ဘာကြီးလဲ

“ အန်တီဘေဘီ ဘာ ကို ပြောတယ် ဆိုတာ လမင်း ကို ရှင်းပြတော့ ”

“ လမင်း ကိုငြိမ်းသာ နဲ့ ပတ်သတ်ပြီးတော့ လေ … ”

“ ကိုငြိမ်းသာနဲ့ … ၊ ဟင့်အင်း သူ နဲ့လမင်း ဘာမှ မပတ်သတ်ဘူး ”

အန်တီဘေဘီ သည် စိတ် ရှုပ်သွားသလို မျက်မှောင် ကို ကျုတ်လိုက်၏ ။

“ မပတ်သက်ဘူး ဟုတ်လား ၊ အင်း … မောင်ငြိမ်းသာ ကလည်း လိမ်စရာ အကြောင်း မရှိပါဘူး ၊ မောင်ငြိမ်းသာ က လမင်း ကို ဖုန်း ဆက်ပြီး propose လုပ်တဲ့ ကိစ္စလေ ”

“ ရှင် … ”

“ လမင်း က ဖုန်း ထဲ မှာ တစ်ခွန်း မှ ပြန်မပြောဘဲ သူ ပြောတာတွေ ကို ပဲ နားထောင်ပြီး ဖုန်း ကို ချ သွားတယ်တဲ့ ၊ ပြီးတော့ အလုပ်ကိစ္စ နှင့် တွေ့တဲ့ အခါကျတော့ လမင်း က အဲဒီ ကိစ္စ ကို လုံးဝ အစ မဖော်ဘဲ နဲ့ လူမှုရေး အရပဲ နေထိုင်ဆက်ဆံတော့ သူ့ ကို တမင် နှိပ်စက်သလို ဖြစ်နေပြီး ၊ပုံမှန် ဆက်ဆံတဲ့ လမင်းစိုး ကို တွေ့တိုင်း သူ ရှက် ရှက်နေရမယ့် အတူတူ ဒီ ရှယ်ယာ က ထွက် လိုက်တာ တဲ့ ”

“ စိတ်မကောင်းတာတော့ အမှန်ပါပဲ အန်တီဘေဘီ ၊ ကျွန်မ ကိုငြိမ်းသာ ကို လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့က လွဲ လို့ ဘယ်လိုမှ ပိုလို့ မရတာ အမှန်ပါပဲ ၊ တစ်ခုတော့ ပြော ပါ့မယ် ၊ အန်တီဘေဘီ ယုံပါ ၊ ကိုငြိမ်းသာ ဆက် တဲ့ ဖုန်း ကို ကိုင်တဲ့ လူဟာ ကျွန်မ မဟုတ်ပါဘူး ၊ ကျွန်မ ကိုငြိမ်းသာ စမသစသျန လုပ်တာ ကို ကျွန်မ လုံးဝ မသိခဲ့တာ အမှန်ပါ ”

“ ဟင် … ဒါဆို အဲဒီ ဖုန်း ကို ကိုင်တာ ဘယ်သူလဲ ”

နောက် တစ်လ အကြာ တွင် လမင်း သည် ရုံးခန်း ကို နှစ်ခန်း ခွဲ ပစ်လိုက်သည် ။ ထို့အတွက် နောက် ဝန်ထမ်း အယောက် ၂ဝ ခန့်ထပ်မံ ခန့် လိုပ်သည် ။ ထို ဝန်ထန်းများ ကို တော့ အန်တီဘေဘီ နှင့် ယမင်း တို့ က ဦးဆောင်ပြီး ရွေးချယ်ကြသည် ။ ထိုရွေးပွဲ တွင် သော်သော့် ညီမ မော်မော် လည်း အလုပ် ရသည် ။

လမင်းသည် ၈ မိုင် ဘက် တွင် ပြောင်း ဖွင့်လိုက်သော သူ့ စမသနြခအ အသစ် အတွက် လူစာရင်း ထဲ တွင် ညိုမောင့် ကို ထည့်ထားပြီး သော်သော့် ကိုတော့ ကိုကို နှင့် မူလ ကုမ္ပဏီ မှာ ပဲ ထားခဲ့ သည် ။

သော်သော် သည် ညနေ ရုံး ဆင်းချိန် အပြီးတွင် ခင်မေရာ ထံမှ ဂျပန်စာ ကို တစ်နာရီခွဲ တိတိ သင်ရသည် ။ ခင်မေရာ က တစ်လ တွင် ( ၁ဝ ) ရက် သာ ပြရပြီး ကျန်သည့်ရက် ( ၂ဝ ) ကို ဂျပန်စာ ကို ကဗျာ က အစ ခံစား၍ ဖတ် နိုင်သော ကိုကို က သင်ပေးသည် ။

ဆရာ ကိုသက်ဝင်း ကိုတော့ လမင်းစိုး က သူ့ အသစ် တည်ထောင်လိုက်သော ကုမ္ပဏီ ဖြစ်သည့် ‘ … … … … … … ‘ တွင် ဒု – ဥက္ကဌ အဖြစ် ခန့် အပ်လိုက်သည် ။ ထို ရာထူး မှာ ကိုသက်ဝင်း နှင့် အသင့်တော်ဆုံး ရာထူး တစ်ခု သာ ဖြစ်သည် ။ ကိုသက်ဝင်း အတွက် အကူ အတွင်းရေးမူးကလေး နှစ်ယောက် က သူဇာ နှင့် ရီရီထွေး တို့ ဖြစ်ပြီး ဝါဝါဦး ကိုတော့ ခင်မေရာ ၏ လက်ထောက် အဖြစ် ခန့်အပ်ထားလိုက်သည် ။

သာမန်ဝန်ထန်းများ ရုံး ဆင်းချိန်တွင် ညိုမောင် မှာ ရုံး မဆင်းရသေး ၊ ဆရာကိုသက်ဝင်း ၏ အသင့်တော်ဆုံး ဘာသာရပ် ဖြစ်သော စီးပွားစီမံခန့်ခွဲမူ အတက်ပညာ ဖြစ်သော ‘ Dealing with People ‘ ကို တစ်ပတ် လျှင် ၃ ရက် သင်စေသည် ။ ထို ဘာသာ သည် ကိုသက်ဝင်း အကျွမ်းကျင်ဆုံး ဘာသာရပ် ဖြစ်သည် ။ ပြီးတော့ ကိုသက်ဝင်း က ညိုမောင့် အပေါ် ချသော မှတ်ချက် ကို ကြားရတော့ လမင်း ဝမ်းသာ မိသည် ။

“ ညိုမောင် က ပညာ ဆိုရင် ဘာ ပညာ ဖြစ်ဖြစ် ယူမယ် ဆိုတာ ချည်းပဲ ၊ပြီးတော့ သူ့ မှာ အကောင်းဆုံး အချက်က မသိရင် နားမလည်ရင် သူ့ စိတ်ထဲ ရှင်းပြီး တိတိကျကျ သိသွားတဲ့ အထိ မေး တက်တာပဲ ၊ အဲ့ဒီတော့ သူ့လို လူမျိုး ကို သင် ရတာ သိပ် ကောင်းတယ် ”

ဒီနေ့တော့ လမင်း က ညိုမောင် နှင့် ဆရာကိုသက်ဝင်း တို့ စာ သင်နေသော အခန်း ကို ဒီဘက် အခန်း မှ ထိုင် ကြည့်နေသည် ။ ထို အညိုရောင် မှန်ချပ် သည် ကိုသက်ဝင်း နှင့် ညိုမောင် တို့ က တစ်ဖက်မှ ထိုင်ကြည့်နေသော လမင်းနှင့် ယမင်းကို မမြင်ရပါ ။ အသံ ကို လည်း လမင်း တို့ ဘက် ကို ဆောင်းဘောက် ( စ် ) တစ်လုံး ထုတ် ထားသဖြင့် ကြား ရသည် ။

“ ဒီနေ့ မင်း ကို အပိုဆုကြေး လို့ ခေါ်တဲ့ ( Giving Bonuses ) အကြောင်း ပြောပြမယ် ၊ Bonuses ပေးတယ် ဆိုတာ ကုမ္ပဏီ ရဲ့ ငွေကြေးအောင်မြင်မှု ကို ဝေစား မျှစား လုပ်တဲ့ မြှူစွယ်မူ မဟုတ်ဘူး ဆိုတာတော့ သတိ ထားရမယ် ”

“ မမြတ်စွန်းရင်လည်း ပေးမယ်ပေါ့ ”

“ ဟုတ်တယ် ၊ ဒါပေမယ့် အမြတ်စွန်း ဆိုတာ ရှိလာမှပဲ Bonuses ကို စဉ်းစားလေ့ ရှိတယ် ၊ ဒီနှစ် ၊ ဒီလ အမြတ် ရတယ် ဆိုတာကို ဝန်ထမ်းတွေ က သိလိမ့်မယ် ၊ အဲ့ဒီ အချိန်မှာ နည်းတာ များတာ ထက် ကုမ္ပဏီ ရဲ့ အမြတ် နဲ့ သူတို့ ဟာ တစ်သားတည်း ရှိကြောင်း ပြတဲ့ အနေနဲ့ Bonuses ကို ပေးသင့်တယ် ”

ညိုမောင် စိတ်ရှည် လက်ရှည် နဲ့ လိုက် မှတ်နေသည် ။

“ ပြီးတော့ Using Incentives ဆို တဲ့ ဆွဲဆောင်မှု အမြင် ကို ရဖို့ အရေးကြီးတယ် ၊ ဒီ ကုမ္ပဏီ ရဲ့ ကြီးပွားတိုးတက်မှု ဟာ သူတို့ ပြင်ပ ဘဝတွေ ကြီးပွားမှု နဲ့ ထပ်တူထပ်မျှ ကျနေတယ် လို့ ကုမ္ပဏီ ရဲ့ဝန်ထမ်းတွေ က ခံစား နေရမယ် ၊ ဒီ ကုမ္ပဏီ တိုးတက်ဖို့ စေတနာ ရှိနေရမယ် ၊ ကဲ မင်း ဒါကို လက်ခံသလား ၊ ဘာ မေးစရာရှိသလဲ ”

“ မရှိတော့ပါဘူး ဆရာ ”

လမင်း နှင့် ယမင်း တို့ အခန်း ထဲ ထွက်ခဲ့ကြသည် ။ နောက်ထပ် ၁ဝ မိနစ် ဆို လျှင် စာ သင်တာ ပြီးတော့မည် ။

“ လမင်းမ မင်း အစီစဉ်တွေ က သိပ် စိတ်ဝင်းစားဖို့ ကောင်းနေတယ် ၊ ဒီတော့ မင်း ရယ် ၊ မင်း ကိုကို ရယ် ၊ခင်မေရာ ရယ် ၊ ညိုမောင် ရယ် ကိစ္စ ကို ကိုယ် သိချင်တယ် လမင်းမ ”

ဆရာကိုသက်ဝင်း နှင့် ညိုမောင် တို့ ကို အိမ်ပြန် ပို့ပေးရန် စောင့်နေသော ဦးဌေးဝင်း က လမင်းစိုး ကို ခေါင်းတစ်ချက် ညိတ်ပြီး အရိုသေပြု နှုတ်ဆက် သဖြင့် စကား က ခဏ ပြတ်သွားသည် ။ ကားပေါ် တက် ပြီး ကားမောင်း ထွက် တော့မှ လမင်းစိုး က ပြောသည် ။

“ ယမင်းမ မင်း က ငါတို့ ကုမ္ပဏီ ရဲ့ အစုရှယ်ယာဝင် တစ်ယောက် ဖြစ်နေတဲ့ အတွက် ကုမ္ပဏီ ရဲ့စည်းကမ်း အရ လျှို့ဝှက်မှု ကို ပြောလို့ မရဘူး ၊ အဲ့ဒီတော့ ဆော်ရီး ပဲ ယမင်းမရေ ”

“ ခွေးမလေး …”

“ ညိုမောင် မင်း သွေးအေးအေး နဲ့ စဉ်းစားဖို့လိုတော့ ကောင်းတယ်နော် ၊ မင်း ပြောတာ ကို ငါတို့ နားထောင် နေရသမျှ အရ ဆိုရင်တော့ ကိုချစ်မင်းစိုး ဟာ သိက္ခာ ရှိတဲ့ လူ တစ်ယောက်ပဲ ၊ ပြီးတော့ သွားတဲ့ နေရာ ကလည်း သူ လူ မြင်သာတဲ့ အချိန် ညနေ ၊ ကရဝိတ်ဟိုတယ် ရဲ့ အပြင်ဘက် ခုံ မှာ ထိုင်တာ ”

“ ငါ ကတော့ သော်သော် နဲ့ ရှင်း ချင်တယ် တိုးလွင် ရာ ”

“ မင်း က သော်သော် နဲ့ ရှင်း ရအောင် သော်သော် က မင်း ရည်းစား မို့လို့လား ”

ကိုဇော် စကား ဆုံးတော့ ညိုမောင် ပါးစပ် ပိတ် သွားကသည် ။

သော်သော် သည် သူ့ ကို စေတနာ ဘယ်လောက် ရှိခဲ့သည် ဆိုတာ သူ သိပါသည် ။ သူ သိသလို တစ်ဆောင်တည်း နေသော သူငယ်ချင်းများ လည်း သိ ပါသည် ။ သူ ကြက်သားဟင်း ဝယ်လျှင် အနှစ်ခပ်များများ လည်ချောင်းရိုး ၊ တောင်ပံ ၊ ခြေထောက် စတာတွေ သုံးလေးခု အပို ပါမြဲ ဖြစ်၏ ။ ထို ဟင်းများ ၏ တန်ဖိုး ကို ငွေကြေး ရေတွက်၍ မရ ။ စေတနာ ၊ မေတ္တာ ၊ ပြီးတော့ ရင် ထဲ မှာ ဖြစ်တည်နေသော ခံစားမှု ။

“ အေး … ငါ နဲ့ သူ က ချစ်သူ တော့ မဟုတ်ကြဘူး ၊ အဲ့ဒီ အချစ် ဆိုတာကို နားလည်ပြီး အဲဒီ အနား ကို မကပ်ရဲတဲ့ လူ နှစ်ယောက် ပဲ ”

“ ကောင်းပြီ ၊ ဒါဆို အဲဒီ ကိစ္စ ကို အေးအေးဆေးဆေး ဖြေရှင်းတာ အကောင်းဆုံး မဟုတ်လား ”