ဘာကြီးလဲ

“ ကိုညို့ ကို ဖေဖေ က ဖျာသမား မှတ်ပြီး မခေါ်ခဲ့ရင် ၊ သော်သော် တို့ နဲ့ကိုညို သိမှာ မဟုတ်ဘူးနော် ”

“ ဖြစ်ပြီးခဲ့တာတွေ အားလုံး က စနစ်တကျ ဖြစ်ခဲ့တာတွေ ချည်းပါပဲ ၊ သော်သော် ရယ် ၊ မဖြစ်သေးတာ မှာ အကျိုး နဲ့အကြောင်း တစ်ခုခု ကြောင့် ဖြစ်တာ လွှဲ သွားနိုင်ပေမယ့် ဖြစ်ပြီးတာ မှာတော့ သူ့ အကျိုးရော ၊ သူ့ အကြောင်းရော က ပြည့်စုံ နေတာပါပဲ ”

“ ကိုညို ပြောတာတွေ လည်း ဘုန်းကြီး တရားဟောတာ ကျနေတာပဲ ”

ညိုမောင် ရယ် လိုက်သည် ။ တနင်္လာနေ့ ကျလျှင် သော်သော်သည် ကိုချစ်မင်းစိုး မန်နေဂျာ အဖြစ် ဂျပန်နိုင်ငံ သို့ ရောက်သွား ရတော့မည် ။

တစ်ရုံးလုံး က ထို ရာထူး ကို ခင်မေရာ ရလိမ့်မည် ဟု ထင် သော်လည်း သော်သော် ရသွားသည့် အတွက် အံ့အား သင့်ခဲ့ရသည် ။ ခင်မေရာ့ ကိုတော့ လမင်းစိုး က သူ့ မန်နေဂျာ အဖြစ် လခ အမြင့်ဆုံး ပေး ခန့်ထားခဲ့သည် ။

“ ဟုတ်တယ် ၊ ကျွန်တော် က ဘုန်းကြီးကျောင်း မှာ ငယ်ငယ်ကလေး တည်း က နေခဲ့တာ ဆိုတော့ တရားဓမ္မ နဲ့ ယဉ်ပါးတယ် ၊ ကျွန်တော် ဟာ နေ့စဉ် တရား ကို ကြားခဲ့ရတယ် ၊ ဓမ္မ ကို ကြားခဲ့ရတယ် ၊ ကိုယ် ဖြစ်ချင်တာ ကို ဖြစ်အောင် လုပ်တာဟာ ဓမ္မ ကို ဆန့်ကျင်တာပဲ ၊ ကိုယ် ဖြစ်တာ ကို တရား နဲ့ ဒါမှမဟုတ် ဓမ္မ နဲ့ ဖြစ်ဖို့ ကျိုးစားခြင်းသာ အမှန် ဖြစ်တယ် ”

“ ကိုညိုမောင် ဒီ ည ဘာတွေ ပြောနေမှန်းကို မသိဘူး ”

“ ဟုတ်တယ် ၊ ကျွန်တော် က သိတာတွေ ကို မပြောဘဲ မသိတာတွေ ကို ပဲ ပြောတဲ့အတွက် သော်သော် နားမလည်တာပါ ၊ နက်ဖြန် သော်သော် ကို နူတ်ဆက်ပွဲ လုပ်မယ့် နေ့ ကျွန်တော် မအားဘူး သော်သော် ၊ လာနိုင်မှာ မဟုတ်ဘူး ”

“ ဟင် … ဘာဖြစ်လို့လဲ ”

“ ပဲခူး က ကုမ္ပဏီ မှာ ပြဿနာ တစ်ခု ဖြစ်လို့ ခဏ သွား ရှင်းရမယ် ”

“ ဪ … ”

သူတို့ နှစ်ယောက်လုံး စကား တိတ်သွားကြသည် ။

ညိုမောင် သည် အိမ်တွေ ထဲ က အလင်းအချို့ ၊ လမ်းမီးတိုင် အလင်းတစ်ဝက် နှင့် လရိပ် မှ ကိုယ်ချင်းစာ အလင်းဖြာကလေး တွေ အောက် က သော်သော့် မျက်နှာကလေး ကို ငေး၍ နေခဲ့သည် ။

“ အဲဒီနေ့ က ကုမ္ပဏီ မှာ သော်သော့် အတွက် နူတ်ဆက်ပွဲ နေ့လေ ”

“ ဟုတ်တယ် ၊ အဲဒီ နေ့ ကို ပဲခူး ကို အခိုင်း ခံရပါတယ် ဆိုမှ ”

“ ဪ .. ”

တိတ်ဆိတ်သွားကြပြန်သည် ။

“ ဘယ်သူ က ကိုညို့ ကို ပဲခူး ကို ခိုင်းတာလဲ ဟင် ”

“ လမင်း … စိုး ”

“ ဪ … ”

ညိုမောင် သည် ခေါင်းကလေး မော့ရင်း ကြယ်တွေ ကို ငေးနေသော သော်သော့် နဖူးကလေး ကို ငုံ့ နမ်းလိုက်ဖို့ ရင်ထဲ လှိုက်ခနဲ ဖြစ်သော ခံစားမှု နှင့် ကြံစည်လိုက်သေးသည် ။ သို့သော် တစ်ဘဝလုံး ရိုးရိုး ပဲ နေခဲ့သော လူမျိုး သည် ဒီလို လုပ်ဖို့ ဘယ်တော့မှ ကိုယ့် ကို ကိုယ် ခိုင်း၍ မရတတ်ပါ ။

“ လေဆိပ် ကို တော့ ရောက်အောင် လာခဲ့မယ်လေ ”

“ သော်သော် ပြောစရာ ရှိတာတွေကိုလည်း ပြောပါရစေဦး ၊ သော်သော် ဒီ အလုပ် ကို ရတာ အခုလို ဂျပန်နိုင်ငံ ကို သွားရတာ အားလုံးဟာ ကိုညို့ ကူညီမှုတွေ ပါ ပဲ ”

“ ကျွန်တော် က အသိ ပေးတာပါ ၊ ကျန်တာ က ကိုယ့် အရည်အချင်း နဲ့ ကိုယ်ပါ ”

“ မဟုတ်ဘူး ၊ နောက်ဆုံး ဂျပန် ကို သွားရဖို့ အထိ က ကိုညို ကူညီတာပဲ ၊ ကိုညို့ နေရာမှာ တခြား လူ ဆို သော်သော် ဂျပန် ကို မသွားရဘူး ၊ အဲဒီ အတွက် ကိုညို့ ကိုအမြဲ အမျှ ပေးနေမယ် ၊ သော်သော် ကုသိုလ် တွေ အားလုံး ကိုညို ရကို ရ ရမယ် ”

စကား ဆုံးသည်နှင့် သော်သော် သည် သူတို့ အိမ် ရှိရာဘက် သို့ ပြေး ထွက်သွားသည် ။ ညိုမောင် အဆောင် ရှေ့ က ခုံတန်းကလေး မှ ထ လိုက်သည် ။ သူ နှင့် သော်သော် ပြောခဲ့သော စကားများ ကို သူငယ်ချင်းများ အားလုံး ကြား ကြပါလိမ့်မည် ။

လေယာဉ်ကွင်း ဆို တာ ကို တစ်ခါမျှ မရောက်ဘူးသော ညိုမောင် သည် လေယာဉ်ပျံတစ်စင်း ကောင်းကင်ယံ သို့ အသွား လေဆိပ်သို့ ရောက်ပြီး ကားပေါ် မှ အဆင်းဖြစ်သည် ။

ရုံးတွင် ချိန်းထားသော အချိန် နောက်ကျသွားသဖြင့် ညိုမောင် လေယာဉ်ကွင်း သို့ လိုက်ရခြင်း ဖြစ်ပါသည် ။ လိုက်ရသည့် ကိစ္စ က သော်သော့် အတွက် တစ်သက်လုံး အမှတ် ရနိုင်စရာ လက်ဆောင်ကလေး ကို ပေးချင်၍ ဖြစ်ပါသည် ။

ထို လက်ဆောင် သည် …

သော်သော် ကုမ္မဏီ သို့ ဝင် ကတည်းက လခ ထုတ်တိုင်း တဖွဖွ အိမ်မက် မက်ရင်း မျှော်လင့်ခဲ့ရသော ရွှေ ငါးမူးသား စိမ် ထားသည့် လိပ်ပြာပုံ ဆံညှပ်ကလေး သာ ဖြစ်ပါသည် ။ ထို ဆံညှပ်ကလေး ကို ဆံပင်တွေ သိပ် လှသော သော်သော့် အတွက် သူ ပေးချင်နေခဲ့တာ ကြာပြီ ဖြစ်သည် ။

သို့သော် သူ့ မှာလည်း ထိုမျှလောက်သော ငွေကြေး က မပြည့်စုံခဲ့ပါ ။ အခု သော်သော် ဂျပန် ကို သွားရတော့မည် ဆိုတော့ သူ့ လက်ပတ်နာရီကလေး ကိုကိုဇော့် အဆက်အသွယ် နှင့် သွား ရောင်းတော့ ဆွစ်ဇာလန်မိတ် ခေတ်ဟောင်းနာရီကလေး မို့ နာရီ ထက် အဟောင်း ဆိုသော ခုနှစ်သက္ကရာဇ် ဈေးကြောင့် မမျှော်လင့်ထားသော ဈေး ကို ရခဲ့သည် ။

သုံးသိန်းနှစ်သောင်း ။

ထို ငွေ နှင့်ပင် သော်သော့် အတွက် ရွှေငါးမူးသား နှင့် ရုရှားစိန်ကလေးတွေ ပါသော ကလစ်ကလေး တစ်ခု ကို ကိုမိုး အကူအညီဖြင့် ဝယ် ခဲ့သည် ။ အခု သူ လေဆိပ် ရောက်တော့မှ လေယာဉ်တစ်စင်း က ထွက်သည် ။ သော်သော် ပါ သွားပြီလား ။

သူ စိုးရိမ်စိတ် နှင့် အတင်း ပြေး ဝင်တော့ လူတွေ ဝရုန်းသုန်းကား ဖြစ်သွားကြသည် ။ တာဝန်ရှိသူတွေ က သူ့ ကို အတင်း လိုက်ပြီး ဝိုင်း ဖမ်း ထားကြ၏ ။

“ ကျွန်တော် လက်ဆောင် ပေးချင်လို့ပါ ၊ ဂျပန် ကို သွားမယ့် လေယာဉ် က ကျွန်တော့် မိတ်ဆွေ ကို လက်ဆောင် ပေးချင်လို့ပါ ”

“ ခင်ဗျား မှာ အထဲ ဝင်ခွင့်လက်မှတ် ပါသလား ”

“ ဘာလဲဗျာ ၊ ကျွန်တော် မသိဘူး ”

“ မှတ်ပုံတင် ရော ပါ သလား ”

“ မပါဘူး ခင်ဗျ ”

“ တကိုယ်လုံး သေသေချာချာ ရှာ ရုံးခန်း ထဲ ခေါ်သွား ”

လေဆိပ် အတွင်း ရှိ လူတွေ ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် လမင်းစိုး နှင့် ယမင်း က ညိုမောင့် ကို တွေ့ သွားခြင်းဖြစ်ပါသည် ။

“ လမင်းစိုး ကူညီပါဦး ၊ ကျွန်တော် သော်သော့် အတွက် လက်ဆောင် ပေးချင်လို့ သော်သော် လေယာဉ်ပျံ ထွက်သွားပြီလား ”

“ မထွက်သေးဘူး ၊ ရှင် ဝင်လို့မရဘူး ၊ ဘာ ပေးချင်တာလဲ ပေး ”

စကား ဆုံးတော့ ညိုမောင် က ဘူးကလေး တစ်ခု လှမ်းပေးသည် ။