ဖိနပ် မှ လွဲ ၍ တစ်ကိုယ်လုံး အဖြူရောင် ကို ဆင် ထားသော လမင်းစိုး သည် …. ။
အမိုးဖွင့် ကားအဖြူကလေး ကို ကျွမ်းကျင်လျင်မြန်စွာ မောင်းရင်း စိတ်ကူး ထဲ မှာ အချိန် ကိုပါ တစ်ခါတည်း တွက် နေသည် ။ ယမင်း ဆီ ရောက်ရန် လေးမိနစ် ၊ ဖိနပ်ရွေးချိန် နှစ်မိနစ် ၊ ယမင်း ထံ မှ ကုမ္ပဏီ ကို သွားရန် ဆယ်မိနစ် ၊ မီးပွိုင့် က စုစုပေါင်း တစ်မိနစ်ခွဲ ၊ ကိုးနာရီခွဲ ရန် တစ်မိနစ်လောက် အလို တွင် သူ့ ကားအဖြူကလေး သည် ကုမ္ပဏီရုံး ရှေ့ ကားပါကင် သို့ ဝင်ပြီး ဖြစ်နေရမည် ။
ကိုးအဖြူရောင် ပါသော နေကာမျက်မှန်ကလေး ကို နဖူးပေါ် မှာ ဆွဲ ချပြီး တပ်လိုက်သည် ။ ကား အရှိန် ကို ထပ်၍ မြှင့် လိုက်သည် ။
“ လမင်းစိုး လာပြီဟေ့ … ” ဟု စိတ် ထဲ က အကျယ်ကြီး အော်ဟစ်လိုက်၏ ။
အဆောင် မှာ ဖြစ်နေသည့် ပြဿနာ က တစ်မျိုး ဖြစ်သည် ။
ညိုမောင် သည် စာမေးပွဲတွေ မြောက်များစွာ ကို ဖြေပြီးမှ စီးပွားရေးဘာသာရပ် ကို ဘွဲ့ရရှိခဲ့ခြင်း ဖြစ်ပါသည် ။ ထို စာမေးပွဲ တွင် ဖြေခဲ့တုန်းက ညိုမောင် တစ်စက်ကလေးမှ မကြောက်ခဲ့ပါ ။
အခု လူတွေ့ ဆိုတာကြီး ကို ညိုမောင် ဖြေ ရတော့မည် ။
ဒီတော့ ညိုမောင် ကြောက်ပါသည် ။ မျက်နှာချင်းဆိုင်ကြီး ထိုင် နေရပြီး သူ က မေးတဲ့ မေးခွန်း ကို ကိုယ် က မဖြေနိုင်လျှင် အဲဒီ မေးခွန်း ကို မေးသော သူ ၏ ရှေ့တွင် ဘယ်လို မျက်နှာမျိုး နှင့် ထိုင် နေရမည်နည်း ။ “ ကျွန်တော် အဲဒီအကြောင်း မသိပါဘူးခင်ဗျာ ” ဟု မျက်နှာပြောင် တိုက်၍ ပြော ရမည်လား ။ နောက်တစ်ခု ထပ်မေး၍ နောက်တစ်ခု ပါ ထပ်၍ မရလျှင်ရော ဘယ်လို လုပ် ရဦးမည်နည်း ။
လူတွေ့ မေးသည် ဆိုသည် က ကျောင်းသားစာမေးပွဲ လို မျိုး သင်ခန်းစာ အတိအကျ ရှိသည် မဟုတ် ။ သူ မေးချင်တာ ကို မေး မှာ ဖြစ်သည် ။ ထို့ကြောင့် သူ မေးတာ နှင့် ကိုယ် သိထားတာ နှစ်ခု ဆုံဖို့ရန် မှာ ကံ ကိုသာ အားကိုးစရာ ရှိတော့သည် ဟု ညိုမောင်ထင်သည် ။
ထိုကြောင့် ညိုမောင် သည် သူ့ ခုတင်ကလေး ပေါ် မှာ စနစ်တကျသေသေချာချာ ထိုင်ကာ မန္တလေး မှ ဝယ် လာသော မဟာမြတ်မုနိ ပလတ်စတစ်လောင်း ပုံတော် ရှေ့မှာ ဘုရား ရှိခိုး သတည်း ။
ဘုရား ကို ဘုန်းကြီးကျောင်းသား မို့ စနစ်တကျ ရှိခိုးတတ်ပါသည် ။ ကျန်သည့် သုံးကောင် ညိုမောင် ဘုရားရှိခိုးနေသော အဆွဲအငင် ၊ ပါဠိပါဠ်သား ပါသော အဖြတ်အတောက် စတာတွေ ကို ငေးပြီး နားထောင် ရ၏ ။
အိမ်ပေါ် တွင် ဘုရားသောက်တော်ရေ လဲ နေသော မမနွယ် လည်း အဆွဲအငင် အဖြတ်အတောက် ပီသခြင်း ၊ အသံဩဇာ ပြည့်စုံခြင်း ၊ ရွတ်ဖတ်နေသော အကြောင်းအရာ ကလည်း မြတ်စွာဘုရား ကိုယ်တော် ဟောကြားခဲ့သော ကျက်သရေ ကို စောင့်သည့် နတ်သိကြားများပင် တုန်လှုပ်ရမည့် ဂုဏ်တော် ဖြစ်နေခြင်းကြောင့် အာရုံ စိုက်၍ နားထောင်နေမိသည် ။
ဓဇဂ္ဂသုတ် ကို ကြောက်မက်ဖွယ်ရာ ၊ တုန်လှုပ်ဖွယ်ရာဘေးအန္တရယ် တို့ နှင့် တွေ့သော အခါ ရွတ်ဖတ် ကြရသည် ။ ထိုအခါ ထိတ်လန့်တုန်လှုပ်၍ ဆောက်တည်ရာ မရ ဖြစ်နေမှုမှ ကင်းလွတ်၍ တည်ငြိမ်စွာ နေနိုင်ပြီး ကြောက်လန့်ခြင်း ဘေးအမျိုးမျိုး မှ ကင်းလွတ်နိုင်သည် ။
သို့သော် ဓဇဂ္ဂသုတ်တော် သည် ပရိတ်ကြီး ဆယ့်တစ်သုတ် ထဲ တွင် အရှည်ဆုံး သုတ်တော် တစ်ခု ဖြစ်သဖြင့် ညိုမောင် သည် အချိန်ကို လည်း ငဲ့ ရသေးသဖြင့် ဆွဲသည့် နေရာ ၊ ဖြတ်သည့် နေရာ ၊ ရပ်သည့်နေရာတို့ ကို ခပ်သွက်သွက်ကလေး ရွတ်ရသည် ။ ‘ ရှင် ကိုဖျက် ဓဇဂ္ဂ ‘ ဟူသော စကားတစ်ခွန်း ဘုန်းကြီးလောက တွင် ပေါ်သည် ။ တော်ရုံ ရှင်ကလေးများ သည် ဓဇဂ္ဂသုတ် နှင့် တွေ့လျှင် လူထွက် ကုန်တတ်ကြသောကြောင့် ဖြစ်သည် ။
ညိုမောင် ကတော့ ဆယ်နှစ်သား ကတည်း က ဘုန်းကြီးကျောင်း နေလာသူ မို့ ဓဇဂ္ဂသုတ် ကို မမှုပါ ။ အဘယ်ကြောင့် ဆိုသော် ညိုမောင့် မှာ က ပြေးစရာ နေရာလည်း မရှိဘူး မဟုတ်လား ။
ဘုရား နှင့် ပတ်သတ်လျှင် ဘုရားရှိခိုး ကို ပင် ဘယ်က စ ရသည် ဆိုတာကို မသိကြသော တိုးလွင် နှင့် ကိုဇော် တို့ ကတော့ ပါဠိလိုတွေ ရွတ်နေသော ညိုမောင့် ကို ခဏ ပဲ ဟု ထင်သည် ။ နောက် ထင် ထားသည် ထက် ပို ကြာလာတော့ တိုးလွင်ကြီး နာရီ ကို ကြည့်ရပြီ ။
၈ နာရီ ၁ဝ မိနစ် ။
“ ညိုမောင် …. ညိုမောင် …. မြန်မြန် လုပ်ကွာ ၊ ၈ နာရီ ၁ဝ မိနစ် ရှိနေပြီ ၊ ၉ နာရီ ကို ငါ့ ဆရာ ဆီ အရောက် သွားမှ ရမှာ ကွ ၊ ငါ့ ကို သေသေချာချာ မှာ ထားတာ ”
“ လောမဟံသောဝါ … သောပဟီယိတ်သတိ ”
“ ဘုရားရှိခိုးနေတာကြီး ကို ရပ်လိုက်လို့ ဘယ်လို လုပ်ပြီး သွား ပြောလို့ရမလဲ ၊ ဒီတော့ စေတနာရှင် မှာ မင်း စားစရာ ရှိတာကို သွားစားပြီး မင်း ကားမှတ်တိုင် ကို သွားနှင့်တော့ ၊ ကား လာရင် တက်စီး သွားတော့ ၊ ငါ ဒီကောင် ဘုရားရှိခိုး ပြီးတာနဲ့ ကားမှတ်တိုင် ကို စက်ဘီး နဲ့ လိုက် ပို့ပေးမယ် ၊ မင်း ကား မရသေးဘူး ဆိုရင်လည်း အတော်ပဲပေါ့ ကွာ ”
“ အေးကွာ … ဒါဆို ငါ လစ်ပြီ ”
ညိုမောင့် ဓဇဂ္ဂသုတ် ဆုံးတော့ ၈ နာရီ ၂၅ မိနစ် ဖြစ်နေပြီ ။ကိုဇော် က ညိုမောင့် ကို ကားဂိတ် သို့ ပို့ပေးသည် ။ ကံကောင်း ထောက်မစွာ ပင် တိုးလွင် လည်း ကား မရသေး ၊ ဒါပေမယ့် တိုးလွင် က ထမင်းကြော် စားပြီးသွား ပြီ ၊ ညိုမောင် က ဘာမှ မစားရသေး ။
ကားမှတ်တိုင် နောက်တွင် ရှိသော ကွမ်းယာဆိုင် မှ ငှက်ပျောသီး ၃ လုံး ကို ညိုမောင် ဝယ် လိုက်သည် ။ တစ်လုံး ကုန်သော အချိန် တွင် ညိုမောင် တို့ စီးရမည့် ကား သည် လူပေါင်းများစွာ ကို တင်ဆောင်၍ မှတ်တိုင်ရှေ့ သို့ လေးပင်စွာ ထိုး ရပ်လိုက်လေသည် ။
ဓဇဂ္ဂသုတ်တော် ၏ အစွမ်းကြောင်းပဲလား ၊ ကံတရား ၏ အကျိုးပေးကြောင့်ပဲလား ၊ ကံကြမ္မာ က ဖန်တီးထားတာလေးတွေ ကို တစ်ခုစီ ထုတ်ပြနေသောကြောင့်လား ၊ သုံးခု သော အကြောင်းအရာတွေ ကြောင့်လား မသိ ။ ညိုမောင် Solo ကုမ္ပဏီကြီးထဲသို့ ရောက်သွားတော့ နာရီ က ၉ နာရီ တိတိ ဖြစ်သည် ။
ဖိုင်ကလေးတွေ ကိုယ်စီ နှင့် သူလို ကိုယ်လို ရပ်နေကြသည့် ကောင်လေးတွေ ကောင်မလေးတွေ ကို လည်း တွေ့ရသည် ။
အညိုရောင်မှန်ချပ်ကြီးတွေ နင်းရက်စရာ မရှိအောင် အိစက်ညက်ညောလှပလွန်းသော ကောဇာကြီးတွေ မီးဆိုင်းကြီးတွေ အဝါရောင် အင်္ကျီလက်စက အနက်ရောင်ဝတ်စကုတ် နှင့် အနက်ရောင်စကတ်တွေ ကို ဝတ်ထားသော ချောချောလှလှ ဝန်ထမ်း ကောင်မလေးတွေ ၊ ကောင်လေးတွေ ကျတော့ အဖြူရောင်အင်္ကျီလက်ရှည် နှင့် ဆီးရောင် Style ဘောင်းဘီ ကို ဝတ်ဆင်ရပြီး ခေါင်း ကို ဆံပင်တိုတို နှင့် သပ်ရပ်စွာ ဖြီးသင် ထားရသည် ။
ဒီတော့မှ သူ ခေါင်း ညှပ်ဖို့ မေ့ လာတာကို ညိုမောင် သတိရပြီး ၊ စိတ် ထဲမှာ ကိုယ့် ကိုယ် ကိုယ် ဒေါသ ဖြစ်သွားသည် ။ သို့သော် ဘာမှ တတ်နိုင်သည့် ကိစ္စ မဟုတ်သည့်အတွက် စိတ် ထဲ ကနေ မေ့ ပစ်လိုက်သည် ။ ထိုအချိန်မှာ တိုးလွင် ရောက်လာ၏ ။
“ ညိုမောင် အင်တာဗျူးက မစသေးဘူးကွ ၊ မင်း ကံကောင်းတယ် ၊ ငါ ကတော့ Boss ဆီ လစ်ပြီ ၊ မင်း တို့ ရွာ က ဦးဌေးဝေ လည်း ဒီ အချိန် ဆိုရင် အားမှာ မဟုတ်ဘူး ၊ မင်း အင်တာဗျူး ပြီးတော့မှ ငါ တွေ့ပေးမယ် ဟုတ်လား ”
“ အေး ငါ ဖြေပြီးသွားရင် အပြင် မှာ စောင့် နေမယ်နော် ”
“ အပြင် က မစောင့်နဲ့ လေ ၊ ဟိုမှာ နံရံ နဲ့ ကပ်ထားတဲ့ ပလတ်စတစ် အဝါရောင် ခုံကလေးတွေ တွေ့သလား ၊ အဲ့ဒါ ဧည့်သည် စောင့် တဲ့ ခုံကလေးတွေ ၊ အဲဒီက စောင့် … ဟုတ်ပြီလား ”
“ Ok … OK”
တိုးလွင် ထွက် သွားပြီး ၁ဝ မိနစ် လောက် ကြာတော့ ဖိုင်ကလေးတွေ ကိုင်ထားသော ကောင်မလေးတွေ ရုံးစုရုံးစု ဖြစ်ပြီး နံရံတစ်ခု ကို ဝိုင်းကြည့်နေကြတာ နှင့် ညိုမောင် လည်း ဝင် ကြည့်တော့ အင်တာဗျူး အချိန် ကို မနက် ၁ဝနာရီ သို့ ရွေ့ပြောင်းလိုက်ကြောင်း နှင့် အင်တာဗျူး ဖြေရမည့် အမှတ်စဉ် စာရင်း ကို ကပ်ထားခြင်း ဖြစ်ကြောင်း သိရသည် ။
ညိုမောင် အခုမှပင် သက်ပြင်း ချနိုင်သည် ။
အင်တာဗျုး အတွက် က နောက်ထပ် တစ်နာရီ လောက် အချိန် ရသေးသည် ။ ထို့အပြင် ယောက်ျားလေး ၂၂ ယောက် ရှိသည့် အနက် ညိုမောင် က အမှတ်စဉ် ၂ဝ မှာ ကျ သည် ။ မိန်းကလေး ၆၄ ယောက် နှင့် ရော လိုက်သည့်အခါ ညိုမောင် သည် မနက်ခင်း ပထမအသုတ် တွင် မပါဘဲ နေ့လည်ပိုင်း ဒုတိယ အသုတ် ၏ ၁၂ ယောက်မြောက် ကျ မှ ဝင် ရမည် ဖြစ်သည် ။ အားလုံးလည်း ဆူညံပွက်လော ရိုက်ကုန်ကြ၏ ။
ထို့ကြောင့် ညိုမောင် တစ်ခုခု စားဖို့ လိုပြီ ဟု ဆုံးဖြတ် ၍ Solo ကုမ္ပဏီကြီး ထဲ မှ ထွက် လာခဲ့လေသည် ။
ကံ ကောင်းချင်တော့ လမင်းစိုး သည် လူးဝစ်ဘော်တန် ( louis vuitton ) အဖြူရောင် လက်ကိုင်အိတ်ကလေး တစ်ခု နှင့် Half ဒေါက် အဖြူရောင် ဖိနပ်ကလေး တစ်ရံ ကို ရသည် ။
“ vuitton ဆိုတော့ မင်း ကြိုက်နိုင်တယ် လို့ ထင်တာ နဲ့ မေမီ တို့ ဆိုင် ကနေ လှမ်း မှာ ပေးထားတာ ၊ အိတ် ကတော့ ငါ့ ဆိုင် ကပဲ ၊ လမင်းမ ညည်း က ဘာဖြစ်လို့ ဒီနေ့ကျမှ တော်တော် အကဲ ဆတ် နေရတာလဲ ”
လမင်း က အဖြူရောင် ဖိနပ်ကလေး ကို စီး ကြည့်နေရင်း က ဖြေသည် ။