ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်

စတုတ္တ၊ သင့် ဓနဥစ္စာများ မဆုံးပါးရအောင် ထိန်းသိမ်း ကာကွယ်ပါ။ 

“ကံကြမ္မာဆိုး ဆိုတာတွေက တောက်ပတဲ့ ပစ္စည်းမျိုးကို နှစ်သက်လေ့ရှိတယ်၊ ဒါ့ကြောင့်မို့ အိတ်ထဲမှာ ရွှေတိုငွေစရှိလာရင် အဲဒါကို မပျောက်ပျက်အောင် ဂရုတစိုက် ထိန်းသိမ်းကာကွယ်ဖို့ လို တယ်၊ ဒါမှာလည်း အလေ့အကျင့်လိုတယ်၊ အိတ်ထဲမှာ နည်းနည်းပါးပါးရှိစဉ်ကစပြီး လေ့ကျင့်ထားမှ နောင်တစ်နေ့များများရှိလာတဲ့အခါ ထိန်းသိမ်းတတ်မယ်” ဤသည်ကစတုတ္ထနေ့ သင်တန်းအစတွင် အာခတ်ပြောကြားသောစကားဖြစ်သည်။ “အိတ်ထဲမှာ ရွှေတိုငွေစရှိတဲ့လူတိုင်း ဆွဲဆောင်ဖြားယောင်းခံရစမြဲပဲ၊ ဘယ်လုပ်ငန်းထဲရင်း လိုက်ရင်တော့ အကျိုးအမြတ်တွေ ဘယ်လောက်ကြီး ရသွားမယ်ဆိုတဲ့ အခွင့် အရေးမျိုးတွေပေါ့၊ အထူး သဖြင့် မိတ်ဆွေတွေ ဆွေမျိုးသားချင်းတွေ ကိုယ်တိုင်လုပ်နေတဲ့ အလုပ်မျိုးတွေ၊ ဒီနေရာမှာ ကျွန် တော် အလေးထားပြောချင်တာက ရင်းနှီးမြှုပ်နှံမှုပြုတဲ့နေ ရာမှာ ပထမဆုံး သတိပြုရမယ့်အချက်က ခင်ဗျားရဲ့ ရင်းနှီးငွေလေး ပျောက်ပျက်မသွားရေးဘဲ၊ အကျိုးအမြတ်အများကြီးရနိုင်တယ် ဒါပေမယ့် ကိုယ့်ငွေရင်းလည်း ပြုတ်ချင်ပြတ်သွားနိုင်တယ်ဆိုရင် ကျွန်တော်ကတော့ အဲဒီလိုလုပ်ငန်းမျိုးမှာမရင်း နှီးဘူး၊ ရင်းနှီးမြုပ်နှံမှုမပြုခင် ကိုယ့်ငွေလေး ထည့်ပေးလိုက်ခင် အဲဒီလုပ်ငန်းကို ဂရုတစိုက် လေ့လာ ဖို့လိုတယ်၊ ကိုယ့်ငွေ ပြန်ရနိုင်မရနိုင် သေချာအောင် လုပ်ဖို့ လိုတယ်၊ နေ့ချင်း ညချင်း ချမ်းသာချင် စိတ်နဲ့ စွပ်မလုပ်ရဘူး၊ “လူတစ်ယောက်ယောက်ကို ချေးငှားမယ်ဆိုရင်လည်း ဒီလူပြန်ဆပ်နိုင်မလား၊ ငွေကြေးနဲ့ ပတ်သက် ရင် ကတိတည်တဲ့ အစဉ်အလာ ရှိရဲ့လား၊ ကိုယ်ပင်ပင်ပန်းပန်း ရှာဖွေ စုဆောင်းထားတာလေး သူ့ကို လက်ဆောင်သွားပေးသလို စသဖြင့် ကြိုတင်စဉ်းစားသင့်တယ်၊ ၈၀% လုပ်ငန်းနယ်ပယ်တစ်ခုမှာ ကျရောက် နိုင်တဲ့ အန္တရာယ်တွေအကြောင်း သိကျွမ်းအောင် အရင်လေ့လာထားဖို့ လိုတယ်။ ကျွန်တော် ပထမစုငွေလေး တိုးပွားအောင်လုပ်တုန်းကတော့ လုံးဝအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ တစ်နှစ်လုံးပြူခြီး ခြံခြံ နဲ့ စုဆောင်းလာခဲ့သမျှကို ကျွန်တော်အုတ်ဖုတ်သမား အက်ဇမူးလက်ထဲထည့်လိုက်တယ်၊ အက်ဇမူးက ဟိုးပင်လယ်ရပ်ခြား တိုင်ယာမြို့ကို ကုန်ရောင်း ကုန်ဝယ်သွားမှာ၊ အက်ဇခူးက ဟိုမှာရှိတဲ့ ဖီနီရှန်တွေ ဆီက ရှားပါးကျောက်မျက်ရတနာတွေ ကျွန်တော့်ငွေနဲ့ ဝယ်လာပေးမယ်၊ ဒီမှာ ပြန်ရောင်းလို့ ရတဲ့ အမြတ်ကို တစ်ယောက်တစ်ဝက်ယူမယ်လို့ သူနဲ့ကျွန်တော် သဘောတူကြတယ်၊ ဒါပေမယ့် သူ့ဖီနီရှန် တွေက လူလိမ်တွေပဲ၊ ပုလင်းကွဲတွေ ညာပြီးရောင်းထည့်လိုက်တယ်၊ ကျွန်တော့်စုငွေလေး အဲဒီမှာ ပြောင်တာပဲ၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့ အကြုံ အများကြီးရှိလာပြီးတဲ့ ဒီကနေ့မှာတော့ အုတ်ဖုတ် သမားကို ကျောက်ဝယ်ခိုင်းတာ ဘယ်လောက် ရာရောက်သလဲ ကျွန်တော်သိပြီဗျာ။ ဒါကြောင့်မို့ ခင်ဗျားတို့ ကိုလည်း ကျွန်တော့်အတွေ့အကြုံကရလာတဲ့ အသိဉာဏ်တွေအရ အကြံပေးချင်တယ်၊ ရင်းနှီးမြုပ်နှံတယ်ဆိုတာ ကိုယ့်ငွေရင်းဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်တွေအမြဲရှိတယ်။ အဲဒီတော့ ကိုယ့်အသိအမြင်လေး နည်းနည်းကို လုံလောက်ပြီ အထင်နဲ့ အရဲကိုးပြီးမလုပ်နဲ့၊ ဠုပ်တတ် ကိုင်တတ်တဲ့လူတွေ၊ လုပ်ငန်းအကျိုးအမြတ် ခံစားနေကြတဲ့ ပုဂ္ဂိုလ်တွေသွားမေးရင် အကြံကောင်း ဉာဏ်ကောင်းတွေ အခမဲ့ရလေ့ရှိပါတယ်၊ အဲဒီအကြံဉာဏ်တွေဟာ ခင်ဗျားရင်းနှီးမြုပ်နှံမယ့် ငွေရင်း လောက်ကို တန်ဖိုးရှိနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအကြံဉာဏ်လေးသာ မရခဲ့ဘူးဆိုရင် အဲဒီ ငွေရင်းအားလုံး ဆုံးရှုံးတဲ့အဖြစ်မျိုး ကြုံချင်ကြုံရနိုင်တာကိုး၊ “ ဒါကြောင့်မို့ ခင်ဗျားတို့ရဲ့ ပိန်ကြံတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာစေဖို့ အဲဒီပြည့်တင်းစအိတ် ကလေး ပြောင်သလင်းခါမသွားအောင် စောင့် ရှောက်ကာကွယ်ဖို့ အထောက်အကူပြုမယ့် စတုတ္ထဆေး နည်းက ခင်ဗျားတို့ရဲ့ ငွေရင်းကို စိတ်ချရတဲ့ဌာနမျိုး၊ အလိုရှိတဲ့အခါ ပြန်လည် ရယူနိုင်မယ့် နေရာမျိုး သင့်တင့်တဲ့အကျိုးအမြတ် မုချရရှိနိုင်မယ့် ကဏ္ဍမျိုးမှာသာ မြှုပ်နှံဖို့နဲ့ လုပ်ငန်းအတွေ့အကြုံရှိ သူများကို တိုင်ပင်နှီးနှောပြီး သူတို့ထံက အကြံကောင်းဉာဏ်ကောင်းများကို ရယူအသုံးပြုဖို့ ပဲဖြစ်တယ်လို့ ကျွန်တော် ဆိုချင်ပါတယ်”