ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

 အခန်း (၅) ဓနဥပဒေသငါးရပ် 

“ရွှေအပြည့်နဲ့ အိတ်တစ်လုံးရယ်၊ အဘိုးတန်အသိတရားတွေပါတဲ့ စာတချပ်ရယ် ကြိုက်ရာ ရွေးကြဆိုရင် မင်းတို့ဘာကိုရွေးမလဲ” ခါလဗတ်က မေးလိုက်သည်။ သဲကန္တာရတစ်နေရာမှာ ညဘက်စခန်းချရပ်နားရင်း သူတို့ စကားဝိုင်းဖွဲ့နေကြခြင်းဖြစ်သည်။ မီးဖိုမှ အလင်းရောင်တဖျပ်ဖျပ်က သူတို့မျက်နှာတွေပေါ် အရောင်ဟပ်နေသည်။ နေလောင်ထားသော မျက်နှာများ။ စိတ်အားထက်သန်သောမျက်နှာများ။ “ရွှေအိတ်ကိုယူမယ်” ခါလဗတ်၏ လုပ်သားနှစ်ဆယ့်ခုနှစ်ယောက်လုံး တစ်ညီတစ်ညွတ်တည်း အဖြေပေးကြသည်။ ခါလဗတ်ပြီးသည်။ သည်အဖြေကို သူမျှော်လင့်ပြီးသားဖြစ်သည်။ “နားထောင်စမ်းဟေ့” ခါလဗတ်က လက်ကိုမြောက်၍ဆိုသည်။“ခွေးအတွေအော်သံ ကြားကြရဲ့လား၊ ဒီကောင်တွေ ဘာကြောင့် အူနေကြတာလဲ၊ အစာငတ်နေလို့မဟုတ်လားကွ၊ ဘယ်တော့မှ ၀၀လင်လင် မစား ရတော့ ဒီကောင်တွေကြည့်လိုက်ရင် ပိန်ပိန်လှီလှီနဲ့ ၊ ဒါပေမယ့် သူတို့ကို သွားအစာ ကျွေးကြည့်ရင် ဘာဖြစ် မယ်ထင်သလဲ၊ တစ်ကောင် တစ်ကောင်ကိုက်မယ် ခဲ့မယ်၊ လုမယ်၊ အစာရ သွားတဲ့အကောင်က မာန်ဖီမယ်။ အစာဝသွားတဲ့အကောင်က ကြွားကြွားကြွားကြွား လျှောက်သွားမယ်၊ မနက်ဖြန် ငါဘာသွားစားမလဲ လုံးဝ မစဉ်းစားဘူး၊ ဒါပေမယ့် ခွေးမှ ဘာမှမစဉ်းစားတာလားဆိုတော့ မဟုတ်ဘူး၊ လူမှာလည်းပဲ ထိုနည်း၎င်းတွေ အများကြီးပဲ၊ ဥစ္စာနဲ့ ပညာ ဘယ်ဟာရွေးမလဲဆို ရင် ဥစ္စာကို အပြေးအလွှားရွေးတယ်၊ ပညာမရှိတော့ ဥစ္စာက ကြာကြာမခံဘူး၊ နောက်တစ်နေ့ ဒီဥစ္စာကုန်တော့ အစာငတ်တဲ့ ခွေးအများလို ညည်းကြ ညုကြ အူနေ ကြပြန်တာပဲ၊ “နေဥစ္စာဆိုတာ သူရဲ့သဘောသဘာဝ သူရဲ့ဥပဒေသတွေကို သိနားလည်တဲ့ လူများနဲ့သာ ထိုက် တန်တယ်၊ သူတို့ဆီမှာပဲ တည်မြဲတယ်၊” ခါလဗတ်က ဝတ်ရုံဖြူကို သူ့ ခြေထောက်တွေပါလုံအောင် ရစ်ပတ်လိုက်သည်။ ကန္တာရက ညတွင် အေးမြသည်။ လေဝှေ့လိုက်သည့်အခါ ပို၍ အေးစိမ့်သွားတတ်သည်။  “မင်းတို့ကို ငါဒီနေ့ည ရွှေထက်အဖိုးတန်တဲ့ အသိပညာတစ်ခု ပေးခဲ့ဘို့ ရည်ရွယ်ထားတယ်၊ ဒါက လည်းပဲ အခုခရီးရှည်ကြီးတစ်လျှောက်လုံး မင်းတို့ အပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်လာခဲ့ ကြလို့ပဲ။ ကုလားအုတ်တွေကို ကောင်းကောင်းဂရုစိုက်ကြတယ်၊ ပူပြင်းလှတဲ့ ဒီကန္တာရကြီးကို မင်းတို့ မညည်း မည္ ဖြတ်သန်းကြတယ်၊ ကုန်ပစ္စည်းတွေကို ဓါးပြတွေဝင်လုတော့လည်း မင်းတို့ အားလုံး ရဲရဲဝံ့ဝံ့ ခုခံ ကာကွယ် ပေးကြတယ်၊ ဒါကြောင့်မို့ ဒီညမှာတော့ မင်းတို့တစ်သက်တာမှာ တစ်ခါမှ ကြားဘူးခဲ့မှာ မဟုတ်တဲ့ နေဥပဒေသ ငါးရပ်အကြောင်း ပုံပြင်ကို ငါပြောပြမယ်၊ “ဒီစကားတွေကို မင်းတို့ဂရုစိုက် နားထောင်မှတ်သားကြပါ၊ သေသေချာချာ နားလည်သဘော ပေါက်ပြီး တကယ်လက်တွေ့ လိုက်နာ ဆောင်ရွက်တဲ့လူတွေအတွက် ဒီစကားတွေဟာ မကုန်ခမ်းနိုင်တဲ့ ရွှေအိတ်တစ်ခုလို တန်ဘိုးကြီးမားလိမ့်မယ်။” သည်လိုပြောပြီး သူခေတ္တရပ်နေသည်။ ဘေဘီလိုနီးယားဒေသ၏ ကြည်စင်သော ကောင်းကင်ပြင် ၌ ကြယ်ကလေးများ လင်းလက်လျှက်ရှိနေသည်။ သူတို့နောက်ဘက်နားဆီတွင် ရွက်ဖျင်တဲများကို ထိုးထိုး ထောင်ထောင်မြင်ရသည်။ ကန္တာရမုန်တိုင်းတွေ အချိန်မရွေး ကျရောက်နိုင်သဖြင့် တဲတွေကို တခုနှင့်တခု နီးနီးကပ်ကပ် နေရာချကာ ခိုင်ခိုင်မြဲမြဲ ချည်နှောင်တုပ်ဆိုင်းထားရသည်။ တဲတွေနဘေးမှာတော့ တိရစ္ဆာန် သားရေများနှင့် ကျစ်လျစ်စွာ ချည်နှောင်ထုပ်ပိုးထားသည့် ကုန်ပစ္စည်းထုပ်တွေကို စီရရီဆင့်၍ ထားသည်။ အနီးတဝိုက်တွင်မူ သဲပြင်မှာ ခြေဆန့်လက်ဆန့် အနားယူနေသော ကုလားအုတ်များကို မြင်ရသည်။တချို့က ပါးစပ်တလှုပ်လှုပ်စမြုံပြန်လျက်၊ တစ်ချို့က ဟောက်သံပေးအိပ်စက်လျက်။ “ဆရာခါလဗတ် ကျွန်တော်တို့ကို သိပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေ အများကြီး ပြောခဲ့ပြီး ပါပြီ” သူ၏အစေအပါးအုပ်စုမှ အကြီးအကဲလုပ်သူက ခါ လဗတ်အား ဖူကားထောက်လိုက် သည်။ “အခု ကျွန်တော်တို့ ကို နောင်တစ်သက်တာအတွက် လမ်းညွှန်သြဝါဒတွေ ပေးသွားမယ်ဆိုရင် ကျွန်တော်တို့ ဝမ်း မြောက် ဝမ်းသာ ခံယူဘို့အသင့်ပါပဲ၊ ဘာကြောင့်လဲဆိုတော့ မနက်ဖြန်ဆိုရင်ပဲ ဆရာ့အတွက် ထမ်းဆောင်ရ တဲ့ ကျွန်တော်တို့ တာဝန်တွေ ပြီးဆုံးတော့မှာကိုး” “ဟုတ်တယ်၊ ဒါကြောင့်မို့ အရင်ညတွေတုန်းက မင်တို့ ကို ငါ့အတွေ့ အကြုံတွေ ဝေးလံခေါင်ဖျား အရပ်ဒေသတွေမှာ ငါကြုံခဲ့တဲ့စွန့်စားခန်းတွေ ပြောခဲ့ပေမယ့် ဒီညအဖို့မှာတော့ ပညာရှိသူဌေးကြီး အာခတ်ရဲ့ နေကြွယ်ဝရေးအတွေးအခေါ်တွေပဲ မင်းတို့ကို ပြောမယ်လို့ ငါ စဉ်းစားထားတာပဲ။” “ဟုတ်ကဲ့၊ ကျွန်တော်တို့လည်း သူ့အကြောင်း ကဆင့်စကား ပြောကြဆိုကြတာတွေတော့ ကြားဘူးကြပါတယ်၊ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတော့ လူတိုင်းစိတ်ဝင်စားကြတာကိုး” တပည့်ကြီးက ဆိုသည်။ “အေး ဟုတ်တယ်၊ဒါပေမယ့်ငါပြောမယ့်အကြောင်းက မင်းတို့ကြားနေကျတွေနဲ့ တူမှာမဟုတ်ဘူး၊ မင်းတို့ကြားဘူးမှာက သူ နေပုံထိုင်ပုံ သုံးစွဲပုံတွေ၊ ဘယ်လောက်ဘယ်ရွေ့ ချမ်းသာတယ် ဆိုတာတွေ ဖြစ်လိမ့် မယ်၊ ငါပြောမှာက သူပေးတဲ့ချမ်းသာရေးနည်းလမ်း၊” ဟူ၍ ခါလဗတ် အစချီလိုက်သည်။  “ချက်ဟာ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာရတဲ့ အကြောင်းရင်တော့ ဓန ဥစ္စာ ရှာဖွေတဲ့ အတက်ကို သူမတူအောင် တက်မြောက်ကျွမ်းကျင်ခဲ့လို့ပဲ။ အခုပြောမယ့်အကြောင်းက ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့သား နိုမာဆားကိုယ်တိုင် နင်နီဗေးမြို့မှာ ငါ့ကို ပြောပြခဲ့တာ၊ အဲဒီတုန်းက ငါတောင် လူငယ်လေးပဲ ရှိသေးတယ်၊ “ငါက ကော်ဇောကုန်သည်ကြီးတယောက်ဆီမှာ တပည့်အဖြစ်နဲ့ လိုက်နေတဲ့အချိန်ပေါ့။ နှင်နီဗေးမှာရှိတဲ့ နိုမာထားရဲ့ စံအိမ်ကြီးမှာ တို့ကော်ဇောတွေ သွားပြကြတယ်၊ နိုမာဆားက ကော်ဇောတွေ စိတ်တိုင်ကျရွေးတယ်၊ ငါက ဆရာ့ကိုကူပြီး အထုပ်တွေဖြန့်ပြ ပြန်လိပ်နဲ့ အတော်ကြီးညဉ်နက် တော့မှ ကိစ္စ ကပြီးတယ်၊ သူလိုချင်တဲ့အရောင်အသွေးတွေ စုံစုံလင်လင်ရတော့ နိုမာဆေးလည်း စိတ်ကျေနပ်သွားပြီး တို့ ကို သူနဲ့ အတူ စားဘို့သောက်ဘို့ခေါ်တယ်၊ အဲဒီမှာ ရှားပါးစေ့ အနံအရသာ ကောင်းပေ့ဆိုတဲ့ ဝိုင်အရက် အကောင်းစားတွေ တို့ကိုတိုက်တယ်၊ ပြီးတော့မှ စားရင်းသောက်ရင်းနဲ့ သူ့အဖေအာခတ်ရဲ့ ဉာဏ်ပညာ အမြော် အမြင်ကြီးမားပုံ အကြောင်းတွေ ပြောပြတယ်၊ “မင်းတို့သိတဲ့အတိုင်း ဘေဘီလုံမှာ သူဌေးသားတွေက အိမ်မှာ အမြိုင့်သားထိုင်စားပြီး အချိန်တန် ရင်ရမယ့် မိဘအမွေအနှစ်ကို မျှော်နေတတ်ကြတာ ထုံးစံမဟုတ်လား၊ အာခတ်က အဲ့ဒီထုံးစံကို မကြိုက်ဘူး၊ ဒါကြောင့်မို့ သူ့သားနိုမာဆား လူလားမြောက်တဲ့ အချိန်ကျတော့ သူကတစ်မျိုးစီစဉ် တယ်၊ တစ်နေ့မှာ သူ့သားကိုခေါ်ပြီး အလေးအနက်ပြောတယ်၊ “ “သား၊ အဖေ့အနေနဲ့ သားကို အဖေမရှိတော့တဲ့အချိန်မှာ အဖေပိုင်ဆိုင်ခဲ့သမျှ ဥစ္စာပစ္စည်းတွေ ကို အမွေဆက်ခံစေချင်တဲ့ ဆန္ဒရှိတယ်၊ ဒါပေမယ့်လို့ သားအနေနဲ့ ဒီအမွေအနှစ်တွေကို ဆက်ခံထိုက် တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း ပြသစေချင်တယ်၊ ဒီလိုပြသနိုင်ဘို့ အတွက် သားကိုအဖေ လူ့ လောကကြီးထဲ သားဘာသာ လှုပ်ရှားရုန်းကန်တို့ လွှတ်လိုက်မယ်၊ သားဘာသာ ကိုယ့်အားကိုယ်ကိုးနဲ့ စီးပွားဥစ္စာ ရှာနိုင်စွမ်းရှိတယ်၊ လူအများကြား လေးစားခံရသူတစ်ဦးဖြစ်အောင် သားကိုယ်သား ထူထောင် နိုင်စွမ်းရှိတယ်ဆိုတာ ပြစမ်းပါ၊ “သားဘဝကို စတင်ရာမှာ အထောက်အကူပြုနိုင်ဘို့ ပစ္စည်းနှစ်ခု အဖေပေးလိုက်မယ်၊ အ တုန်းက မရခဲ့တဲ့ပစ္စည်းတွေပါ၊ သားသိတဲ့အတိုင်း အဖေက လက်ဖဝါး ခြေဖဝါးကနေ အခုအခြေ အနေထိ ရောက်အောင် တည်ဆောက်ခဲ့ရတာ၊ “သားကို ပေးမယ့်ပစ္စည်းတစ်ခုက ဟောဒီမှာ၊ ရွှေဒင်္ဂါးအပြည့်ပါတဲ့ အိတ်တစ်အိတ်၊ လိမ်လိမ်မာမာ နဲ့ သုံးစွဲမယ်ဆိုရင် ကြီးပွားချမ်းသာဘို့အတွက် အတော်ကြီးမားတဲ့ အခြေခံတစ်ခုပဲ၊ နောက်တခု ကတော့ ဟောဒီမှာ၊ ရွှံ့စေးစာချပ်တစ်ခု ဒီအပေါ်မှာ ရေးထွင်းထားတာက ဓနဥစ္စာနဲ့ ဆိုင်တဲ့ အရေးကြီးဆုံး ဥပဒေသ ငါးရပ်၊ ဒီဟာတွေကို သေသေချာချာဖတ်၊ ဉာဏ်နဲ့ ဆင်ခြင်ပြီး လက်တွေ့ အသုံးချရင် သားအတွက် ဓနဥစ္စာ နဲ့ပတ်သတ်လို့ လုံလောက်တဲ့ အသိဉာဏ်နဲ့ စီးပွားရေး လုံခြုံမှုကို ပေးလိမ့်မယ်၊ “ဒီကနေ့ကနေ နောက်ဆယ်နှစ်တိတိ ကြာတဲ့အချိန်မှာ သားအိမ်ကို ပြန်လာခဲ့ပါ၊ ပြီးတော့ သားရဲ့ အတွေ့အကြုံတွေ ပြောပြပါ၊ တန်ဘိုးရှိသူ ထိုက်တန်သူတစ်ဦးအနေနဲ့ ပြန်ရောက်လာခဲ့ရင် အဖေပိုင် ဥစ္စာ ပစ္စည်း အားလုံးရဲ့ အမွေခံအဖြစ် သားကို အသိအမှတ်ပြုမယ်၊ အကယ်၍ အမွေခံထိုက်သူ တဦးဖြစ်ကြောင်း မပြသနိုင်ခဲ့ရင်တော့ အဖေ့ဥစ္စာပစ္စည်းအားလုံးကို ဘာသာသာသနာရေးအတွက် သုံးစွဲဖို့ ဘုန်းတော်ကြီးတွေ လက်ထဲပဲ အဖေ လွှဲအပ်လှူဒါန်းခဲ့မယ်” “အဖေလုပ်သူက အဲ့ဒီလိုစီစဉ်တော့ နိုမာသားလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြဘို့ အိမ်က ထွက်ခဲ့ရတယ်၊ အဝတ်တစ်ထည် ကိုယ်တစ်ခုတော့ လုံးဝမဟုတ်ဘူးပေါ့၊ ရွှေထုပ်ကတစ်ထုပ်၊ ပိုးသားစနဲ့ ကျကျနန ထုပ်ပိုးထားတဲ့ သြဝါဒစာကတစ်ချပ်၊ ပြီးတော့ ကျွန်တစ်ယောက်ရယ် မြင်းနှစ် စီးရယ်နဲ့ ပေါ့ ၊ “အဲဒီလို အိမ်ကထွက်သွားပြီး ဆယ်နှစ်တိတိကြာတဲ့အခါ သူ့အဖေ အမှာစကားအတိုင်း နိုမာဆား အိမ်ပြန်ရောက်လာတယ်၊ သားပြန်လာတော့ အဖေက ဆွေမျိုးတွေ မိတ်သင်္ဂဟတွေပါ ဖိတ်ကြားပြီး အိမ်မှာ ဧည့်ခံပွဲကြီးကျင်းပတယ်၊ အားလုံးစားသောက်ပြီးစီးကြပြီဆိုတော့မှ အဖေနဲ့ အမေက ရှင်ဘုရင့်နန်းတော်က ရာဇပလ္လင်လားအောက်မေ့ရတဲ့ သားသားနားနားနေရာထိုင်ခင်းမျိုးမှာ ကျကျနနထိုင်ပြီး သူ့သား အစီအရင်ခံ တာကို ကြားနာကြတယ်၊ “ညဘက်ရောက်ပြီဆိုတော့ ဧည့်ခန်းမကြီးထဲမှာ ဆီမီးခွက်တွေ အစီအရီ ထွန်းညှိထားတယ်၊ ဆီမီး ခွက်ကလွင့်ပျံတဲ့ မီးခိုးငွေ့ တွေက အခန်းထဲဝှေ့နေတယ်၊အင်္ကျီဖြူဝတ်ထားတဲ့ အိမ်တွေက ယပ်တောင်ရှည် ကြီးတွေ ခပ်ပေးနေကြတယ်၊ နိုမာဆားက သူ့အဖေအမေရှေ့ မလှမ်းမကမ်းမှာ မတ်တပ်ရပ်လို့၊ သူ့ဇနီး နဲ့ ကလေးနှစ်ယောက်က နောက်ဘက်နားဆီမှာ ကော်ဇောပေါ်ထိုင်လို့ ၊ မိတ်ဆွေ တွေ ဆွေမျိုးသားချင်းတွေက လည်း ကိုယ့်နေရာအသီးသီးထိုင်ပြီး နားစွင့်လို့ ပေါ့ လေ။ “နိုမားဆားကစပြီးပြောတယ်၊ “အဖေ”တဲ့၊ သူ့အဖေကို ရိုရိုသေသေခေါ်တယ်၊ “အဖေရဲ့ ဉာဏ်အမြော် အမြင်ကြီးမားမှု့ကို ကျွန် တော်အရိုအသေပြုပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကာလ ကျွန်တော် လူလား မြောက် အချိန်မှာ အဖေကျွန်တော့်ကို အိမ်မှာမှီခိုကပ်ရပ်မနေပဲနဲ့ လူအများကြား ကိုယ့်စွမ်း ကိုယ့်အားနဲ့ ရပ်တည် နိုင်အောင် ကြိုးစားဘို့လွှတ်ခဲ့တဲ့ အဖေ့အစီအစဉ်ကို ကျွန်တော် ချီးကျူးချင်တာပါ၊ “အဖေကျွန်တော့်ကို ငွေအရင်းအနှီးလည်း အလုံအလောက်ပေးခဲ့တယ်၊ လမ်းညွှန်စကားတွေလည်း ပြည့်ပြည့်ဝဝပေးလိုက်ပါတယ်၊ ဒါပေမယ့် အဖေပေးလိုက်တဲ့ငွေက၊ ။။။ကျွန်တော်ကိုင်တွယ်ပုံ လုံးဝ အသုံး မကျခဲ့ဘူးဆိုတာ ဝန်ခံရပါလိမ့်မယ်၊ ဒီငွေတွေဟာ ကျွန်တော့်လက်ထဲ ကြာကြာမခံပါဘူး၊ ယုန်လိုက်တဲ့ သူငယ်ကိုမြင်မိတဲ့ ယုန်တစ်ကောင်လို လှစ်ကုန်ပါပဲ” “ဒီလိုပြောတော့ သူ့အဖေကပြုံးတယ်။ အသေးစိတ်ကလေးတွေ ပြောစမ်းပါအုံးသားရဲ့”တဲ့၊ အဖေက ဆိုတယ်၊” “ကျွန်တော် အိမ်ကထွက်လာပြီးတဲ့နောက် နှင့်နီဗေးကို သွားဘို့ ရွေးချယ်ခဲ့တယ်၊နင်နီဗေးက ဖွံ့ဖြိုးစည်ကားစ မြို့တစ်မြို့မဟုတ်လား၊ အဲဒီမှာ ကျွန်တော့်အတွက် ကြီးပွားချမ်းသာဘို့ အခွင့် အလမ်းတွေ တွေ့လိမ့်မယ်လို့ ကျွန်တော်တွက်မိတာကိုး၊ခရီးသွားကုန်သည်အုပ်စုတစ်စုနဲ့ အတူလိုက်ပါသွားရင်း လမ်းမှာ မိတ်ဆွေတွေ အများကြီးရခဲ့တယ်။ ဒီအထဲမှာ အတော်စကားပြောကောင်းတဲ့ လူနှစ်ယောက်ကို ကျွန်တော် သွားသဘောကျတယ်၊ သူတို့နဲ့ အတူ မြင်းဖြူကြီးတစ်ကောင်ပါတယ်၊ အင်မတန်မှကို အပြေးလျင်တဲ ။မြင်းကြီးပဲ၊ လေလိုလျင်တယ်ဆိုတာမျိုး၊ လှစ်ကနဲ လှစ်ကနဲ နေတယ်၊ “ခရီးသွားရင်းတစ်ယောက်နဲ့ တစ်ယောက်ပိုပြီးခင်မင်ရင်နှီးလာတဲ့အချိန်လောက်ကျတော့ သူတို့က တစထက်တစ်စ ဘာဖွင့် ပြောသလဲဆိုတော့ နင်နီဗေးမှာ သူဌေးတစ်ယောက်ရှိတယ်တဲ့၊ အဲဒီသူဌေးက ပြိုင်မြင်းဝါသနာပါတယ်၊ သူ့မှာ အင်မတန်မြန်တဲ့မြင်းတစ်ကောင် ရထားတာမို့ လာသမျှမြင်းနဲ့ ပြိုင်ပြေးနေ တယ်၊ အခုထိပြိုင်သမျှ သူနိုင်နေတာမို့ ဘေဘီလုံပြည်တစ်ခွင်မှာ သူ့မြင်းထက်မြန်အောင် ပြေးနိုင်တဲ့မြင်း မရှိဘူးလို့ အထင်ရောက်နေတယ်၊ အခုကျွန်တော့်မိတ်ဆွေ တွေရဲ့ မြင်းဖြူကြီးက အဲဒီ သူဌေးရဲ့မြင်းထက် အပြတ်အသတ်မြန်တယ်၊ သူတို့ကဟိုမြင်းပြေးတာ မြင်ဘူးလို့ ကောင်းကောင်းသိတယ်၊ ဒါကြောင့်မို့ သူတို့ အခု နင်နီဗေးရောက်ရင် အဲဒီသူဌေးရဲ့မြင်းနဲ့ သွားပြိုင်မယ်၊ လောင်းကြေး ကြီးကြီးထပ်မယ်၊ ကျွန်တော့်ကို လည်း ခင်မင်နေသူမို့လို့ အခွင့်အရေးပေးတယ်၊ သူတို့မြင်းဘက်က လောင်းချင် ဝင်လောင်းပါလို့ ဆိုတယ်။ “အဲဒါနဲ့ ကျွန်တော်လည်းပါသွားတာပေါ့လေ၊ တကယ်တမ်းပြိုင်တော့ ကျွန်တော်တို့မြင်းက ရှုံးလိုက်တာ အပြတ်အသတ်ပါပဲ၊ ကျွန်တော့် ရွှေဒင်္ဂါးအတော်များများ အဲဒီအထဲပါသွားတယ်ပဲ၊ တဲ့၊ သူပေးလိုက်တဲ့ပိုက်ဆံ သူ့သားဖြုန်းတီးပုံနားထောင်ပြီး အဖေကရယ်နေတယ်၊ နိုမာဆားက ဆက်ပြောတယ်။ “ဒီလူတွေ ကျွန်တော့်ကို သေသေချာချာ အကွက်ချပြီး လိမ်သွားတဲ့အကြောင်း နောက်ကျတော့မှ ကျွန်တော်သိတယ်၊ သူတို့က ဒီလိုပဲ ခရီးသွားအုပ်စုတွေနဲ့ရောလိုက်ပြီး အချဉ်ဖမ်းမယ့်လူ ရှာနေကျကိုး၊ နင်နီဗေးက သူဌေးဆိုတာက သူတို့ပါတနာ၊ သူတို့နဲ့ ဝေစားမျှစား၊ အဲဒီတစ်ချီ ခံလိုက်ရပြီးတဲ့နောက် ကျွန်တော်သင်ခန်းစာတစ်ခုရတယ်၊ လူတွေကို သတိထားရမယ်၊ အရမ်းယုံလို့ မဖြစ်ဘူး၊ ဒီလိုပေါ့လေ။ ဒါပေမယ့် သင်ခန်းစာက ဒါနဲ့တင် မလုံလောက်သေးဘူး၊ “နောက်ထပ် ခါးသီးတဲ့သင်ခန်းစာတစ်ခု များမကြာခင် ကျွန်တော်ထပ်ရတယ်၊ အဲဒီခရီးသွား အုပ်စုမှာပဲ နောက်ထပ်လူငယ်တစ်ယောက်ပါလာသေးတယ်။ သူနဲ့လည်း ကျွန်တော် ရင်းနှီးခင်မင်သွားတယ်၊ ဒီလူငယ်ကလည်း ကျွန်တော့်လိုချမ်းသာတဲ့မိဘက မွေးတာပါပဲ။ သူက နင်နီဗေးမှာ လုပ်ငန်းကိုင်ငန်းလုပ်ဘို့ အကွက်အကွင်းလာကြည့်တာလို့ ဆိုတယ်၊ နှင်နီဗေးကိုရောက်ပြီး များမကြာခင်မှာသူက ကျွန် တော့်ဆီလာပြီး၊ မြို့ထဲက ကုန်သည်တစ်ယောက်ကွယ်လွန်လို့ ဆိုင်တစ်ဆိုင် ကုန်ပစ္စည်းအပြည့်နဲ့ ကျန်ရစ်တဲ့ အကြောင်း၊ ဆိုင်က ဝယ်သူအတော်များတဲ့ဆိုင်မို့လို့ တန်ဘိုးရှိတဲ့အကြောင်း၊ အခု အဲဒီဆိုင်ကို ဈေးချိုချို ချောင်ချောင် ရနိုင်တဲ့ အနေအထားရှိတဲ့အကြောင်းပြောပြီး သူနဲ့ကျွန်တော် စပ်တူလုပ်ကြဘို့ အဖော်ညှိတယ်၊ အဲဒီနောက် ဒီဆိုင်လက်လွတ်မသွားအောင် လောလောဆယ် ကျွန်တော့်ဆီမှာရှိတဲ့ငွေနဲ့ ယူထားဘို့ ၊ သူ့ဝေစုအတွက်တော့ လောလောဆယ် သူ့လက်ထဲပိုက်ဆံများများမရှိဘူး၊ ဘေဘီလုံပြန်ပြီး အိမ်ကပိုက်ဆံယူမယ်၊ သူ့ငွေကိုတော့ ဆိုင်တိုးချဲ့တို့၊ ကုန်ပစ္စည်းသစ်တွေ ထပ်ဝယ်ဘို့ဘက်မှာ သုံးမယ်ဆိုပြီး ကျွန်တော်တို့ သဘောတူ ထားလိုက် ကြတယ်။ “ဒါပေမယ့်ကိုယ့်လူက ဘေဘီလုံကိုပြန်ဘို့ကို နေ့ရွှေ့ညရွှေ့နဲ့အချိန်ဆွဲနေတယ်၊ ဒီကာလအတွင်း  မှာပဲ သူ့ အကြောင်းကျွန်တော်သဘောပေါက်လာတယ်၊ လူက အသုံးအဖြုန်းကြီးတဲ့လူ၊ အရောင်းအဝယ်လည်း နားလည်တာမဟုတ်ဘူး၊ အဲဒါနဲ့ နောက်ဆုံးကျတော့ ဒီလူ့ကို ခွာထုတ်လိုက်ရ တယ်၊ ဒါပေမယ့် အဲဒီအချိန် ဆိုင်မှာက ရောင်မစုံတဲ့ ပစ္စည်းတစ်ချို့ပဲ ကျန်တော့တယ်၊ ပစ္စည်းသစ် တင်ဘို့ လည်း ငွေကြေးမရှိတော့ဘူး၊ ဆိုင်ကို ကျွန်တော် အစ္စရေးတစ်ယောက်လက်ထဲ နှစ်ပြားတစ်ပဲနဲ့ ထိုးပေးလိုက်ရတယ်၊ “အဲဒီနောက်ပိုင်းကတော့ ကျွန်တော့်ဘဝမှာ တကယ့်ကို ကြမ်းတမ်းခက်ထရော်တဲ့ ကာလတွေပေါ့ ၊ ထမင်းတစ်လုပ်အတွက် အလုပ်ရှာရပြီ၊ဒါပေမယ့် ဘာလုပ်ငန်းပညာမှ တတ်မထားတော့ အလုပ်တစ်ခုမရနိင် ဘူး၊ အဲဒါနဲ့ပထမဆုံး မြင်းတွေချရောင်း၊ နောက်တော့ တစ်ဦးတည်းသော ကျွန်ယုံတော်ကိုပါ ရောင်းလိုက်ရ တယ်၊ အဲဒီနောက်တော့ အဝတ်အစားတွေပါ ချရောင်းပေါ့ ၊ တနေ့ထက်တနေ့ ထမင်းစားဘို့ အိပ်စရာတစ် နေ ရာရတို့ဟာ ခက်ခဲသထက် နက်လာတယ်။ “ဒါပေမယ့် ခါးသီးတဲ့ဒီကာလအတွင်းမှာပဲ အဖေ့စကားတွေ ကျွန်တော်ပြန်ကြားယောင်လာတယ်၊ အဖေကျွန်တော့်ကို လူ့လောကကြီးထဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်အောင် ကြိုးစားဘို့ လွှတ်လိုက်တာပဲ ဆိုတာ စဉ်းစားမိပြီး၊ အဖေမျှော်မှန်းတဲ့အတိုင်း ဖြစ်အောင်ကြိုးစားမယ်လို့ ကျွန်တော် သံန္နိဋ္ဌာန်ချခဲ့တယ်၊” “ဒီစကားတွေ သူပြောနေတဲ့အချိန် အမေလုပ်သူကတော့ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုနေပြီ၊ အာခတ်ကတော့ သူ့သားစကားကို အာရုံစူးစိုက်လျက်ပဲ။ “ အဖေပေးလိုက်တဲ့ အဖိုးတန်စာချပ်ကိုလည်း အဲဒီလိုဒုက္ခရောက်နေတဲ့အချိန်ကျမှ ကျွန်တော် သတိရပြီး သေသေချာချာ ပြန်ဖတ်မိတယ်၊ ဒီလိုဖတ်မိကာမှ ငါဒီစာကို စောစောက မဖတ်မိလေခြင်း လို့ နောင်တရပြီး ဆုံးရှုံးခဲ့တဲ့ကျွန်တော့်ရွှေဒင်္ဂါးတွေကို နှမြောမိတယ်၊ နှမြောလေ ပြန်ဖတ်လေနဲ့ နောက်ပိုင်းကျ တော့ ဒီစာကိုကျွန်တော်အလွတ်ရခဲ့တယ်၊ဒီစာမှာပါတဲ့ အချက်တွေဟာ အတွေ့ အကြုံ ကြီးမားတဲ့လူကြီးသူမ များရဲ့ အမြော်အမြင်စကားတွေပဲ၊ အခုရောက်ရှိနေကြတဲ့ ပုဂ္ဂိုလ် တွေအားလုံး ကြားနာကြရအောင် ကျွန်တော် ဖတ်ပြပါ့မယ်။ နေဥပဒေသငါးရပ် ၁။ ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသောငွေကို မိမိနှင့်မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူထံသို့ သာ ဝမ်းမြောက်ပျူဌာစွာ ရောက်ရှိလာတတ်မြဲဖြစ် သည်။ ၂။ ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သော သူအတွက် ကျိုးနွံ ကျေနပ်စွာ အားထုတ်လုပ်ကိုင် ပေးစမြဲဖြစ်၍၊ ထိုသူ၏လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွား များပြား လာတတ်သော သဘောရှိပေသည်။ ၃။ ဓနဥစ္စာဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြုတ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ္မာသောသူတို့၏ အကြံ ဉာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။ ၄။ ဓနဥစ္စာဟူသည် မိမိလည်းမကျွမ်းကျင်၊ ကျွမ်းကျင်သူတို့ လည်း အားမပေးသော အလုပ်မျိုးတွင် ရင်နှီးမြှုတ်နှံသောသူတို့ ထံမှ လျောကျပျောက်ကွယ် သွားတတ်စမြဲဖြစ်သည်။ ၅။ နေဥစ္စာဟူသည် ယင်းမှလွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ်လူညာ တို့၏ ဖြားယောင်းသွေးဆောင်မှု့နောက် လိုက်ပါနာယောင်တတ်သူများ၊ အတွေ့ အကြုံနည်းပါးကာ စိတ်ကူး ယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုတ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။  “ဒါတွေက လွန်ခဲ့တဲ့ဆယ်နှစ်ကာလ ကျွန်တော်အိမ်က ထွက်ခွာစဉ်အချိန်မှာ အဖေပေးလိုက်တဲ့ ဩဝါဒစာချုပ်ထဲမှာ ဖော်ပြပါရှိတဲ့ ဥပဒေသ ငါးရပ်ပါဘဲ၊ ဒီလမ်းညွှန်စာဟာ သူနဲ့ အတူ အဖေ ပေးခဲ့တဲ့ ရွှေဒင်္ဂါးထုပ်ထက်ပိုပြီး အဘိုးတန်ခဲ့တယ်လို့ ကျွန်တော်ဆိုလိုက်ချင်ပါတယ်၊ ဘာကြောင့် ဒီလိုဆိုရသလဲ ထင်ရှားအောင် ကျွန်တော့် ဇာတ်လမ်းကို ကျွန်တော် ဆက်ပြောပါ့မယ်။” “အဲဒီနောက် နိုမာဆားက သူ့အဖေဘက်မျက်နှာမူပြီး ဆက်ပြောပြန်တယ်၊ အတွေ့အကြုံနည်း အသိဉာဏ်မြော်အမြင် နည်းခဲ့တဲ့အတွက် ကျွန်တော် ဆင်းရဲဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ပြောပြီးပါပြီ၊ ဒါပေမယ့် ကံကြမ္မာဆိုးဆိုတာလဲ အချိန်တန်တော့အဆုံးသတ်ရစမြဲပါ ကျွန်တော်အလုပ်တစ်ခု ရလာပါတယ်၊ နင်နီဗေးမြို့တော်ရဲ့ အပြင်မြို့ရိုးသစ်တည်ဆောက်တဲ့နေရာမှာ ကျွန်လုပ်သားတစ်စုကို ကြီးကြပ်ခိုင်းစေပေးရ တဲ့ အလုပ်ပါ။ “ဒီအချိန်မှာတော့ အဖေပေးလိုက်တဲ့ ဓနဥပဒေသ အမှတ်(၁) ကို သိထားပြီးဖြစ်လေတော့ ကျွန်တော်ပထမဆုံးလုပ်ခငွေထဲက ကြေးနီပြားတစ်ပြားတပြား စပြီးစုပါတယ်၊ အဲ့ဒီနောက် အခွင့်သာတိုင်း ဒီစုငွေမှာထပ်ပြီး ဖြည့်တင်းတဲ့အခါ ငွေဒင်္ဂါးတစ်ပြား စုမိလာပါတယ်၊ အဲဒီလောက်အထိဖြစ်ဖို့ဟာ အချိန် အတော်ကြီးကြာပါတယ်၊ ဘာကြောင့်လဲဆိုတော့ ထမင်းစားဘို့ကလည်း လိုသေးတာကို၊ ဒါပေမယ့် ဆယ်နှစ်ပြည့်လို့အိမ်ပြန်ရင် အနည်းဆုံးအဖေပေးလိုက်တဲ့ ရွှေထုပ်လောက်တော့ ပြန်ပါမှ ဖြစ်မယ်လို့ စိတ်ထဲပြဋ္ဌာန်းထားတာဆိုတော့ ကျွန်တော် ပိုက်ဆံကို တတ်နိုင်သမျှ စေးစေးကုပ်ကုပ် သုံးစွဲပါတယ်၊ “တစ်နေ့မှာတော့ ကျွန်တော်တို့အလုပ်ခွင် အကြီးအကဲလုပ်သူက ကျွန်တော့်ကိုပြောတယ်၊ သူနဲ ကျွန်တော်ကအတော်လည်းရင်းနှီးနေကြပြီ၊ သူကနိုမာဆား၊ မင်းဟာလူငယ်တယောက်ဖြစ်ပေမယ့် အသုံးအစွဲ အင်မတန်ကျစ်လျစ်တယ်၊ ခုလောက်ဆိုတော့ မင်းမှာ အတော်အတန် စုပြီး ဆောင်းပြီးရှိရောပေါ့ တဲ့၊ သူက မေးတယ်။ ““ဟုတ်ပါတယ်၊ ကျွန်တော့်မှာ အဖေပေးလိုက်တဲ့ငွေတွေ အချည်းအနှီးဖြုန်းတီးပစ်မိလို့ အခုအဲဒါ ပြန်ပြည့်အောင် ကြိုးစားဖြည့်နေ ရတယ်၊ လို့ပြန်ဖြေတော့၊ သူက၊ “အေး၊ ကောင်းပါတယ်ကွာတဲ့၊ ဒါပေမယ့် ပိုက်ဆံဆိုတာ ဒီအတိုင်းသိမ်းထားတာထက် သူ့ကို ခိုင်းစေရင် အကျိုးအမြတ် ရှိလာနိုင်တယ်၊ စုထားတာထက် ပိုတိုးပွားလာနိုင်တယ် မဟုတ်လား တဲ့၊ သူက ဆိုတော့ “ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာ ရင်းနှီးမြှုပ်နှံမှု့နဲ့ ပတ်သတ်ပြီး အတော်ခါးသီး တဲ့ အတွေ့အကြုံလေးတွေ ရှိနေတော့ အခုကိုယ့်ဘာသာ ရှာဖွေစုဆောင်းထားတာလေး ကို စမ်းကြည့်ရမှာ သိပ်ကြောက်နေတယ်၊ “ဒီအခါ သူကဆိုတယ်၊ မင်းငါ့ကိုယုံကြည်ရင်တော့ ငါနဲ့အတူလုပ်ကြည့်ပါ၊ ငွေကိုအကျိုးရှိအောင် ရင်းနှီး မြှုပ်နှံပုံ အတွေ့ အကြုံတစ်ခု မင်းရသွားမှာပါတဲ့၊ ပြီးတော့ သူ့ အစီအစဉ်ကိုပြောပြတယ်။   “နောက်တစ်နှစ်အတွင်းမှာ ဒီအပြင် မြို့ရိုးကြီးပြီးစီးသွားလိမ့်မယ်၊ မြို့ရိုးပြီးရင် ဂိတ်ပေါက်တွေမှာ တံခါးကြီးတွေတပ်ရမယ်၊ တံခါးတွေလုပ်ဘို့ အတွက် ကြေးဝါသူတွေ အမြောက်အများလို လာမယ်၊ နင်နီဗေးမြို့မှာ ကြေးဝါ အဲဒီလောက်များများစားစား မရှိဘူး၊ အဲဒီတော့ ငါ့ အကြံအစည်က တို့လူတွေ ကိုယ်ရှိတဲ့ပိုက်ဆံစုပြီး ကြေးနီတွင်း သံဖြူ တွင်းတွေဆီ သွားဝယ်သားရင် မြို့တံခါးတွေလုပ် တော့လို့ ဘုရင်မင်းမြတ် အမိန့်တော်ချမှတ်တဲ့ အချိန်ကျတော့ သတ္ထုကတို့ဆီမှာပဲရှိတာ၊ တို့ကြိုက်ဈေး ခေါ်ပြီး ရောင်းလို့ ရမယ်၊ အကယ်၍ အကြောင်းကြောင်းကြောင့် ရှင်ဘုရင်ဆီမသွင်းရအောင် အပြင်မှာ သင့်တင့်တဲ့ အမြတ်အစွန်းနဲ့တော့ ရောင်းလို့ ရတာပါပဲတဲ့။ “သူ့စကားကို ကျွန်တော်အလေးအနက် စဉ်းစားတယ်၊ ဒါအခွင့် အရေးပဲ၊ ဒါဟာ ဥပဒေသ အမှတ် (၃)နဲ့လည်း ညီညွတ်တယ်၊ ကိုယ့်ရဲ့စုဆောင်းငွေကို နားလည်တတ်ကျွမ်းသူနဲ့ ပူးတွဲပြီး ရင်းနှီး မြှုပ်နှံတာပဲ။ ဒါလုပ်သင့်တယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်၊ အဲဒီအတွက် ကျွန်တော် စိတ်မပျက်ခဲ့ရပါဘူး၊ ကျွန်တော် တို့ စုပေါင်းလုပ်ငန်းအစီအစဉ် အောင်မြင်သွားခဲ့တယ်၊ ဒီအလုပ်ကြောင့် ကျွန်တော့်ငွေထုပ်သေးသေးဟာ ငွေထုပ်ကြီးကြီးတစ်ခု ဖြစ်လာခဲ့တယ်၊ “နောက်ပိုင်း သူတို့လူစုထဲမှာ ကျွန်တော်အမြဲတမ်းအဖွဲ့ဝင်တစ်ယောက် ဖြစ်လာတယ်၊ တခြား လုပ်ငန်းတွေမှာလည်း ပူးတွဲလုပ်ခဲ့တယ်၊ ဒီလူစုက လုပ်ငန်းကိစ္စနဲ့ပတ်သတ်ရင် အင်မတန် စေ့စပ်သေချာတဲ့ လူတွေပဲ၊ တစ်ယောက်က အစီအစဉ်တစ်ခုတင်လာရင် အဲဒါကိုအသေးစိတ် ဝိုင်းပြီးဆွေးနွေးသုံးသပ်ကြတယ် မတော်တဆ ရှုံးချင်လည်းရှုံးသွားနိုင်တယ် ဆိုတဲ့အလုပ်မျိုးကို ဘယ်တော့မှမလုပ်ဘူး၊ တော်တော်နဲ့ အကျိုး အမြတ်ပေါ်မှာမဟုတ်ဘူး ငွေရင်းက အကြာကြီးမြုပ်နေမှာဆိုတဲ့ အလုပ်မျိုးကိုလည်း ရှောင်တယ်၊ ကျွန်တော် အရင် ရူးရူးမိုက်မိုက်လုပ်ခဲ့မိတဲ့ မြင်းပြိုင်ပွဲဝင်လောင်းတာတို့၊ ပိုက်ဆံမပါတဲ့ ဟိုချာတိတ်နဲ့ ဈေးဆိုင် စပ်တူ ဝယ်တာတို့လို ဟာမျိုးတွေက သူတို့ တစ်ခါ တစ်လေ ယောင်မှားစဉ်းစားတဲ့အထဲတောင်မပါဘူး၊ “ဒီပုဂ္ဂိုလ်တွေနဲ့ ပေါင်းသင်းမိတဲ့အတွက် ကျွန်တော် လုပ်ငန်း လုပ်တတ်လာတယ်၊ ငွေကို အကျိုး အမြတ်ရှိအောင် ဘယ်လိုရင်းနှီးမြှုပ်နှံ ရတယ်ဆိုတာ သိလာတယ်၊ နောက်ပိုင်းနှစ်ကာလတွေ အတွင်းမှာတော့ ကျွန်တော့်ငွေရင်းဟာ ပိုပိုပြီး လျင်မြန်တဲ့ နှုန်းထားတွေနဲ့ တိုးပွားလာခဲ့တယ်၊ အရင် ဆုံးရှုံးခဲ့သမျှကို ပြန် ရရုံ မက အဲဒီထက်အများကြီး ပိုပြီး စုဆောင်းမိလာတယ်၊ “ဒုက္ခတွေ အခက်အခဲတွေ၊ အောင်မြင်မှု့တွေ စတဲ့အနေအထားမျိုးစုံနဲ့ ကြုံရစဉ်ကာလတလျှောက် လုံးမှာ အဖေရဲ့နေဥပဒေသငါးရပ်ကို ကျွန်တော်ချိန်ထိုးအကဲဖြတ်ခဲ့တယ်၊ တကြိမ်တခါမှာ မှ ဒီဥပဒေသတွေ ဟာ လက်တွေ့နဲ့ကွာဟတယ်၊ လွဲမှားတိမ်းချော်တယ်လို့ မရှိခဲ့ဘူး၊ ဒီဥပဒေသတွေကို သိနားလည်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်ဆီကို ဓနဥစ္စာတွေ ရောက်လာခဲ့တယ်၊ အကယ်၍ ရောက်ခဲ့ရင်လည်း ကြာရှည်မနေ ၊ အလျင်အမြန် ထွက်ခွာပြေးတယ်၊ ဒီဥပဒေသငါးရပ်အတိုင်း လိုက်နာကျင့်သုံးတတ်တဲ့ ပုဂ္ဂိုလ်တွေဆီကိုတော့ ဓနဥစ္စာတွေ ချောမွေ့လွယ်ကူစွာ ရောက်လာတတ်ကြတယ်၊ သူတို့အတွက် သစ္စာရှိ ကျွန်ယုံတော်များအဖြစ်လည်း အလုပ်အကျွေးပြုတတ်ကြတယ်” |  “အဲဒီလိုပြောပြီးတဲ့နောက် နိုမာဆားက ခန်းမကြီး ထောင့်တစ်နေရာက စောင့်ကြည့်နေတဲ့သူ့ ကျွန်ယုံတော်တယောက်ဆီကိုလှမ်းပြီးအချက်ပြလိုက်တယ်၊ ကျွန်ယုံတော်က အတော်လေးလံတဲ့သားရေအိတ် သုံးလုံးကိုမပြီး ယူလာတယ်၊ နိုမာဆားက အိတ်တစ်လုံးကိုယူပြီး သူ့အဖေရှေ့ကြမ်းပြင် ပေါ်မှာချတယ်၊ “ကျွန်တော်အိမ်ကထွက်တော့ အဖေ ရွှေအိတ်တစ်အိတ် ပေးလိုက်ပါတယ်၊ ဘေဘီလုံရွှေပါ၊ ကျွန်တော်အခု အဲဒီရွှေနဲ့ အလေးချိန်ချင်းတူညီတဲ့ နင်နီဗေးရွှေကို ပြန်ပေးပါတယ်၊ “နောက်တစ်ခုက အဖေကျွန်တော့်ကို အဖေရဲ့ဉာဏ်ပညာ အမြော်အမြင်တွေ အနှစ်ချုပ်ဆုတ် ပြီး ရေးထားတဲ့ ရွှံ့စေးစာချပ်တစ်ချပ် ပေးလိုက်ပါ တယ်၊ အဲဒီအတွက် ကျွန်တော် စောစောကရွှေအိတ်နဲ့ အလေးချိန်ချင်းတူညီတဲ့ ရွှေအိတ်နှစ်အိတ် ပြန်ပေးပါတယ်၊ သည်လိုပြောပြီး ကျွန်ယုံတော်ဆီက ရွှေအိတ် နှစ်အိတ်ကိုယူပြီး သူ့အဖေ ရှေ့မှာ ချတယ်၊ “ဒီလိုပေးရခြင်းအကြောင်းက အဖေ့ရဲ့ဉာဏ်အမြော်အမြင်ကို အစေ့ရွှေထုပ်ထက် ကျွန်တော်တန်ဖိုး ထားတဲ့အကြောင်း သိစေချင်လို့ပါ။ တကယ်တော့ ဉာဏ်ပညာ အမြော်အမြင်ဆိုကာ ရွှေနဲ့ တိုင်းတာ ချိန်စက် လို့ မရပါဘူး၊ ဉာဏ်မရှိတဲ့လူလက်ထဲ ရွှေဘယ်နှစ်အိတ်ရောက်သွားသွား၊ ခဏနဲ့ ကုန်သွားမှာပါပဲ၊ ဉာဏ် ပညာရှိတဲ့လူကတော့ ရွှေလိုချင်ရင် အချိန်မရွေး ရယူနိင်စမြဲပါ၊ ကျွန်တော်အခု ဒီရှေ့ မှာလာချတဲ့ ရွှေအိတ် သုံးအိတ်ဟာ သက်သေပါပဲ။ “အဖေပေးခဲ့တဲ့ ဉာဏ်အမြော်အမြင်ကြောင့် ဒီကနေ့ ကျွန်တော် ကိုယ့်ထူးကိုယ်ချွန် ကြီးပွား အောင်မြင်ခဲ့ပါပြီ၊ လူအများကြား လေးစားသိမှတ် ခံရသူတစ်ဦးလည်း ဖြစ်ခဲ့ပါပြီ၊ အခုလို ကျွန်တော့် ဘဝ ဇာတ်လမ်းကို အများရှေ့မှာ ရပ်ပြီးရဲရဲဝံ့ဝံ့ ပြောဆိုနိုင်တဲ့ အခြေအနေမျိုး ရောက်အောင် ကြိုးပမ်းနိုင်ခဲ့တဲ့ အတွက် ကျွန်တော် အတိုင်းမသိ ဝမ်းမြောက် ကျေနပ်မိရပါ တယ်၊” “ဒီအခါ အဖေအာခတ်ဟာ သူ့နေရာက ထလာပြီးနိုမာသားရဲ့ ခေါင်းကို ကြင်ကြင်နာနာနဲ့ ပွတ်သပ်တယ်၊ ငါ့သား၊မင်းဟာ ဘဝသင်ခန်းစာတွေအားလုံး ကြေညက်ခဲ့ပြီပဲ၊ အဖေသိပ်ဝမ်းသာ တယ်၊ အဖေ့ရဲ့ အမွေအနှစ်တွေကို စိတ်ချလက်ချ လွှဲအပ်နိုင်မယ့် သားတစ်ယောက်ရတာ အဖေသိပ် ကံကောင်းတာပဲ၊” လို့ အားပါးတရ ပြောလိုက်တယ်” ။ ခါလဗတ်က ပုံပြင်ကို သည်မှာပင် အဆုံးသတ်ပြီး သူ့ ပရိတ်သတ်ကို အကဲခတ်ကြည့်လိုက်သည်။ “ကဲ ဒီဇာတ်လမ်းနားထောင်ပြီး မင်းတို့မှာ ဘယ်လိုစိတ်ကူးတွေ ပေါ်ပေါက်သလဲ၊ ဘယ်လို ခံစားမှု တွေ ဖြစ်ပေါ်သလဲ၊”လဗတ်ကမေးသည်။ “မင်းတို့ အထဲမှာ ကိုယ့်အဖေရှေ့ ဒါမှမဟုတ် ယောက္ခမရှေ့မှာ ကိုယ်ငွေကြေးရှာဖွေသုံးစွဲမှုနဲ့ ပတ်သတ်လို့ ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ၊ “ကျွန်တော်လည်း နေ ရာအနှံ့ သွားလာရှာဖွေတော့ ရွှေ ငွေစရပါတယ်၊ ဒါပေမယ့် လက်ထဲအဖက်မတင်ဘူး၊ ရတဲ့ငွေတစ်ချို့တော့ လိမ်လိမ်မာမာ သုံးဖြစ်ပါတယ်။ဒါပေမယ့် မဆင်မခြင် သုံးမိတာတွေက ပိုများပါတယ်” ဆိုတာမျိုး သွားပြောတော့ သူတို့က ဘယ်လိုမှတ်ချက်ချမလဲ။ “မင်းတို့စိတ်ထဲမှာ တစ်ချို့ လူတွေချမ်းသာပြီး တစ်ချို့လူတွေ အမြဲမွဲတေနေတာ ကံကြမ္မာက မျက်နှာလိုက်တဲ့အတွက်ကြောင့်လို့ ယူဆနေကြသေးသလား၊ အဲဒါဆိုရင်တော့ မင်းတို့မှားနေပြီ၊ ချမ်းသာ သွားကြတဲ့လူတွေဟာ စောစောကပြောခဲ့တဲ့ ဓနဥပဒေသတွေကို သိရှိပြီး အဲဒီအတိုင်း လိုက်နာကျင့်ကြံကြသူ တွေပဲ၊ “ငါဆိုရင်လည်းထိုနည်း၎င်းပဲ၊ဒီဥပဒေသငါးရပ်ကို ငယ်ငယ်ကတည်းကကြားဘူးပြီး၊ အဲဒီအတိုင်း လိုက်လုပ်လို့ အခုလို ကုန်သည်ကြီးတစ်ယောက်ဖြစ်လာတာ၊ ကုသိုလ်ကံကောင်းလို့ ရွှေထုပ် ကောက်ရပြီး ချမ်းသာ လာတာမဟုတ်ဘူး၊ ကောက်ရတဲ့ပိုက်ဆံလို အလွယ်တကူဝင်လာတဲ့ဟာမျိုးဟာ အလွယ်တကူပဲ ပြန်ထွက်တယ်၊ ဘယ်တော့မှ ကြာကြာမခံဘူး၊ “ကြာကြာခံတဲ့ ဓနဥစ္စာ၊ ပိုင်ရှင်ကို စိတ်ချမ်းသာမှု၊ ကျေနပ်မှု၊ကြာရှည်ပေးတဲ့ဥစ္စာဆိုတာ တဖြည်း ဖြည်းချင်း စုဝေးလာတတ်တဲ့အရာမျိုး၊ ထက်သန်စွဲမြဲတဲ့ ရည်မှန်းချက်ရှိသူ ဓနဥစ္စာရှာဖွေရေးနဲ့ ပတ်သတ်တဲ့ ဉာဏ်အမြော်အမြင်ရှိသူများသာ ရေရှည်တည်တံ့တဲ့ ဓနဥစ္စာထုတစ်ခု စုစည်းရရှိနိုင်တယ်။ “အဲဒါကြောင့် မင်းတို့ အနေနဲ့ ဓနဥစ္စာကြွယ်ဝချင်တယ်ဆိုရင် ဆိုခဲ့တဲ့ ဓနဥပဒေသငါးရပ်ကို သေသေချာချာ သုံးသပ်လိုက်နာပါမင်းတို့အတွက် အကျိုးထူးလိမ့်မယ်လို့ ငါပြောချင်တယ်၊ ငါ့အဖို့ကတော့ ဒီဥပဒေသတွေကို ငယ်စဉ်ကတည်းက အကြိမ်ကြိမ်အဖန်ဖန်ဖတ်ခဲ့လို့ အလွတ်ရနေပြီ၊ ဒီဥပဒေသတစ်ခုချင်း မှာ လေးနက်တဲ့ အဓိပ္ပါယ် ကိုယ်စီရှိတယ်၊ အပေါ်ယံ ရှပ်ပြီး မမှတ်စေချင်ဘူး၊ တစ်ခုချင်းကိုငါ ရှင်းပြမယ်၊ 

 

ပထမဥပဒေသ

“ နေဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်းသောငွေကို မိမိနှင့်မိသားစု၏ အနာဂတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူထံသို့ သာ ဝမ်းမြောက်ပျူငှာစွာရောက်ရှိလာတတ်မြဲဖြစ်သည်။” တဲ့။

ကိုယ်ရရှိတဲ့ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံစီ အမြဲဖုံပြီးစုဆောင်းမယ်၊အတန်အသင့်စုမိတဲ့အချိန်က စပြီး ဒီငွေကို လိမ်လိမ်မာမာ ရင်းနှီးမြှုပ်နှံမှု ပြုမယ်ဆိုရင် ဘယ်သူမဆို အတိုင်းအတာအလျှောက် ကြီးမားတဲ့ ဓနေ အစု အဝေးတစ်ခု ရရှိလာမှာပဲ၊ နောက်ကျတော့ ဒီကသူ့အတွက် မှသေးငယ်တဲ့ ပုံမှန် ဝင်ငွေတစ်ခု ဖန်တီးပေးလာမယ်၊ မတော်တဆ ကွယ်လွန်သွားခဲ့ရင်တောင်မှ ကျန်ရစ်သူ မိသားစု အတွက် ငွေကြေးအရ လုံခြုံမှုရှိသွားမယ်၊ အဲဒီလို စုဆောင်းတတ်တဲ့ လူမျိုးဆီကို ဓနဥစ္စာတွေဝမ်းမြောက်ဝမ်းသာ ရောက်လာတတ် တယ်လို့ ဥပဒေသထဲမှာဆိုထားတယ်၊ ဒါလည်းအမှန်ပဲ၊ ငါ့ ကိုယ်တွေ့ပဲ၊ ပိုက်ဆံကများများရလေ နောက်ထပ် ဒီထက်မကပိုပြီး လိုက်လာလေပဲ၊ ဘာကြောင့်လဲဆိုတော့ နဂိုမူလရနေတဲ့ဝင်ငွေ အပြင် စုဆောင်းထားတာတွေ ရင်နှီးမြှုပ်နှံရာကလည်း ဝင်ငွေတွေက ထပ်ပြီးဆင့် ပွားတိုးလာနဲ့ ဆင့်ကဲဆင့်ကဲ ဖြစ်လာတာကိုး၊ ပထမ  ဥပဒေသက လက်တွေ့ဘဝမှာ အဲဒီပုံစံနဲ့ ဖြစ်ပေါ် နေတာ၊ 

ဒုတိယဥပဒေသ

“ ဓနဥစ္စာဟူသည် ယင်းအားအကျိုးဖြစ်အောင် ခိုင်းနေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ ၊ အားထုတ်လုပ်ကိုင်ပေးစမြဲဖြစ်၍ ထိုသူ၏လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွားများပြားလာတတ် သော သဘောရှိပေသည်။”

 “ငွေဆိုတာတစ်ကယ့်ကို စိတ်အားထက်သန်တဲ့ အလုပ်သမားတစ်ယောက်ပဲကွ၊ သူကအခွင့်အရေး ပေးတာနဲ့ အဆတိုးပွားဘို့ အသင့်ချောင်းနေတာ၊ လူတစ်ယောက်မှာ ရင်နှီးလုပ်ကိုင်ဘို့ ငွေကြေးတစုံတစ်ရာ သီးသန့်ရှိနေပြီဆိုတာနဲ့ တစ်ပြိုင်နက် သူ့အတွက်အကျိုးအမြတ် အများဆုံးရအောင် အသုံးပြုနိုင်မယ့် အခွင့် အလမ်းဟာ အလိုလိုပေါ်လာတာပဲ၊ လိမ္မာစွာသာ ရင်းနှီးမြှုပ်နှံမှုပြုမယ် ဆိုရင် ဒီငွေတွေဟာ နှစ်ကာလ အတော်အတန်ကြာတဲ့ အချိန်အတွင်းမှာ အံ့သြစရာကောင်းလောက် အောင် တိုးပွားလာလိမ့်မယ်၊ 

တတိယဥပဒေသ

“နေဥစ္စာဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြှုပ်နှံမှုပြုသူ ၊ ကျွမ်းကျင် လိမ္မာသောသူတို့၏ အကြံဉာဏ်ကိုရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ် ခိုလှုံနေတတ်ကြသည်။” “ငွေဆိုတာဂရုမစိုက်တဲ့ပိုင်ရှင်ဆီက ထွက်ပြေးပြီး တန်ဖိုးထားတဲ့ သူဆီမှာ တွယ်ကပ်နေတတ်တာ သဘာဝပဲ။ ရင်နှီးမြှုပ်နှံ ရာမှာလည်း လုပ်ငန်းအတွေ့အကြုံရှိသူ နားလည်တတ်သိသူတွေဆီက အကြံဉာဏ် ရယူပြီး အလုပ်လုပ်တဲ့အခါ အချည်းအနှီးပျက်စီးရတာမျိုးမရှိဘူး၊ ဆုံးရှုံးမှာကို တွေးပူ နေစရာမလိုပဲ အကျိုး အမြတ် မှန်မှန်ကြီး တိုးပွားလာမှု့ကိုသာ ကျေကျေနပ်နပ် ခံစားရလိမ့်မယ်၊ 

စတုတ္ထ ဥပဒေသ

“နေဥစ္စာဟူသည် မိမိလည်း မကျွမ်းကျင်၊ ကျွမ်းကျင်သူတို့လည်း အားမပေးသော အလုပ်မျိုးတွင် ရင်နှီးမြှုပ်နှံသောသူတို့ ထံမှ လျောကျပျောက်ကွယ် သွားတတ်စမြဲ ဖြစ်သည်။” “တစ်ချို့လူတွေမှာ တစ်နည်းနည်းနဲ့ ငွေကြေးဥစ္စာ ရလာခဲ့တယ်၊ ဒါပေမယ့် ဒီငွေကို မကိုင်တွယ် တတ်ဘူး၊ စနစ်တကျ မသုံးစွဲတတ်ဘူး၊ ဒါပေမယ့် သူတို့ စိတ်မှာ ဒီငွေနဲ့ ရင်နှီးလုပ်ကိုင်လိုက်ရရင် အကြီးအကျယ် စီးပွားဖြစ်ထွန်းမှာလို့မြင်နေတာမျိုးတွေ အများကြီးရှိနေတတ်တယ်၊နားလည်တဲ့ လူအမြင်မှာ အကျိုးအမြတ် သိပ်မရှိနိုင်ဘူး ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကြီးမားတယ်ဆိုတဲ့ အလုပ်မျိုးတွေကို သူတို့သွား မျက်စိကျနေတတ်တယ်။ ဒီလူတွေဟာအတွေ့အကြုံလည်းမရှိ၊ နားလည်းမလည်ဘဲနဲ့ လုပ်ငန်းတွေ ရမ်းသမ်း လုပ်တဲ့အခါကျတော့ ဆုံးဖြတ်ချက်မှားယွင်းမှု့ဒဏ်ကို ငွေပေးပြီးခံရတယ်၊ ဒါကြောင့်မို့ စဉ်းစား ဆင်ခြင် ဉာဏ်ရှိတဲ့လူတွေက တတ်ကျွမ်းတဲ့လူ အတွေ့ အကြုံ ရှိတဲ့လူ တွေဆီက အကြံဉာဏ်ယူပြီး အလုပ်လုပ် ကြတာ” 

ပဉ္စမဥပဒေသ

“ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲလှသော အမြတ်အစွန်းမျိုးကို မျှော်မှန်းသူများ၊ လူလိမ် လူညာ တို့၏ဖြားယောင်းသွေးဆောင်မှု့ နောက် လိုက်ပါနားယောင်တတ်သူများ၊ အတွေ့အကြုံ နည်းပါးကာ စိတ်ကူး ယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှု့ပြုသူများထံမှ ရှောင်ခွာထွက်ပြေး သွားတတ် စမြဲဖြစ်သည်။” “ငွေထုပ်ကလေးရစလူများဆီကို အင်မတန် ရင်ခုန်စရာ မက်မောစရာလုပ်ငန်းအကြံအစည်တွေ ဟိုကသည်က ရောက်လာတတ်ကြတယ်၊ ဘယ်လုပ်ငန်းထဲဝင်လုပ်လိုက်ရင်တော့ သူ့ငွေထုပ်ကလေးဟာ ဧရာမငွေထုပ်ကြီး ဖြစ်သွားမှာ သေချာပေါက်ပဲဆိုတဲ့ သွားရေကျစရာအကြံအစည်မျိုးတွေပေါ့ ၊ဒါပေမယ့် အဲဒါ မျိုးတွေဟာ တကယ်လက်တွေ့ကျတော့ ဖြစ်မလာကြဘူး၊ ဒါတွေမှာ သွားရင်းနှီးတဲ့ လူဟာ ဆုံးရှုံးမှုနဲ့ သာ ရင်ဆိုင်ရစမြဲပဲ၊ အဲဒါကြောင့် ရုတ်တရက် ထကြီးပွားသွားနိုင်တယ်ဆိုတဲ့ လုပ်ငန်း အကြံအစည်တိုင်းရဲ့ နောက်ကွယ်မှာ စီးပွားပျက်သွားနိုင်တဲ့ အန္တရာယ်တွေ အမြဲပုန်းခိုနေတတ်တယ်ဆိုတာ မင်းတို့ မှတ်သားကြ စေချင်တယ်၊ “နိုမာဆားအကြောင် ပြောစဉ်က သူနဲ့လက်တွဲခဲ့တဲ့ နင်နီဗေးက စီးပွားရေးသမားတစ်စုအကြောင်း သတိထားမိကြလိမ့်မယ်၊ ရှုံးနိုင်တဲ့လုပ်ငန်းမျိုး ဘယ်တော့မှမလုပ်ဘူး၊ ငွေမြုပ်နေမယ့် အလုပ်မျိုးကိုတောင် ရှောင်တယ်ဆိုတာ၊ အဲဒါမှတ်ထား၊ အဲဒါဟာရေရှည်မှာ သေချာပေါက်အောင်မြင် ကြီးပွားမယ့် ပုဂ္ဂိုလ်တွေရဲ့ လက္ခဏာတစ်ခုပဲ။ “ဓနဥပဒေသငါးရပ်အကြောင်း ပုံပြင်ကတော့ဒီလောက်ပါပဲ၊ ဒီပုံပြင်ကို မင်းတို့ကိုပြောပြတာဟာ ငါ့ ရဲ့အောင်မြင်ကြီးပွားမှု့သော့ချက်၊ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာသူတို့ ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ပြလိုက် ဘော)၊ “လျှို့ဝှက်ချက်လို့ဆိုပေမယ့် ဒါတွေဟာတစ်ကယ်တော့ ဘယ်သူကြွယ်ကမှ ဖုံးကွယ်သိုဝှက် ထား တာ မဟုတ်ပါဘူး၊ ဖုံးကွယ်ထားလို့လည်းမရဘူး၊ ဒါတွေဟာ တစ်ကယ်လုပ်ရင် ကစ်ကယ်ဖြစ်နိုင်တဲ့ နည်းလမ်းစဉ်တွေ အမှန်တရားတွေဆိုတာ သဘောပေါက်ဘို့ လိုတယ်၊ အဲဒါမှ ဆင်းရဲမွဲတေတဲ့၊ တစ်နေ့ လုပ်စာ တစ်နေ့ ရှာစားရတဲ့ သာမန်လူထုကြီးထဲက ထိုးထွက်လာနိုင်လိမ့်မယ်၊ “မနက်ဖြန်ဆိုရင် တို့ဘေဘီလုံ ရွှေမြို့တော်ထဲဝင်တော့မယ်၊ ကြည့်စမ်း ဘဲလ်နတ်ကွန်းမှာ ပူဇော် ထားတဲ့ ထာဝရမီးတောက် အလင်းရောင်တောင် လှမ်းမြင်နေ ရတယ်၊ နက်ဖြန်ကျရင် မင်းတို့ အားလုံးဟာ အခုရီးစဉ်တစ်လျှောက် ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ထိုက်တန်တဲ့ အခကြေးငွေတွေ ကိုယ်စီ ကိုယ်ငှ ရကြတော့မယ်၊ ဒီငွေကို မင်းတို့ဘယ်လိုစီမံ ခန့်ခွဲကြမလဲ၊ ဒီကနေ့ကနေ နောက်ဆယ်နှစ် ကြာတဲ့ အချိန်မှာ ဒီငွေနဲ့ ပတ်သတ်လို့ မေးရင် မင်းတို့ဘယ်လို ဖြေချင်ကြမလဲ၊  “မင်းတို့ထဲက ဘယ်သူဘယ်ဝါမဆို ဒီငွေရဲ့ တစ်စိတ်တစ်ဒေသကို နောင်တစ်နေ့ အရင်းအနှီးပြုဖို့ အတွက် သိမ်းဆည်းမယ်၊ အာခတ်ရဲ့ ဓနဥပဒေသငါးရပ်ထဲကအတိုင်း ဓနဥစ္စာကို တိုးပွား အောင်ပြုမယ် ဆိုရင်တော့ နောင်ဆယ်နှစ်အကြာမှာ အဲဒီပုဂ္ဂိုလ်ဟာ အာခတ်ရဲ့သား နိုမာသားနည်းတူ ချမ်းသာကြွယ်ဝသူ တစ်ဦး၊ လူအများကြား လေးစားခံရသူတစ်ဦး ဖြစ်နေမှာ မြေကြီးလက်ခတ်မလွဲပဲ။ “လူရဲ့ အမြော်အမြင်ရှိတဲ့ လုပ်ရပ်တွေဟာ တစ်သက်တာပတ်လုံး သူ့နောက် တကောက် ကောက်လိုက်ပြီး ဖေးမကူညီတယ်၊ စိတ်ချမ်းသာမှု့ပေးတယ်၊ အလားတူပဲ မှားယွင်းတဲ့လုပ်ရပ် အမြော်အမြင် နည်းတဲ့ လုပ်ရပ်တွေဟာလည်း အဲဒီလူနောက်တကောက်ကောက်လိုက်ပြီး နှိပ်စက်တယ်၊ နှောက်ယှက်ဖျက်စီး တယ်၊ နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဒါတွေကို မေ့ပျောက်လို့မရနိုင်ဘူး၊ နှစ် ရှည်လများ လူကိုနှိပ်စက် တတ်တဲ့ အရာများထဲမှာ ကိုယ့်ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလျက် ကိုယ်မယူလိုက်မိလို့ လက်လွတ် ခဲ့ရတဲ့ အခွင့်အရေးတွေအတွက် နှမြောတသဖြစ်ရတဲ့စိတ်ဟာ အဆိုးဝါးဆုံးပဲ၊ “ဘေဘီလုံဟာ ဓနဥစ္စာ အလွန်ကြွယ်ဝတဲ့မြို့ပါ၊ ဘေဘီလုံရဲ့ဓနကို ရွှေဒင်္ဂါးပမာဏနဲ့ တိုင်းတာ တွက်ချက်ပြဘို့ တောင် မဖြစ်နိုင်သလောက်ခက်တယ်၊ တစ်နှစ်ထက်တစ်နှစ် ဘေဘီလုံဟာ ကြီးပွား သထက် ကြီးပွားလာနေတယ်၊ ဘေဘီလုံရဲ့ဓနုဟာ ကြီးပွားချမ်းသာလိုသူ ရည်မှန်းချက်ရှိသူတိုင်းကို သူ့စွမ်းအား ရှိသလောက်ယူငင်ဘို့ လမ်းဖွင့်ပေးထားတဲ့ ဓနသိုက်ကြီးပါပဲ။ “အရေးကြီးဆုံးက အောင်မြင်ကြီးပွားချင်တဲ့ဆန္ဒရှိဘို့ပဲ၊ထက်သန်ပြင်းပြတဲ့ အလိုဆန္ဒဟာ မင်းတို့ ဘဝကို ပြောင်းလဲပစ်မယ့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒီတန်ခိုးစွမ်းအားနဲ့ ဓနဥပဒေသ တွေကို သိတဲ့ ဉာဏ်အမြော်အမြင် ပေါင်းစပ်နိုင်မယ်ဆိုရင် ဘေဘီလုံရဲ့ ဓနဥစ္စာသိုက်ကြီး ထဲက မင်းတို့ အတွက် ထိုက်တန်တဲ့ ဝေစုကိုယ်စီရကြဘို့ သေချာနေပြီလို့ ပြောခဲ့ချင်တယ်။