ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

အခန်း(၂) ဘေဘီလုံကမဟာသူကြွယ်  

အာခတ်က အဲသည်ကာလ ဘေဘီလုံမှာ အကြီးကျယ်ဆုံး သူကြွယ်တယောက် ဖြစ်သည်။ သူ၏ ဥစ္စာကြွယ်ဝပုံသတင်းသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့ ကျော်ကြားသည်။ အာခတ်က ငွေကြေးချမ်းသာသလောက် စိတ်သဘောထား ကြီးမားသူလည်း ဖြစ်သည်။ ကိုယ်တိုင် အဆီးအတားမရှိသုံးစွဲသလို အလှူအတန်းအပေးအကမ်းတွင်လည်း အလွန်ရက်ရောသည်။ သို့သော် သူ့ သူငယ်ချင်း ကော်ဘီပြောသလိုပင် သူ့အိတ်ထဲက ရွှေစတွေသည် လျော့ပါးသည်ဟူ၍မရှိ၊ ထွက်သမျှ ထက်ပို၍ပင် အလျှင်အမြန် ပြန်ဝင်လာနေကြသည်။ အာခတ်က ကြွယ်ဝသထက် ကြွယ်ဝဆဲ မဟာသူကြွယ် အစစ်တယောက် ဖြစ်ချေသည်။ ယခု သူ့ထံသို့ သူငယ်ချင်းတစ်စု ထူးထူးခြားခြား ရောက်ရှိလာကြသည်။ မြင်းရထားတည် ဆောက်သူ ဗန်ဆားနှင့် ဂီတဆရာကော်ဘီ။ ထို့ နောက် ဗန်ဆားစေတနာပိုကာ ခေါ်ဆောင်လာခဲ့သည့် အခြားသော သူငယ်ချင်းများ။ ဗန်ဆားတို့အဖွဲ့က သူတို့လာရင်းအချက်ကို အာခတ်အား ရှင်းလင်းပြောဆိုသည်။ “သူငယ်ချင်း အာခုတ်၊ မင်းက ငါတို့အားလုံးထက် ကံကောင်းတယ်၊ တို့တတွေမငတ်အောင် ရုန်းကန်နေရတဲ့အချိန် မင်းက ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေတယ်။ မင်းက သားနားပေ့ ဆိုတဲ့ အဝတ်အစားတွေဝတ်၊ ရှားပါးပေ့ဆိုတဲ့ စားသောက် ဖွယ်ရာတွေ စားနေတဲ့အချိန်မှာ တို့က ဖြစ်သလိုစား လူကြားသွားနိုင်ရုံလောက်ဝတ်ပြီးနေရတယ်၊ ဒါပေမယ့် တချိန်တုန်းကတော့ တို့အားလုံး တန်းတူရည်တူပဲ။ စာသင့်တော့လဲ တဆူရာတည်း၊ ကစားခုန်စားတာလည်း အတူတူပဲ၊ မင်းကုတို့ ထွက် စာမှာလည်းမတော်ဘူး၊ ကစားရာမှာလည်း မသာခဲ့ဘူး၊ နောက်ပိုင်း လူကြီးဖြစ်လာတဲ့ အချိန် မှာလည်း မင်းကတို့ထက် ဘယ်လောက်မှ ပင်ပင်ပန်းပန်း အလုပ်လုပ်တာ မတွေ့ရဘူး၊ ဒါပေမယ့် ကံကြမ္မာက မင်းတယောက် တည်းကို မျက်နှာသာပေး ရွေးချယ်သွားတယ်၊ လောကရဲ့ စည်းစိမ် ချမ်းသာမျိုးစုံကို မင်းလက်ထဲ ပုံအပ်သွားခဲ့တယ်၊ အဲဒါဘာကြောင့်လဲ၊ အဲဒါ သိချင်လို့ တို့လာခဲ့ကြ တာ” သူတို့စကားဆုံးသည်နှင့် အာခတ်ကဆိုသည်။ “သူငယ်ချင်းတို့ အယူအဆတွေ မှားနေကြပြီကွာ၊ မင်းတို့မချမ်းသာ မကြီးပွားရခြင်း အကြောင်းအရင်းဟာ ကံကြမ္မာနဲ့ မဆိုင်ဘူးကွ၊ ဓနအဆောက်အအုံတခု ဘယ်လို စုစည်းတည် ဆောက်ရတယ်ဆိုတဲ့ ဥပဒေသတွေ၊ နည်းလမ်းတွေကို မင်းတို့ မစူးစမ်း မလေ့လာမိ လက်တွေ့ မကျင့်သုံးမိကြလို့သာ ဖြစ်ရတာ၊ ကံသက်သက်နဲ့ လူတယောက် ကြီးပွားချမ်းသာတယ်ဆိုတာ မရှိ ဘူး၊ ကြီးပွားရင်လည်း ခဏပဲ၊ လူမိုက်နဲ့ ငွေ အတူမနေဆိုတာလို ပရမ်းပတာသုံးစွဲရင်း ကုန်တာဘဲ၊ ကံကြမ္မာကြောင့် အလိုအလျောက် ရလာတဲ့ ဥစ္စာက ရရှိသူကို အလိုအလျောက် နှိပ်စက်ဖျက်ဆီးသွား တာများတယ်၊ တစ်ချို့ လူတွေတော့ ရှိပါတယ်၊ မသုံးဘူး၊ မန်းဘူး၊ သုံးလိုက်လို့ ကုန်သွားမှာ သိပ် ကြောက်တယ်၊ သူ့မှာပိုက်ဆံ မတော်တဆသာ ရလာတယ်၊ အကယ်၍ သုံးစွဲလို့ ကုန်သွားရင် ဘယ်လို ထပ်ရှာရမလဲမသိဘူး၊ အဲဒီတော့ ငွေထုပ်ကြီးပိုက်ပြီး ဆင်းဆင်းရဲရဲ ကပ်စေးနည်းနည်းနဲ့ပဲ အိုသေတဲ့ အထိ နေသွားကြတယ်၊ ဒီငွေကြောင့် သူတို့ခမြားမှာ ကိုယ်လည်းမချမ်းသာဘူး၊ စိတ်လည်း မချမ်းသာ ဘူး၊ သူခိုးသူဝှက်ရန်ကိုကြောက်လို့ ကြောင့်ကြကြလည်း နေ ရသေးတယ်၊ အားလုံး ဒီအတိုင်း ချည်းပဲလို့ တော့ ငါမဆိုလိုပါဘူး၊ တချို့တော့ လည်းရှိပါတယ်၊ ကိုယ်တိုင်မရှာဘဲ ရလာတဲ့ ဥစ္စာ၊ ဥပမာ အမွေရလာတာမျိုးဆိုပါတော့၊ အဲဒါ ကို သုံးလည်းသုံးတယ်၊ တိုးပွားအောင်လည်းလုပ်သွားတယ် ဆိုတဲ့လူမျိုးတွေ၊ ဒါမျိုးလည်း ရှိတော့ရှိပါတယ်၊ ဒါပေမယ့် နည်းတယ်၊ မင်းတို့သိတဲ့လူတွေထဲပဲ စဉ်း စားကြည့်ပါ။ ငါပြောတာ သဘောပေါက်လိမ့်မယ်” ။ သူ့စကားနားထောင်ပြီး သူငယ်ချင်းတွေမငြင်းနိုင်ကြ။ “ဟုတ်ပါပြီကွာ၊ ကံကြမ္မာ သက်သက် ကြောင့် ချမ်းသာကြတာမဟုတ်ဘူး ဆိုတဲ့အချက် တို့လက်ခံပါတယ်။ တို့တွေကြားထဲက မင်းတ ယောက်တည်း ဘယ်နည်းဘယ်ပုံ ချမ်းသာလာသလဲဆိုတဲ့ အကြောင်းသာ ဆက်ပြီးပြောပြစမ်း ပါ” ဟုဆိုသည်။ အာခတ်စကားဆက်သည်။ “ငါ လူငယ်ဘဝလောက်မှာပဲ ငါ့ခေါင်းထဲကို အတွေးတခုဝင်ခဲ့တယ်၊ သိပ်ဆန်း တဲ့အတွေး တော့မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းတဲ့အရာတွေ အဖိုးတန်တဲ့ ဟာတွေကိုကြည့်ပြီး အော် ဒါတွေဟာ လူကိုစိတ်ချမ်းသာမှု ကျေနပ်အားရမှု့ ပေးနိုင်တဲ့ အရာတွေပါလား၊ ဒါတွေဟာ ငွေရှိမှရ နိုင်တာတွေပါလားလို့ တွေးမိလိုက်တာပါ၊ ။။ ငွေဟာ စွမ်းပကားတစ်ခုပဲ၊ ငွေဟာအရာတိုင်းကို မဖန် တီးနိုင်သော်လည်း အရာများစွာကိုတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးနိုင်တယ်၊ ကိုယ့်အိမ်ယာကို အလှပအခမ်းနားဆုံး မွမ်းမံခြယ်သနိုင်တယ်။ ရွက်သင်္ဘောနဲ့ ခရီးထွက်နိုင်တယ်၊ ဝေးလံခေါင်ဖျား တဲ့အရပ်က ရှားပါးတဲ့ အစာအဟာရတွေကို မှီဝဲသုံးဆောင်နိုင်တယ်၊ ရွှေထည်ထည် ကျောက်မျက် ရတနာထည်တွေ ဝယ်ယူနိုင်တယ်၊ ဘုရားတွေကျောင်းတွေ ဆောက်နိုင်လှူနိုင်တယ်၊ အာရုံငါးပါးရဲ့ အရသာတွေ အလိုရှိသမျှ ခံစားနိုင်တယ်၊ ဒါတွေတွေးမိပြီး၊ ဟာမဖြစ်ဘူး၊ ငါလည်းလူ့ဘဝမှာနေထိုင် ရတုန်း ဒီစည်းစိမ်ချမ်းသာတွေကိုတော့ တတ်နိုင်သမျှ ခံစားသွားရမှဖြစ်မယ်၊ သူများတွေခံစားနေကြတာ အဝေးကကြည့်ရင်းနဲ့ တော့ တင်းတိမ်မနေနိုင်ဘူးလို့ ဆုံးဖြတ်လိုက်တယ် “ဒါပေမယ့်၊ မင်းတို့သိတဲ့အတိုင်း ငါ့မိဘကလည်း ချမ်းချမ်းသာသာထဲက မဟုတ်ဘူး၊ အဖေက သာမန်ကုန်သည် အသေးစားပဲ၊ ညီအစ်ကိုမောင်နှမတွေကလဲများတော့ အမွေအနှစ်ရဘို့ မျှော်လင့်ချက်  သိပ်မရှိဘူး၊ ဒီတော့ ကိုယ်ရှာမှကိုယ်ရမယ်ဆိုတာ သဘောပေါက်ပါတယ်၊ ဒါပေမယ့် ဘယ်လိုရှာမလဲ၊ ဉာဏ်စွမ်း ဉာဏ်စကလည်း မင်းတို့ စောစောကပြောသလို မင်းတို့ထက် ထူးပြီးရှိတာမှမဟုတ်တာ၊ ဒါနဲ့ စဉ်းစားလိုက်တဲ့ အခါကျတော့ ချမ်းသာတို့ဆိုတာ ချက်ချင်းတော့ မဖြစ်နိုင်ဘူး၊ အချိန်ယူပြီး လေ့လာရမယ်၊ နည်းလမ်းရှာရမယ်ဆိုတာ တွေးမိလာတယ်။။ “ဒီနေရာမှာ အချိန်နဲ့ ပတ်သက်လို့ ပြောရရင်၊ အချိန်ဆိုတာ လူတိုင်းမှာ အလျှံပယ် ရှိနေကြ တာဘဲ။ အခုမင်းတို့ဆိုရင် ကိုယ့်ကိုယ်ကိုချမ်းသာအောင်လုပ်ဖို့ လုံလောက်တဲ့ အချိန်ကာလတစ်ခု တောင် သုံးဖြုန်းပစ်ခဲ့ကြပြီးပြီပဲ၊ ဒီအတွင်း မင်းတို့မှာ မိသားစုတွေကလွဲလို့ တခြားဘာမှမရခဲ့ဘူးလို့ ဆိုတယ်။ တကယ်တော့ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေရတယ် ဆိုတာကလည်း ဝမ်းသာ ဂုဏ်ယူ စရာ တခုပဲပေါ့ကွာ၊ ဒါပေမဲ့ အဲ့ဒါလည်းထားဦးပေါ့ လေ၊ အဲ၊ အချိန်ယူတဲ့ကိစ္စပြီးတော့ လေ့လာ ဆည်းပူးတဲ့ကိစ္စ၊ ဒီကိစ္စမှာ တို့ဆရာကြီးပြောဘူးတဲ့ စကားတစ်ခုရှိတယ်၊ မင်းတို့လဲမှတ်မိကြပါလိမ့်မယ်၊ ပညာဆိုတာနှစ်မျိုးရှိတယ်၊ တမျိုးက တို့ သင်ထားတတ်ထားသိထားတာ၊ နောက်တမျိုးက တို့မသိသေး မတတ်သေးတဲ့အရာကို ဘယ်မှာဘယ်လို လိုက်ရှာရမလဲသိတာ ဆိုတဲ့စကား၊ ဆရာကြီး ပြောတဲ့ ဒီစကားကိုကြားယောင်ပြီး၊ ပိုက်ဆံချမ်းသာအောင် လုပ်တဲ့နည်းလမ်းတွေကို အရင်ဆုံးသိ အောင်ရှာဖွေဘို့၊ ပြီးတော့ ဒီနည်းလမ်းတွေအတိုင်း တကယ်လက်တွေ့ လိုက်နာကျင့်သုံးဘို့ ဆုံးဖြတ်ခဲ့တယ် သို့သော် အဲ့ဒီနောက်မှာ စားဝတ်နေမှု့ အတွက် မော်ကွန်းရုံးမှာ စာတော်ကူး စာရေးလေး အဖြစ်နဲ့ ငါအလုပ်ဝင်ခဲ့တယ်၊ ရွှံ့စေးပြားမှာ စာရေးတဲ့ အလုပ်ကို နေ့စဉ် နာရီပေါင်းများစွာ ငါလုပ်ရ တယ်၊ အဲဒီမှာ လပေါင်းများစွာကြာ ပေမယ့် ရတဲ့လုပ်အားခက ဘာမှ အဖတ်မတင်ခဲ့ဘူး၊ စားတယ် ဝတ်တယ် နတ်ပူဇော်တယ် တခြားတိုလီမိုလီ ရယ်နဲ့ပဲ အားလုံးကုန်တယ်၊ ဒါပေမယ့် ချမ်းသာအောင် လုပ်မယ်ဆိုတဲ့ စိတ်ကတော့ ငါ့မှာ ပျောက်ပျက် မသွားဘူး။ “တနေ့မှာတော့ ငွေတိုးချေးစားတဲ့ သူဌေးကြီးအယ်လဂါမစ် တို့ရုံးက ဝန်မင်းဆီရောက်လာပြီး နဝမဥပဒေကို ကော်ပီကူးပေးဘို့ အလုပ်အပ်တယ်၊ ကူးဘို့ တာဝန်ကျသူက ငါ ဆိုတော့ သူက ငါ့ကို ပြောတယ်၊ ငါ ဒီကော်ပီကို နှစ်ရက်အတွင်း လိုချင်တယ်” တဲ့၊ ပြီးအောင်ကူးပေးနိုင်ရင် မင်းကို ကြေးနီပြား နှစ်ပြား အပိုဆုပေးမယ်” လို့ သူကဆိုတယ်၊ ငါလည်း အကြိတ်အနယ်ကြိုးစားပြီး ကူး တာပဲ၊ ဒါပေမယ့် ဥပဒေကသိပ်ရှည်တော့ ကော်ပီယူဖို့ သူလာတဲ့အချိန်မှာ ငါမပြီးသေးဘူး၊ သူက ဒေါသတွေ အကြီး အကျယ် ထွက်တယ်၊ ငါသာကျွန်တစ်ယောက်ဆိုရင် ဒီနေရာမှာတင် ကောင်းကောင်း အရိုက်ခံရတယ်၊ အခုတော့ ငါ့ကိုသူရိုက်ရင် ဝန်မင်းသည်းခံမှာမဟုတ်ဘူးဆိုတာ သိထားတော့ ငါက လဲ မကြောက်ဘူးပေါ့ကွာ၊ ဒါနဲ့ သူ့ကိုပြောတယ်၊ ဒီမှာ အယ်လဂါမြစ်၊ ခင်ဗျားကို အရမ်းချမ်းသာတဲ့ သူဌေးကြီးပဲ၊ ကျွန်တော့်ကိုလည်း ခင်ဗျားလို ချမ်းသာအောင်လုပ်ဖို့ နည်းလမ်းပေးမယ်ဆိုရင် ကျွန် တော် ဒီတညလုံးမအိပ်ပဲ ခင်ဗျားစာတွေ ကူးပေးမယ်ဗျာ၊ မနက် နေထွက်တဲ့အချိန် ပြီးစေရမယ်” ဆိုတော့၊ သူကပြုံးပြီး ကိုပြန်ပြောတယ်၊ “မင်း တော်တော်လည်တဲ့အကောင်ပဲ၊ ဒါပေမယ့် ငါ သဘောတူပါတယ်၊ အပေးအယူပေါ့ ကွာ” တဲ့။ “အဲ့ဒီညတညလုံး ငါရွံ့စေးပြားတွေမှာ စာထွင်းတယ်၊ ကျောတစ်ပြင်လုံးတောင့်၊ မီးခွက်က အနံ့နဲ့ တခေါင်းလုံးကိုက်၊ မျက်စိတွေလည်း ကျိန်းစပ်ပြီး ဘာမှတောင် မမြင်ချင်တော့ဘူး၊ ဒါပေမယ့် မနက် လင်းအားကြီးအချိန် သူရောက်လာတော့ ရွှံ့စေးစာချုပ်တွေအားလုံး ပြီးနေပြီ၊ “ကဲ၊ ခင်ဗျားကတိပေးထားတဲ့အတိုင်း ကျွန်တော့ကို ပြောပေတော့”လို့ ငါကဆိုတယ်၊ သူက သဘောကောင်း နဲ့ ပဲ ပြောပါတယ်။  “မောင်ရင့်ဘက်က တာဝန်ကျေပြီဆိုတော့ ငါ့ဘက်ကလည်း တာဝန်ကျေ ရမှာပေါ့ ၊ ဒီအတွက် ငါဝန် မလေးပါဘူးကွ၊ တကယ်တော့လည်း အဘိုးကြီးများ ထုံးစံအတိုင်း အခုမင်းသိချင်တဲ့ အကြောင်းအရာမျိုး ကို တို့က အလိုလိုကိုပြောချင်နေတာ၊ ဘယ်လူငယ်မဆို အသက်ကြီးတဲ့ လူတ ယောက်ဆီသွားပြီး မေးမြန်း မယ် အကြံဉာဏ်ကောင်းမယ်ဆိုရင် သူနှစ်ပေါင်းများစွာ စုဆောင်းသိုမှီးလာတဲ့ အသိဉာဏ် ဗဟုသုတတွေကို အလွယ်တကူ ရနိုင်တာချည်းပဲကွ၊ ဒါပေမယ့် မင်းသိထားဖို့က ဒီကနေ့သာနေတဲ့နေဟာ မင်းတို့အဖေ မွေးတဲ့အချိန်တုန်းက တောက်ပခဲ့တဲ့နေပဲကွ၊ အတူတူပဲ၊ ဒီ နေ့ဟာ မင်းရဲ့အငယ်ဆုံးမြေးကလေး ကွယ်လွန် အနိစ္စရောက်တဲ့ အချိန်မှာလဲ အခုလိုပဲ အလင်းရောင် ပေးနေဦးမှာပဲ * လူငယ်တွေရဲ့ အတွေးအခေါ်ဟာ ကောင်းကင်မှာ တစ်ခါတရံ ထွက်ပေါ်တဲ့ ကြယ်တံ၊ ခွန်များလို တစ်ခွင်တစ်ပြင်လုံးဖြန့်ပြီး လင်းသွားတတ်တာ မှန်တယ်၊ ဒါပေမယ့် သက်ကြီးဝါကြီးများရဲ့ ဉာဏ် အမြော်အမြင်ကတော့ ကောင်းကင်မှာတွဲခိုနေကြတဲ့ ကြယ်ပွင့်များလို အမြဲတည်နေပြီး ပင်လယ် ခရီးသွားတွေကို လမ်းပြနိုင်ကြတယ်၊ ငါအခုပြောမယ့်စကားကို မင်းသေသေချာချာ နားထောင်ပါ။ သေသေချာချာ နားမထောင်ရင် ငါပြောချင်တဲ့အချက်ကို မင်းရမှာမဟုတ်ဘူး၊ မင်းစိတ်ထဲမှာလည်း မင်းတစ်ညလုံး ပင်ပန်းခဲ့ရတာနဲ့ စာရင် ထိုက်တန်တဲ့စကားကို မရဘူးလို့ ထင်နေဦးမယ်” “သူက အဲဒီလို ဆိုပြီးတဲ့နောက် သူ့မျက်ခုံးထူထူကြီးတွေအောက်ကနေ သေသေချာချာစိုက်ကြည့်ပြီး အလေးအနက်လေသံနဲ့ ပြောတယ်၊ “ငါ့ စိတ်ထဲမှာ ငါရတဲ့ဝင်ငွေရဲ့ တစိတ်တပိုင်းသည် ငါ့ အတွက် ကိုယ်ပိုင် ဥစ္စာဖြစ်စေရမယ် လို့ ယတိပြတ်ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ ချမ်းသာကြွယ်ဝမယ့် လမ်းစကို ငါသွားတွေ့ ခဲ့တာပဲ၊ မင်းလဲအဲဒီအတိုင်း တွေ့ပါလိမ့်မယ်” တဲ့၊ အဲ့ဒီနောက် ငါ့ ကိုစိုက် ကြည့်နေလိုက်တာ ဖောက်ထွက် သွားမတက်ပဲ။ “နောက်တော့ငါကမေးတယ်၊ “ဒါအကုန်ပဲလား”လို့ ၊ “ ဟုတ်တယ်၊ အဲ့ဒါ ဟာ သိုးကျောင်းသားစိတ်ဓာတ်ပဲ ရှိခဲ့တဲ့လူတစ်ယောက်ကို သူကြွယ်စိတ်ဓာတ် ကိန်းအောင်းလာအောင် ပြောင်းလဲပေးနိုင်တဲ့ အတွေးအခေါ်ပဲ” လို့ သူကပြန်ဖြေတယ်။ “ငါကထပ်မေးတယ်၊ ကျွန်တော် ရှာဖွေလို့ ရသမျှအားလုံးဟာ ကျွန်တော့်ကိုယ်ပိုင် ဥစ္စာချည်းပဲ မဟုတ်လား” ဆိုတော့သူကပြန်ဖြေတယ်၊ “ဟုတ်နိုင်ပါ့မလားကွာ” တဲ့၊ “မင်းအပ်ချုပ်သမားကို ပိုက်ဆံမပေးရဘူးလား ဖိနပ်ချုပ်သမားကို မပေးရဘူးလား၊ စားစရာသောက်စရာအတွက်ကော၊ ဘေဘီလုံမှာ မင်းပိုက်ဆံမသုံးဘဲ နေလို့ ရ သလား၊ ပြီးခဲ့တဲ့လတုန်းက မင်းရခဲ့တဲ့ပိုက်ဆံ အခုဘယ်နှစ်ပြားကျန်သလဲ၊ ပြီးခဲ့တဲ့ တနှစ်လုံးရတာ ကောဘယ်မလဲ၊ မရှိဘူးမဟုတ်လား၊ မင်းကိုယ်မင်းကလွဲလို့ လူတကာကို ပိုက်ဆံတွေ မင်းပေးနေခဲ့ တာပဲ၊ မင်းပင်ပန်းခံပြီး အလုပ်လုပ်သမျှအားလုံးဟာ သူများအတွက်ချည်း ဖြစ်နေတယ်မဟုတ်လား၊ သခင်ကျွေးတာစား သခင်ပေးတာဝတ်ပြီး သခင်အတွက် အလုပ်လုပ်ပေးနေတဲ့ ကျွန်တယောက်နဲ့ ဘာခြားနားသလဲ၊ ကဲ။။။မင်းရလာတဲ့ဝင်ငွေရဲ့ ဆယ်ပုံတပုံလောက်ကို စုဆောင်းထားခဲ့မယ်ဆို ရင် ဆယ်နှစ်အတွင်းမှာ မင်းဘယ်လောက်ချမ်းသာနေမလဲ”တဲ့၊ ပြောနေရာက ရုတ်တရက် ကောက်မေး တယ်၊ “ကလည်း အဲဒီလောက်တော့ ဂဏန်းတွက်တတ်သေးတယ်ဆိုတော့ ချက်ချင်းပဲပြန်ဖြေလိုက် တယ် တနှစ်စာဝင်ငွေစုမိမှာပေါ့ ဆိုတော့သူကပြောတယ်၊ “တဝက်ပဲမှန်တယ်တဲ့၊ “မင်းစုမိတဲ့ ရွှေစတိုင်းဟာ မင်းအတွက် အလုပ်လုပ်ပေးမယ့် ကျေးကျွန်ဖြစ်ရမယ်၊ သူ့ကိုခိုင်းလို့ရလာတဲ့ ကြေးနီပြားတိုင်းဟာ သူ့နည်း တူ မင်းအတွက် ဆက်အလုပ်လုပ်ပေးမယ့် ကျေးကျွန်ဖြစ်ရမယ်၊ မင်းဟာ ချမ်းသာချင်တဲ့လူဆိုရင် မင်း စုဆောင်းလို့ ရသမျှကို ထပ်တိုးပွားအောင် လုပ်ရလိမ့်မယ် အဲဒီတိုးပွားတာ ကနေ ထပ်တိုးပွား၊ ထပ် တိုးပွား ကာကနေ နောက်ထပ်ဆင့်ထပ်တိုးပွား အဲဒီလိုဖြစ်ရမယ်၊ အဲ့ဒါမှ မင်းလိုချင်တောင့်တတဲ့ ဓနဥစ္စာတွေ စုဝေး မိလာမှာ၊ မင်းက ငါပေးတဲ့ ချမ်းသာကြွယ်ဝရေးနည်း လမ်းကိုကြားရတော့ မင်းတညလုံး အလုပ်လုပ်ရတာနဲ့ မတန်ဘူးလို့ ထင်တယ်မဟုတ်လား၊ ညာတယ်ဆိုတဲ့ သဘောပေါ့၊ လုံးမဟုတ်ဘူး၊ ငါပြောတဲ့ သဘော တရားကို မင်းတကယ် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်မိသွားပြီဆိုရင် မင်းငါ့ဆီက အဆတထောင်မက ပြန်ရလိုက် သလိုပဲဆိုတာ မင်းသဘောပေါက် လာပါလိမ့်မယ် “ မင်းရတာရဲ့ တစိတ်တဒေသဟာ မင်းအတွက် ဖြစ်ရမယ်လို့ ငါဆိုခဲ့တယ်။ မင်းရဲ့ ကိုယ်ပိုင်ဥစ္စာအဖြစ် သိမ်းဆည်းထားဖို့၊ မင်းရတဲ့ငွေသည် နည်းချင်နည်းနေလိမ့်မယ်၊ သို့သော် ဘယ် လောက် နည်းသည်ဖြစ်စေ ဆယ်ပုံတပုံကိုတော့ ဖယ်ထားလို့ ရပါတယ်၊ အကယ်၍ တတ်နိုင်ရင်တော့ ဒိထက်မကပေါ့ ၊ ကျန်တာကိုမှ စားမယ်၊ လှမယ်၊ အဝတ်အစားဝယ်မယ်၊ ဓနဥစ္စာဆိုတာ သစ်ပင် နဲ့တူတယ်၊ မျိုးစေ့ သေးသေးလေးကနေ ကြီးထွားလာတာ၊ မင်းစုမိတဲ့ ပထမဆုံး ကြေးနီပြားဟာ နောင်တနေ့ ဓနဥစ္စာ သစ်ပင်ကြီး ပေါက်ဖွားရှင်သန်လာစေဖို့ မျိုးစေ့ပ်၊ မျိုးစေ့စောစောချ ရင် သစ်ပင်စောစောပေါက်တယ်။ ဒီသစ်ပင်ကို ယုံယုံကြည်ကြည် ထက်ထက်သန်သန်နဲ့ မြေသြဇာကျွေး မယ် ရေလောင်းပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန် သူ့ ရဲ့အရိပ်ကို ခိုရမှာပဲ” သူက အဲသည်လိုပြောပြီးတဲ့ နောက် ရွှံ့စေချပ်တွေယူပြီး ပြန်သွားတယ်၊ “အဲဒီနောက်မှာ သူပြောတဲ့စကားတွေကို ငါအလေးအနက် စဉ်းစားတယ်၊ သူ့စကားတွေဟာ သိပ်ကို အကြောင်းအကျိုး ညီညွတ်မှုရှိတာ တွေ့ရတာနဲ့ အဲ့ဒီအတိုင်းလုပ်ကြည့်ဖို့ ငါဆုံးဖြတ်ခဲ့တယ်။ ငါပိုက်ဆံ ရလာတဲ့အခါတိုင်း ဆယ်ပြားရရင် ကပြားကို သီးသန့်ဖယ်ထားလိုက်တယ်၊ အဲဒီမှာ ထူးခြားတာက ဒီကပြား မသုံးရလို့ အနေအစား ကျဉ်းကျပ်သွားတယ် ဆိုတာမျိုး လုံးဝမရှိတာပဲ၊ နဂို ပုံမှန်လိုပဲ ဆက်လက်လည်ပတ် နေထိုင်သွားလို့ရနေတယ်၊ ဒါပေမယ့် စုငွေလေးများလာတဲ့အခါမှာတော့ တခါတစ်ရံ ဖီနီရှန်ဘက်က ကုန်သင်္ဘောတွေ၊ ကုလားအုတ်နဲ့ လာတဲ့ကုန်သည်တွေဆီမှာ ပစ္စည်း ဆန်းဆန်း ပြားပြားတွေ့ရင် ဝယ်လိုက်ချင်တဲ့စိတ်တွေ သိပ်ထကြွတာပေါ့၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခဲ့တယ်၊ ဒီလိုနဲ့ တစ်နှစ်တိတိလောက် ကြာတဲ့အချိန်မှာ အယ်လဂါမစ် တစ်ကြိမ်ရောက်လာပြန်တယ်။ သူက မှတ်မှတ်ရရပ်မေးတယ်၊ “ဘယ်လိုလဲမောင်ရင်၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း မင်းဝင်ငွေရဲ့ ဆယ်ပို့တစ်ပုံ ကို စုဖြစ်ရဲ့လား” တဲ့။ “ငါကလဲ ဂုဏ်ယူစွာနဲ့ ပဲ ပြောလိုက်တယ်၊ ဟုတ်ကဲ့၊ ကျွန်တော်စုဖြစ်ပါတယ် ဆရာကြီး” ဆို တော့၊ “ အေး၊ ကောင်းတယ်ကွ” တဲ့၊ သူကငါ့ကိုပြုံးကြည့်ပြီးဆိုတယ်၊ ပြီးတော့မေးတယ်၊ “မင်းအဲ့ဒီ ပိုက်ဆံတွေကို ဘာလုပ်သလဲ” တဲ့၊ “ ကျွန်တော် အုတ်ဖုတ်သမား အက်ဇမူးကို ပေးလိုက်တယ်၊ အက်ဇပူးက ပင်လယ်ကူး သင်္ဘောနဲ့ လိုက် သွားပြီး တိုင်ယာဆိပ်ကမ်းမြို့ မှာ ဖီနီရှန် ကျောက်မျက်ရတနာတွေ ဝယ်ခဲ့ပေးမယ်လို့ ပြောတယ်။ သူပြန် ရောက်လာရင် ဒါတွေကိုရောင်းပြီး ရတဲ့အမြတ်ကို သူနဲ့ကျွန်တော် ခွဲဝေယူရမှာပေါ့ ” လို့ဖြေတော့၊  “ အင်း၊ လူဆိုတာ ခံရဖူးပြီးမှ သင်ခန်းစာရတာမျိုးပဲ၊ ဟေ့ ဒီမှာကွ၊ အုတ်ဖုတ်သမားက ကျောက် အကြောင်း ဘယ်လောက်သိမှာမို့လို့ ယုံယုံကြည်ကြည် သွားအပ်ရတာလဲ၊ ကောင်းကင်က ကြယ်တွေ အကြောင်း သိချင်ရင် ပေါင်မုန့် ဖုတ်တဲ့လူကို သွားမေးမှာလား၊ စဉ်းစားဉာဏ်ရှိတဲ့လူမှန်ရင် နက္ခတ် ပညာရှင်ပဲ မေးမယ် မဟုတ်လား၊ မင်းစုထားတဲ့ ပိုက်ဆံတွေတော့ သွားပြီလို့သာ အောက်မေ့ လိုက်ပေတော့၊ အဲ့ဒီလူလက်ထဲ အပ်လိုက်တာဟာ မင်းစိုက်ထားတဲ့ဓနသစ်ပင်လေးကို အမြစ်ပါမကျန် ဆွဲနှုတ်ပစ် လိုက်တာ နဲ့ အတူတူပဲ၊ ဒါပေမယ့် ပြီးသွားတာ ဘယ်တတ်နိုင်မလဲ၊ ထပ်ကြိုးစားပါ၊ နောက်ထပ် အပင် သစ်စိုက်ပါ။ ဒီတကြိမ်မှာတော့ ကျောက်မျက်ရတနာ အကြောင်း သိချင်ရင် ကျောက်ကုန်သည်ဆီသွား ၊ သိုးအကြောင်း သိချင်ရင် သိုးမွေးတဲ့ လူဆီကို သွားကွ၊ အကြံဉာဏ်ဆိုတာ လူတွေ အခမဲ့လျှောက်တတ်ကြတဲ့ အရာမျိုး၊ ဒါပေမယ့်တန်ဖိုးရှိတဲ့ အကြံဉာဏ်မျိုးကိုမှ ယူမိဘို့ အရေးကြီး တယ်၊ ငွေကြေးကိစ္စမှာ နားမလည် သူဆီက အကြံဉာဏ်ယူမိရင် သူ့အကြံဉာဏ် တန်ဖိုးမရှိတဲ့အကြောင်း ကိုယ့်ငွေနဲ့ ရင်းပြီး သက်သေထူရသလို ဖြစ်လိမ့် မယ်” တဲ့၊ အဲသလိုတွေပြောပြီး သူပြန် သွားတယ်၊ “သူပြောတဲ့အတိုင်းပါဘဲ၊ ဖီနီရှန်တွေဆိုတာက လူလိမ်လူနပ်တွေကိုး၊ အက်ဇခူးကို ပုလင်းကွဲ လိုဟာမျိုးတွေ ကျောက်ဆိုပြီး လိမ်ရောင်းလွှတ်လိုက်တယ်၊ ဒါပေမယ့် အယ်လဂါမစ်တိုက်တွန်းသွားခဲ့ တဲ့အတိုင်း ငါဆက်ပြီး ဆယ်ပြားမှာ တစ်ပြားစုပါတယ်၊ အကျင့်လေးလဲရသွားပြီဆိုတော့ ငါ့အတွက် စုရတာ အပန်းမကြီးတော့ဘူး၊ “နောက် ဆယ့်နှစ်လကြာတဲ့အခါ စာကူးတဲ့အခန်းကို အယ်လဂါမစ် ရောက်လာပြန်တယ်။ ဘယ်လိုလဲကွ၊ ဒီကြားထဲမှာတိုးတက်မှုရှိရဲ့လား” တဲ့၊ “ ကျွန်တော့်ကိုယ်ကျွန်တော် သစ္စာရှိစွာ ပေးကမ်းနေဆဲပါ ဆရာကြီး၊ ဒီတခါတော့ ကျွန်တော့် ပိုက်ဆံတွေကို ဒိုင်းလုပ်တဲ့ အဂါဆီ အပ်ပါတယ်၊ သူ့အတွက် ကြေးဝယ်ဖို့ ပေးထားတာ၊ သူ့ဆီက လေးလ တစ်ကြိမ် အတိုးမှန်မှန်ရပါတယ်” ဆိုတော့၊ “ ကောင်းတယ်ကွ၊ မင်းအဲ့ဒီအတိုးကို ဘာလုပ်သလဲ” တဲ့၊ “ ကျွန်တော် ဧည့်ခံပွဲကြီးတစ်ခုကျင်းပတယ်၊ ပျားရည်တို့၊ ကိတ်မုန့်တို့ အကောင်းစား ဝိုင်အရက် တို့နဲ့ ကျကျနနပေါ့၊ ပြီးတော့ ကျွန်တော့်အတွက် ကြက်သွေးရောင် ကျူးနစ်အကျီ တထည် ဝယ်တယ်၊ နောက်တစ်ကြိမ် ဆိုရင်တော့ ကျွန်တော်တို့ မြည်းကလေးတကောင်ဝယ်မယ် စိတ်ကူးတယ်” လို့ ငါက ပြောတော့ အယ်လဂါမစ် ကရယ်တယ်။ “ မင်းက ကိုယ်စုငွေကပေါက်ဖွားတဲ့ သားသမီးတွေကို စားပစ်သလား” တဲ့၊ အဲ့ဒါဆို သူတို့က မင်းအတွက် ဘာဆက်လုပ်ပေးနိုင်ဦးမှာလဲ၊ မင်းအတွက်အလုပ်လုပ်ပေးမယ့် နောက်ထပ်နောက်ထပ် ကလေးတွေ သူတို့ဘယ်မှာ ဆက်မွေးပေးနိုင်ပါ တော့မလဲ၊ ဒီမှာမောင်ရင်၊ ပထမဆုံးက ကိုယ့်အတွက် ငွေရှာပေးမယ့် ကျေးကျွန်တွေ တစုတဖွဲ့ကြီးရအောင် အရင်လုပ်ရတယ်ကွ၊ အဲ့ဒီလိုရပြီးတဲ့ အခါကျရင် ပျော်ပွဲရွှင်ပွဲ စားပွဲ သောက်ပွဲတွေ ကြိုက်သလောက် ဆင်ယင်ကျင်းပပေတော့၊ ကုန်သွား ခန်းသွားမှာ ပူစရာမလိုတော့ဘူး၊” လို့ ပြောပြီးပြန်သွားတယ်။ “နောက်နှစ်နှစ်လောက် သူနဲ့မတွေ့ရဘူး၊ ပြန်တွေ့တဲ့အချိန်ကျတော့ အဘိုးကြီးက အတော့ကို အိုနေပြီ၊ သူကမေးတယ်၊ “အာခတ်၊ မင်းမျှော်မှန်းထားသလောက် ငွေကြေးစုဆောင်းမိပြီလား” တဲ့၊ “ငါကလဲဖြေတယ်၊ မျှော်မှန်းသလောက်တော့ မရသေးပါဘူး၊ ဒါပေမယ့် ရတန်သလောက် တော့ ရနေပါပြီ၊ အဲဒါတွေကဆက်ပြီး အတိုးအညွန့်တွေလည်း ပွားများနေပါတယ်” လို့၊ “ မင်း အုတ်ဖုတ်သမားဆီက အကြံဉာဏ်ယူသေးသလား” တဲ့။ “ ဟုတ်ကဲ့၊ အုတ်ကိစ္စနဲ့ပတ်သတ်ရင်တော့ ယူပါတယ်” ငါကလဲပြန်နောက်တယ်၊ “ အာခတ်၊ မင်းဟာသင်ခန်းစာကို ကောင်းကောင်း ကျေညက်သွားပြီ” တဲ့၊ “ပထမဆုံး မင်း ဟာ ကိုယ်ရတဲ့ဝင်ငွေထက် လျှော့သုံးပြီး နေထိုင်တတ်ခဲ့တယ်၊ အဲဒီနောက်မင်းဟာ အတွေ့အကြုံရှိတဲ့ လူတွေ ဆီက တန်ဖိုးရှိတဲ့အကြံဉာဏ်တွေ ရယူတတ်ခဲ့တယ်၊ နောက်ဆုံးအဆင့်အနေနဲ့ ငွေကိုတိုးပွားအောင် မင်းလုပ်တတ်ခဲ့တယ်။ “တနည်းပြောရရင် မင်းဟာငွေရှာတတ်ခဲ့ပြီ၊ ငွေကိုထိန်းသိမ်းတတ်ခဲ့ပြီ၊ ငွေကိုလဲခိုင်းစေ တတ် အသုံးချတတ်ခဲ့ပြီ၊ ဒီမှာအာခတ်၊ မင်းမှာလုပ်ငန်းတစ်ခုကို တာဝန်ယူဆောင်ရွက်နိုင်တဲ့ အရည်အချင်းတွေ အပြည့်အဝရှိနေပြီလို့ ငါမြင်တယ်၊ အဲ့ဒီတော့ငါပြောမယ်၊ ငါလည်းအသက်ကြီးပြီကွာ၊ ငါ့သားတွေက ငွေရှာဖို့ထက် သုံးဖို့ကိုပိုစိတ်ဝင်စားကြတယ်၊ ငါ့ လုပ်ငန်းကိုင်ငန်းတွေက အများ ကြီးပဲ၊ ဒါတွေ အားလုံး ကြည့်ဘို့ ငါမတတ်နိုင်တော့ဘူး၊ အဲ့ဒီတော့ မင်းနစ်ပူးမြို့ကိုသွားပြီး အဲဒီက မြေယာတွေကိစ္စ တာဝန် ယူပေးပါ၊ အောင်အောင်မြင်မြင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် မင်းကို ငါ့ ပါတနာအဖြစ် သဘောထားမယ်၊ ငါပိုင်မြေရဲ့တစ်စိတ်တစ်ဒေသကို ခွဲဝေပေးမယ်” လို့ သူကဆိုတယ်။ “အဲဒါနဲ့ငါ နစ်ပူးကိုသွားပြီး သူ့ လုပ်ငန်းတွေ ကြီးကြပ်ပေးတယ်၊ လုပ်ငန်းတွေအများကြီးပဲ။ ငါကလဲ ရည်မှန်းချက်ကြီးတဲ့လူဆိုတော့ ဒါတွေကို ကြိုးစားပြီးလုပ်တယ်၊ စောစောကပြောခဲ့တဲ့အတိုင်း ငွေနဲ့ ပတ်သတ်တဲ့ ကဏ္ဍသုံးရပ်စလုံးကို နိုင်နိုင်နင်းနင်း ရှိခဲ့ပြီးပြီဆိုတော့ ငါအောင်မြင်ခဲ့တယ်၊ အယ်လဂါမစ်ရဲ့ ဥစ္စာပစ္စည်းတွေ အများကြီး တန်ဖိုးတက်အောင် ငါလုပ်ပေးနိုင်ခဲ့တယ်၊ ဒါကြောင့်မို့ သူကွယ်လွန်ပြီးတဲ့ အခါမှာ သူကိုယ်တိုင်ဥပဒေနဲ့ အညီ စီမံပေးခဲ့တဲ့အတိုင်း သူပိုင်နယ်မြေတစ်ချို့ကို ငါဝေစုရခဲ့တယ်၊” အာခက်၏ဇတ်လမ်း ပြီးဆုံးသွားသည့်အခါ သူ့သူငယ်ချင်တယောက်က မှတ်ချက်ချသည်။ “အယ် လဂါမစ် ဆီကအမွေရလိုက်တာ မင်းကံကောင်သွားတာပေါ့” ဟူ၍။ “ကံကောင်းတယ်ဆိုတဲ့စကား ပြောမယ်ဆို ရင်တော့ အယ်လဂါမစ်နဲ့ မတွေ့ခင်ကတည်းက ငါ့မှာ ကြီးပွားချင်စိတ် ရှိနေခြင်းဟာသာ ကံကောင်းတဲ့ အချက်လို့ ဆိုရမယ်ကွ၊ ငါ့မှာ ကြီးပွားချမ်း သာချင်တဲ့ ဆန္ဒရယ် တကယ်ကိုကြီးပွားအောင် ထလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရယ် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာဟာ လေးနှစ်လုံးလုံး ငါ ရတဲ့ငွေရဲ့ ဆယ်ပုံတပုံဆီကို မှန်မှန် စုဆောင်း ခဲ့ခြင်းအားဖြင့် ထင်ရှားနေတာပဲ၊ တံငါသည်တယောက်ဟာ ငါးတွေရဲ့လေ့ သဘာဝကို နှစ်ပေါင်းများ စွာ လေ့လာပြီးတဲ့ နောက်မှာ ပိုက်တလက်နဲ့ သူထွက်ရှာတိုင်း ငါးရလာတာကို ကံကောင်းတယ်လို့ ဆိုမလား၊ ကံကြမ္မာစောင့် နတ်သမီးဆိုတာ သိပ်စည်းကမ်းကြီးတယ်ကွ၊ ဘာမှ ပြင်ဆင်မထားတဲ့ လူတွေအတွက် အချိန်ကုန်ခံရိုး ထုံးစံမရှိဘူး”  “ပထမနှစ်စုထားတဲ့ပိုက်ဆံတွေ အလဟဿဖြစ်သွားပြီးတဲ့နောက် မင်းဆက်ပြီးစုဖြစ်တာကတော့ ဝီလ်ပါဝါ သိပ်ကောင်းလို့ပဲကွ၊ အဲ့ဒီမှာမင်းက သူများထက်သိပ်ထူးခြားသွားတယ်။” နောက်သူငယ်ချင်း တယောက်ကပြောသည်။ “လာပြီ လာပြီ ဗီလ်ပါဝါ” အာခတ်ကဆိုသည်။ “မဟုတ်ပါဘူးကွာ၊ မင်းတို့ကိုလ်ပါဝါဆိုတာကို တလွဲတွေမှတ်ထားကြတယ်၊ ငါပြောမယ်၊ ဝီလ်ပါဝါ ရှိရင် လူတယောက်ဟာ ကုလားအုတ် မထမ်းနိုင်တဲ့ ၀န် ကို ထမ်းနိုင်မလား၊ နွားနှစ်ကောင် မဆွဲနိုင်တဲ့လှည်းကို ဝီလ်ပါဝါစွမ်းအားနဲ့ သူဆွဲနိုင်မယ် ထင်သလား၊ မဟုတ်ဘူးကွ၊ ဝီလ်ပါဝါ ဆိုတာ အဓိဋ္ဌာန် ခိုင်မာတာကိုပြောတာ၊ ဘယ်အလုပ် တစ်ခုကိုတော့ဖြင့် ငါလုပ်မယ် လို့ ဆုံးဖြတ်ထားရင် အဲ့ဒါကိုပြီးမြောက်တဲ့အထိလုပ်တာ ဝီလ်ပါဝါပဲ၊ အဲ့ဒီဝီလ် ပါဝါမျိုးတော့ ငါ့မှာရှိတယ်။ ငါ့ကိုယ်ငါ တာဝန်တခု အပ်နှင်းထားမယ်ဆိုပါတော့ အသေးအမွှားကိစ္စ လို့ သဘောမထားဘူး၊ ပြီးစီး အောင်လုပ်တယ်၊ ဘာ့ကြောင့်လဲဆိုတော့ အသေးအမွှားကို ပြီးစီးအောင်မလုပ်နိုင်ရင် အကြီးအမားကိစ္စ ငါ့ကိုယ်ငါ ဘယ်မှာယုံကြည်စိတ်ချနိုင်ပါတော့မလဲ။ ဥပမာဆိုပါစို့၊ ငါ့ အိမ်ကနေ မြို့ထဲသွားတဲ့ခါ လမ်းမှာ တံတားတခုဖြတ်ရတယ်၊ ဒီတံတားကို ဖြတ်တိုင်းမှာ ရေထဲကိုကျောက်ခဲတစ်လုံးစီ ရက်တစ်ရာတိတိချမယ်လို့ ငါ့ ဘာသာ အဓိဋ္ဌာန်ပြုထား တယ် ဆိုရင် ဒီတံတားကိုဖြတ်တိုင်း ကျောက်ခဲတလုံးတော့ ငါချတယ်၊ ခုနှစ်ရက်မြောက်တဲ့နေ့မှာ အမှတ်မဲ့ ကျော် သွားမိတယ်ဆိုပါတော့၊ ဟာနောက်နေ့မှပ် နှစ်လုံးချတော့မယ်ဆိုပြီး ဆက်မသွားဘူး၊ ပြန်လှည့်လာပြီး၊ ကျောက်ခဲ တစ်လုံးချမယ်၊ ရက်နှစ်ဆယ် လောက်ရောက်လာတဲ့အခါ၊ အာခတ်ရာ၊ ဘာမှအဓိပ္ပါယ်မရှိပါဘူး ကွာ၊ လုပ်မနေပါနဲ့၊ တစ်ရာသိပ်ပြည့် ချင်ရင်လည်း အဆုပ်လိုက်သာ ပစ်ချလိုက်စမ်းပါ ဆိုတဲ့ အတွေးမျိုး ဝင်လာမယ်ဆိုပါတော့၊ မရဘူး၊ ငါလက်မခံဘူး၊ တနေ့တလုံး ရက်ပေါင်းတရာချမယ်လို့ ငါ့ကိုယ်ငါ ကတိ ပေးထားပြီးရင် တနေ့တလုံး ရက်ပေါင်းတစ်ရာပဲ၊ သို့သော်တစ်ခုတော့ရှိတယ်၊ ကိုယ်သတ် မှတ်ထားတဲ့ကိစ္စ ကိုပြီးအောင် လုပ်ချင်သူဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သိပ်ခက်ခဲပင်ပန်းတဲ့အလုပ်တွေ၊ လက်တွေ့မဖြစ် နိုင်တဲ့လုပ်ငန်း တာဝန်မျိုးတွေတော့ ခိုင်းနေလေ့မရှိဘူး၊ငါက လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး နေရ တာကိုလည်း နှစ်သက်သေးတာကို” သည်တွင် နောက်သူငယ်ချင်းတစ်ယောက်က ဆိုပြန်သည်။ “မင်းပြောတဲ့အတိုင်းသာ မှန်မယ် ဆိုရင်တော့ ကြီးပွားချမ်းသာအောင်လုပ်တဲ့နည်းဟာ ရိုးရိုးစင်းစင်း ရှင်းရှင်းလေးဖြစ်နေမှာပေါ့၊ အဲဒီတော့ တစ်ကယ်လို့ ၊ ဟာ လွယ်တယ်ကွဆိုပြီး လူတိုင်းက ချမ်းသာအောင်လုပ်ပြီ ဆိုပါတော့၊ ဒီလူတွေ အားလုံး အတွက်ကျတော့ ငွေတွေက ဘယ်ကလာမှာလဲ၊” “ငါ့သူငယ်ချင်းက အတော်ပူတတ်တာပဲကို” အာခတ်ကဆိုသည်။“ ဒီလို သူငယ်ချင်း၊ ဓနဥစ္စာဆိုတာ လူတွေကြိုးစားအားထုတ်တဲ့နေရာတိုင်းမှာ ပေါက်ဖွားတတ်တဲ့ ပစ္စည်းတမျိုးပဲ၊ ဥပမာဆိုပါတော့၊ သူဌေး တစ်ယောက်က နန်းတော်လောက်ကြီးမားခမ်းနားတဲ့ အိမ်ကြီးတဆောင်ဆောက်ပြီတဲ့၊ ဒီအိမ်ကြီး ပေါ်ပေါက် လာတဲ့အတွက် ဒီသူဌေးရဲ့ ငွေတွေအားလုံး လေထဲပျောက်ကွယ်သွားတာမှမဟုတ်ဘဲ၊ ဒီအိမ်တန်ဖိုးနဲ့ ညီမျှတဲ့ငွေကို အုတ်ဖုတ်တဲ့လူကုရတယ်၊ ပန်းရံဆရာကရတယ်၊ အလုပ်သမားတွေရ တယ်။ ဒီအတွက် အားထုတ်ခဲ့ရတဲ့ လူတွေအားလုံး ဆိုင်ရာဆိုင်ရာ အမျိုးအစားနဲ့ ရသွားကြတယ်၊ ငွေကုန်ခံလိုက်ရတဲ့ သူဌေး မှာတဲ့၊ ဒီငွေနဲ့ တန်ဖိုးချင်းညီမျှတဲ့ အိမ်တဆောင် ရလိုက်တာပဲ၊ ငွေလိုချင်ရင် ပြန်ရောင်း၊ ဒီငွေ ရမယ်၊ အဲဒီတန်ဖိုးတင်တဲ့လား၊ ဘယ်ဟုတ်မလဲ၊ သူ့ အိမ်ဆောက်တဲ့ မြေကြီးဆိုပါတော့၊ ဒီအိမ်ကြီး ဆောက်လိုက်ပြီး တဲ့နောက်မှာ ဒီမြေကြီးဟာ အရင်ထက်ပို တန်ဖိုးတက်လာတယ်၊ သူတင်လား၊ မဟုတ်သေးဘူး၊ သူ့ဘေးနား မှာရှိတဲ့မြေဟာလည်း အခု အိမ်ကြီးပေါ်လာတဲ့ အတွက် အလိုလို တန်ဖိုးတက်လာတယ်၊ အဲဒါပဲကွ၊ ဓနဥစ္စာဆိုတာ မျက်လှည့်ပြသလို အဆမတန် ကြီးထွားသွားနိုင်တဲ့ သဘာဝရှိတယ်၊ သူ့ရဲ့အတိုင်းအဆကို ဘယ်သူမှ ခန့်မှန်းလို့မရနိုင်ဘူး၊ ဖီနီရှန်တွေကွာ မင်းတို့သိတဲ့အတိုင်း ပင်လယ်ကို သင်္ဘောနဲ့ ထွက်ပြီး အရောင်းအဝယ် အလဲအလှယ်တွေလုပ်ရင်းနဲ့တင် ကြီးပွားလာလိုက်ကြတာ သူတို့နေကြတဲ့ ပင်လယ်ကမ်းရိုး တန်းကို ကျေးရွာဇနပုဒ် လေးတွေဆိုတာ အခု တိုက်ကြီးတာကြီးတွေ တီးပြီး မြို့ကြီးပြကြီး ဖြစ်လာတယ် မဟုတ်လား။ “သူငယ်ချင်းပြောတာတွေအားလုံး သဘောပေါက်ပါပြီကွာ၊ အဲဒီတော့ တို့လဲချမ်းသာအောင် ဘယ်လို လုပ်ရမလဲဆိုတာသာ ဆက်ပြီး အကြံဉာဏ်ပေးစမ်းပါ၊ အသက်တွေကလဲ ကြီးလာကြပြီကွ၊ ခုထိဘာမှကို မရှိကြသေးဘူး” သူငယ်ချင်းတယောက်ကဆိုသည်။ “ငါ အကြံပေးချင်တာကတော့ အယ်လဂါမစ် ပြောခဲ့တဲ့၊ “ ငါရတဲ့ဝင်ငွေရဲ့ တစိတ်တပိုင်းသည် ငါ့ အတွက် ကိုယ်ပိုင်ဥစ္စာ ဖြစ်စေရမယ်” ဆိုတဲ့စကားကို လက်စွဲဩဝါဒအဖြစ် ခံယူကြဘို့ပဲ၊ ဒီစကားကို မနက် အိပ်ယာထတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပြော၊ နေ့ လယ်မှာကြေငြာ၊ ညအိပ်ယာဝင်မှာ ကြွေးကြော်၊ နေ့စဉ် နေ့တိုင်း နာရီတိုင်းမှာ သတိရ၊ ဒီစကားလုံးတွေ ကိုယ့်ခေါင်းထဲ ရင်ထဲစွဲနေအောင်၊ မျက်စိထဲ ထင်းကနဲ မြင်နေ အောင် ကိုယ့်ကိုကိုယ် ထပ်တလဲလဲ ပြောပေး၊ “ဒီအတွေး ဒီစိတ်ဓာတ်တွေ ကိုယ့်ကိုယ်ထဲ ပြည့်ဝလာပြီဆိုတဲ့အခါ ပထမဆုံး ကိုယ့်ဝင်ငွေကို ကိုယ် ပြန်သုံးသပ်၊ ငါဘယ်လောက်စုနိုင်မလဲ၊ စဉ်းစားဆုံးဖြတ်၊ ဆယ်ပုံတပုံထက်တော့ လုံးဝမလျော့ နည်းစေနဲ့ ၊ တခြားအသုံးအစွဲတွေကို ဘယ်ပုံ ဘယ်နည်းထိန်းသိမ်းကွပ်ကဲမယ် ဆိုတာလည်း စီစဉ် ရမှာပေါ့ ၊ ဒါပေမယ့် အရေးအကြီးဆုံးက ဘယ်နှစ်ပုံတစ်ပုံလဲ၊ စုမယ့်အပုံကို အရင်ဆုံးဖယ်ထားဘို့၊ အဲဒီလို စုဆောင်းလာမယ် ဆိုရင် သိပ်မကြာပါဘူး၊ ကိုယ့်လက်ထဲမှာ ဘယ်သူဘယ်ဝါမှ ထိတို့လို့ မရတဲ့ ကိုယ်ပိုင်စစ်စစ် နေဥစ္စာ အစု ကလေး တခုရှိလာပြီဆိုတာနဲ့ စိတ်ချမ်းသာကျေနပ်မှု အရသာကို မင်းတို့ခံစားလာရလိမ့်မယ်၊ ချမ်းသာလာ တဲ့အရသာလေး။ ကိုယ့်စုငွေလေးများလာလေ ပိုပြီးစိတ်အား တက်လာလေပဲ၊ ဒီအခါ ဘဝဟာ ပိုပြီးပျော်စရာ တက်ကြွစရာ ကောင်းလာတယ်၊ နောက်ထပ်ပိုရ အောင်ရှာဘို့ အားအင်တွေ ဝင်လာမယ်၊ ဘာကြောင့်လဲ ဆိုတော့ နောက်ထပ်ဝင်လာသမျှမှာလည်း ကိုယ့်ကိုယ်ပိုင်ဥစ္စာ စစ်စစ်အဖြစ်နဲ့ အချိုးကျ ရဦးမှာကိုး၊ “အဲဒီလို ဥစ္စာထုပ်ကလေးတခု စုဆောင်းမိပြီးတဲ့ နောက်မှာ ဒီ “ဥစ္စာ” ကို ကိုယ့်အတွက် အလုပ်ခိုင်းရ မယ်၊ ကိုယ်စုဆောင်းခဲ့တဲ့ ရတနာဥစ္စာဟာ ကိုယ့်အတွက်ကျေးကျွန်ပဲ၊ ဒီကျေးကျွန်ကနေ သားမြေးတွေ နောက်ထပ်ပေါက်ဖွားပြီး ကိုယ့်အတွက် ဆက်အလုပ်အကျွေးပြုကြအောင် စနစ်တကျ ခန့်ခွဲခိုင်းစေရမယ်၊ “ဘယ်သူမဆို ကိုယ့်ရဲ့ အနာဂတ်အတွက် ဝင်ငွေတခု သေချာအောင် လုပ်ထားနိုင်ဖို့ လိုတယ်၊ ကိုယ့် ပတ်ဝန်းကျင်မှာ လူအိုတွေတွေ့ရတဲ့အခါ တိုင်း ငါလည်းတနေ့ ကျရင် ဒီလူ တွေလို အို ရမှာပဲဆိုတာ သတိရပြီး ကိုယ့်မှာရှိတဲ့ဥစ္စာပစ္စည်းကို အဲဒီအချိန်အခါ အထိ တည်မြဲနေအောင် ဂရုစိုက် ရင်းနှီးမြှုတ်နှံ မှုပြုဘို့ လိုတယ်၊ ဒီနေရာမှာ အမြတ်အစွန်းတွေ မတန်တဆရတယ် အတိုးအညွန်တွေ အများကြီးပေး တယ်ဆိုတဲ့ အလုပ်မျိုး ကိုတော့ သတိထားဘို့ မင်းတို့ကို အကြံပေးချင်တယ်၊ ဒါတွေဟာနောင်တစ်နေ့ ဒုက္ခရောက်အောင် ကိုယ့်ကို ဖြားယောင်းပြီး ခေါ်တဲ့ဟာမျိုးတွေ ဖြစ်နေတတ်လို့ပဲ၊ “ ပြီးတော့ မတော်တဆ ကိုယ်အနိစ္စ ရောက်သွားခဲ့ရင် ကျန်ရစ်တဲ့ မိသားစု ရုတ်တရက် ဒုက္ခဆင်းရဲ မရောက်ကြရအောင်လည်း ပြင်ဆင်ထားဘို့လိုတယ်၊ ဒီအတွက်ကိုလည်း ဖြည်းဖြည်းနဲ့ မှန်မှန် စုဆောင်းဖြည့် ဆည်းသွားတဲ့နည်းနဲ့ လုပ်လို့ရပါတယ်၊ “နောက်တခုက၊ ကိုယ့် ဥစ္စာ” တိုးပွားအောင် ဆောင်ရွက်တဲ့နေရာမှာ ကျွမ်းကျင်လိမ္မာတဲ့ ပုဂ္ဂိုလ်များ နဲ့ တိုင်ပင်နှီးနှောမှုပြုဘို့ပဲ။ ငွေကြေးကိစ္စ နေ့စဉ်စီမံဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဆီက အကြံကောင်း ဉာဏ်ကောင်းတွေ ရယူသင့်တယ်၊ နားလည်သူတွေဆီက အကြံဉာဏ်ကိုယူပြီး အလုပ်လုပ်တဲ့အခါ တုန်း ကလို အုတ်ဖုတ်သမား အက်ဇမူးလက်ထဲ ကိုယ့်ပိုက်ဆံတွေ ထည့်လိုက်မိတဲ့ အမှားမျိုး မင်းတို့ မကြုံရတော့ ဘူးပေါ့ ၊ ငွေနဲ့ ရင်းပြီး ငွေရှာတဲ့အခါမှာ အမြတ်များများရဖို့ အတွက် ကိုယ့်ငွေကို စွန့်စားတာထက် အမြတ် ရာခိုင်နှုန်း နည်းချင်နည်းမယ် ဒါပေမယ့် စိတ်ချရတယ်ဆိုတဲ့ အလုပ်မျိုးကိုရွေးတာ ပိုကောင်းတယ်။ – “ ငွေရှာတယ်၊ငွေစုတယ်ဆိုတာတွေ လုပ်နေတဲ့တချိန်တည်းမှာ ဘဝဆိုတာ စိတ်ချမ်းသာ ပျော်ရွှင်စွာ နေထိုင်ဖို့ ဆိုတာကိုလည်း မမေ့စေချင်ဘူး၊ ကိုယ့်ကိုကိုယ် သိပ်အပန်းတကြီးဖြစ်အောင် မလုပ်နဲ့၊ အလွန် အကျွံ ချွေတာစုဆောင်းတာမျိုးလည်း မလုပ်နဲ့ ၊ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုသာ မပင်မပန်း စုဆောင်း နိုင်မယ်ဆိုရင် အဲ့ဒီလောက်ကိုဘဲစု၊ ကျန်တဲ့အပိုင်းတွေမှာ ကိုယ့်ဝင်ငွေနဲ့ သင့်တင့်လျောက်ပတ်အောင် သုံးစွဲ နေထိုင်၊ စေးစေးနဲနဲ တွန့်တွန့်တိုတိုမနေနဲ့၊ သုံးသင့်တဲ့နေရာမှာသုံး ပျော်သင့်တဲ့နေရာမှာ ပျော်တတ်မှ ဘဝ ဆိုကာ ပြည့်စုံ ကြွယ်ဝတယ်၊ သာတောင့်သာယာ ရှိတယ်” | အာခတ်၏ အကြံပေးစကားများကို နားထောင်ပြီးနောက် သူငယ်ချင်းများ ကျေးဇူးတင်စကား ဆိုကာ အတူတစ်ကွပြန်ကြသည်။သို့သော် သူတို့ သွင်ပြင်မူရာတွေက တစ်ယောက်နှင့်တစ်ယောက် မတူကြ။ တချို့က လမ်းတစ်လျောက်လုံး နုတ်ဆိတ်သွားကြသည်။ သည်လူတွေက စိတ်ကူးဉာဏ် နည်းသည့် ပုဂ္ဂိုလ်တွေ၊ အာခတ်ပြောသောစကားတွေ နားထောင်ပြီး ဘာမှမမြင်မူ မကြားမိ သဘော မပေါက်မိသည့် ပုဂ္ဂိုလ်တွေ။ တစ်ချို့ကတော့ မဲ့ကာရဲ့ ကာနှင့် အာခတ်အကြောင်း မကောင်းပြောသွား ကြသည်။ သူတို့စိတ်၌ ကုသိုလ်ကံကောင်း၍ ချမ်းသာသွားသော အာခတ်အနေနှင့် သူ့လောက်ကံ မကောင်း သည့် သူငယ်ချင်းများကို အနည်းနှင့်အများ ပေးကမ်းဝေမျှသင့်သည်ဟု ယူဆကြသည်။ သို့ သော် တချို့ပုဂ္ဂိုလ်များကတော့ အနာဂတ်အတွက် မျှော်လင့်ချက်ဖြင့် ရွှင်လန်းတက်ကြွ၍ လာကြသည်။ သူတို့ဘဝအတွက် အလင်းရောင်ကို မြင်ခဲ့ကြပြီ။ အာခတ်ရှိရာ အလုပ်ဌာနသို့ အယ်လဂါမစ် အကြိမ်ကြိမ် လာရောက်ခဲ့ခြင်းသည် အမှောင်တွင်းမှ အလင်းသို့ ကြိုးစားလှမ်းထွက်လာသည့် လူငယ်တစ် ယောက်ကို ဖေးမကူညီချင်၍ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။ မိမိဘဝအတွက် အလင်းရောင်ကို မြင်လိုက်ပြီဆိုလျှင်ပင် ထိုသူ့အတွက် နေရာ” တခု အသင့် ရှိသွားပြီဖြစ်သည်။ ထို နေရာ” ဟူသည်ကို မည်သူမျှ အလိုအလျောက်မရ။ မိမိလမ်းကြောင်း ကိုသိမြင်ကာ အခွင့်အရေးကြုံလာလျှင် အရယူရန် မိမိကိုယ်ကို အသင့်ပြင်ဆင်ပြီးဖြစ်မှသာ သေချာ သွားမည်ဖြစ်သည်။ အာခတ်၏ သူငယ်ချင်းများထဲမှ သဘောပေါက်သွားသောပုဂ္ဂိုလ် တချို့သည် နောက်ပိုင်း၌လည်း အာခက်ထံ မကြာခဏ ရောက်လာတတ်သည်။ အာခတ်က သူတို့အား အမြဲလှိုက်လှဲပျူငှာစွာ ကြိုဆိုသည်။ သူတို့နှင့် တိုင်ပင်နှီးနှောသည်။ အတွေ့အကြုံ များပြားလှသူတို့ ထုံးစံအတိုင်း သူ့ပညာ ဗဟုသုက သူ့ဉာဏ် အမြော်အမြင်များကို ရက်ရက်ရောရော ဖွင့်ဟဖြန့်ချိသည်။ သူငယ်ချင်းတို့၏ စုဆောင်းငွေများကို အကျိုး အမြတ်ရှိပြီး စိတ်လဲချရသည့် လုပ်ငန်းကိုင်ငန်းများထဲတွင် ရင်းနှီးမြှတ်နှံ ဖြစ်အောင် ကူညီ ဆောင်ရွက် ပေးသည်။ အာခတ်နှင့်ပေါင်းသင်းရသဖြင့် သူတို့ အကျိုးကျေးဇူးများစွာ ခံစားကြရသည်။ စစ်စစ်၊ ၎င်းသူငယ်ချင်းများ၏ဘဝမှာ အာခတ်နေအိမ်သို့ ပထမဆုံးအကြိမ် သွားရောက် မေးမြန်း သောနေ့က စတင်ကြားသိရသည့် အရေးကြီးဆုံး စကားတစ်ခွန်းကြောင့်ပင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား အကောင်းဘက်သို့ ပြောင်းလဲသွားစေခဲ့သည့် ထိုစကားကား၊ အယ်လဂါမြစ်ထံ မှ အာခတ်သို့၊ အာခတ်မှတစ်ဖန် ၎င်းတို့ထံသို့ လက်ဆင့် ကမ်းခဲ့သည့် ငါ ရသည့် ဝင်ငွေ၏ တစိတ်တစ်ပိုင်းသည် ငါ့ အတွက်ကိုယ်ပိုင်ဥစ္စာဖြစ်စေရမည်” ဟူသောစကားပင်တည်း။