“ အင်တာဗျူး ရှိလို့ ဟ ”
“ ဘုရား … ဘုရား … လမင်းမ နင် က အင်တာဗျူး ဖြေပြီး ဘာတွေ ထပ် လုပ်ဦးမှာလဲ ၊ ဒီလောက် ချမ်းသာရင် တော်ပြီပေါ့ ဟယ် ၊ တော်ပါတော့ ငါတို့ ဖို့လည်း ထားပါဦး ”
“ ယမင်းမ က လဲ ဟာ အင်တာဗျုး က ငါ က မေးရမှာ ဟ ၊ ငါ့ ကုမ္ပဏီ က ထပ်ပြီး ချဲ့တယ်လေ ၊ အဲဒီတော့ လူ လိုလို့ ထပ်ခေါ်တာ ၊ OK မင်း နဲ့ လေ ပမ်းဖို့ အချိန် မရှိဘူး ၊ ကိုယ် .. ဒါတွေ တစ်ခါတည်း ဝတ် သွားတော့မယ် ၊ ပြီးတော့မှ ပိုက်ဆံအမောင့် လှမ်း ပြောလိုက် … တာ့တာ ”
ယမင်း သည် ခပ်သွက်သွက် ထွက်သွားသော လမင်း ကို ငေးကြည့်ရင်း ခါး ကို ထောက်ကာ သက်ပြင်း ကို ချမိလေသည် ။
မီးပွိုင့် မိလျှင် လမင်းစိုး ၏ ကား ကို ရော လူ ကို ရော ဝိုင်း၍ မကြည့်သူ မရှိသလောက် ဖြစ်သည် ။ Air – con Bus ပေါ် က လူတွေ ကလည်း ငေး ကြသည် ။ နံဘေး က ယှဉ်ရပ် ကိုယ်ပိုင်ကား ပေါ် က လူတွေ ကလည်း ငေး ကြသည် ။ ယမင်း က ဒါတွေ ကို သိ ပါသည် ။ ဒီတော့ အဖြူရောင်ကိုင်း ပါသည့် မျက်မှန် အဖြူကလေး ကို ကောက် တပ် ထားလိုက်သည် ။
ကားတစ်စင်း ထဲ က ငနဲ ဆို မီးပွိုင့်စိမ်း ၍ လမင်း ကား ဝေါခနဲ ထိုး ထွက်သွားသည့်အထိ ကြောင်ပြီး ငေး ကျန်ခဲ့သဖြင့် နောက်ကားများ ၏ မငြင်သာ ၊ မလှမပသော စကားလုံးတွေ တစ်ပွေ့တစ်ပိုက်ကြီး ရ၍သွား၏ ။
ရွှေတောင်ကြားလမ်း ထဲ ရောက်တော့ မျက်လုံးတွေ ရဲ့ ဒုက္ခ က လွတ် သွားသဖြင့် အတန်ငယ် စိတ်ချမ်းသာမှု ကို ပြန် ရသည် ။ အကြည့် ခံချင်တုန်းကလည်း သူ အကြည့် ခံရလို့ စိတ် ညစ်ရတော့လည်း သူ ။
ဒါဆိုရင်တော့ သူ တစ်ခုခုတော့ မှား နေပြီ ဟု လမင်းစိုး ချက်ချင်း တွေး လိုက်သည် ။ သူ့ စိတ် ထဲ မှာ အကြည့် ခံချင် စိတ် ရှိနေတာ က လည်း အမှန်ပင် ဖြစ်၏ ။ ကား ကို ငြင်ငြင်သာသာ မောင်း ရင်း လမင်းစိုး စဉ်းစား နေမိသည် ။
လမင်းစိုး ရင်ဘတ် ထဲ မှာ ‘ ဖောက်ခနဲ ‘ အသံ တစ်ခု မြည် သွားသည် ။
လမင်းစိုး အဖြေ ရပြီ ။
လမင်းစိုး အကြည့် ခံချင်တာ က လမင်းစိုး ချစ်ရတဲ့ လူ က ကြည့်တာမျိုး ကို ခံချင်တာပဲ ဖြစ်သည် ။
အဖြေမှန် ကို ရ သွားသဖြင့် လမင်းစိုး ပျော်၍ သွား၏ ။
ပြီးတော့ လမင်းစိုး ချက်ချင်း စိတ် ပြန် ညစ်သွားသည် ။
လမင်းစိုး ချစ်ရတဲ့ သူ က ဘယ်သူလဲ ။
လမင်းစိုး မှာ ချစ်ရမယ့် သူ တစ်ဦး မျှ မရှိ ။
လမင်းစိုး ကို ချစ်သည့် လူတွေ ကတော့ အများကြီး ဖြစ်သည် ။ ကိုကို့ သူငယ်ချင်းတွေ ထဲ က ရော ၊ စီးပွားလုပ်ဖော်ကိုင်ဖက်တွေ ထဲ က ရော ၊ ကျောင်းနေဖက် သူငယ်ချင်းတွေ ထဲ က ရော များစွာ ရှိသည် ။
အမှန်အတိုင်း ပြော ရလျှင် လမင်းစိုး သည် ရည်းစား ရော ချစ်သူ ပါ လုံးဝ မထားဖူးသေး သော နှစ်ဆယ့်တစ်နှစ် သမီးကလေး သာ ဖြစ် ပါသည် ။ဘဝ က ပြည့်စုံလွန်း နေ၍ သူ့ ဘဝ မှာ သူ လုပ်ချင်တာတွေ လျှောက် လုပ်ခွင့် အကုန် ရနေသဖြင့် ရည်းစား မထားဖြစ် တာလည်း ဖြစ်ချင် ဖြစ်မည် ။ ဒါမှမဟုတ် ဘယ်သူ့ ကို ဖြစ်ဖြစ် စိတ်တိုင်းကျ အနိုင် ရနေကျ မို့ ရည်းစား မထားဖြစ်တာလည်း ဖြစ်ချင် ဖြစ်မည် ။
လမင်းစိုး ကိုယ်တိုင် ကတော့ တစ်ခါတစ်လေ ရည်းစား ထားချင် သလိုလို ဘာလိုလို တော့ ဖြစ်ဖူးသည် ။ နောက် ကျတော့လည်း နိုင်ငံခြား ကို သူငယ်ချင်းတွေ နဲ့ ဈေး သွား ဝယ်တာတို့ ၊ ကိုကို နဲ့ ဂျပန် ကို အလည်ခဏ လိုက် သွားတာတို့ နှင့် ကြုံသည့် အခါ ရည်းစား ထား ဖို့ ကို မေ့သွားပြန်သည် ။
ဒီတော့ ရည်းစား တစ်ယောက် တော့ ထားဖို့ လိုပြီ ဟု လမင်းစိုး သည် ကိုယ့် ကိုယ် ကိုယ် ဘဲလ် ပေးလိုက်သည် ။
ထိုအချိန် မှာ ပင် မောင်းလာသော ကား ကလည်း ထိုး ရပ် သွားလေသည် ။
စက် ပြန် နှိုး သည် မရ ။ လမင်းစိုး က လည်း ကား ဆိုလျှင် မောင်းဖို့ လောက်သာ သိ သူ ဖြစ်သည် ။ ဘာဆို ဘာမှ နား မလည် ။ စက် ကို ထပ် နိုးကြည့်သည် မရပါ ။ ဒီလိုမျိုး တစ်ခါ ဖြစ်ဖူးသည် ။ နောက်ကနေ နည်းနည်းကလေး တွန်း ပေးလိုက်၍ ကားဘီး လိမ့်သွားလျှင် စက် ကို နှိုး ၊ သုံးလေးခါ နှိုး လိုက်လျှင် ရပြီ ။
ခက်နေတာက ရွှေတောင်ကြား ထဲ မှာ လမ်းလျှောက်တဲ့ သူ က အလွန် ရှားသည် ။ ကား တစ်စင်း တော့ လာသည် ။ မောင်းလာသူ က ကောင်မလေး တစ်ယောက် ဖြစ်၏ ။ လမင်းစိုး ကား ပျက်နေမှန်း သိသော်လည်း လှည့်ပင် မကြည့် ။ ဒီတော့ လမင်း တို့ ကလည်း ဆောရီး ပဲပေါ့ ။ လမင်း ကိုကို့ ဆီ ဖုန်း လှမ်း ဆက်လိုက်သည် ။
“ ကိုကို …. လမင်း ရဲ့ ကားစုတ် က ဟိုတစ်ခါ ကလို ဖြစ် ပြန်ပြီ ”
“ ကား က မစုတ်ဘူး ၊ အကောင်းစား ၊ ညီမလေး ကို ဘတ်ထရီ လဲ ပါလို့ ပြော နေတာဟာ ကို ဂရုမစိုက်ဘဲ ဘယ် မှာ ပျက်နေတာလဲ ”
“ ရွှေတောင်ကြား ထဲ မှာ ၊ သံလွင်လမ်း ၊ ကိုကို လာခဲ့ ”
“ ခွီးပဲ ကိုကို က အခုမှ FMI က ထွက်မှာ ညီမလေး ဆီ ရောက်ဖို့ နာရီဝက် လောက် ကြာ ဦးမှာ ၊ တစ်ယောက် ယောက် အကူအညီ တောင်း လိုက်ပါလား ”
“ ဒီလို နေရာ မှာ ဘယ်သူ ရှိမှာလဲ ၊ ဘယ်သူ က ရော ကူ မှာလဲ ”
“ ကောင်းပြီ …. အဲဒါဆို ညီမလေး စောင့်နေ ကိုကို လာခဲ့မယ် ၊ အင်တာဗျူး အချိန် ကို နောက်ထပ် တစ်နာရီ လှမ်း ရွှေ့ခိုင်းထားလိုက်မယ် သိလား ”
ဒီလိုနှင့် လမင်းစိုး သည် ကား ရှေ့ဖုံး ကို မှီကာ လက် ကို ပိုက် နူတ်ခမ်း ကို ကိုက် ၍ နေသော အဖြူရောင် ဒေါသနတ်သမီးကလေး ဖြစ်၍ နေလေသည် ။
ညိုမောင် လမ်း ကို ရောက်မှ ရုတ်တရက် သတိ ရသည် ။ ဒီလမ်း ဒီနေရာတွေ က သူ သွားဖူး လာဖူး သည့် နေရာတွေ မဟုတ် ။ ပြီးတော့ အိမ်တွေ ကလည်း ဟိုး ကုန်းအမြင့်ကြီးတွေ ပေါ် မှာ ၊ ကုန်းပေါ် က အိမ် မဟုတ်ပြန်ရင်လည်း ခြံဝန်း နှင့် အိမ်တွေ က တော်တော်လေး ဝေးသည် ။ အကောင်းစား သံတံခါးအပိတ်ကြီးတွေ တပ် ထားသည် ။ ၁ဝ ပေ အမြင့်ရှိသော အုတ်နံရံပေါ် မှာ ချွန်မြိထက်မြသော သံကြိုးခွေတွေ တပ်၍ ထားသည် ။ လမ်းသွားလမ်းလာ ဆို၍လည်း ညိုမောင် လျှောက်လာသည့် တစ်လျှောက် တွင် တစ်ယောက် မှ မတွေ့ရသေး ။ ဝေါခနဲ ဝေါခနဲ ဖြတ်မောင်း သွားသော ကား သုံးလေးစင်း ကို တော့ တွေ့ရသည် ။
ညိုမောင် သည် သူ့ စိတ်ကူး နှင့် သူ ထွက် လာခဲ့တာ ဖြစ်သည့် အတွက် ဘယ်လမ်း ကို ကွေ့၍ ဘယ်လမ်း ကို ချိုးခဲ့သည် ဆိုတာ ကို မမှတ်မိတော့ ။ ထိုသို့ အားငယ်ထိတ်လန့် ကြောက်ရွံ့လာတော့ ‘ ယသာနုဿရ ဏေဏာပိ ‘ ဆိုသည့် ဓဇဂ္ဂသုတ် ကို သာ ရွတ် ရ ပြန်သည် ။
ဓဇဂ္ဂသုတ် မဆုံးခင် မှာပင် ကုက္ကိုလ်ပင်ကြီး တစ်ပင် အောက် မှာ ကွမ်းယာဆိုင်ကလေး တစ်ဆိုင် ကို ညိုမောင် သွား တွေ့တော့ ဝမ်းသာလိုက်သည့် ဖြစ်ချင်း ။
“ အစ်မ … အစ်မ … ဒီကနေ Solo ကုမ္ပဏီ ကို ဘယ်လို သွားရသလဲ ဟင် ”
ကွမ်းရွက်အညှာတွေ ကို ညှပ် နေသော အသက်ခပ်လတ်လတ် ကုလားမကြီးက သူ့ ကို မော့ကြည့်သည် ။
“ ကျွန်မ … မသိဘူးရှင့် ”
“ အာ .. ၊ ခဏ … ခဏ ကျွန်တော့် ဆီ မှာ လိပ်စာ ပါတယ် အစ်မ ”
ညိုမောင် လွယ်အိတ် ထဲက လိပ်စာ ကို ကမန်းကတမ်း စိတ်လှုပ်ရှားစွာ နှင့် ရှာတော့…
ပထမ ရှာ၍ မတွေ့ ။ ဒုတိယ အကြိမ် ရှာတော့ မှ တွေ့သည် ။
“ ဒီမှာ အစ်မ .. ဒီမှာ ဒီလိပ်စာ ”
ကုလားမကြီး က ညိုမောင် ထိုး ပေးသော လိပ်စာ ရေးထားသည့် စာရွက် ကို အနား ကပ်ကာ သေသေချာချာ ကြည့်သည် ။ ပြီးမှ ….
“ အားကိုနော် … ကျွန်မ … စာ … မတတ်ဘူး ”
“ သေလိုက်ပါတော့ဗျာ ”
ညိုမောင် ဒါပဲ ပြောနိုင်တော့သည် ။ ဒါမျိုးဆိုင်ကလေးတွေ ရှိသေးလား ဆိုတော့….
“ ဟိုဘက် နား မှာ နော် ရှိတယ် ”
ဆိုသဖြင့် ထိုကုလားမကြီး လက်ညှိုးညွှန်ရာ ရေဖြစ်ပါစေ ဟူသော ဆုတောင်း နှင့် ထွက်ခဲ့ရသည် ။ ကုလားမကြီး ပြသော လမ်းကလေး ထဲ သို့ ချိုးကွေ့လိုက်တော့မှ ညိုမောင် ဝမ်းသာ သွားသည် ။ ကားအဖြူကလေး တစ်စင်း နှင့် တစ်ကိုယ်လုံး အဖြူရောင် ဝတ်ထားသော ကောင်မလေး တစ်ယောက် ကားခေါင်း ကို မှီကာ လက်ပိုက် ရပ်နေ၏ ။
ညိုမောင် လာနေတာ ကို တွေ့လိုက်တော့ လမင်းစိုး သည် တော်တော် ပျော်သွား၏ ။ အခု လာနေသော သူ သည် သန်မာသော အရွယ် ရှိသော ယောက်ျားလေး မို့ ပို၍ ပျော်သွားသည် ။ သူ့ အမိုးဖွင့်ကားကလေး သည် ခွန်အား နှင့် ပြည့်စုံသော ယောက်ျားလေး တစ်ယောက် တွန်း လျှင် အလွယ်တကူ ရွေ့နိုင်ပါသည် ။
“ ဒီမှာ … ”
နှစ်ယောက် စလုံး ပြိုင်တူ ခေါ်မိကြခြင်း ဖြစ်သည် ။