ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

အခန်း (၁) သူကြွယ်မြို့မှ သူ ဆင်းရဲနှစ်ယောက် 

ဘေဘီလုံမြို့ သား ဗန်။ သူသည် နှစ်ဘီးတပ် စစ်ရထားများ တည်ဆောက်သော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်သည်။ ဒီကနေ့မှာတော့ ဗန်ဆား လုံးလုံးလျားလျား စိတ်ဓာတ်ကျနေသည်။ အိမ်ခြံစည်းရိုး အုတ်တံ တိုင်းနှိမ့်ပေါ်ထိုင်ကာ အိမ်ကုပ်ကလေးကို ငေးကြည့်နေသည်။ အိမ်နံဘေး သူအလုပ်လုပ်သည့် နေရာ မှာ လက်စမသတ်ရသေးသော ပြိုင်ရထားတစ်စီး၊ ဇနီးသည်က တံခါးဝမှာ မကြာခဏ ပြုတစ်ပြူတစ် လုပ်နေသည်။ သူ့ကိုအကဲ ခတ်နေခြင်း ပင်။ မီးဖိုချောင်မှာ ဆန်ကုန်တော့မယ်၊ ရှင်မထသေးဘူးလား။ ရွေဘော်ထိုးပါလား၊ သံရိုက်ပါလား၊ ပေါ် လစ်တင်တဲ့အပိုင်းတင်၊ ဆေးသုတ်တဲ့အပိုင်း သုတ်ပါတော့လား။ ဒီမြင်းရထားမြန်မြန်ပြီးမှ အလုပ်အပ်တဲ့ သူဌေးကို မြန်မြန်ပေး၊ ငွေမြန်မြန် ရမှာ မဟုတ်လား။ မိန်းမစိတ်ထဲက မြည်တွန်နေမည့်စကားတွေ သူကြားနေသည်။ သို့သော်သူမထ။ မတုန်မလှုပ် ငုတ်တုပ်ပင် ဆက်ထိုင်နေသည်။ သူထမရနိုင်လောက်အောင် သူ့ခေါင်းထဲမှာ ပြဿနာတရပ် ကြီးစိုးနေသည်။ သူ့ ရှိသမျှ ဉာဏ်နှင့် လုံးဝအဖြေရှာမရနိုင်သည့် ပြဿနာ။ ။ သူတို့ ယူဖရေးတီးစ်မြစ်ဝှမ်းဒေသ၏ ပူပြင်းလှသာ နေရှိန်က သူ့ကိုယ်ပေါ်သို့ မညှာမတာကျ ရောက်နေသည်။ နဖူးကကျလာသော ချွေးတွေသည် ပါးပြင်နှင့် လည်ပင်း တလျှောက် စီးဆင်းကာ ရင်ဘတ်ရှိ အမွှေးအမျှင်များကြားမှာ ပျောက်ကွယ်သွားသည်။ သူ့အိမ်ခေါင်မိုးကိုကျော်၌ ဟိုးအဝေးဆီ လှမ်းမျှော်ကြည့်လိုက်လျှင် ဘုရင်မင်းမြတ်၏ စံနန်း တော်မှ စုလစ်မွမ်းချွန်တွေ သူမြင်ရသည်။ နန်းတော်နှင့် မနီးမဝေးဆီတွင်မူ ဘဲလ်ဗိမာန် တော်မှ မျှော်စင် မြင့်ကြီးက ပြာလဲ့သော မိုးကောင်းကင်ကိုပင် ထိုးခွဲနေသယောင်။ သည်လိုကြီးကျယ်ခမ်းနားသည့် အဆောက်အအုံများနှင့် ဘာမျှမေးသောနေရာမှာ စုတ်ချာသော သူ့အိမ်ကလေး တည်ရှိနေ သည်။ သူ့နည်းတူ ညှိုးလျသော တစ်ခြား အိုးအိမ်ငယ် တွေလည်း ရှိကြသေးသည်ပေါ့ ။ ဘေဘီလုံ က ဆင်းရဲနှချမ်းသာ၊ တောက်ပခမ်းနားနှင့် ညစ်စုတ်ချာတို့ သွေးရောယှက်တင်လျှက်ရှိသော နေရာတခု ဖြစ်ချေသည်။ လမ်းမများထဲကြည့်လျှင် သူဌေးသူကြွယ်တွေ၏ မြင်းရထားတွေ ခြူသံတညံညံ ပြေးလွှားနေတာ တွေ့နိုင် သလို စီးစရာဖိနပ်ပင်မပါသည့် သူဖုန်းစားများကိုလည်း လူအများကြား တိုးဝှေ့သွားလာ နေတာ မြင်ရလိမ့်မည်ဖြစ်သည်။ ဗန်ဆားကတော့ သူ့ပြဿနာထဲ အာရုံဝင်နေသည်မို့ ဘေးဘီကို လှည့်မကြည့်မိ။ သူနှင့် သူ့ပတ်ဝန်းကျင်က တကမ္ဘာဆီ ခြားနေသလိုလို။ သို့သော် ဘေဘီလုံ၏ ဆူညံသံများအကြားမှာ သူ့အတွက် ထူးခြားသော အသံတခု နားက ရုတ်တရက် ဖမ်းယူမိကာ အတွေးစပြတ်သွားသည်။ စောင်းကြိုကိုတီးခတ်လိုက်သည့်အသံ။ နောက်ဘက်လှည့်ကြည့်မိတော့ သူ့ သူငယ်ချင်း ဂီတဆရာ တော်ဘီ၏ ပြုံးနေသော မျက် နှာကို မြင်ရသည်။ “ငါ့သူငယ်ချင်းတော့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေ ကောင်းကောင်းကြီး စောင်မထား ပြီထင်တယ်။” ကော်ဘီက အားပါးတရလေသံဖြင့် နတ်ခွန်းဆက်သည်။ “သေချာတယ်၊ ဒါကြောင့်မို့ ခုလို အိမ်နဲ့ ထိုင်နေ နိုင်တာပေါ့၊ ဂမ်းသာတယ် သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်း ဇာကာစန်းလဂ်တက်နေတော့ ကိုယ်လဲ ဝေမျှသုံးစွဲရတာပေါ့ ၊ များများစားစား မဟုတ်ဘူးကွာ၊ ငွေဒင်္ဂါး နှစ်ပြားလောက်ပဲ ချေးစမ်းပါ၊ လောလောဆယ် မင်းပိုက်ဆံအိတ် သိပ်ဖေါင်းနေတယ်မဟုတ်လား၊” “ဖောင်းဖို့ နေနေသာသာ မင်းချေးပါဆိုတဲ့ ဒင်္ဂါးနှစ်ပြားကို ငါ့မှာမရှိဘူး၊ နှစ်ပြားကများသေး တယ်။ တပြားမှကိုမရှိတာ” ဗန်ဆား စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။ “ဘာကွ” ကော်ဘီ တကယ်အံ့အားသင့်သွားသည်။ “အိတ်ထဲမှာ ပိုက်ဆံတပြားမှမရှိပဲ မင်း ကျောက်ရုပ်လိုထိုင်နေတယ် ဟုတ်လား၊ မြင်းရထားပြီးအောင်လုပ်လေကွာ၊ မင်းကြည့်ရတာ ဗန်ဆား မဟုတ်သလိုပဲ၊ မင်းဝိရိယတွေ ဘယ်ရောက်ကုန်ပြီလဲ၊ အမှောင့်ပယောဂ တစ်ခုခုတော့ဝင်ပြီထင်တယ်။” “အေး အမှောင့်ပယောဂဝင်တာတော့ အမှန်ပဲကွ” ဗန်ဆားကဆိုသည်။ “စတာက အိပ်မက်ကွ၊ အဲ့ဒီအိပ်မက်တစ်ခု ကိုနှိပ်စက်တာ” “ဘယ်လိုအိပ်မက်မျိုးလဲကွာ” “အိပ်မက်ထဲမှာ ငါချမ်းသာသွားတယ် သူငယ်ချင်း၊ ငါ့ခါးမှာ ပိုက်ဆံအိတ်ကြီး ချိတ်လို့၊ ငွေဒင်္ဂါး တွေအပြည့်နဲ့၊ အလေးကြီးပဲ၊ သူတောင်းစားတွေကို ရော့တပြား ရော့တပြား ငါလျှောက် ဝေပေးနေတာ၊ ငွေဒင်္ဂါးတွေတဆုပ်ကြီးကိုင်ပြီး မိန်းမအတွက် ဝတ်ကောင်းစားလှတွေဝယ်၊ ငါ့အတွက် လိုချင်တာတွေဝယ်၊ ရွှေဒင်္ဂါးတွေလည်း တပုံတခေါင်းကြီးနဲ့ ဆိုတော့ ရှေ့ရေး ဘာမှပူစရာမလိုဘူး၊ ငွေသားဒင်္ဂါး လောက်ကတော့ ကြိုက်သလိုသုံးပေါ့၊ အရမ်းကိုကျေနပ်ပြီး စိတ်ချမ်းသာနေတာ၊ သူဌေး ဗန်ဆားကွ၊ အမြဲတကုပ်ကုပ် အလုပ်လုပ်နေရတဲ့ မင်းသူငယ်ချင်းဗန်ဆားနဲ့ တခြားစီပဲ၊ ငါ့မိန်းမ ဆို ရင်လည်း မင်းမှတ်မိ မှာတောင်မဟုတ်ဘူး၊ ဒီမျက်နှာမျိုးလုံးဝမဟုတ်ဘူး၊ မျက်နှာက ကြည်နေတာပဲ၊ ငယ်ငယ်တုန်းက ငါနဲ့ညားကာစတုန်းကအတိုင်း ပြုံးလို့ ရွှင်လို့ပေါ့ ” “ဟ သိပ်ကောင်းတဲ့အိပ်မက်ပဲကွာ၊ ဒါနဲ့တောင်မင်းက ဒီအပေါ် မျောက်မှိုင်မှိုင်ပြီး  ထိုင်နေရသလား” “အင်းလေ အိပ်မက်က ကောင်းလွန်းအားကြီးနေတယ်၊ အဲ့ဒီအိပ်မက်ကနိုးလာတော့ ဟောဒီ လုံးဝအသုံးမကျတဲ့ လက်တွေ့ဘဝထဲ ပြန်ရောက်လာတာကိုး၊ အိပ်မက်ထဲတုန်းက ဖောင်းနေတယ်ဆိုတဲ့ ငါ့ ပိုက်ဆံအိတ်မှာ ခြူးတစ်ပြားမှတောင်မရှိဘူး၊ အဲဒီတော့ ငါဒေါသ ထွက်တာပေါ့။။။ အဲဒီတော့ သူယ်ချင်း ဒီကိစ္စ မင်းနဲ့ငါဆွေးနွေ ရအောင်၊ တို့ဘဝတွေက အတူတူပါပဲ၊ သင်္ဘောသားစကားနဲ့ ပြော ရင် တလှေတည်းစီး တခရီးတည်းသွားတွေ၊ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ စာသင်တော့လဲ အတူတူ လူပျိုလူရွယ်ဘဝ ပျော်ကြပါးကြတော့လဲ အတူတူ၊ အသက်ကြီးလာတော့လည်း တယောက် နဲ့ တယောက် အမြဲတွေ့ ဆုံ နေကြတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်ဘဝကိုယ် မကျေနပ်မရှိပါဘူး၊ တနေကုန် အလုပ်လုပ်ရလို့ လည်း မညည်းညုဘူး၊ လုပ်စရာရှိသမျှလုပ်၊ ရှာလို့ ရသမျှလဲအကုန်သုံး၊ ဒီလိုနေလာ ကြတာ၊ ဒီနှစ်တွေအတွင်း ရခဲ့တဲ့ပိုက်ဆံတွေ တွက်ကြည့် ရင်လည်း နည်းတော့မနည်းပါဘူး၊ ဒါပေမယ့် ဘယ်ခါမှ မချမ်းသာဘူး၊ ငါတို့ဘဲ သိပ်တုံးနေသလား စဉ်စားရမယ်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဆိုတဲ့မြို့မှာ ငါတို့ နေကြကာ၊ ဓနဥစ္စာနဲ့ ပတ်သတ်ရင် ဘေဘီလုံကိုယှဉ်နိုင်တဲ့မြို့ မရှိဘူးလို့ ခရီးသည် တွေ ပြောကြတယ်မဟုတ်လား သူများတွေ ရတနာပုံဆိုက်နေတဲ့ကြားက ငါတို့မွဲနေတာ၊ မင်းဆို စဉ်စားကြည့်၊ ကိုယ့်အလုပ်ကိုယ် ကြိုးကြိုးစားစားလုပ်လာတာ လူ့သက်တမ်း တဝက်ကျိုးနေပြီ၊ အိတ်ထဲ ပိုက်ဆံတပြားမကပ်ဘူး၊ “သူငယ်ချင်း ငွေဒင်္ဂါးနှစ်ပြားလောက်ချေးစမ်းပါ” တဲ့၊ ငါ့ကိုလာပြောနေ ရတယ်၊ ငါကကောဘာထူးသလဲ “သူငယ်ချင်း ဟောဒီမှာ ပိုက်ဆံအိတ်၊ မင်းလိုသလောက်ယူသွား ကွာ” လို့ ပေးနိုင်သလား၊ ဝေးလိုက်တာ၊ ငါ့အိတ်လဲ မင်းအိတ်အတိုင်း ပြောင်သလင်းပါဘဲလို့ ပြော နေရတယ်၊ အဲ့ဒီတော့ဘာလဲ၊ တို့ဒီတသက်မှာ ရွှေဒင်္ဂါးငွေဒင်္ဂါးဆိုတာ မကိုင်နိုင်တော့ဘူးလား၊ ထမင်း စားရရုံ၊ အဝတ်ဝတ်ရ တယ်ဆိုယုံနဲ့ တို့ဘဝပြီးရောလား၊ ပြီးတော့ တို့ သားသမီးတွေကြည့်၊ သူတိုကြီး လာတော့လဲ တို့နည်းတူ မသေထမင်း မသေဟင်းစားပြီး အိုကြ သေကြ ရမှာလား၊” “အင်း မင်းနဲ့ တသက်လုံးပေါင်းလာတာ ဒီတခါဘဲ ဒီစကားမျိုး ကြားရဘူးတယ် ဗန်ဆား” ကော်ဘီက အံ့အားသင့်ဟန်ဖြင့်ဆိုသည်။ “အေး၊ တသက်လုံး တခါမှဒီအတွေးမျိုး မပေါ်ခဲ့ဘူးတာတော့ အမှန်ပဲ၊ နေထွက်ကနေဝင် ငါအလုပ်လုပ်ခဲ့တယ်၊ လက်ရာအမြောက်ဆုံး အသပ်ရပ်အလှပဆုံးဆိုတဲ့ ရထားတွေ ငါလုပ်ခဲ့တယ်၊ ဒီလို ရိုးရိုးသားသား ကြိုကြိုစားစား အလုပ်လုပ်တဲ့အတွက် တနေ့ ကျရင် နတ်ဘုရားတွေစောင်မလို့ ကြွယ်ဝ ချမ်းသာလေမလားဆိုပြီးတော့လဲ တခါတရံ ငါတိတ်တခိုး မျှော်လင့်ခဲ့ဘူးတာပဲ၊ ဒါပေမယ့် ဘယ်နတ်ကမှ မမစခဲ့ဘူး၊ နောင်လဲ ဘယ်တော့မှ မစမှာမဟုတ်ဘူးဆိုတာ ငါအခုသဘောပေါက်နေပြီ။ အဲ့ဒါကြောင့် ငါစိတ်ညစ်နေတာ၊ ငါချမ်းသာချင်တယ်၊ မြေနဲ့ယာနဲ့ ကျွဲနဲ့ နွားနဲ့၊ ၀တ်ကောင်းစားလှနဲ့ အိတ်ထဲမှာ ငွေသံတချွင်ချွင်နဲ့၊ အဲဒီလို ဖြစ်ချင် နေပြီ၊ သည်းမခံနိုင်တော့ဘူး၊ ငါဘာတွေ ဘယ် လောက်လုပ်ရမလဲ။ ကာယစိုက်ထုတ်ရမလား၊ ညာဏစိုက်ထုတ်ရမလား၊ လိုသလောက်ငါလုပ်မယ်၊ လုပ်သလောက် ငါလိုချင်တယ်၊ သူများတွေဒီလောက် သောက်သောက်လဲ ရနေကြတာကွာ၊ ငါတို့ကျမှ ဘာ့ကြောင့် မရရသလဲ၊ ငါ အဲ့ဒါသိချင်တယ်။” မှာလဲ ဘယ်အရှိလဲ သူငယ်ချင်း” ကော်ဘီကဆိုသည်။ “မင်းလိုဘဲငါလည်း ငါ့ဘဝ ကို မကျေနပ်ပါဘူး၊ စောင်းတီးလို့ ရတဲ့ပိုက်ဆံက လက်ထဲဘယ်တော့မှ ကြာကြာမခံဘူး၊ မိန်းမနဲ့ ကလေးတွေ မငတ်အောင် မကြာခဏ ကြံရဖန်ရတယ်၊ ပြီးတော့ ငါဒီထက်ကောင်းတဲ့ စောင်းတလက် လိုချင်နေတာ လည်းကြာလှပြီ၊ ဒိထက်ကြီးကြီးမားမား စောင်းတလက်သာရမယ်ဆိုရင် ငါ့ ရင်ထဲရှိတဲ့ လည်းကြာလှပြီကြာခဏ ကြံရဖန်ရတယ်က လက်ထဲဘယသည်။ “မင်းလိုဘဲ ဂီတသံစဉ်တွေအားလုံး အပီအသထုတ်ဖေါ်လို့ရမှာ၊ ရှင်ဘုရင်တောင် တခါ မှနားမထောင်ဘူးတဲ့ တေးသွားမျိုးတွေ ငါတီးခတ်ပြနိုင်မှာ” “မှန်တယ် မင်းလိုလူမျိုးမှာ အဲ့ဒီလိုပိုကောင်းတဲ့စောင်းတလက် ရှိသင့်တာပေါ့၊ အဲဒါနဲ့ ဆိုရင် ရှင်ဘုရင်မဟုတ်ဘူး နတ်ဘုရားတွေတောင် မင်းလက်သံကို အံ့သြကြချီးကျူးကြမှာ၊ ဒါပေမယ့် တ ကယ်တမ်းကျတော့ ဒီစောင်းမျိုးဘယ်မှာဝယ်နိုင်ပါ့ မလဲ၊ မင်းတို့ငါတို့က ဘုရင့်ကျွန်တွေလောက် ဆင်း ရဲနေကြတာ။” ပြောရင်းဆိုရင်းပင် ရှင်ဘု ရင့် ဥယျာဉ်ပျံများကို ရေဖြန်းရန်အတွက် မြစ်ဆိပ်သို့ ရေ သွားခပ်ကြသည့် ကျွန်တသိုက် လာနေတာတွေ့ ရသည်။ လေးလံသော ရေအိတ်ကြီးတွေ ကိုယ်စီထမ်း ကာ ငါးယောက်တစ်တွဲ ရင်ဘောင်တန်းသွားနေသည်။ အပေါ်ပိုင်း ဗလာကျင်းနေသည့် သူတို့ခန္ဓာ ကိုယ်များပေါ်တွင် ချွေးတွေရွှဲနေသည်။ ကျွန်တန်းကြီးရှေ့ဆုံးမှ ခေါင်းလောင်းသံတချွင်ချွင်ပေးကာ ကြည့်ကြပ်လိုက်ပါရသည့်ပုဂ္ဂိုလ်မှာ အတော်ဥပတိရုပ်ကောင်းသူတဦး ဖြစ်သည်။ “သူ့တိုင်း ပြည်မှာ တော့ အရေးပါမယ့်ပုဂ္ဂိုလ်ပဲကွ၊ ရုပ်ကအတော်သန့်တယ်” ကော်ဘီက ကျွန်လုပ်သား ခေါင်းဆောင်ကို ကြည့်ပြီး မှတ်ချက်ချသည်။ “နောက်ကလိုက်တဲ့အထဲမှာလည်း လူရည်သန့်တွေ အတော်ပါပါတယ်၊ အစက မင်းတို့ငါတို့ လို လွတ်လွတ်လပ်လပ် နေခဲ့တဲ့လူတွေပေါ့ ”ဗန်ဆားက ကိုယ်ချင်းစာစွာ မှတ်ချက်ချသည်။ ကျွန်တွေက လူမျိုးစုံသည်။ ဘေဘီလုံ၏ မြောက်ဖက်ပိုင်းဆီမှ ဆံပင်ရွှေဝါရောင် တောင် ထောင်မောင်းမောင်း ပုဂ္ဂိုလ်တွေ၊ တောင်ဖက်ပိုင်းဆီမှ အနက်ရောင်အသားနှင့် ကျစ်လစ်သောကိုယ် ကာယ ပိုင်ရှင်တွေ၊ ဘေဘီလုံအနီးဝန်းကျင် မြို့ပြနိုင်ငံများဆီက နီညိုရောင် အသားအရေပိုင်ရှင်တွေ၊ မြစ်နှင့် ပန်းဥယျာဉ်များကြား ရေအိတ်ကိုယ်စီထမ်းကာ လူးလား ခေါက်တုံ့သွားနေရသည်။ “စိတ်မကောင်းစရာ ကော်ဘီရာ၊ တနေကုန်တနေခန်းလုပ်၊ ဆန်ပြုတ်ရေကျဲစား၊ ညနေကျ ကြမ်းပြင်မှာ ကောက်ရိုးခင်းပြီးအိပ်၊ တနေ့လည်းမဟုတ်၊ တနှစ်လဲမဟုတ်၊ အကန့်အသတ်မရှိလုပ်ရ မှာ၊ အနာဂတ်မရှိတဲ့လူတွေ၊ လွတ်လမ်းမမြင်တဲ့လူတွေ” “သနားစရာကောင်းတာတော့ အမှန်ပေါ့ ကွာ၊ ဒါပေမဲ့ ငါတိုကောဘာထူးသလဲ၊ ကိုယ့်ဘာသာ ကိုယ်သာ လွတ်လပ်တဲ့လူတွေလို့ ဆိုနေ ရတာ၊ တကယ်တမ်းကျတော့ အဲ့ဒီ ကျွန်ဖြစ်နေတဲ့လူတွေထက် ၊ တို့ကဘယ်လောက်သာလို့ တုန်း” “အမှန်ပဲကော်ဘီ၊ တို့ဘဝလဲ သူတို့နဲ့ ဘာမှမခြားဘူး၊ ကျွန်သာသာဘဝပဲ၊ တနှစ်လဲအကြောင်း မထူး၊ နှစ်နှစ်လဲအကြောင်းမထူး၊ အလုပ်- အလုပ်- အလုပ်ပဲ လုပ်နေရတယ်၊ ဘာမှဖြစ်မလာဘူး” “သူများတွေ ဘယ်လိုချမ်းသာကြသလဲဆိုတဲ့ နည်းလမ်းတွေ မေးမြန်းကြည့်ရင် ကောင်းလိမ့် မယ်ထင်တယ်” ကော်ဘီကအကြံပြုသည်။ “အေးဟုတ်တယ်၊ တို့မသိတဲ့နည်းလမ်းတွေ သူတို့မှာရှိချင်ရှိနေနိုင်တယ်၊ မေးကြည့်ရင်တစွန်း တစဖြစ်ဖြစ် သိရနိုင်တာပေါ့” “ငါ ဒီနေ့ပဲ တို့သူငယ်ချင်းအာခတ်နဲ့ တွေ့တယ်ကွ၊ သူကတော့ ထုံးစံအတိုင်း ရွှေပိန်းချ ရထားကြီး စီးလို့ ပေါ့ကွာ၊ ဒီကောင် ဒီလောက်ချမ်းသာနေ ပေမယ့် ငယ်သူငယ်ချင်း တွေကိုတော့ မမေ့ ဘူးကွ၊ ဘဝင်မြင့် တဲ့   လူဆိုရင် ငါလိုကောင်ကို ဘယ်ဂရုစိုက်နေမလဲကွာ၊ မမြင်ချင်ယောင်ဆောင်သွား မှာပေါ့ ၊ အခုတော့ လမ်းမှာ လူတွေအများကြီးကွာ၊ ဝိုင်းကြည့် နေတဲ့ကြားက ငါ့ကိုသေသေချာချာ ဝမ်းပန်းတသာ နှုတ်ဆက် တယ်၊ စောင်းဆရာတော်ဘီဆိုကာ သူ့သူငယ်ချင်း အရင်းအချာပဲလို့ လူအများရှေ့မှာ အသိအမှတ်ပြုသွားတာ” “အာခတ်ဟာ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်လို့ ပြောကြတာပဲကွ” ဗန်ဆားက တွေးတွေး ပြော သည်။ “ချမ်းသာလွန်းလို့ ရှင်ဘု ရင်တောင် ရွှေတိုက်တော်မှာ ဘဏ္ဍာငွေနည်းနေတဲ့အခါမျိုးမှာ သူ့ ဆီက ချေးရတယ်လို့ဆိုတယ်။ “ဟုတ်တယ်၊ သိပ်ချမ်းသာတဲ့ကောင်၊ ငါဒီကောင့်ကို ညဘက်တွေဘာတွေနှစ်ယောက်ထဲတွေ့ ရမှာတောင်ကြောက်တယ်၊ သူ့ပိုက်ဆံအိတ်ကြီး ငါလုမိမှာ” ဗန်ဆားက ဆိုသည်။ “မင်းကလဲအရူးပဲ၊ သူချမ်းသာသမျှဥစ္စာဟာ ဒီပိုက်ဆံအိတ်ထဲ ပါတာမှမဟုတ်ပဲကွ၊ ဘယ် လောက် ဖောင်းတဲ့ပိုက်ဆံအိတ်ဖြစ်ဖြစ် သုံးပစ်လိုက်ရင် ကုန်တာချည်းပဲ၊ အာခက်ချမ်းသာတာ ပိုက်ဆံ အိတ်သိပ်ကြီးနေတာမဟုတ်ဘူး၊ သူ့အိတ်ထဲကို ရွှေတွေငွေတွေ တသွင်သွင် စီးဝင်နေတဲ့ လမ်းကြောင်း တခုရှိနေတာ၊ အဲ့ဒီတော့ ဘယ်လောက်သုံးသုံး မကုန်နိုင်ဘူး၊ လျော့သွားသလောက် ပြန်ပြန်ပြည့်နေ တယ် ” “အေးဟုတ်တယ်၊ အရေးကြီးတာက “ဝင်ငွေ” ကွ၊ ငါလည်း အဲ့ဒီဝင်ငွေမျိုး လိုချင်တယ်၊ ငါဒီမှာ ထိုင်နေနေ၊ တိုင်းတပါးခရီး လျှောက်သွားနေနေ ပိုက်ဆံအိတ်ထဲကို ငွေက သူ့နည်းနဲ့သူ ဝင်နေတာမျိုး ငါလိုချင်တယ်၊ အာခတ်မှာ အဲ့ဒီဝင်ငွေမျိုး ဘယ်လိုရလာသလဲ၊ သူတော့သိမှာပေါ့၊ အဲ့ဒီရနိုင်တဲ့နည်းကို သူကငါ့လိုကောင်မျိုးကို သင်ပေးမလား၊ ဦးနှောက်နဲ့ ကော အဲ့ဒီပညာမျိုးကို နားလည်နိုင်မလား။ ဒါပဲစဉ်းစားစရာရှိတယ်” “သူ့ပညာတွေ သူ့သားနိုမာကိုတော့ သင်ပေးလိုက်တာအမှန်ပဲကွ၊” ကော်ဘီကဆို သည်။ “ ဒီကောင်လေးနှင်နီဗေးကိုသွားတော့ အာခတ်က ငွေကြေးအရင်းအနှီး ပေးလိုက်တာမဟုတ်ဘူး၊ ဟိုမှာ သူ့ဘာသာကြီးပွားတာ၊ အခုဆိုရင်နင်နီဗေးမြို့မှာ နိုမာဆား အချမ်းသာဆုံးလို့ ပြောကြတယ်။” “ကော်ဘီ မင်းပြောတာ သိပ်ကောင်းတယ်” ဗန်ဆားတက်ကြွစွာဖြင့် ပြောသည်။ သူ့မျက်လုံး တွေက မျှော်လင့်ချက်ရောင်ခြည်ဖြင့် တောက်ပနေသည်။ “အာမတ်ဟာ တို့ သူငယ်ချင်းပဲကွ၊ ဒီကောင့်ဆီက အကြံဉာဏ်တောင်းမယ့်ကိစ္စကို တို့ဘာမှဝန်လေးနေစရာမလိုဘူး၊ တို့တစ်သက်လုံး ဒီ အတိုင်း မွဲတေပြီး မနေနိုင်ဘူးလေကွာ၊ ဒီဘဝကို စိတ်ကုန်နေပြီ၊ အာခတ်ဆီသွားပြီး သူငယ်ချင်း တို့လဲ ချမ်းသာချင်တယ်၊ ချမ်းသာအောင် လုပ်တဲ့နည်းလမ်း တို့ကိုလွဲပေးကွာလို့ပြောမယ်၊” “မင်း ဒီနေ့ စကားပြောတာ သိပ်အားရတယ်ဗန်ဘေး၊ မင်းစကားနားထောင်ပြီး ခေါင်းထဲမှာ အတွေးတခုပေါ်လာတယ်၊ တို့ဘာကြောင့်မချမ်းသာသလဲ ဆိုတဲ့ကိစ္စလေ။။။မင်းစဉ်စားကြည့်၊ တို့က မချမ်းသာတာသာ အခုပြောနေတယ်၊ ချမ်းသာအောင်ဆိုပြီး တို့တသက်လုံး ဘာလုပ်ခဲ့ဘူးလို့ လဲ၊ မင်းကုရားအလုပ် ဖိလုပ်နေတယ်၊ ဘေဘီလုံမှာ အကောင်းဆုံး အခိုင်ခံ့ဆုံးရထား လုပ်နိုင် အောင် မင်းကြိုးစားတယ်၊ စိတ်ရှည်လက်ရှည် လုပ်တယ်၊ မင်းစွမ်းအားတွေမှန်သမျှ အဲ့ဒီအထဲထည့် တယ်၊ အဲ့ဒီတော့အဲ့ဒီအလုပ်မှာ မင်းအောင်မြင်တယ်လေ၊ ငါလည်းထိုနည်း၎င်းပဲ၊ ငါက စောင်း ပညာမှာ တဖက်ကမ်းခတ်တတ်ချင်တယ်၊ အဲ့ဒီအတွက် ငါကြိုးစားတယ်။ အဲ့ဒီတော့ အခု စောင်း ဆရာအဖြစ်နဲ့ အောင်မြင်တယ်၊ ဒါပဲ ကိုယ်ရည်မှန်းချက်ထားတဲ့အလုပ် ကိုယ်ကြိုးစား တဲ့အလုပ်မှာ ကိုယ်အောင်မြင်တယ်၊ နတ်ဘုရားတွေအဘို့မှာလည်း တို့တတွေ ကိုယ်ရည်မှန်း တဲ့အလုပ် ကိုယ်အောင်မြင် နေတယ်ဆိုရင် ပြီးပြီပေါ့၊ သူတို့က ဘာထပ်ပံ့ပိုးပေးစရာ လိုသေးသလဲ ဒီအတိုင်းကြည့်နေမှာပေါ့၊ အခုငါတို့က ဒါနဲ့ မကျေနပ်ဘူး၊ ချမ်းသာချင်တယ် ကြီးပွားချင် တယ်ဆိုတဲ့ ဆန္ဒတွေရှိလာပြီ၊ ဒီအတွက် ဘာလုပ်ရမလဲ ကြံဆ လာပြီး ကြိုးစားလာပြီ ဆိုရင် ဖြစ်နိုင်တဲ့နည်းလမ်းကို တို့မလွဲမသွေ တွေ့လာမှာပေါ့ ကွာ၊ အခုပဲကြည့် တို့အတွက် လမ်းစ အဖြစ်နဲ့ အာခတ်ရှိနေပြီ။” “ဟုတ်တယ်၊ အာခတ်ဆီဒီနေ့ပဲ ငါတို့သွားမယ်ကွာ” ဗန်ဆား ယတိပြတ် ပြောချလိုက်လေသည်။