ယမင်း က လေဆိပ် မှ တာဝန်ခံအရာရှိ ကို ရှင်းပြ ပေးနေသည် ။လမင်းစိုး က ညိုမောင့် လက်ဆောင်ကလေး ကို ယူပြီး External ထဲ သို့ အပြေး သွားရသည် ။ ကံကောင်းသဖြင့် လမင်းစိုး ရောက်ချိန်တွင် သော်သော် နှင့် ကိုကို က နေရာ မှ ထကာစကလေး ပဲ ဖြစ်ပါသည် ။
“ သော် … သော် … သော်သော် ”
လမင်းစိုး ၏ အော်သံ ကို သော်သော် ကြားပါသည် ။ လှည့် ပြေးထွက်လာ၏ ။
“ မင်း ကို ညိုမောင် ပေးလိုက်တာ ”
“ ဟယ် သူ လာသလားဟင် ”
“ လာတယ် ၊ လက်မှတ် မရှိလို့ ဒီ အထဲ ကို မဝင်ရဘူး ၊ သူ အပြင် မှာ ရော့ ”
သော်သော် လမင်းစိုး လှမ်း ထိုးထည့်ပေးသော ဘူးကလေး ကို ကိုင်ရင်း … ရင်တွေ တဆတ်ဆတ် တုန်နေသည် ။
“ မလမင်း သော်သော် လည်း သူ့ ကို လက်ဆောင် ပေး … ပေးခဲ့ပါရစေ ”
“ ပေးလေ …”
သော်သော် သည် လွယ်ထားသော အိတ် ကို ချပြီး ဖွင့်ကာ ဘေးအိတ် ၊ အလယ်အိတ် စသည်ဖြင့် ရှာပါသည် ။ ချစ်မင်းစိုး က သော်သော့် အနား မှာ ရပ်ရင်း ပြောသည် ။
“ သော်သော် ခရီးသည်တွေ တက် နေပြီနော် ”
“ ရတယ် ခဏလေး ”
သို့သော် သော်သော် ဘာ ကို ရှာနေမှန်း မသိသော မောင်နှမ နှစ်ယောက် က အသည်း တထိတ်ထိတ် ဖြင့် စောင့်၍ နေရ၏ ။
“ သော်သော် လေယာဉ် ထွက်ခါနီးပြီ ၊ ဟို ရောက်တော့ မှ လှမ်း ပို့လိုက်တော့ ၊ လေယာဉ်ပေါ် တက်တော့ ”
“ ရတယ် .. အော် … . တွေ့ပြီ မမလမင်း ၊ ဒါလေး ကို ကိုညိုမောင့် ဆီကို ရောက်အောင် ပို့ပေးပါနော် ”
“ သော်သော် လာတော့ ကွာ ဟိုမှာ လေယာဉ်မယ်က ခေါ်နေပြီ ”
ချစ်မင်းစိုး နှင့် သော်သော် တို့ ပါသွားသော လေယာဉ်ပျံကြီး ကောင်းကင် ပေါ် သို့ ထိုးတက်သွားရင်း မြင်ကွင်း မှ ပျောက်သွားသည် ။ ညိုမောင့် အတွက် လည်း ဘဝ တစ်ခု ပြီး သွားသလို ခံစားလိုက်ရ၏ ။
“ သော်သော့် ကို ကျွန်တော့် လက်ဆောင် ပေးခဲ့တာ သေချာတယ်နော် ”
“ မင်း ငါ့ ကို ဘယ်လို စကားမျိုး ပြောတာလဲ ညိုမောင် ”
“ စိတ်ပူလို့ပါ ၊ စော်ကားတာ မဟုတ်ပါဘူး ၊ ကျွန်တော့် ကို အဲဒီ အချိန်တုန်းက လုံခြုံရေးတွေ စစ် နေလို့ပါ ”
“ လမင်း သူ့ ကို မင်း ရဲ့လက်ဆောင် ပေးခဲ့ပါတယ် ၊ ပြီးတော့ သူ ကလည်း မင်း ကို လက်ဆောင်ကလေး ပြန် ပေးခဲ့တယ် ”
“ ဟာ … ဟုတ်လား ၊ ဘယ်မှာလဲဟင် ”
လေယာဉ်ပျံ အောက် မှ မြင်ကွင်းများ သည် မြန်မာနိုင်ငံ ၏ တောရိပ်တောင်ရိပ်များ ကျော် လာတော့မှ သော်သော် သည် ညိုမောင် ပေး လိုက်သည် ဆိုသော လမင်းစိုး ပေး လိုက်သည့် ဘူးကလေး ကို ဖွင့်၍ ကြည့်သည် ။
ထိုအချိန်တွင် ကုမ္ပဏီ သို့ ပြန် နေသော ညိုမောင် ကလည်း သော်သော် ပေးခဲ့သည် ဆိုသော လက်ဆောင်ဘူးကလေး ကို စက္ကူတွေ ဖြည်ပြီး ဖွင့် ကြည့်သည် ။
သော်သော် လည်း ရင် ထဲ မှာ လှိုက်ခနဲ နေအောင် အံ့ဩ သွားပြီး ဘူးကလေး ထဲ မှ လက်ဆောင် ကို တအံ့တဩ ငေး၍ ကြည့် နေသည် ။ ညိုမောင် သည် လည်း ရင်ထဲ မှာ နင့်ခနဲ နေအောင် ခံစားသွားရပြီး ဘူးကလေး ထဲ မှ သော်သော် လက်ဆောင် ကို ငေး၍ နေမိသည် ။
သော်သော် သည် လက်ဆောင်ဘူးကလေး ကို လက်နှစ်ဖက် ဖြင့် ဆုပ်ပြီး နှလုံးသား ရှိရာ သို့ ကပ် ၍ ထား လိုက်သည် ။
ညိုမောင် ကတော့ ဟက်ဟက်ပက်ပက် ကို ရယ်မော လိုက်သည် ။
သော်သော့် အတွက် ညိုမောင် ပေးသော လက်ဆောင် မှာ ငါးမူးသား ရွှေရည် ရှိသော ကလစ်ကလေး တစ်ခု ဖြစ်ပြီး ၊ ထို ကလစ်ကလေး ကို သူ အမြတ်တနိုး နာရီကလေး ကို ရောင်း၍ ပေးခဲ့သည် ။
သော်သော် ပေးသော လက်ဆောင် ကလည်း သူမ ဆယ်နှစ် အရွယ် ကတည်း က ဂရုတစိုက် မွေးမြူလာခဲ့သော ဆံပင်တွေ ကို ရောင်းချ၍ ရသော ငွေ ငါးသောင်း နှင့် ရွေရည်စိမ် လက်ပတ်နာရီကြိုးကလေး သာ ဖြစ်သည် ။
သော်သော့် ဆီမှာ ညိုမောင် ပေးသော ကလစ်ကလေး အတွက် ညှပ်စရာ ဆံပင်တွေ မရှိတော့ပါ ။ ဆံပင် က ဂုတ်ဝဲလောက် သာ ရှိ တော့၏ ။
ညိုမောင့် မှာလည်း သော်သော် ပေးသည့် လက်ပက်ကြိုး နှင့် ပတ်စရာနာရီ သည် မရှိတော့ပါ ။ သို့သော် ညိုမောင် သည် ထို နာရီ လက်ပတ်ကြိုး ကို သိမ်း၍ ထားပါသည် ။
နောင် ၃ နှစ် အကြာ တွင် သော်သော် နှင့် ချစ်မင်းစိုး တို့ ရန်ကုန်လေဆိပ် သို့ ရောက် လာကြသည် ။ ကုမ္ပဏီ မှ ဝန်ထမ်းပေါင်းများစွာ တို့ က သူတို့ကို ကြိုဆိုကြသည် ။
လေယာဉ်ကွင်း အပြင်ဘက် ကို ထွက်ကြတော့ လမင်းစိုး ကိုင်ထား သော ဘယ်ဘက် လက်မောင်း ကို မလှုပ်စေရဘဲ ညာဘက် လက်မောင်း တွင် ပတ်ထားသော ဆွစ်ဇာလန်မိတ် နာရီကလေး ကို ရွှေရောင်ကြိုး ဖြင့် သေသေသပ်သပ် တွေ့နေရပြီး နာရီဒိုင်ခွက် ကို ကြည့်တော့ …
“ ဧည့်သည်တွေ ကို တွေ့ဖို့ က မိနစ် ၅ဝ အခါတော် ပေးဖို့က နှစ်ဆယ့်ငါးမိနစ် ၊ ဦးဌေးဝေ ခင်ဗျား မင်္ဂလာခန်းမ ကို မိနစ်နှစ်ဆယ် အတွင်း ရောက်အောင် မောင်း မှ ဖြစ်မယ် ”
“ ကိုညို က လည်း သော်သော် ဆံထုံး ထုံး ရဦး မှာ ၊ ဦးဌေးဝေ ဆယ့်ငါးမိနစ် အတွင်း ရောက်အောင် မောင်း နော် ကိုစိုး … ”
ညိုမောင် က လမင်းစိုး လက်ဖဝါးကလေး ကို ဆွဲ ကိုင်ရင်း ချစ်မင်းစိုး က သော်သော့် လက်ကလေး ကို ဆုပ်ကိုင်ရင်း ရယ် လိုက်ကြသည် ။
ညိုမောင် နှင့် လမင်းစိုး ၊ ချစ်မင်းစိုး နှင့် သော်သော်လင်း တို့ ‘ ——‘ ဟိုတယ်ကြီး တွင် တစ်နေ့ တည်း မင်္ဂလာ ဆောင်ကြမည် ဖြစ်သည် ။
တစ်ယောက် လက် ကို တစ်ယောက် ဆုပ်ကိုင်ပြီး အားရပါးရ မျက်စိ မှိတ်ပြီး လမင်းစိုး နှင့် ချစ်မင်းစိုး တို့ ရယ် နေကြချိန်တွင် …
ညိုမောင် နှင့် သော်သော်လင်း တို့ မျက်ဝန်းချင်း ဆုံ လိုက်ကြပါသည် ။
◾နီကိုရဲ
( ပြီးပါပြီ )