ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

 

အခန်း (၇) ဘေဘီလုံ၏ မဟာတံတိုင်း

ဗန်ဇားက အသက်အတော်ကြီးရင့်လှပြီဖြစ်သည့် စစ်သားကြီးတယောက်ဖြစ်သည်။ ကာယစွမ်း ရည်ပြည့်ဝသည် တစ်ချိန်ကမူ ရှေ့ဆုံးတန်းတွင် အကြမ်းပတမ်း တိုက်ခိုက်နေကျဖြစ်သည်။ သည်က နေ့ မှာတော့ နောက်ဖက်နားဆီက အစောင့်စစ်သည်တဦးအဖြစ်သာ သူတာဝန်ထမ်းဆောင်နိုင်တော့ သည်။ သူအစောင့်တာဝန်ကျသည့်နေရာက ဘေဘီလုံမြို့ရိုးတံတိုင်းကြီးပေါ်သို့ စစ်သည်များတက် ရောက်မည့် စင်္ကြလမ်း၏ထိပ်မှာဖြစ်သည်။ မြို့ရိုးထက်ဆီတွင် သူရဲကောင်းစစ်သည်များစွာတို့ တဖက် ခြမ်းမှတက်ရန် နည်းမျိုးစုံကြိုးပမ်းနေသည့် ရန်သူများအား ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျှက် ရှိကြ သည်။ ဘေဘီလုံမြို့တော်ကြီး မကျဆုံးမပျက်သုဉ်းရေး၊ ထောင်ပေါင်းများစွာသော မြို့သူမြို့သားတို့၏ အသက်အိုးအိမ် တည်မြဲရေးတို့ သည် မြို့ရိုးကြီးပေါ်မှ ကာကွယ်နေသည့် စစ်သည်တို့ ၏လက်တွင် တည်ရှိနေပေသည်။ မြို့ရိုးတံတိုင်း အပြင်ဘက်ဆီမှ ရန်သူတို့၏ ကြွေးကြော်သံများ မြင်းစီးစစ်သည်တို့၏ ကျောင်း ထောင်းညီသော ခွာသံများ၊ ကြေးဝါ ဖြင့် ပြုလုပ်ထားသည့် မြို့တံခါးကြီးကို ဧရာမသစ်လုံးကြီးများဖြင့် ထိုး ဆောင့်တိုက်ဖျက်နေသည့် အသံများကို မြို့သူမြို့သားတို့ ကြောက်မက်ဖွယ်ကြားနေကြရသည်။ မြို့တံခါး၏ အတွင်းဘက်ဆီ၌ လှံကိုင်စစ်သည်တို့ အသင့်စောင့်ဆိုင်းနေကြ၏။အကယ်၍ တံခါးကြီးပြိုသဖြင့် ရန်သူများ အတင်းတိုးဝင်လာခဲ့သော် ဆီး၍ထိုးနှက်ရန်ဖြစ်သည်။ သို့ သော် ဝင်လာမည့် ရန်သူနှင့်စာလျှင်သူတို့၏ ဦးရေက အလွန်နည်းပါး၍နေသည်။ လောလောဆယ် ဘေဘီလုံမြို့မှာ စစ်သည်များများစားစားမရှိ။ အဓိကတပ်မကြီးတွေသည် အရှေ့ ဘက်ဒေသရှိ ရန်သူတော်အီလန်မိုက်တို့ ကို တိုက်ခိုက်ရန်အတွက် ဘုရင်မင်းမြတ်နှင့်အတူ ချီတက် လိုက်ပါ သွားခဲ့ကြသည်။ သည်အချိန်မျိုးတွင် ရန်သူတစ်စုံတစ်ယောက် ဘေဘီလုံကို အလစ်ဝင်ရောက် တိုက်ခိုက်နိုင် သည်ဟု မည်သူမျှမယူဆခဲ့၊ တိုက်ခိုက်နိုင်သူဟုလည်း မည်သူ့ကိုမျှမမြင်ခဲ့။ ထို့ကြောင့်ပင် နေပြည်တော်၌ အစောင့်စစ်သည် အနည်းငယ်သာ ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်။ (ယခုမဆင်မှက်ပဲ မြောက်ဘက်မှ အဆီးရီးယန်းတို့က အင်ကြီးအားကြီးဖြင့် ထိုးနှက်လာခဲ့ပြီ။ ခိုင်မာသော မြို့ရိုးတံတိုင်းကြီးကို အားကိုးပြုကာ သာ အင်အားနည်းပါးသော ဘေဘီလုံစစ်သည်တို့ မိမိတို့မြို့နိုင်ငံကို ကာကွယ် ကြရတော့မည်။ မြို့တံတိုင်း ကြီးသာ ကြံ့ကြံ့မခံနိုင်က သည်ဒေသတစ်ခွင်တစ်ပြင်တွင် အချမ်းသာကြွယ်ဝဆုံးပါဟု ဆိုသည့်ကြီးကျယ် စည်ကားလှသော ဘေဘီလုံမြို့ကြီး မုချပျက်သုန်း ချုပ်ငြိမ်းရတော့မည်ဖြစ် သည်။ စစ်သည်ကြီးဗန်ဇာအနီးတွင် မြို့သူမြို့သားများ ဝိုင်းဝိုင်းလည်နေသည်။ အားလုံးပင် ထိတ်လန့် တုန်လှုပ်ကာ မျက်နှာတွေ ဖြူဖတ်ဖြူရော်နှင့်။ စစ်ပွဲအခြေအနေ နောက်ဆုံးသတင်းတွေ သူတို့ သိချင်နေကြ သည်။ ဒဏ်ရာရသူ ကျဆုံးသူတွေကို စင်္ကြန်အတိုင်း အဆက်မပြတ် သယ်ထုတ်လာနေရ တာ စိတ်ဓာတ်ကျ ဖွယ် သူတို့မြင်နေရသည်။တိုက်ပွဲက အထွတ်အထိပ်အချိန်ရောက်နေချေပြီ။ အဆီးရီးယန်းတွေသည် မြို့ကို သုံးရက်တိတိ ဝိုင်းရံထားပြီးသည့်နောက် ယခုမြို့တံခါးနေရာမှ ရွေးချယ်တိုက်ခိုက်ကြခြင်းဖြစ်သည်။ မြို့ရိုး လောက်မြင့်သည့်ငြမ်းစင်ကြီးတွေဆောက်ကာ မြို့ရိုးနားယှဉ်ပြိုင် ချဉ်းကပ်လာကြ၏။တချို့က လှေကားရှည် ကြီးတွေဆောင်ကာ ဒလကြမ်းတက်ကြ၏။ မြို့ရိုးပေါ်တက်လာနိုင်ရန် ကြိုးပမ်းသူတွေကို အပေါ်မှ ဆီပူတွေ နှင့်လောင်း များနှင့်ပစ် လှံနှင့်ထိုး အမျိုးမျိုးခုခံကြ၏။ မြို့ရိုးပေါ်ရှိ ဘေဘီလုံစစ်သည်များဆီ သို့ လည်း ထောင်ပေါင်းများစွာသော ရန်သူလေးသည်ကျော်များက ကြောက်မက်ဖွယ် မြားမိုးကြီး အဆက်မပြတ် ရွာချ နေ၏။ ။ စစ်သည်ကြီးဗန်ဇားက စစ်ပွဲနောက်ဆုံးအခြေအနေတွေကို မပြတ်သိရှိနိုင်သည့် အချက်အချာ နေ ရာမှာရှိနေသည်။ ရန်သူတွေတကြော့တိုက်ပြန်ပြီ၊ ဟော နောက်ဆုတ်သွားပြန်ပြီ စသည်ဖြင့် သူသိနေရ သည်။ ဈေးသည်အဖိုးအိုတယောက် သူ့အနားကပ်လာသည်။ လက်တွေက တုန်တုန်ယင်ယင်။ အဘိုးအိုက တောင်းပန်တိုးလျှိုပြီးမေးသည်။ “ပြောစမ်းပါအုံးကွာ၊ ပြောစမ်းပါအုံး၊ ရန်သူတွေမဝင်နိုင်ဘူး မဟုတ်လား၊ အဘသားတွေက ဘုရင်မင်းမြတ်နဲ့ပါသွားတယ်၊ အိမ်မှာ အဖွားကြီးတစ်ယောက်တည်း၊ စောင့်ရှောက်မယ့်လူမရှိဘူး၊ ဒီကောင်တွေဝင်လာရင် ဆိုင်ကပစ္စည်းတွေအကုန်ယူမှာ၊ စားစရာ သောက်စရာလည်း တစ်ခုမှ ချန်မှာမဟုတ်ဘူး၊ အဘတို့ အိုလှပြီကွာ၊ ကိုယ့်ကိုကိုယ် မကာကွယ်နိုင်တော့ဘူး၊ ရန်သူက ကျွန် အဖြစ်ခိုင်းလို့ ရတဲ့ အရွယ်လည်းမဟုတ်တော့ဘူး၊ အစာရေစာငတ်ပြီးသေရမှာ၊ ပြောစမ်းပါအုံးကွာ၊ ဒီကောင်တွေ ဝင်မလာနိုင်ဘူးမဟုတ်လား” “စိတ်အေးအေးထားပါ အဘ” ဗန်ဇားကနှစ်သိမ့်သည်။ “ဘေဘီလုံမြို့ရိုးကြီးဟာ သိပ်တောင့် တင်းပါတယ်၊ ဈေးကိုသာ အဘအေးအေးဆေးဆေးပြန်၊ အဘရဲ့ဇနီးကိုလည်းပြော၊ ဘေဘီလုံမြို့ တံတိုင်း ကြီးဟာ ဘု ရင့် ရွှေနန်းတော်ကြီးကို ကာကွယ်စောင့်ရှောက်သလို အဘတို့ အသက်အိုးအိမ် စည်းစိမ်အားလုံး ကိုလည်း ကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ်လို့ ၊ ကဲ ကိုယ့်နေရာကိုယ် အေးအေး ဆေးဆေးပြန်၊ မြားတွေ က ဒီဘက်ထိလည်း ကျော်ပြီးရောက်ရောက်လာတယ်၊ မတော်တဆ မှန်နေဦးမယ်၊ မြို့ရိုးနား ကပ်ပြီးသွား၊” ကလေးချီထားသည့် မိန်းကလေးတစ်ယောက် ရောက်လာပြန်သည်။ “ဆာဂျင်ကြီး၊ မြို့ရိုးထိပ်က ဘာသတင်းရသလဲရှင်၊ ကျွန်မကိုလည်းပြောစမ်းပါ၊ ကျွန်မ ယောက်ျား က ဒဏ်ရာပြင်းတော့ အဖျားဝင်ပြီး အိပ်ယာထဲလဲနေတယ်၊လူကမထနိုင်ပေမယ့် ကျွန်မနဲ့ ကလေးကိုစိတ်မချ လို့ လှံပေးပါ ဒိုင်းပေးပါနဲ့ တိုက်မယ်ခိုက်မယ် တကဲကဲလုပ်နေတယ်၊ ရန်သူတွေဝင် လာရင် အကုန်လုံးမှာ ယက်မှာ သတ်ပစ်မှာဆိုပြီး ရတက်မအေးနိုင်ဖြစ်နေတယ်၊” “ဘာမှမပူနဲ့ ကလေးမ၊ မင်းယောက်ျားနဲ့ ကလေးကို သာဂရုစိုက်၊ ဘေဘီလုံမြို့တံတိုင်းဟာ ကလေး သူငယ်ရော သက်ကြီးရွယ်အိုပါမကျန် မြို့သူမြို့သားအားလုံးကို အကာအကွယ်ပေးသွား လိမ့်မယ်။ကြည့်စမ်း ဘယ်လောက်မြင့်မားခိုင်ခန့်တဲ့ မြို့ရိုးကြီးလဲ၊မြို့ရိုးပေါ်က ခုခံကာကွယ်နေတဲ့ စစ်သည်တွေရဲ့ အသံကိုလည်း နားစွင့်ကြည့်အုံး၊ လှေကားထောင်ပြီးတက်လာတဲ့ အကောင်တွေကို ဆီပူနဲ့ လောင်းချနေကြတာ” “ဒါပေမယ့် မြို့တံခါးကြီးကို အဒိုင်းဒိုင်းသုနေတဲ့ အသံတွေလည်း ကြားနေရတယ်မဟုတ် လား၊ ဒီတံခါးတွေ ခံနိုင်ပါ့မလား” “မပူနဲ့ မိန်းကလေး၊မင်းယောက်ျားဆီသာပြန်၊ ဂိတ်တံခါးတွေဟာ သိပ်ခိုင်တယ်၊တိုင်တုံးကြီးတွေနဲ့ ထုတာဆောင့်တာကို လုံးဝမဖြုန်ဘူးဆိုတဲ့အကြောင်း ပြောပြလိုက်၊ မြို့ရိုးပေါ်ချိတ်တက်လာတဲ့ အကောင်တွေ လည်း ဆီပူနဲ့ လောင်းချ၊ ထိပ်နားထိရောက်လာရင် လှံနဲ့ထိုးချနေတယ်၊ ဒီကောင်တွေ ဘာမှမတတ်နိုင်ဘူး ဆိုတာ သူစိတ်အေးအောင်ပြောပြလိုက်၊” သည်အခိုက်မြို့ရိုးထိပ်မှာ အင်အားဖြည့် ရန်အတွက် လက်နက်အပြည့်အစုံနှင့် စစ်သည်အများ ရောက်လာသည်။ သူတို့ချီတက်နိုင်ရန်အတွက် ဗန်ဇားဘေးဘက်ကပ်ကာ လမ်းဖယ်ပေးလိုက်သည်။ ဒိုင်းလှံ လေးမြားတွေနှင့် သူတို့ဖြတ်သန်းသွားနေဆဲ မိန်းကလေးငယ်တစ်ယောက် သူ့ခါးပတ်ကိုလာဆွဲ သည်။ “ဘဘစစ်သားကြီး၊ သမီးတို့ ဘေးရန်ကင်းပါ့မလားဟင်၊ အသံတွေကလည်း ဆူညံနေလိုက်တာ ကြောက်စရာကြီး၊ စစ်သားတွေမှာလည်း ဒဏ်ရာတွေနဲ့ သွေးတွေချည်းပဲ၊ သမီးတော့ သိပ်ကြောက်နေပြီ၊ သမီးတို့မိသားစုတွေ ဒုက္ခရောက်ကြတော့မလားဟင်၊ သမီးတို့မှာ အမေရယ် မောင်လေးရယ် ပေါက်စလေး တစ်ယောက်ရယ်ပဲရှိတာ” စစ်သားကြီးဗန်ဇား ကလေးမကိုကြည့်ပြီး သနားသွားသည်။ “ဘာမှမပူနဲ့ကလေးရ၊သမီးတို့ လုံးဝကြောက်စရာမလိုဘူး၊”သူကအားပေးသည်။“ဘေဘီလုံရဲ့ မြို့ရိုး တံတိုင်းကြီးတွေက သမီးတို့မိသားစုကို အကာအကွယ် ပေးသွားလိမ့်မယ်၊ သမီးတို့လို တိုင်းသူပြည်သား လူအများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဘို့အတွက် ဘုရင်မကြီး ဆယ်မီရာမိ(စ)က ဟိုး နှစ်ပေါင်းတစ်ရာ ကျော်က ဒီမြို့ရိုးကြီးကို အခိုင်အမာတည်ဆောက်ခဲ့တာ၊ ဘယ်တုန်းကမှ ဒီမြို့ရိုးကြီးကို ရန်သူတွေ မဖြိုနိုင် ကြဘူး၊သမီးအမေကိုပြော၊မောင်လေးရော ပေါက်စလေးကိုပါပြော၊ ဘေဘီလုံမြို့ရိုးကြီးက သမီးတို့ကို စောင့် ရှောက်ကာကွယ်ပေးထားတယ်၊ သမီးတို့ ဘာမှကြောက်စရာမလိုဘူးလို့ ဟုတ်လား” ထို့ နောက် နေ့စဉ်ရက်ဆက်ပင် ဗန်ဇားသည် သူတာဝန်ကျရာ နေရာ၌ အစောင့်တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ သူရှေ့မှဖြတ်ကာ အကူစစ်သည်တွေ စင်္ကြလမ်းအတိုင်း မြို့ရိုးပေါ်သို့ တသုတ် ပြီး တသုတ် တက်သွားကြတာ သူမြင်ရသည်။မြို့ရိုးပေါ်မှာကိုက်ကြခိုက်ကြပြီး ဒဏ်ရာနှင့်ဖြစ်စေ အသက်မပါပဲ ဖြစ်စေ အောက်သို့ပြန်ရောက်လာကြတာ သူမြင်ရသည်။ သူ့အနီးမှာတော့ မြို့ရိုးကြီး ကြံ့ကြံ့ခံနိုင်ပါ့မလား တွေးပူကာ ရင်တမမဖြစ်နေကြသည့် မြို့သူမြို့သားများက စိုးရိမ်ထိတ်လန့် သော မျက်နှာများဖြင့် မပြတ်ဝိုင်း ရံလျှက်ရှိသည်။ သူ့အား တိုက်ရိုက်မေးမြန်းလာသူများကိုမူ သူက ဝါရင့် စစ်သားတစ်ဦး၏ ရဲရင့်ငံစားသော အမူအယာဖြင့်ပင် ဘေဘီလုံမြို့ရိုးကြီးသည် ၎င်းတို့အား ကာကွယ် စောင့်ရှောက်ပေးလိမ့်မည် ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားနေခဲ့သည်။ ရက်သတ္တသုံးပတ်နှင့် ငါးရက်တိတိရှိခဲ့ပြီ၊ ထိုးစစ်က တစိုးတစိမျှ လျော့ပါးသွားခြင်းမရှိသေး။ ဗန်ဇား၏ မျက်နှာအမူအယာက တင်းမာသထက် တင်းမာလာသည်။ သူ့ အနီးတဝိုက်ရှိ မြေပြင်မှာ လူပေါင်း များ များစွာတို့ ဖြတ်သန်းသွားလာမှု့ကြောင့် ထသောဖုံးများ ဒဏ်ရာရစစ်သည်တို့ထံမှ စီးယိုကျသည့် သွေးများ ကြောင့် သွေးလွှဲစေးပြင်ကြီးဖြစ်နေပြီ။ အပြင်ဘက်ဆီ၌လည်း နေ့စဉ်ပင် ဘေဘီလုံစစ်သည်တို့ ခုခံတိုက်ခိုက် မှု့ကြောင့် အတုံးအရုံးကျဆုံးကြသည့် ရန်သူ့ အလောင်းတို့မှာ မြို့ရိုးခြေရင်းတွင် စုပုံလျက်ရှိသည်။ ညဘက် ရောက်လျင် ကျန်ရဲဘော်ရဲဘက်များက သည်အလောင်းတွေကို သယ်ယူကာ မြေမြှုပ်သဂြိုဟ်သည်။ ထိုစတုတ္ထရက်သတ္တပတ်၏ ပဉ္စမညတွင်လည်း ညီနောင်သားချင်းများ အပေါင်းအသင်းရောင်း ရင်းများ၏ အလောင်းကို တွင်းတူးမြှုတ်နှံ ရသည့်ဒုက္ခကြီးက မပြီးဆုံးသေး။ သို့သော် နောက်နေ့မနက် နေအရုဏ်တက်ချိန်၍မူ မြို့တံခါးအနီးတွင် တိတ်ဆိတ်၍နေပြီး၊ ဟိုးအဝေးဆီ၌သာ ဆုတ်ခွါ သွားသော ရန်သူတပ်များကြောင့် ထသည့်ဖုန်မှုန့်အလိပ်များကို ထွက်ပြုစ နေခြည်အောက်၌ လှမ်းမြင်ကြရလေသည်။ မြို့ရိုးပေါ်ရှိ စစ်သည်များထံမှ အောင်ပြီဟူ၍တခဲနက် ကြွေးကြော်သံကြီး ပေါ်လာသည်။ချက်ခြင်း ပင် မြို့ရိုးအောက်ဘက်နားရှိ စစ်သည်များလည်း သံတူလိုက်၍ဟစ်ကြွေးကြသည်။ ထိုနောက်တွင်မူ အကြီး အကျယ် ဝမ်းမြောက်ဝမ်းသာစွာ ဟစ်အော်ကြွေးကြော်ကြသည့် အသံများမှာ မုန်တိုင်းဝှေ့လိုက်သည့်ပမာ ဘေဘီလုံတစ်မြို့လုံးသို့ တမုဟုတ်ချင်းပြန့်နှံကာ အုံးအုံးကျွတ်ကျွတ် ညံ၍သွားလေသည်။ နေအိမ်များထဲမှ လူတွေပြေးထွက်လာကြသည်။လမ်းမများပေါ်တွင် သဲသဲရုတ်ရုတ် လူအုပ်တွေနှင့် ပြည့်နှက်သွားသည်။ ရက်သတ္တလေးပတ်ခန့် ကိန်းအောင်းနေခဲ့သော ကြောက်စိတ်များသည် ပျော်သံမြူးသံ ဟစ်အော်သံများအဖြစ် လွင့်ထွက်လာကြသည်။ ဘဲလ်ဗိမာန်တော်ရှိ မျှော်စင်ကြီး၏ ထိပ်မှနေ၍ အောင်ပွဲ အထိမ်းအမှတ် မီးလျှံတခုထွက်ပေါ်လာသည်။ မီးတောက်မှထွက်သည့် ပြာလဲ့လဲ့ မီးခိုးတန်းက ကောင်းကင် တွင်ဖြတ်သန်းကာ ဘေဘီလုံ၏ အောင်ပွဲသတင်းကို ဖြန့်ကျက်ပေးပို့နေလေသည်။ ။ ဘေဘီလုံ၏ မြို့ရိုးတံတိုင်းကြီးကား အလွန်ခွန်အားကြီး၍ ကြောက်မက်ဖွယ်ကောင်းလှသည့် ရန်သူတော်တစ်ယောက်ကို တွန်းလှန်နိုင်ခဲ့ပြန်ပြီတည်း။ ဘေဘီလုံ၏ စည်းစိမ်ဥစ္စာ ရတနာများ သိမ်းပိုက်ခဲ့ ရမည့်အန္တရာယ် ဘေဘီလုံသူ ဘေဘီလုံသားတို့ လုယက်ဖျက်ဆီးခံရမည့်ဘေးများမှ ကင်းဝေးအောင် ကာကွယ်ပေးခဲ့ပြန်ပြီတည်း။ ဤသို့လျှင် ရာစုနှစ်ပေါင်းများစွာကြာအောင် ဘေဘီလုံသည် ကြံ့ကြံ့ခံနိုင်ခဲ့၏။ အကြောင်းကား ဘေဘီလုံသည် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ဘက်ပေါင်းစုံမှ အပြည့် အစုံ ပြင်ဆင်ထားခဲ့ခြင်း ကြောင့်ဖြစ် ၏။ကာကွယ်ရေးအစီအစဉ်များ အမြော်အမြင်ကြီးစွာ မထားရှိဘဲကား မည်သည့်နည်းနှင့်မျှ ရပ်တည်နိုင်လိမ့် မည်မဟုတ်။ အလားတူပင် လူတိုင်းလူတိုင်း၌လည်း အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် အတိမ်းအစောင်း အပြောင်းအလဲများကို ခုခံကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဘေဘီလုံ၏ တံတိုင်းများက နမူနာပြလျက်ရှိသည်။ စင်စစ်လူတိုင်း၌ပင် လုံခြုံမှု့ရှိလိုသောဆန္ဒများ ရှိစမြဲဖြစ်သည်။ ဤသည်မှာ လူသား၏ မွေးရာပါ ဆန္ဒတစ်ခုဖြစ်သည် ဟုဆိုနိုင်ပါသည်။သည်ဆန္ဒသည် ရှေးလူများမှာရှိခဲ့သလို ယနေ့ခေတ် လူများ၌လည်း ပြင်းပြင်းပြပြရှိမြဲရှိနေသည်။ယနေ့ခေတ်လူများမှာ ထူးခြားလာသည်က ဘဝနောင်ရေး စိတ်အေးရရန်အတွက် လုံခြုံရေးအစီအမံတွေ ရှေးယခင်လူများထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်လာကြခြင်း ဖြစ်သည်။ အသက်အာမခံဆိုတာ ရှိသည်၊ ချွေတာစုဆောင်းရေး ဘဏ်တွေရှိသည်၊ ရင်းနှီးမြှုတ်နှံမှု လုပ်ငန်း တွေ ရှိလာသည်။ မမျှော်လင့်သော ကံကြမ္မာဆိုးတွေ တံခါးပေါက်က အမှတ်မဲ့ဝင် လာကာ အိမ်မှ မခွာတမ်း ပေကပ်နေသည်မျိုး မဖြစ်ရအောင် တားဆီးကာကွယ်နိုင်မည့် နည်းလမ်းအကြံအစည်တွေ ကျွန်တော်တို့မှာ များစွာရှိနေပြီ။ အရေးကြီးသည်က သည်ဟာတွေကို ထိထိရောက်ရောက် အသုံးချဘို့ ပင်။ နောင်ရေးစိတ်အေးလိုသူမှန်သမျှ အနာဂတ်ဘေးရန်များအတွက် ကြိုတင် ကာကွယ်မှုပြုရလိမ့် မည်။ ကြိုတင်ကာကွယ်မှုမရှိဘဲကား မည်သူမျှ ရေရှည်ရပ်တည်နိုင်လိမ့်မည်မဟုတ်။