ဘာကြီးလဲ

ဒါကိုတော့ ညိုမောင် ငြင်းစရာ ကိစ္စ မရှိပါ ။ သူ နှင့် သော်သော် ရုံးချင်း မတူသည့် တိုင်အောင် စနေ ၊ တနင်္ဂနွေ ကိုတော့ ရပ်ကွက် ထဲ မှာ တွေ့စရာ ရှိပါသေးသည် ။ ထို့ကြောင့် ညိုမောင် သည် ကိုမိုး ပြောသော အစီအစဉ် ကို ဘာမျှ မပြောတော့ပဲ ခေါင်းညိတ် ၍ လက်ခံလိုက်သည် ။

ဒီတော့မှ တိုးလွင် က စကားဆိုသည် ။

“ မင်း … ဟာ … ဟို တောကြိုတောင်ကြား ထဲ က နေပြီး ရန်ကုန်မြို့ပေါ် တက် လာပြီး ဘဝ အတွက် တိုးတက်မှု ကို ရှာမယ် ဆိုတဲ့ မင်းရဲ့ ဆုံးဖြတ်ချက် ကို တော့ မမေ့နဲ့ပေါ့ ကွာ ”

“ ငါ သိချင်တာ လည်း သော်သော် ငါ့ အပေါ် စေတနာ ပျက် မပျက် ဆိုတာ ကို ပဲ သိချင်တာပါ ”

“ မင်း ကို ငါ မေးခွန်း တစ်ခွန်း မေးချင်တယ် ညိုမောင် ၊ မင်း အမှန် အတိုင်းတော ငါတို့ အားလုံး ရှေ့မှာ ဖြေရလိမ့်မယ် ၊ ဘယ်လိုလဲ ”

“ ဘာမေးခွန်းလဲ ”

ညိုမောင် သည် ကျားသုံးကောင် ကို ဓားမြောင်တစ်ချောင်းတည်း နှင့် ရင်ဆိုင် နေသော မုဆိုးတစ်ယောက် လို ဘယ်သူ ကို မှ အလစ် မပေးရဲတော့ဘဲ မေးသည် ။

“ သော်သော် နဲ့ ပတ်သက်တဲ့ မေးခွန်း … ”

“ လမင်းစိုး နဲ့ ပတ်သက်တဲ့ မေးခွန်း … ”

ညိုမောင်သည် သူ့လက်သီး နှစ်ဖက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကိုမိုး ပြောသော ကိစ္စ ကို စဉ်းစားသည် ။ ထိုမိန်းကလေး နှစ်ယောက် အတွက် သူ ရိုးသားခဲ့တာလည်း ရှိပါသည် ။ မရိုးသားခဲ့တာလည်း ရှိပါသည် ။ ထိုအရာ နှစ်ခု သည် တစ်ခုချင်းစီ မဟုတ်ဘဲ တစ်ခု နှင့် တစ်ခု ပတ်သက် ဆက်နွယ်လျက် ရှိသည် ဆိုတာ ကိုတော့ ညိုမောင် ဝန်ခံရမည်ဖြစ်သည် ။

“ မေးကွာ ၊ ငါ မညာဘဲ ဖြေမယ် ”

“ ကောင်းပြီ … ”

သူတို့ အဆောင် ရုတ်တရက် တိတ်သွားသည် ။

ညိုမောင် သည် ခေါင်း ကို ငုံ့ ၍ လက်သီး ကို ဆုပ်ထားရင်းအာရုံတွေကို စုစည်းထားရသည် ။

“ မင်း အချစ် အတွက် သော်သော့် ကို ချစ်သလား ၊ လမင်းစိုး ကို ချစ်သလား ”

“ ———— ”

“ အေး … နောက် မေးခွန်း တစ်ခု က မင်း ဘဝ အတွက် လမင်းစိုး ကို ချစ်သလား ၊ သော်သော့် ကို ချစ်သလား ”

“ ———— ”

ရုံးသူရုံးသားများ အားလုံး ပြန်သွားကြပြီဖြစ်သဖြင့် ှသူသ ကုမ္ပဏီ သည် တိတ်ဆိတ်၍ နေသည် ။ ထို တိတ်ဆိတ်မှု ထဲ မှာ မှ လမင်းစိုး ၏ အခန်း ထဲ သို့ ဝင်၍ သော်သော် ကြောက်ရွံ့ နေမိမှာ အမှန်ပင် ဖြစ်သည် ။

ပို၍ ကြောက်ရွံ့သောအကြောင်း က ပြီးခဲ့သည့် အပတ် သောကြာနေ့ က သူ့ ဆရာ ချစ်မင်းစိုး နဲ့ သူ ကန်တော်ကြီး က ကရဝိတ်ဟိုတယ် မှာ ညနေစာ စားဖို့ ဆရာ က အဖိတ် မှာ ထမင်း အတူ စားနေကြစဉ် ၊ လမင်းစိုး က ကား ပေါ် က တွေ့သွားခြင်း ဖြစ်ပြီး ၊ လမင်းစိုး နံဘေးတွင် လည်း ထိုင်နေသူ က ကိုညိုမောင် ဖြစ်နေသည့် အတွက် အခု လမင်းစိုး ၏ အခန်း ထဲ သို့ ဝင်ရန်ကြောက်ရွံ့နေခြင်း ဆိုလျှင် ပို မှန်လိမ့်မည်ဖြစ်သည် ။

နောက်ဆုံးတော့ အခန်း အပြင်ဘက် မှာ နှုတ်ခမ်း ကို ခပ်နာနာ ဖိကိုက်ရင်း တံခါးလက်ကိုင် ကို လှည့်ပြီး ဝင်လိုက်သည် ။

GM တစ်ယောက် ၏ ခုံ တွင် လမင်းစိုး အပြင် မမယမင်း ကို ပါ တွေ့လိုက်ရသဖြင့် နည်းနည်းတော့ အား ရှိသွားသည် ။ လမင်းစိုး က ‘ ထိုင်ပါ ‘ ဆိုသည့် စကား ကို အသံဖြင့် မပြောဘဲ ခေါင်းသာ ညိတ်ပြ၏ ။ အခန်း သည် တိတ်ဆိတ်၍ နေသည် ။

သူ လမင်းစိုး က မေးဆပ်ပြသော ခုံ တွင် ဝင် ထိုင်ပြီးသည့် အချိန်တွင် လမင်းစိုး က သော်သော့် ကို စာရွက်တစ်ရွက် လှမ်း ပေးသည် ။ ထို စာရွက် ကို သော်သော် ဖတ်ကြည့်လိုက်တော့ သူ့ ဆရာ ချစ်မင်းစိုး နှင့် အတူ ဂျပန်ရုံး တွင် ထိုင်ပြီး ချစ်မင်းစိုး ၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ရန် ရာထူးရွေးချယ် ကြေညာချက် ဖြစ်သည် ။ အဓိက ဦးစားပေး က ဂျပန်ဘာသာ ကို တတ်ကျွမ်းရမည် ။

ပထမ တော့ သော်သော် နားမလည်သေးပါ ။ ထို့ကြောင့် မေးရသည် ။

“ ဒီ ခေါ်စာ ကို ကျွန်မ က … ”

“ မင်း ဝင် ဖြေရလိမ့်မယ် ၊ သော်သော်လင်း ၊ အဲဒီ ရာထူး အတွက် မင်း ကို ငါတို့က ကြိုဆိုတယ် ၊ တို့ ဒီမှာ ရှိတဲ့ ကုမ္ပဏီ ရဲ့ အောင်မြင်မှု ရှိ မရှိဟာ ကိုကိုဂျပန် မှာ စိတ်လက်ချမ်းသာ နဲ့ အလုပ် လုပ် ပေးနိုင်ဖို့ လူလိုတယ် ၊ အဲဒီ လူ ဟာ မင်း ပဲ ဆိုတာကို ဟိုနေ့ ကတည်း ကတို့ သိလိုက်ပါတယ် ”

လမင်းစိုး ပြောသော ဟိုတစ်နေ့ ဆိုတာကို သော်သော် လည်း သိပါသည် ။ ဒါပေမယ့် ဒီလို တစ်ယောက်တည်း ခေါ် ပြောတာ ကို တော့ ထူးဆန်းနေသည် ။

“ ဒီနေရာ က ဆရာမ ခင်မေရာ နဲ့ … ”

“ မင်း အခု ခင်မေရာ က သင်ပေးထားလို့ ဂျပန်စာ ကို ရေးတတ် ဖက်တတ် နေပြီပဲ ၊ ဂျပန် မှာ တစ်နှစ်လောက် နေလိုက်ရုံ နဲ့လုံလောက် သွားမှာပါ ”

လမင်းစိုး စကား ဆုံးတော့ မှ မယမင်း က အပြုံး နဲ့ စကား ကို စ၏ ။

“ ညီမလေး ပြောသလိုပဲ ခင်မေရာ ဟာ ဒီ နေရာ နဲ့ အထိုက်တန်ဆုံး ပါ ၊ ဒါပေမယ့် ကိစ္စလေး တစ်ခု နဲ့ က လာ ငြိနေတယ် ၊ အဲဒါက ခင်မေရာ မှာ ချစ်သူ ရှိတယ် ၊ လက်ထပ်ဖို့ ရက်ကလည်း ရွေးပြီးသား ဖြစ် နေတယ် ၊ ပြီးတော့ အဲဒီ သူ့ အမျိုးသား က ခင်မေရာ နဲ့ ချစ်မင်းစိုး တို့ နှစ်ယောက်တည်း ဂျပန် ကို အတူ သွားကြမှာ ကို လုံးဝ သဘော မတူဘူး ၊ ဒီတော့ ကိုချစ်မင်းစိုး အတွက် အသင့်တော်ဆုံးဟာ ညီမလေး ပါ ပဲ ”

သော်သော် ခေါင်း ငုံ့ ထားလိုက်သည် ။ သူ့ ဘဝ တစ်ခုလုံး အတွက် ရတောင့်ရခဲ လှသော အခွင့်အရေး ။ ဖေဖေ့ ကို ပန်တိမ် အလုပ် မှ နားစေချင်သည် ။ ညီမလေး ကို ရွှေဆွဲကြိုးကလေး တစ်ကုံး ၊ လက်စွပ်ကလေး လေးငါးကွင်း နှင့် ဖြစ်စေ ချင်သည် ။

ပြီးတော့ မည်းမှောင်ကြပ်တည်းလှသော တိုက်အိမ် မဟုတ်သော ထရံကာ နှစ်ထပ်အိမ်ကလေး မှ လွတ်မြောက် ချင်သည် ။

အခု သူ့ ကိုခေါ် တွေ့ ခံရသော ပွဲတွင် စကားလုံး တစ်လုံး မှ မပါသော စကားလုံး ကို သူ သဘော တူ လိုက်ပါသည် ။

“ ကျွန်မ နားလည်ပါပြီ မမလမင်းစိုး ”

••••• ••••• ••••• •••••