ဘာကြီးလဲ

“ မောင်ညို ပျော်ရွင်နိုင်ပါစေ ”

“ မောင်ဇော် ဂွင်ကြီးကြီး မိပါစေ ”

“ အားလုံး လိုရာဆန္ဒတွေ ပြည့်ကြပါစေ ”

“ ချီးယားစ် … ”

ညိုမောင် ဘီယာ ကို ခပ်လန့်လန့် ဖြင့် တစ်ငုံ စ ငုံလိုက်သည် ။ ရနံ့သင်းသင်းလေး နှင့် လည်ချောင်း ထဲ အေးကာ သွား၏ ။ ငါးမုန့်ကြော် တစ်ခု ကောက် ယူစားသည် ။ မူးများ မူး တော့ မလား ဟု စိတ်ထဲမှာ လန့်၍ နေသည် ။ ကျန်တဲ့ သုံးယောက် စလုံး ကတော့ ဖန်ခွက် တစ်ခွက် ကျိုး သွားကြပြီ ဖြစ်၏ ။

ငါးမိနစ်လောက် အထိ ဘာမှ မဖြစ်တော့ ။ နောက်ထပ် တစ်ငုံ ငုံကြည့်သည် ။ ရနံ့ သင်းသင်းကလေး နှင့် ရင်ထဲ အေး၍ သွားပြန်၏ ။ ငါးမုန့်ကြော် ယူစားသည် ။

“ အမှန်က ဒီဂွင် က ငါ ဖန်တာမဟုတ်ဘူးကွ ၊ ဂွင် က ငါ့ ဆီ ရောက်လာတာ ၊ တော က တော သား ၊ ငအူတွေ ပါ ကွာ ၊ ငါ က လည်း … ”

“ ဟေ့ကောင် မောင်ဇော် ”

တိုးလွင် က အသံမာမာ နှင် ဝင်ဟန့်ပြီး သူ့ဘက် ကို မေး ငေါ့၍ ပြသည် ။

“ ဟာ .. ဆောရီး ကွာ ၊ ငါ ဆိုလိုတာက တောသား ငအူ ဆိုတာက ဒီလိုကွာ ၊ တောသား နှစ်မျိုး ရှိတယ်ကွ ၊ ပထမ တစ်မျိုး က သူ မသိ သူ မတက်တာ ကို အမှန်အတိုင်း ရိုးရိုးသားသား ပြောတယ်ကွာ ၊ အကူအညီ တောင်းတယ် ၊ တိုင်ပင်တယ် ၊ အဲ … ဒုတိယ တစ်မျိုးကျတော့ မသိလည်း မသိဘူး ၊ သူ့ ကိုယ် သူ သိ နေတဲ့ ပုံစံလည်း ပြသေးတယ် ၊ မင်း တို့ ရန်ကုန်သားတွေ လည်တယ် ဆိုတာ ငါတို့ က သိပ် သိတဲ့ ပုံစံမျိုး ၊ ငါတို့ ကို လာ မနှပ်နဲ့ ငါတို့ က အကုန် သိတယ် ဆိုတဲ့ ပုံစံမျိုး ချိုးထားတာကွ ၊ ငါ ဒီနေ့ တွေ့ ခဲ့တာက အဲဒီ ပုံစံမျိုး ”

“ ပြောပါ ကိုဇော် ရာ ၊ ကျွန်တော် နားလည်ပါတယ် ၊ ရိုးသားတယ် မရိုးသားဘူး ဆိုတာက တော နဲ့ မြို့ မဆိုင်ပါဘူး ၊ ကိုယ်ကျင့်တရား နဲ့ ပဲ ဆိုင်တာ ၊ ကျွန်တော် နားလည်ပါတယ် ”

“ အဲဒါကွာ သူတို့ က ဆရာကြီး စတိုင်မျိုး နဲ့ ချိုထောင်တစ်စီး ကို ဆွဲချင်တယ် ဆိုပြီး ငါ့ ကို လာ ပြောတာ ၊ အဲဒီ ကောင် က တစ်လစာ ပဲ ပြင် ထားတဲ့ ကောင်ကွ ၊ အမြင် လှအောင်တော့ ဖန် ထားတာပေါ့လေ ၊ ငါ က တစ်ခြား ကား ပြလေ ၊ သူတို့ က ဒါကိုပဲ မက် လေ ဖြစ် နေတော့ ကြား ထဲ က ငါ ခြောက်ပုံး လောက် ဖြတ် ရိုက် လိုက်တာပေါ့ကွာ ၊ ဒါပါပဲ ၊ ကဲ … နောက်တစ်ဂျားပေါ့ ”

ကိုဇော် အော်သံ ကြားတော့မှ ညိုမောင် ငုံ့ ကြည့်မိသည် ။ သူ့ ခွက်ထဲ မှာ ဘီယာ တစ်စက် မျှ မရှိတော့ ။ ဘီယာ မက်ခွက်ကိုင်းကြီး ကို လက်က ကိုင်လျက်ကြီး သူ လန့်သွားပြီး မူးနေပြီလား ဟု သတိထားတော့ ဘာမှ မဖြစ် အရာရာ က ပို၍ ကြည်လင်ပြတ်သားကာ တောက်ပ၍ ပင် နေသေးသည် ။ ဘီယာ ဟာ သူတို့ ပြောတဲ့ အတိုင်း သိပ် မမူး ဆိုတာကို ညိုမောင် ယုံသွား၏ ။ နောက်ထပ် ဘီယာတစ်ဂျား ရောက် လာသည် ။ အမြည်းတွေ လည်း အစုံ ရပြီ ။ ကိုဇော် ကိုယ်တိုင် လည်း ဘီယာတွေ ထပ် ငှဲ့ပေးနေပြီ ။

“ မောင်ဇော် … ငါ ဒီ တစ်ခွက် ပြီးရင် တော်ပြီကွာ ၊ မနက် ငါ အလုပ်စောစော ဆင်း ရမှာမို့လို့ ”

“ တော်စမ်းပါကွာ ၊ မင်း ကုမ္ပဏီ က ဘယ်တုန်းက စောစော အလုပ်လာ မခိုင်းတာ ရှိဘူးလို့လဲ ၊ နောက်ပြီး ဘီယာ ဆိုတာ မူးအောင် သောက်ပြီး အိပ် မှ ၊ မနက်ဆို ကြည်ကြည်လင်လင် နိုးတာ ၊ ဟို မရောက် ၊ ဒီ မရောက် ဆို မျက်စိတွေ ကြောင်ပြီး ခေါင်းတွေ ကိုက်ကုန်ရော ၊ အဲဒီတော့ ချ သာ ချ ၊ အဆောင် ရောက်ရင် တစ်ခါတည်း သာ ထိုး အိပ် လိုက်တော့ ဒါပဲ ”

“ အေး မထူးပါဘူးကွာ ၊ ငါ့ နာရီ နိုးစက် က ကောင်း ပါတယ် ”

“ ကိုတိုး က ဘယ် ကုမ္ပဏီ မှာ လုပ် တာလဲ“

“ Solo ကုမ္ပဏီ မှာ ”

“ ဗျာ … Solo ကုမ္ပဏီ ဟုတ်လား ”

“ ဘာဖြစ်သွားတာတုံး မောင်ညို ရ ”

“ ဒါ .. ဒါဆို အဲဒီ ကုမ္ပဏီ မှာ ဦးဌေးဝေ ဆိုတဲ့ ဦးလေး ကို သိလား ”

“ နေဦး … ဦးဌေးဝေ … ဦးဌေးဝေ … ဪ ကုမ္ပဏီ က ကား မောင်းတဲ့ ဦးဌေးဝေ လား ”

“ ဟာ … ဟုတ်တယ် … ကိုတိုး ဟုတ်တယ် ၊ ကျွန်တော် အခု ရန်ကုန် ကို ရောက် လာတာ အဲဒီ ကုမ္ပဏီ ကိုလျှောက်ဖို့ လာတာ ၊ ဝမ်းသာလိုက်တာဗျာ ၊ မနက် အင်တာဗျူး ဖြေရမှာဗျ ၊ ကျွန်တော့် ကို ခေါ် သွားပေးနော် ”

“ ဟ … ခေါ်မှာပေါ့ကွ ၊ မင်း ကလဲ ”

ညိုမောင် က တိုးလွင် လုပ်သော ကုမ္ပဏီ ကို ပဲ သူ လာ လျှောက်တာ ဖြစ်ကြောင်း ပြောတော့ ဘီယာတွေ ဝင်ကာစ အူရွင်ကာစ အားလုံး ပျော်သွားပြီး ဘီယာတွေ ထပ် မှာပြီး သောက်ကြသည် ။ အဲဒီ ည က ညိုမောင် အဆောင် ကို ဘယ်လို ပြန် ရောက်သွားမှန်း မသိလိုက်ပါ

လမင်းစိုး သည် အခုလို အချိန်မျိုး ရောက်တော့ ဒီလို စိတ်ကူး မိသော သူ့ ကိုယ် သူ ဒေါသ ဖြစ်လျက် ရှိ၏ ။

မနေ့က ကတည်းက သာ ဒီ စိတ်ကူး ကို ရလျှင် ဘယ်လောက် ကောင်း လိုက်မည်နည်း ။ အခု မဝတ်ရသေးသော အဝတ်တွေ ကို ကြည့်ရင်း က သူ ကိုယ်တိုင် ဝယ်ပြီး သူ ကိုယ်တိုင် မေ့နေသော ပုလဲပုတီးလည်ဆွဲကလေး က နေ ဒီ ပြဿနာ တက်ခြင်း ဖြစ်သည် ။ ထို ပုလဲလည်ဆွဲကလေး လိုပင် သူ့ မှာ တစ်ခါမျှ မဝတ်ရသေးသော အဖြူရောင် Arrow အင်္ကျီ နှင့် စကတ်ဝမ်းဆက်ကလေး လည်း ရှိသည် ။ ပြီးတော့ တစ်ခါမှ မဝတ်ရသေးသော ပလက်တီနမ်လက်ပတ်နာရီကလေး လည်း ရှိ နေသည် ။

ခက်တာက ဖိနပ် ဖြစ်၏ ။

လမင်းစိုး ထံ တွင် အဖြူရောင်ဖိနပ် မရှိ ။

ထို ပစ္စည်းတွေ ကို အကုန် ထုတ်ကြည့်ပြီး တစ်မိနစ် အတွင်း ဒီနေ့ အင်တာဗျူး ကို မေးရန် သွားမည့် သူ သည် တစ်ကိုယ်လုံး အဖြူရောင် ဝတ်ချင် စိတ် က မြွေတစ်ကောင် အဆိပ် ပျံ့ သလို ချက်ချင်း ပျံ့ ၍ လာနေသည် ။

နေ၍ မရတော့ … ။

ဒါပေမယ့် လမင်းစိုး ၏ ဘဝ မှာ လုပ်လို့ မရဘူး ဆိုတာက သုံးလေးငါးခု လောက်သာ ရှိမည် ထင်ပါသည် ။ ဥပမာ လူတစ်ယောက် ကို ချစ်ဖို့ ၊ လကမ္ဘာပေါ် တစ်ယောက် တည်း သွားဖို့ အဲဒီလောက် သာ ရှိလိမ့်မည် ထင်သည် ။

လမင်းစိုး Highter market မှ ယမင်း ထံ ဖုန်း လှမ်း ခေါ်လိုက်သည် ။

“ ယမင်း ကိုယ် အဖြူရောင် ဒေါက်ဖိနပ် တစ်ရံ လောက် လိုချင်တယ် ”

“ ဟုတ်ပြီ … လမင်း ၊ ကိုယ် ရှာထားပေးမယ် ၊ ဘယ်တော့ လာ ယူမှာလဲ ”

“ အခု … ”

“ မိန်းမ ဘယ်လို ဖြစ်ပြန်ပြီလဲ ၊ နင့် ကိုယ် နင် သိကြားမင်း ရဲ့ အငယ်ဆုံး သမီးများ မှတ်နေသလား ”

“ အေး .. ကိုယ့် အဖေ ကတော့ သိကြားမင်း မဟုတ်ဘူး ၊ ဒါပေမယ့် ကိုယ် ကတော့ နတ်သမီး ပဲ ၊ မင်း ရအောင်တော့ ရှာ ပေးကွာ ၊ မရရင် မဖြစ်ဘူး ”

“ ဒါဆိုရင် …. ခဏ ကိုင်ထား ”

လမင်းစိုး ဖုန်းကို ခဏ ချထားရင်း နူတ်ခမ်းနီပန်းနုရောင် ကို ညီအောင် ညှိ လိုက်သည် ။ ပြီးတော့ မျက်တောင်ကလေးတွေ ကို သပ်သပ်ရပ်ရပ်ကလေး ကော့နေအောင် စိတ်ရှည်ရှည် ထားပြီး ကော့ လိုက်သည် ။

လမင်းစိုး သည် ဒီခေတ် မျက်လုံးတွေ ထဲ မှာတော့ အလှဆုံး ဟု ဆိုလောက်သော မိန်းကလေး တွေ ကို စာရင်း ကောက် လျှင် ထိပ်ဆုံး က ပါမှာ သေချာသည် ။ သွယ်လျသော ခန္ဓာကိုယ် နှင့် လိုက်ဖက်သော အရပ်အမောင်း ရှိသည် ။ ထို ခန္ဓာကိုယ်အချိုးအစား ကို ပေါ်လွင်ထင်ရှားစေပြီး ၊ မဟာပုရိဿ တို့ မျက်လုံး အမြင် မှ တစ်ဆင့် နှလုံးသား ထဲ အထိ ရောက် သွားအောင် ကူညီဆောင်ရွက်ပေးမည့် အထောက်အပံ့ အဝတ်အစား ၊ ဒီဇိုင်းပြင်ဆင်မှု တွေ ကို စနစ်တကျ ကျွမ်းကျင်သည် ။

လမင်းစိုး သည် တစ်ခုခု ကို စဉ်းစားလျှင် ပထမ သူ နှင့် လိုက်တာကို အရင် စဉ်းစားလေ့ ရှိသည် ။ ပြီးတော့ မှ သူ ကြိုက်ရာ ကို စဉ်းစားသည် ။ သူ နှင့် လိုက်သော ပစ္စည်း သည် သူ ကြိုက်သော ပစ္စည်း လည်း ဖြစ်လျှင်တော့ အဲဒီ ပစ္စည်း နောက် ကို မရ ရအောင် သဲကြီးမဲကြီး လိုက် တတ်သော မာနခပ်ကြီးကြီး ကောင်မလေး တစ်ယောက် သာ ဖြစ်သည် ။

အခုလည်း ကြည့် ။

သူ ကြိုက်၍ သူ ကိုယ်တိုင် ဝယ်ထားသော ပုလဲလည်ဆွဲ ကို မေ့နေပြီး ဒီနေ့ ပစ္စည်း တွေ မွှေ တော့ မှ တွေ့ပြီး အဖြူရောင် ရောဂါ ချက်ချင်း ရသွားသဖြင့် အဖြူရောင် နောက် ကို တောက်လျှောက် လိုက်တော့မည် ဖြစ်သည် ။

“ လမင်းမ မင်း ကံဆိုးပြီး အဖြူရောင် ရှိတယ် ၊ ဒါပေမယ့် မင်းဝတ်နေကြ oninch ဒေါက် မရှိဘူး ၊ Half တွေ ပဲ ရှိတယ် ”

“ အာ …. မရဘူးကွာ ၊ တခြား ဆိုင်တွေမှာ ရှာပေးထား ”

“ တခြားဆိုင် က Brand တွေ က မင်း ကြိုက်မှာ မဟုတ်ဘူး လမင်းမ ၊ မင်း Brand တွေ သုံးတယ် ဆိုတာ ကိုယ် သိပြီးသားပဲ ၊ အဲဒီတော့ မင်း အဖြူရောင် မှ အဖြူရောင် ဆို Half ဒေါက် ပဲ ရမယ် ”

လမင်း နာရီ ကို ကြည့်တော့ ကိုးနာရီဆယ်မိနစ် နည်းနည်းတော့ နောက်ကျတော့မည် ။ မတက်နိုင်တော့ ။ ဒီနေ့တော့ အဖြူရောင် Half ဒေါက် နှင့် ပင် ကျေနပ်ရတော့မည် ။

“ ကိုယ် အခု လာခဲ့မယ် ယမင်းမရေ ”

“ OK ”

Hand phone cover ကို အဖြူရောင်ကလေး လဲ နေစဉ်မှာ ပင် ကိုကို့ ဆီ က ဖုန်း ဝင် လာသည် ။

“ ညီမလေး လား ”

“ ဟင်အင်း … အခုမှ ထွက်မှာ ကိုကို ၊ နောက်ထပ် မိနစ် အစိတ်လောက် ဆို ရောက်မယ် ”

“ မိနစ်အစိတ် အခု ညီမလေး က ဘယ် ရောက်နေလို့လဲ ”

“ အိမ် မှာပါ ၊ ကိုကို ရဲ့ ၊ ယမင်း ရဲ့ ဆိုင်မှာ ဒီနေ့ စီး ဖို့ ဖိနပ် မှာ ထားတာ ၊ အဲဒါ သွား ယူရမှာမို့လို့ ”

“ ညီမလေး ရာ မင်း က သိပ် ရှုပ်တာပဲ ”

“ ကိုကိုနော် ၊ ညီမလေး ကို အဲဒီလို ပြောရလား ”

“ ကဲ .. ကဲ အဲဒါဆိုလည်း အမြန်သွား ၊ ကိုကို အရင် ရောက်ထားနှင့်မယ် ဟုတ်လား ”

“ OK ကိုကို ၊ ညီမလေး လာ မှ မေးရမယ်နော် ၊ အင်တာဗျူး ကို ညီမလေး လာမှ စနော် ”

ကိုကို က ဘာမှ မပြောဘဲ ဖုန်း ကို ပိတ်သွားသည် ။

လမင်း ပုခုံး ကို တွန့်ပြီး လျှာကလေး တစ်လစ် လုပ်၍ သူ့ ကိုယ် သူ ပြန် နောက်လိုက်သည် ။ ကိုကို ရော လမင်း ပါ ငယ်စဉ် ကတည်း က စည်းကမ်း အလွန် ကြီးခဲ့ကြပါသည် ။ မိဘ ၊ ဆရာသမားများ က ဆိုဆုံးမ၍ မဟုတ် ။ သူတို့ ကိုယ်တိုင် သူတို့ ပင်ကိုယ်ဗီဇ အရ ကြီးကြခြင်းသာ ဖြစ်ပါသည် ။ အခု ကိုးနာရီခွဲ တွင် လုပ် ရမည့် အင်တာဗျူး အတွက် လမင်းစိုး အချိန် အတိအကျ ရောက်ရန် ဆယ့်ကိုးမိနစ် ခန့်သာ အချိန် ရှိတော့သည် ။