ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

 

မူရင်းစာရေးသူနှင့်မူရင်းစာအုပ်အကြောင်း

စာရေးသူ ဂျော့ချ်ဆင်မြူရယ်ကလာဆင်ကို အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ် လူဦးဒီးယားနားမြို့တွင် ၁၈၇၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ က မွေးဖွားသည်။ နီဘရက်စကာ တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့ပြီး စပိန် အမေရိကန်စစ်ပွဲကာလတွင် အမေရိကန် ပြည်ထောင်စုစစ်တပ်၌ အမှု့ထမ်းခဲ့သည်။ ထိုနောက်တွင် ထုတ်ဝေရေးလုပ်ငန်းသို့ ဝင်ရောက်၍ နှစ်ပေါင်းများစွာ လုပ်ကိုင်သည်။ ကလာဆင် မြေပုံလုပ်ငန်း ကုမ္ပဏီကို တည်ထောင်ပြီး အမေရိကန် နှင့် ကနေဒါနိုင်ငံတို့တွင် ပထမဆုံးဖြစ်သော လမ်းမြေပုံစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ချွေတာစုဆောင်းခြင်းနှင့် အခြားချမ်းသာကြီးပွားရေးဆိုင်ရာ နည်းများ အကြောင်း စာအုပ်ပါးကလေးများရေးသားပြီး ကပ်ပြီးတအုပ် ဆက်တိုက်ဖြန့်ချိသည်။ ထိုစာအုပ်ငယ် များ၌ သူပြောချင်သောအချက်များကို ရှေးခေတ်ဘေဘီလုံနိုင်ငံတွင် ဇတ်ကွက်ဆင်၍ ပုံဆောင်ဝတ္ထုသဖွယ် ရေးသားဖော်ပြခဲ့ရာ လူအများ နှစ်သက်စွဲလမ်းခဲ့ကြသည်။ ထိုစာအုပ်ပါးကလေးများကို ဘဏ် တိုက်ကြီး များနှင့် အာမခံကုမ္ပဏီကြီးများက စောင်ရေမြောက်များစွာ ရိုက်နှိပ်ဖြန့်ချိ ဝေငှကြသဖြင့် လူသန်းပေါင်း များစွာထံသို့ ပျံ့နှံရောက်ရှိခဲ့သည်။ ထိုပုံဆောင်ဝတ္ထုငယ်များထဲတွင် အထင်ရှားဆုံးကား ယခု ဘာသာ ပြန်သည့် မူရင်းစာအုပ်၌ ခေါင်းစဉ်နာမည် အဖြစ် ရွေးချယ်ထားသော The Richest Man in Babylon (ဘေဘီလုံက မဟာသူကြွယ်) ပုံဝတ္ထုဖြစ်သည်။ “ဘေဘီလုံ ပုံဆောင်ဝတ္ထုများကား အောင်မြင်ကြီးပွားရေးဆိုင်ရာ စိတ်ဓာတ်နှင့် နည်းနာများ နှိုးဆွလမ်းညွှန်ပေးသည့် စာအုပ်စာတမ်းများထဲတွင် အထင်ရှားဆုံး ဂန္တဝင်” ကျမ်းတအုပ်ဖြစ်ပေသည်။