ငွေ လုံးခနဲ ခဲခနဲ ရရင် သော်သော့် အတွက် ရွှေ နဲ့လုပ်ထားတဲ့ ကလစ်ကလေး ဝယ် ကို ဝယ် ပေးတယ်ဗျာ ”

“ တကယ်လား ”

သော်သော် က အပြုံး နှင့် မေးသည် ။

“ တကယ်ပါ သော်သော် ရယ် ၊ ကျွန်တော် သော်သော် ပျော်တာ ကို မြင် ချင်တယ် ၊ သော်သော် ကျေနပ်တာ ကို မြင် ချင်တယ် ၊ အားလုံးက တေွ့တာ နဲ့ အံ့ဩသွားလောက်အောင် ကို စွဲဆောင်မှု ရှိတဲ့ သော်သော် ရဲ့ ဆံပင်တွေ ကို စုသိမ်းဖို့ ရွှေကလစ်ကလေး တစ်ခု ပေးချင်တယ် ၊ ကျွန်တော် လေ သော်သော့် ကို … ”

သော်သော် က ခေါင်းငုံ့ နားထောင် နေရာမှ အလန့်တကြား ညိုမောင့် ကို မော့ ကြည့်သည် ။ သော်သော့် မျက်ဝန်း အကြည့် မှာ စိုးရိမ်စိတ် ၊ တားမြစ်ချင်စိတ် ၊ တောင်းပန်သည့်စိတ် တွေ အားလုံး ပါသည် ။

ထိုကြောင့် ညိုမောင် သည် ထိုစကား ကို ဆက် မပြောရဲတော့ ။ ပြော၍ မထွက်တော့ ။

“ ငါတို့ မိန်းကလေး ဆိုတာ ဘဝ မှာ တစ်ကြိမ်ပဲ စွန့်စားခွင့် ရတာ ၊ အဲဒါကို မေမေ က အချစ် နဲ့ လဲခဲ့တယ် ၊ မေမေ ဆန္ဒ အရ မေမေ မှန်ပေမယ့် သမီးတို့ တစ်တွေ ရလာပြီး ဘဝ ဆိုတာ ရင်ဆိုင်ရတော့ မှ မေမေ ဟာ ကိုယ့် ဆန္ဒ အတွက် တစ်ကိုယ်ကောင်း ဆန်ခဲ့ပြီးတော့ သမီးတို့ ကို သက်သက်မဲ့ ခေါ် ဒုက္ခ ပေးသလို ဖြစ်မှန်း သိခဲ့ရတယ် ၊ အချစ် ကို သတိထားပါ သမီး ရယ် ၊ ဘဝ ကို အချစ် ကနေ မရွေးချယ်မိပါစေနဲ့ သမီး ”

သော်သော် ငြင်သာစွာ ထရပ်လိုက်သည် ။

“ သော်သော် တို့ ပြန် ကြရအောင်နော် ”

ထိုင်ခုံ ပေါ် မှ အသီးသီး ခေါင်း ငိုက်စိုက် ချ၍ ထ သွားကြသော ညိုမောင့် နှင့် သော်သော် တို့ နှစ်ယောက် ကို ကြည့်ရင်း ယမင်း က ပခုံး ကို တွန့်သည် ။ ပြီးတော့ နူတ်ခမ်းမွေးအာလူးကြော် ကို မပြတ် ဝါးရင်း လမင်းစိုး ကို မဲ့၍ ကြည့်၏ ။

“ ညိုမောင် က ရည်းစကား စကား လောက်တော့ ပြောပြီး ဖြစ်လိမ့်မယ် ၊ ဒါပေမယ့် ကောင်မလေး က မပါသေးတာတော့ သေချာတယ် ၊ နေစမ်းပါဦး မင်း က ဘယ်လို ဖြစ်ပြီး ဒီ ငတိ ကို စိတ်ဝင်စား သွား ရတာလဲ ”

“ အဲဒါ ငါ့ ကိုယ် ငါ လည်း နားမလည်ဘူး ၊ ငါ က ယောက်ျားလေးတွေ နဲ့ ပတ်သတ်လို့ အတွေ့အကြုံ မရှိတာ မှ မဟုတ်တာ ၊ ငါ ရည်းစားတွေ ထားခဲ့ဖူးတာပဲ ၊ အပျော်ပေါ့ လေ ”

“ အဲဒါတွေ ငါ သိပါတယ် ၊ အဲဒီ အပျော်တွေ ကို ဖြတ်ပြီး ဘဝ အတွက် တကယ် စဉ်းစားမယ် လို့ မင်း ပြောခဲ့တာပဲ ”

“ လမင်း က သူ့ ကို ဘဝ အတွက် စဉ်းစားမယ် လို့ မပြောပါဘူး ၊ ဒါပေမယ့် သူ အဲဒီလို သူများ နဲ့ တွဲ နေတာကို လည်း မမြင်ချင်ဘူး ”

“ မင်း ဟာ က သဝန် ကြောင်တာပဲ လမင်းမ ရဲ့ ”

“ မင်း ဒီ ကောင်မလေး နဲ့ ညိုမောင် တို့ အဆောင် က တစ်လမ်းတည်း ဆိုတာ အစ က မသိဘူးလား ”

“ ဟုတ်တယ် ယမင်းမ ရယ် ၊ ငါ မသိလိုက်ဘူး ”

“ မင်း ဆီ မှာ လုပ်ပိုင်ခွင့်တွေ က အများကြီးပါ ကွာ ”

ယမင်း စကား ကြောင့် လမင်း ဘာမှ မပြောတော့ဘဲ ကား ကို မောင်း ထွက်လိုက်သည် ။ ဟုတ်သည် ။ သူ့ မှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိသည် ။ လုပ်စရာတွေ လည်း အများကြီး ရှိသေးတယ် ၊ အခုပဲ ဂျပန် မိတ်ကပ် ၊ အလှကုန်ပစ္စည်းတွေ နှင့် အင်္ကျီတွေ ကိစ္စ ဆွေးနွေးဖို့ ကျန် ရှယ်ယာဝင်များ နှင့် အစည်းအဝေးကလေး တစ်ခု ရှိသည် ။

ယမင်း သည် လည်း သူ့ ရှယ်ယာ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည် ။

အစည်းအဝေး လုပ်မည့် ဟိုတယ်အခန်း ရောက်တော့ လူတော်တော် များနေပြီ ။ အန်တီဘေဘီ ရောက်လာပြီးတော့ ကိုငြိမ်းသာ တစ်ယောက် သာ လိုတော့သည် ။ အန်တီဘေဘီ က သူ့ ကို ပြုံးပြရင်း စာတစ်စောင် လှမ်းပေးသည် ။ လမင်း ကြောင် သွားပြီးတော့မှ ဖွင့် ဖတ်ကြည့်တော့ ကိုငြိမ်းသာ က ရှယ်ယာအဖွဲ့ဝင် အဖြစ် မှ နှုတ်ထွက်ကြောင်း အကြောင်းကြားစာ ဖြစ်၍ နေသည် ။

“ ဘယ်လိုဖြစ်တာလဲ အန်တီဘေဘီ ”

“ အစည်းအဝေး ကို သာ အေးအေးဆေးဆေး လုပ်ပါ လမင်း ၊ အဲဒါပြီးတော့ မှ အန်တီ ရှင်းပြပါ့မယ် ၊ စိတ် အနှောက်အယှက် ဖြစ်စရာ ကိစ္စ မဟုတ်ပါဘူး ၊ အေးအေးဆေးဆေး ပါ ”

အန်တီဘေဘီ က အပြုံး နှင့် ပြော သော်လည်း လမင်း စိတ် ထဲ တစ်မျိုး ဖြစ်သွားတာတော့ အမှန်ပင် ဖြစ်သည် ။

“ ဟုတ်ကဲ့ ကျွန်မ ဒီနေ့ တွေ့ဆုံရတဲ့ပွဲ ကတော့ အဖွဲ့ဝင်တွေ အတွက် ပထမ ကျွန်မတို့ လျာထားတဲ့ ရှယ်ယာရာခိုင်နူန်း ကို တိုးချင်တာ အဓိက ကိစ္စပါ ”

“ ဘယ်လောက်ထိ ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် ရှိမယ်ဆိုတာ သိချင်ပါတယ် ”

“ အခုတိုးမြှင့်တဲ့ ရာခိုင်နှုန်း က ၃၅ ရာခိုင်နှုန်း ပါ ”

စကားဆုံးတော့ Member အချင်းချင်း ပြောကြသံ ဆူညံ သွားပြီး လမင်းစိုး ပေးထားသော စာရွက် ထဲ မှာ သူတို့ ဆုံးဖြတ်သည့် ရာခိုင်နှုန်းတွေ ကို ထည့် ကြသည် ။ လမင်းစိုး ရည်ရွယ်ချက် အတိုင်း ရာခိုင်နှုန်း က ၃၆.၅ ရာခိုင်နှုန်း ဖြစ်သွားသော်လည်း လမင်းစိုး က လက်ခံ ခဲ့သည် ။

“ အခုလို ရာခိုင်နှုန်း တိုး လက်ခံတာက ကျွန်မတို့ နဲ့ ပထမ သဘောတူထားတဲ့ ဂျပန် က ကိုယ်စားလှယ် နဲ့ လုပ်ငန်းသဘော ဆွေးနွေးတဲ့အခါ အကျိုးအကြောင်း က တော်တော်လေး ကွာ သွားတဲ့ အတွက် ကျွန်မတို့ ကိုယ့် လူမျိုးအချင်းချင်း ပဲ စိတ်တူကိုယ်တူ လက်တွဲ ဖို့ ဆုံးဖြတ် လိုက်တာပါ ”

အစည်းအဝေး က အောင်မြင်စွာ ပြီးဆုံးသည် ဟု ပင် ဆိုရမည် ။ အစည်းအဝေး ပြီးသည်နှင့် ကော်ဖီ သောက်ကြရင်း အန်တီဘေဘီ က ပြောသည် ။

“ မောင်ငြိမ်းသာ က လမင်း ကို ရှက် သွားတာလေ ၊ လမင်း လုပ်တဲ့ အကွက် က ရည်မွန်ပါတယ် ၊ ဘယ်သူ မှ သတိ မထားမိအောင် ကို သေသပ်ပါတယ် ။ အန်တီ တောင် မှ ပဲ မောင်ငြိမ်းသာ က ပြော ထားလို့ သိပြီး သဘောပေါက်တာ ”

“ အန်တီဘေဘီ ၊ အန်တီ ပြောတာတွေ လမင်း ဘာမှ နားမလည်ဘူး ၊ လမင်း က ဘာအကွက် လုပ် လို့လဲ ”

“ အမလေး အခု ကိစ္စလည်း ပြီး ပါပြီ ၊ ထပ် လျှို မနေပါနဲ့တော့ ”