ဘာကြီးလဲ

“ အေး … တကယ် ဝမ်း မသာရအောင် အဆောင် ခေါင်မိုး ပေါ် မှာ ရှိတဲ့ ပိုးမျှင်တွေ သွားရှင်း ၊ ည ကို မမ လာ ကြည့်မယ် ၊ ဟိုကောင် လည်း တော်တော့ ချီးမွမ်းတိုင်း စွတ် လုပ်ပြမနေနဲ့ ၊ ဒီနေ့မှ ခရီးဝေး က ရောက်တာ နားဖို့ လိုတယ် ၊ တော်ရုံဆို တော်ပြီ ”

“ ကန် အောက်ခြေ မှာ နွံတွေ နဲ့ သဲတွေ ရော ၊ သစ်ရွက်ဆွေး အမှိုက်တွေ ရော အများကြီး မမနွယ် ရဲ့ ၊အဲဒါလေးတွေ သန့် ပြီးသွားရင် ပြီးပါပြီ ၊ ပြီးတော့ နေ့ခင်း က ကျွန်တော် တရေး အိပ် ထားပါသေးတယ် ”

“ အင်း … မင်းကတော့ကွာ ”

“ ရေ ဖွင့်ရင် ဘယ်က ဖွင့် ရလဲဟင် မမနွယ် ”

“ ဟို အိမ်နံရံမှာ အမိုးကလေး အုပ် ပေးထားတာ တွေ့လား ၊ အေး အဲဒါ မော်တာ ဖွင့်တဲ့ ခလုတ် ပဲ ”

“ သူက ဘယ် ယောက်ျား ယူ တော့မလဲကွ ၊ ငါတို့ ကို သူ့ သားတွေ ပြော သလို ပြောချင်တိုင်း ပြောလို့ ရ နေတာကိုး ”

“ ဒါကိုတော့ သွား အပြစ် မတင်နဲ့လေကွာ ၊ ဒီလောက် အဆောင်လခ နဲ့ ဒီလို အိမ်မျိုး ၊ ဒီလို အကျယ်အဝန်းမျိုး ကို ဒီ နား မှာ ဘယ် အဆောင် ရှိသလဲ ၊ ဝင်းအောင် တို့ အဆောင် ကို သွား ကြည့်စမ်း ၊ ခုတင် မပါဘူး ။ အလျားလိုက် ကြမ်းပြင် မှာ တန်းစီ အိပ် ရတာ ကိုယ့် ပစ္စည်း ကိုယ့် ဘေးနား ထား ၊ ကိုယ့် သေတ္တာ ကိုယ့် ခြေရင်း ထားပြီး အိပ် ရတာ ၊ အိမ်သာ ဆိုလည်း ကြည့်ဦး ၊ စုတ်ပြတ်နေတာ ၊ ဒီမှာက ဗိုလ်ထိုင်နဲ့ … ကဲ …. ”

“ ဟုတ်ပါတယ် ကိုဇော် ရာ ၊ ငါ က အခိုင်းသာ ခံလိုက်ချင်တယ် ၊ နား ပူတဲ့ ဒဏ် ကို မခံနိုင်တာ ၊ မင်း ကလည်း ရှည်ပြီး ဒီ ရေကန် ကို သွား ဆေးတယ် ၊ ဆေးချင်ရင် လည်း ငါတို့ ကို ပြော မှပေါ့ ”

“ ကျွန်တော် လည်း ဒီနေ့ မှ တွေ့တဲ့ လူတွေ ဆိုတော့ အားနာပြီး မခေါ်တာပါ ၊ ပြီးတော့ ဒီလောက် လုပ်ရတာ ကျွန်တော့် အတွက် မပင်ပန်းပါဘူး ”

“ အေးပေါ့ကွာ ၊ မင်း ငါတို့ အပေါ် ထားတဲ့ စေတနာ က မမနွယ် အတွက်တော့ ငါတို့ အပေါ် ဝေဒနာ ဖြစ် သွားတာပေါ့ ဟုတ်လား ”

ကိုမိုး က နောက် တာလား အတည် ပြော တာလား မကွဲပြားသော အိုက်တင် ဖြင့် ဝင် ပြော၏ ။

“ ဟား … စေတနာတွေ ဝေဒနာတွေ နဲ့ ဘာတွေ ဖြစ် နေကြတာတုံး ”

“ ဟာ … တိုးလွင် … အေးပေါ့ကွာ မင်း ကံကောင်းသွားတာပေါ ၊ နေစမ်းပါဦး ၊ မင်း က ဘာဖြစ်လို့ ဒီနေ့ ကျ မှ နောက်ကျ နေရတာလဲ ”

“ မပြောချင်ပါဘူး ကွာ ၊ အိုဗာတိုင် တဲ့ ရုံး က ”

“ အေး… မင်း အိုဗာတိုင် က ပိုက်ဆံ ရ သေးတယ် ၊ ငါတို့ အိုဗာတိုင် က ပိုက်ဆံ မရဘဲ အဆူပဲ ခံရတာကွ ”

“ မင်း ပြောတာ ငါ နားမလည်ဘူး ”

ကိုဇော် က ပင် ညိုမောင် နှင့် တိုးလွင် ကို မိတ်ဆက်ပေးသည် ။

ပြီးတော့ အုတ်ရေကန် အကြောင်း ပြော တော့ တိုးလွင် က အားရပါးရကြီး ကို ရယ်လေသည် ။

“ အပျိုကြီးတွေ ဆိုတာ ဒီလိုပဲလေကွာ ၊ သူတို့မှာ က တစ်နေ့တစ်နေ့ လုပ်စရာ ဘာမှ မရှိတာ ၊ မမနွယ် က ပြည့်စုံတော့ ပို ဆိုးတာပေါ့ ၊ သူ ဆိုင် သွားရတဲ့ နေ့ကလေးပဲ တို့ အဆူ လွတ်တာ ၊ မင်း လည်း သတိထား နေ ညိုမောင် ရေ ၊ မနက် ဖက် သားသား နဲ့ ညဘက် ကျတော့ ဟေ့ကောင် လာစမ်း ဖြစ် ချင် ဖြစ် သွားတာ ”

“ ဟေ့ကောင် ကိုဇော် မင်း ရဲ့ ဝေသန္တရာ အစီအစဉ်လေး ပျက် သွားပြီလား ”

“ အဆောင်သန့်ရှင်းရေး လုပ် ရရုံလောက်နဲ့တော့ ငါ့ ရဲ့ သဒ္ဒါတရား မိုးတိမ် ဟာ အဝေး လွင့် မသွားနိုင်ပါဘူးကွာ ၊ မင်းတို့ အပေါ် တိတိကျကျ ကို ရွာသွန်း မှာပါ ”

“ တော်တော် ပေါ တာပဲ ၊ ဒါကြောင့်လည်း မင်း ရေးတဲ့ ကဗျာတွ တစ်ပုဒ် မှ မပါတာ ”

ကိုတိုး စကားကြောင့် အားလုံး ဝိုင်း ရယ်လိုက်ကြသည် ။

••• ••• ••• •••

“ အခု သွားကြတော့မှာလား ”

“ အေးလေ ကိုတိုးကြီး ရေချိုး ပြီးရင် သွားကြတာပေါ့ ”

“ ကျွန်တော့် ကို ဧည့်စာရင်း ဖောင်ဖြည့်ဖို့ နဲ့ ဓာတ်ပုံ ၃ ပုံ တောင်းထားတာ ရှိတယ် ကိုဇော် ”

“ ဧည့်စာရင်း ဖောင် က ငါ့တို့ ဆီမှာ အပိုတွေ အများကြီး ရှိတယ် ၊ တစ်စောင် ယူပြီး ဖြည့်ပြီးရင် ဓာတ်ပုံ ၃ ပုံ နဲ့ သွား ပေး လိုက်ပေါ့ကွာ ”

“ ဟုတ်ကဲ့ … ကိုဇော် ”

စားသောက်ဆိုင် ကို ရောက်တော့ မီနူးကတ် ကို ကြည့်ကာ ကိုဇော် မှာသည့် အစားအစာတွေ က ကြောက်စရာ ပင် ကောင်း နေသည် ။

“ ဘဲကင် အကောင်နုနုနော် တစ်ခြမ်း ၊ ဝက်နံရိုးကြော် တစ်ပွဲ ၊ ပြီးတော့ ငါးကြင်းမြီးကြော် တစ်ပွဲ ၊ ငရှဉ့်ခြောက်စပ် ၊ ပြီးတော့ ဘဲခြေထောက်သုပ် ရယ် … ဟို …. ”

“ ကိုဇော် တော်ပြီကွာ ၊ မင်း မှာတာတွေ သိပ် များနေပြီ ”

“ မင်းတို့ ကလည်း ကွာ တစ်ခါတစ်လေ စား ရတဲ့ဟာ ကို ”

“ လေ .. လေကွာ အခုဟာက တော်တော် များနေပြီ ထပ် မမှာနဲ့တော့“

“ ကဲ … ဒါဆိုရင်လည်း ဘီယာ က တစ်ဂျား အရင် ချကွာ ၊ နေဦး ၊ ငါးမုန့်ကြော် က မြန်တယ် မဟုတ်လား ၊ ငါးမုန့်ကြော် နဲ့ ဘီယာ အရင်လုပ်ကွာ ၊ ငါ မှာတာတွေ ထဲက ငါးရှဉ့်ခြောက်စပ် နဲ့ ဘဲခြေထောက်သုပ် ကို အရင် လုပ် ”

ဘီယာဂျား ရောက်လာတော့ ကိုဇော် က ဦးဆောင် ဘီယာတွေ ကို ထည့်ပြီး သူငယ်ချင်းတွေ အားလုံး ရှေ့တွင် ချပေးသည် ။ ညိုမောင့် ရှေ့ ကို ရောက်တော့ ညိုမောင် လန့်သွားသည် ။

“ ဟာ … ကိုဇော် ကျွန်တော် မသောက်တက်ဘူး ကိုဇော် မလုပ်ပါနဲ့ ”

“ အေး … ငါ ကလည်း မင်း ကို အဲဒီလို မလုပ်ပါနဲ့လို့ပဲ ပြော ရလိမ့်မယ် ၊ ဒါ ငါ ဂွင် တွေ့ပြီး လျှံလို့ ထောလို့ တိုက် နိုင်တာနော် ၊ ပြီးတော့ မင်း ငါတို့ အဆောင်ကို စရောက်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲကလေး ဆိုရင်လည်း ရတာပေါ့ကွာ ၊ လုပ် စမ်းပါ ”

ညိုမောင် တော်တော် အခက် တွေ့သွားသည် ။

သူ က ဘုန်းကြီးကျောင်း မှာ နေရသူမို့ ဘီယာ ဆိုတာ ကို လုံးဝ မသောက်ဘူးပါ ။ ပြီးတော့ ဆရာတော်ဘုရား ထံ နေ့စဉ် ငါးပါးသီလ မြဲပါမည် ဟူသော ဝန်ခံ ကတိ ကလည်း ရှိထားသေးသည် မဟုတ်လား ။

“ မရလို့ပါ ကိုဇော်ရာ ၊ ကျွန်တော် က ဆရာတော့် ကို ငါးပါးသီလ နေ့စဉ် မြဲပါ့မယ်လို့ ဝန်ခံ ကတိ ပေးထားခဲ့ရတာ ၊ အင်း … မနက် ကတောင် မမနွယ် ကြောင့် မုသာဝါဒကံ တစ်ကံ တော့ ကျိုး သွားသေးတယ် ”

“ မမနွယ် ကြောင့် လုပ်စမ်းပါဦး ဟ ဘယ်လို ဖြစ်တာလဲ ”

ဒီတော့ ညိုမောင် က …

“ ငါ က လွဲပြီး ဒီ ခြံ ထဲကို ဘယ် မိန်းမ မှ မဝင်ရဘူး ”

ဆိုသည့် စကား ကိစ္စ ကို ပြန် ပြောပြတော့ ကိုဇော် တို့ အားလုံး ဝိုင်းရယ်ကြသည် ။

“ ဒါက လိမ်တယ် မခေါ်ပါဘူးကွာ ၊ ပရိယာယ် ခေါ် တာပေါ့ ”

“ ဘယ်ကလာ ဟုတ်ရမှာလဲ ၊ ဒါ လိမ်တာ ၊ မုသား ပြောတာပေါ့ ၊ ကိုယ့် စိတ် ထဲမှာကြံ မိတဲ့ မနောကံ အတိုင်း ဝစီကံ က မလိုက်ရင် လိမ် တာပဲ ”

“ မင်း … ငါးပါးသီလ မှာ တစ်ပါး ကျိုးပြီ မောင်ညို ”

“ ညိုမောင် ပါကွာ ၊ မင်း က မသောက်ရသေးဘူး မူး နေပြီလား ”

“ မမူးပါဘူးကွ ၊ ဒီကောင့် ကို ငါ က မောင်ညို ပဲ ခေါ်ချင်တာ ညိုမောင် ဆို တာ ကြီး က ထောင့် တယ်ကွ ၊ အဲဒီတော့ တစ်ပါး ကျိုး ပြီးသား အတူတူ နောက်ထပ် တစ်ပါး ထပ် ကျိုးလို့ မထူးတော့ပြီမို့ …. ကဲ …. မောင်ညို မင်း ဘီယာ တစ်ခွက် ကိုင်ပြီး လေထဲ ကို မြှောက်လိုက်ပါ ”

ကိုဇော် က သူ့ ခွက်ကို ကိုင်ပြီး လေထဲ သို့ မြှောက် ထားလိုက်သည် ။

“ ဟုတ်တယ်ကွာ ၊ မင်း နဲ့ ငါ တို့ လည်း သူငယ်ချင်း စ ဖြစ်တဲ့ အထိမ်းအမှတ် ပေါ့ ”

တစ်ချိန်လုံး စကား တစ်ခွန်း မှ ဝင် မပြောဘဲ ငြိမ် နေသော ကိုတိုး က လည်းပြောသည် ။ သူ့ အတွက်ပဲ ဟု ဆို လာသဖြင့် ငြင်းရ မှာ ညိုမောင် အားနာ နေမိသည် ။ တစ်ပါးလည်း ကျိုး ပြီးပြီ ၊ ဒီတော့ ….

ဖန်ခွက်တွေ အားလုံး လေထဲသို့ မြှောက် တက်သွားကြသည် ။