အခန်း ၃ ဒါကိုမလုပ်လျှင် ချောက် ကျမည်
၁၉၈၉ ခုနှစ်တွင် နယူးယောက်မြို့၊ ရော့ကလန်ကောင်တီ အရပ်တွင် ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လေသည်။ ထိုအရပ်တွင် ကလေးတစ်ယောက် အနိစ္စရောက်၍ အိမ်နီးချင်းတို့သည် မသာပို့ရန် စီစဉ် လျက် ရှိကြသောကြောင့် ဂျင် ဖားလေး လည်း ရထားက ရန် မြင်းဇောင်းမှ မြင်းကို ထုတ်လာ၏။ မြေကြီးသည် ဆီးနှင်းများဖြင့် ဖုံးအုပ်လျက်ရှိပြီးလျှင် ဥတုမှာ ချမ်းစိမ့်စိမ့်ရှိလေသည်။ မြင်းဇောင်းမှ မြင်းကို မထုတ်ရသည်မှာ ကြာပြီဖြစ်သောကြောင့် မြင်းသည် ညောင်းလျက်ရှိ၏။ သူ့ကို ရေတိုက်ရန် ရေစည်ရှိရာသို့ ဆွဲလာစဉ် မြူး၍ လှည့်ပြေးရင်း နောက်ခြေနှစ်ဘက်စလုံးကို မြှောက်ကန်လိုက်ရာ ဂျင် ဖားလေးမှာ ထိုနေရာတွင် ပွဲချင်းပြီးသေလေသည်။ ထို့ကြောင့် စတုန်းနီးပွိုင့်” ရွာကလေးတွင် ထိုအပတ်က မသာ နှစ်လောင်း ချရ၏။ ။
ဂျင် ဖားလေးတွင် မယားနှင့် သားသုံးယောက် ကျန်ရစ်ခဲ့၏။ ထိုမိသား တစ်စုသည် ဂျင် ဖားလေးအတွက် ပြုလုပ်ထားသော အသက်အာမခံမှ ဒေါ်လာ ငွေ လေးငါးရာလောက် ရလိုက်ကြ၏။
သားသုံးယောက်တွင် အကြီးဆုံးကို ဂျင် ဖားလေးဟူ၍ပင် အမည်ပေး၏။ သူ၏ ဖခင် အနိစ္စရောက်စက ထိုသူငယ်သည် ၁၀ – နှစ်ခန့်သာရှိသေး၍ အုတ်ကျင်းတွင် အလုပ်လုပ်ရ၏။ ထိုသူငယ်ကလေး ဂျင်သည် ပညာသင်ကြား ခွင့်မရ။ သို့ရာတွင် အိုင်းရစ် လူမျိုးတို့၏ ဖော်ရွေခြင်းဖြင့် သူ့ကို လူချစ်လူခင် ပေါများအောင် လုပ်တတ်၏။ ထို့ကြောင့် နိုင်ငံရေးကို လိုက်စား၍ နှစ်ပရိစ္ဆေဒ ကြာလာသောအခါ လူတို့၏ အမည်ကို အံ့သြလောက်အောင် မှတ်မိလေသည်။ . သူသည် အထက်တန်းကျောင်းသို့ ရောက်အောင်ပင် စာမသင်ဖူးသော် လည်း အသက် ၄၆ နှစ် မတိုင်မီ ကောလိပ်ကျောင်း လေးကျောင်းမှ ဘွဲ့ထူး များဖြင့် ချီးမြှင့်ခြင်းကို ခံရလေသည်။ ဒီမိုကရက်တစ် နေရှင်နယ်ကော်မတီ တွင် သူသည် ဥက္ကဋ္ဌဖြစ်၍ အမေရိကန်ပြည်၏ စာတိုက်မင်းကြီး ဖြစ်လာ၏။
တစ်ခါက ဂျင်ဖားလေးထံသို့ သွားရောက် တွေ့ဆုံပြီးလျှင် ထိုမျှ တိုးတက်ကြီးပွားအောင် လုပ်နိုင်သော သူ၏ နည်းကောင်းကို ကျွန်ုပ်အား ပြောကြားရန် မေး၏။ “အလုပ်ကို ကြိုးစားလုပ်လို့ပါပဲ”ဟု သူက ပြန်ပြော၏။ ထိုအခါ “နောက်မနေပါနဲ့ဗျာ”ဟု ကျွန်ုပ်က ပြောလိုက်လေသည်။
“ဒါဖြင့် ကျွန်တော့်နည်းဟာ ဘာရယ်လို့ ခင်ဗျားထင်သလဲ”ဟု သူက ပြန်မေးရာ “လူတစ်သောင်းလောက်ရဲ့ နာမည်ကို တစ်လုံးမှမမှားအောင် မှတ်မိနိုင်တာဟာ ခင်ဗျားရဲ့ နည်းကောင်းလို့ ကျွန်တော် ယူဆမိတယ်”ဟု ကျွန်တော်က ပြော၏။
“ဒီလိုဆိုရင်ဖြင့် ခင်ဗျား မှားပြီ၊ ကျွန်တော် လူပေါင်း ငါးသောင်းကျော် ရဲ့ နာမည်ကို တစ်လုံးမျှ မမှားအောင် မှတ်နိုင်တယ်”ဟု သူက ထပ်၍ ပြောလေသည်။
ထိုစကားကို သံသယ မဖြစ်ပါနှင့်။ ထိုမျှ များပြားသော နာမည်ကို မှတ်နိုင်သော ဂျင် ဖားလေး၏ မှတ်ဉာဏ်သည် ဖရန့်ကလင် ဒီ ရုစဗဲ့ကို အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်အောင် လုပ်ပေးခဲ့ဖူးလေပြီ။
ဓာတ်မြေသြဇာရောင်းသော အလုပ်တိုက်တစ်တိုက်အတွက် နယ်လှည့် ကိုယ်စားလှယ် `လုပ်စဉ်ကလည်းကောင်း၊ စတုန်းနီးပွိုင့် ရွာကလေးတွင် မော်ကွန်းထိန်း လုပ်နေစဉ်ကလည်းကောင်း သူသည် လူနာမည်များကို မှတ်သားမိရန် စနစ်တစ်ခုကို ထွင်ခဲ့လေသည်။
ထိုစနစ်ကို စလုပ်ရန် အလွန်လွယ်ကူလေသည်။ လူသစ်တစ်ယောက်နှင့် မိတ်ဆွေဖြစ်တိုင်း ထိုလူ၏ အမည် သူ့မိသားစု သူ့အလုပ်အကိုင်နှင့် နိုင်ငံရေး အယူဝါဒများကို ရအောင် စုံစမ်း၏။ ထိုအကြောင်းခြင်းရာတို့ကို စိတ်ထဲတွင် တစ်ခါတည်း စွဲနေအောင် မှတ်သားထားသဖြင့် တစ်နှစ်လောက် ကြာသောအခါမှ ထိုအသိမိတ်ဆွေနှင့် ပြန်လည်တွေ့ဆုံရသည် ဖြစ်စေကာမူ ထိုသူ၏ မိသားတစ်စု မာရေး သာရေးတို့ကို အကျွမ်းတဝင် စုံစမ်းမေးမြန်း နိုင်လေသည်။ ထို့အတွက် သူ့တွင် နောက်လိုက်နောက်ပါ လူချစ်လူခင်ပေါများ ခြင်းသည် အံ့သြစရာ မဟုတ်ပေ။
ရုစဗဲ့သည် အမေရိကန် သမ္မတရာထူးအတွက် ဝင်ရောက် အရွေးခံရန် နယ်လှည့် တရားဟော မထွက်မီ လပေါင်းများစွာကပင် အမေရိကန်ပြည်ထောင် စု၏ အနောက်နှင့် မြောက်ဘက်ပြည်နယ်များတွင် နေထိုင်လျက်ရှိသော မိတ်ဆွေများထံသို့ ဂျင် ဖားလေးသည် တစ်နေ့လျှင် ရာပေါင်းများစွာသော စာတို့ကို ရေးသားပေးပို့ခဲ့လေသည်။ ထိုနောက် မီးရထား၊ မော်တော်ကား၊
လှေ၊ သင်္ဘော စသည်တို့အနက် ကြုံရာကိုစီးပြီးလျှင် ၁၉ ရက်အတွင်း ပြည်နယ် ၂၀ ကျော်သို့ရောက်အောင် ခရီးပြင်းသွားခဲ့သည်။ သူသွားခဲ့သော ခရီး၏ မိုင်ပေါင်းမှာ တစ်သောင်းနှစ်ထောင်ကျော်လေသည်။ ရောက်လေရာ အရပ်တိုင်းတွင် အရေးပါ အရာရောက်သော လူကြီးများနှင့် လက်ဖက်ရည် သောက်ချိန် ထမင်းစားချိန်များ၌ တွေ့ဆုံ၍ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေး ၏။ ဤနည်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ဆက်လက်၍ ခရီးထွက်ပြီးလျှင် • အိမ်သို့ ပြန်ရောက်သောအခါ သူရောက်ခဲ့သော အရပ်တိုင်းရှိ မိတ်ဆွေအသီးသီး ထံမှ သူလာရောက်စဉ်က သူနှင့် တွေ့ဆုံ နှီးနှောကြသော လူကြီးလူကောင်း များ၏ စာရင်းများကို တောင်းသည်။ နောက်ဆုံးစာရင်းအရဆိုလျှင် လူကြီး လူကောင်းများ၏ အရေအတွက်သည် ထောင်ပေါင်းများစွာရှိ၏။ ထိုမျှပင် များပြားသော်လည်း ထိုလူကြီးလူကောင်း တစ်ဦးစီထံသို့ စာတစ်စောင်စီ ကိုယ်တိုင်ရေး၍ ပို့လေသည်။ ဤစာများတွင် “မိတ်ဆွေကြီး ဂျက် ခင်ဗျား” “မိတ်ဆွေကြီး ဂျိုး ခင်ဗျား” စသည်ဖြင့် နာမည်ရင်းကို ဖော်၍ ရင်းရင်းနှီးနှီး ရေးသားလေသည်။
ယေဘုယျအားဖြင့် လူတို့သည် အခြားလူများ၏နာမည်ထက် မိမိ၏ နာမည်ပေါ်တွင် ပို၍ စိတ်ဝင်စားကြောင်းကို လူလားမြောက်စအရွယ်ကပင် ဂျင် ဖားလေးသည် ကောင်းစွာသိလေသည်။ ထို့ကြောင့် သင့်တွင် မိတ်ဆွေသစ် တစ်ဦး တိုးလာလျှင် ထိုမိတ်ဆွေသစ်၏ နာမည်ကို ကောင်းစွာမှတ်သားထား၍ ထိုလူနှင့် တွေ့သောအခါ သူ၏ နာမည်ကို တွေးမနေရဘဲနှင့် ခေါ်နိုင်အောင် ခေါ်ပါ။ ထိုကဲ့သို့ မိမိ၏နာမည် ခေါ်သံကို ကြားရသောသူသည် အလွန် နှစ်သိမ့် ကျေနပ်သွားပေလိမ့်မည်။ သို့ရာတွင် ထိုသူ၏ နာမည်ကို မေ့လျှင်သော် လည်းကောင်း၊ နာမည် စာလုံးပေါင်းမှားလျှင်သော်လည်းကောင်း ထိုလူသည် သင့်အပေါ် များစွာ စိတ်ပျက်ပေလိမ့်မည်။ သက်သေတစ်ခုပြပါအံ့။ တစ်ခါ တုန်းက ပဲရစ်မြို့တော်တွင် စကားပြောနည်းသင်တန်းကို ဖွင့်လှစ်ပြီးလျှင် ထိုမြို့၌နေသော အမေရိကန်လူမျိုးများထံသို့ စာရေးသား အကြောင်းကြား လေသည်။ ပြင်သစ်လူမျိုး ပုံနှိပ်စက်ရိုက်သမားတို့သည် အင်္ဂလိပ်စာကို ကောင်းစွာ မတတ်သောကြောင့် နာမည်များကို ပုံနှိပ်စက်ရိုက်ရာတွင် အမှားမှား အယွင်းယွင်း ဖြစ်သွားလေသည်။ ပဲရစ်မြို့တော်ရှိ အမေရိကန် ဘဏ်မန်နေဂျာ ကြီး တစ်ဦးမှာမူကား သူ့နာမည်ကို အမှားမှားအယွင်းယွင်း စာလုံးပေါင်းရ မည်လားဟု ဒေါသထွက်ပြီးလျှင် ကျွန်ုပ်ထံသို့ အပြစ်တင်စာတစ်စောင်ကို ပြင်းပြင်းထန်ထန် ရေးသားပေးပို့ဖူးလေသည်။
အန်ဒရူးကာနက်ဂျီသည် အဘယ့်ကြောင့် ထမြောက်အောင်မြင်သနည်း။
သူ့ကို သံမဏိဘုရင်ဟု ခေါ်ကြသည်။ သို့ရာတွင် သူကိုယ်တိုင် သံမဏိအလုပ်ကို အနည်းငယ်မျှသာ နားလည်လေသည်။ သူ့ထံတွင် အလုပ် လုပ်နေသော ရာပေါင်းများစွာသော အလုပ်သမားများသည် သံမဏိအလုပ်ကို သူ့ထက် ပိုနားလည်ကြသေး၏။
သို့ရာတွင် သူသည် လူများကို မည်ကဲ့သို့ ထိန်းသိမ်းရမည်ကို ကောင်းစွာ သိရှိ၏။ ထိုအသိဉာဏ်သည် သူ့ကို သူဌေးဖြစ်အောင်လုပ်ပေး ခဲ့၏။ ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် အသင်း ဖွဲ့စည်းခြင်း၊ လူတွေအပေါ်တွင် ခေါင်းဆောင်လိုခြင်း စသည်တို့၌ များစွာ ဝါသနာပါခဲ့၏ ။ လူများသည် မိမိတို့၏ နာမည်များကို အမြတ်တနိုးထားကြောင်းကို သူသည် ဆယ်နှစ်သား အရွယ်လောက်ကပင် ကောင်းစွာ သိရှိခဲ့၏။ သူ့ကို တစ်ဖက်သား တို့ဝိုင်းဝန်းကူညီအောင် ထိုအသိဉာဏ်ကို အသုံးချခဲ့ဖူး၏။ သက်သေထူပါအံ့။ ကလေးသူငယ်ဘဝနှင့် စကော့တလန်ပြည်တွင် နေစဉ်က ပဋိသန္ဓေ အရင့်အမာ ရှိသော ယုန်တစ်ကောင်ကို ဖမ်းမိလေသည်။ များမကြာမီ ယုန်မကြီးမှ ယုန် ကလေးများ ပေါက်ဖွားလာလေ၏။ ထိုယုန်သားအမိတို့ကို ကျွေးရန် မြက် ` မရှိသော်လည်း ကာနက်ဂျီ၏ ထက်မြက်သော အကြံဉာဏ် ရှိလေသည်။
ထို့ကြောင့် အိမ်နီးချင်း ကလေးအဖော်များကို ခေါ်ပြီးလျှင် ယုန်ကလေးတွေ စားဖို့ မြက်ရှာပေးရင် “ရှာပေးတဲ့လူရဲ့ နာမည်ကို ယူပြီး ဟောဒီယုန်ကလေး တွေကို မှည့်မယ်”ဟု ပြောရာ သူအလိုရှိသော မြက်များကို လုံလောက်စွာ ရရှိဖူးလေသည်။ ထိုအဖြစ်အပျက်ကို ဘယ်တော့မှ ကာနက်ဂျီသည် မမေ့နိုင်ချေ။
နှစ်ပေါင်း အတော်ကြာသောအခါ အလုပ်ခွင်၌လည်း ထိုနည်းကို သုံးခြင်းဖြင့် ဒေါ်လာငွေသန်းပေါင်းများစွာ ရရှိဖူးလေသည်။ သာဓကပြပါအံ့။ သူသည် သံမဏိ သံလမ်းများကို ပင်ဆီဗေးနီးယား မီးရထားကုမ္ပဏီ သို့ ရောင်းချင်၏။ ဂျေ အဝါ သွမ်မဆင် သည် ထိုအခါက ပင်ဆီဗေးနီးယား မီးရထား ကုမ္ပဏီ၏ ဥက္ကဋ္ဌကြီး ဖြစ်၏။ ထို့ကြောင့် ပစ္စဗတ် မြို့တွင် သံမဏိစက်ရုံကို ဆောက်လုပ်ပြီးလျှင် ထိုစက်ရုံကြီးကို “အဂ္ဂါ သွမ်မဆင် သံမဏိစက်ရုံကြီး”ဟူ၍ အမည်ပေးလေသည်။
ကောင်းပြီ။ သင်တို့ကို ပုစ္ဆာတစ်ပုဒ် မေးပါရစေ။ ဖြေနိုင် မဖြေနိုင်ကို စမ်း၍ကြည့်ကြပါ။
ပင်ဆီဗေးနီးယား မီးရထားကုမ္ပဏီသည် သံမဏိ မီးရထားလမ်းများ ကို အလိုရှိသောအခါ မည်သည့်ကုမ္ပဏီတွင် ဝယ်မည်ဟု သင် ထင်ပါသနည်း။
ဆီးယား ရိုတ် သံမဏိကုမ္ပဏီမှ ဝယ်ယူမည်လား။ အဂ္ဂါ သွမ်မဆင် ကုမ္ပဏီမှ ဝယ်ယူမည်လား။ ။
သေချာစွာ စဉ်းစား၍ ဖြေပါ။
တစ်ခါတုန်းက ကာနက်ဂျီနှင့် ဂျော့ ပူးလမင်း တို့သည် အိပ်ခန်း မီးရထားတွဲလုပ်ငန်းအတွက် ဗိုလ်လုလျက်ရှိကြရာတွင် သံမဏိဘုရင် ကာနက်ဂျီ သည် အထက်ပါ နည်းကောင်းကို အသုံးပြုခြင်းအားဖြင့် မိမိ၏ အလိုဆန္ဒကို ပြည့်ဝခဲ့စေဖူးလေသည်။
အန်ဒရူးကာနက်ဂျီပိုင်သော ဆင်ထရယ် ထရန်စပို့တေးရှင်း ကုမ္ပဏီ သည် ပူးလမင်း ကုမ္ပဏီနှင့် ဈေးပြိုင်၍ ရောင်းလျက်ရှိကြ၏။ သူတို့နှစ်ဦး စလုံးသည် ယူနီယံ ပစိဖိတ် မီးရထားကုမ္ပဏီ သို့ အိပ်ခန်း မီးရထားတွဲ များကို ရောင်းရန် အလုအယက် ကြိုးစားလျက်ရှိကြ၏။ ထိုသို့ အလုအယက်ရောင်းရာတွင် တစ်ဦးထက်တစ်ဦး လျှော့၍ ရောင်းရသောကြောင့် အမြတ် မကျန်ချေး၊ တစ်နေ့သ၌ ကာနက်ဂျီနှင့် ပူးလမင်းနှစ်ဦးစလုံးတို့သည် ယူနီယံ ပစိဖိတ် မီးရထားကုမ္ပဏီ၏ညွှန်ကြားသူများနှင့် တွေ့ဆုံရန်အတွက် နယူးယောက် သို့ သွားကြ၏။ တစ်ညနေစောင်း အချိန်တွင် စိန့်နိကိုလတ် ဟိုတယ် တွင် သူတို့နှစ်ဦး တွေ့ဆုံကြရာ ကာနက်ဂျီက “မစ္စတာ ပူးလမင်း၊ ကျုပ်တို့ နှစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အရူးပြန်လုပ်နေကြတာနဲ့ မတူဘူးလား”ဟု စတင် ပြောဆို၏။ ။
“ခင်ဗျား ဘာကိုဆိုချင်တာလဲ”ဟု မစ္စတာ ပူးလမင်းက ပြန်တုံ့လေ၏။ ‘
ထိုအခါ ကာနက်ဂျီသည် သူ၏ စိတ်ထဲတွင်ရှိသော လုပ်ငန်းနှစ်ခု ပူးပေါင်းရေးကို ပြောပြလေ၏။ တစ်ဦးနှင့်တစ်ဦး ဤကဲ့သို့ အတိုက်အခံလုပ် နေခြင်းထက် အတူတူလုပ်ခြင်းက နှစ်ဦးစလုံးတွင် ပို၍ အကျိုးရှိမည့်အကြောင်း ကို အားပါးတရ ပြောပြ၏။ ထိုသို့ပြောဆိုနေစဉ် ပူးလမင်းသည် ကောင်းစွာ နားထောင်နေသော်လည်း ကာနက်ဂျီ ပြောသမျှ စကားတို့ကို ကောင်းစွာ မယုံကြည်သေးချေ။ နောက်ဆုံးတွင် “နှစ်ခုပေါင်းပြီးလျှင် ကုမ္ပဏီကို နာမည် ဘယ်လိုပေးမှာလဲ” ဟု မေးရာ “ပူးလမင်းနန်းတော် ကားကုမ္ပဏီ’ လို့ ခေါ်မှာ ပေါ့’ဟု ကာနက်ဂျီက သွက်လက်စွာ ပြန်ပြော၏။ ,
ထိုစကားကိုကြားရသောအခါ ပူးလမင်း၏ မျက်နှာသည် ရွှင်လာပြီးလျှင် “ကဲလေ ကျွန်တော့်အခန်းထဲကြွပါဦး၊ ဒီကိစ္စကို ဆွေးနွေးသေးတာပေါ့”ဟု ကာနက်ဂျီကို ဖိတ်ခေါ်လေ၏။ သူတို့ ဆွေးနွေးချက်သည် သံမဏိလုပ်ငန်း တွင် ရာဇဝင်တွင်တော့၏။ . .
မိတ်ဆွေသင်္ဂဟတို့၏ အမည်နှင့် အလုပ်လုပ်ဖော် လုပ်ဖက်တို့၏ အမည်ကို မှတ်ရုံသာ မမှတ်ဘဲ သူတို့၏ ဂုဏ်ကိုလည်း တင်ပေးခြင်းသည် ကာနက်ဂျီ၏ လူများပေါ်တွင်လည်း “ခေါင်းဆောင်” နိုင်သော နည်းကောင်း တစ်ခု ဖြစ်လေသည်။ သူ၏ အလုပ်သမားများစွာတို့၏ နာမည်ကို ကောင်းစွာ မှတ်မိသော ဉာဏ်အတွက် ကာနက်ဂျီသည် များစွာ ဂုဏ်ယူလေသည်။
သူကိုယ်တိုင် ကြီးကြပ်အုပ်ချုပ်နေစဉ် သူ၏ သံမဏိ အလုပ်ရုံများတွင် အလုပ်သမားများသည် သပိတ်မမှောက်ဖူးချေဟူ၍ ကာနက်ဂျီသည် ဂုဏ်ယူကာ ပြောကြားဖူးလေသည်။
ပဒါရူးစကီး” သည် သူ၏ ကပ္ပလီစားပွဲထိုးကို မစ္စတာကော့ပါး- ဟူ၍ အမြဲတမ်း ခေါ်လေ့ရှိသည်။ စန္ဒရားတီးပွဲများ ကျင်းပရန် သူသည် အမေရိကန်ပြည်သို့ ၁၅ ကြိမ်လောက် လာရောက်ဖူးလေသည်။ အမေရိကန် ပြည်တွင် တစ်နေရာမှ တစ်နေရာသို့ သီးသန့် မီးရထားတွဲစီး၍ ခရီးသွား လေသည်။ စန္ဒရားတီးပွဲများသည် သန်းခေါင်ယံအချိန်မှ ပြီးသော်လည်း ထိုစားပွဲထိုးသည် သန်းခေါင်ယံအချိန်အထိ စောင့်၍ ဂရုတစိုက် စားပွဲထိုး လေသည်။ အမေရိကန်သားများက ကပ္ပလီ အစေခံများကို “ဂျော့”ဟု ခေါ် သကဲ့သို့ ပဒါးရူးစကီးသည် သူ၏ စားပွဲထိုးကို တစ်ခါဖူးမျှ ဂျော့ ဟူ၍ မခေါ်ချေ။ မစ္စတာ ကော့ပါးဟူ၍ ခေါ်ခြင်းကို သူ၏ စားပွဲထိုးကလည်း နှစ်သက်၏။
လူတို့သည် မိမိတို့၏ နာမည်တွင် အလွန် ဂုဏ်ယူကြပေသည်။ ထို့ ကြောင့် မည်မျှပင်ကုန်ကျစေကာမူ အကုန်ခံ၍ မိမိ၏ နာမည်များကို တွင်ရစ် အောင် ကြိုးစားကြလေသည်။ တစ်ခါတုန်းက ပြပွဲသမားကြီး ပီ တီ ဘားနမ်း ဆိုသူ အဘိုးကြီးတစ်ဦး ရှိ၏။ သူ့တွင် သူ၏ နာမည်ကို ဆက်ခံမည့် သား ယောက်ျားတစ်ယောက်မျှ မရှိသောကြောင့် သူ၏ မြေးယောက်ျားကလေး စီ အိပ် ဆီလေး” အား “ဘားနမ်း ဆီလေး” ဟု အမည်ပြောင်းရန်အတွက် ဒေါ်လာပြားပေါင်း နှစ်သောင်းငါးထောင်ကို ပေးခဲ့ဖူး၏။ ” နှစ်ပေါင်း ၂၀၀ လောက်က လူချမ်းသာများသည် သူတို့၏ နာမည် များကို အမှတ်တရဖြစ်အောင် စာအုပ်များကို သူတို့အတွက် ရေးသားပါသည် ဟူ၍ ဖော်ပြရန် စာရေးဆရာများကို ငွေပေး၍ ခိုင်းဖူးလေသည်။
. မိမိတို့၏ နာမည်များ ကွယ်ပျောက်သွားမည်ကို သည်းမခံနိုင်သော . လူများသည် သူတို့၏ အမည်တွင်ရစ်စေရန်အတွက် သူတို့၏ နာမည်များနှင့် စာကြည့်တိုက်ကြီးများ၊ ပြတိုက်ကြီးများ ဆောက်လုပ်လှူဒါန်းကြလေသည်။
အက်စတားနှင့် လီနော့” ဆိုသူတို့သည် သူတို့၏ နာမည်များဖြင့် နယူးယောက် ပတ်ဘလစ် စာကြည့်တိုက်တွင် စာအုပ်များကို လှူခဲ့ဖူးလေသည်။ ဘင်ဂျမင် အော့တမန်’ နှင့် ဂျေပီ မော်ဂန်” တို့သည်လည်း သူတို့၏ နာမည်များနှင့် မက်ထရိုပိုလီတန်ပြတိုက် တွင် ပစ္စည်းအမြောက်အမြား လှူခဲ့ဖူးလေသည်။ ဘုရားရှိခိုးကျောင်းတိုင်း၌လိုလိုပင် ပြတင်းပေါက်များ၌ တပ်ဆင်ထားသော ရောင်စုံမှန်များတွင် လှူဒါန်းသူများ၏ နာမည်များ ဖော်ပြထားသည်ကို တွေ့နိုင်၏။
များစွာသောလူတို့သည် အသိမိတ်ဆွေများ၏ နာမည်များကို မမှတ်မိ ရခြင်း အကြောင်းမှာ တခြားကြောင့်မဟုတ်၊ ထိုနာမည်များကို မှတ်မိစေရန် မိမိတို့၏ စိတ်ထဲတွင် ထပ်ကာတလဲလဲ ပြန်လှန်မှတ်သားခြင်းမပြုသော
ကြောင့်ပင် ဖြစ်သည်။ ထိုသို့ မလုပ်နိုင်သော လူစုသည် အချိန်မအား၍ ဤသို့ ကြိုးစားရန် ခဲယဉ်းပါသည်ဟု” ဆင်ခြေပေးကြ၏။
သို့ရာတွင် ထိုလူစုသည် သမ္မတမင်း ဖရန့်ကလင် ဒီ ရုစဗဲ့ထက် ပို၍ အလုပ်ရှုပ်မည် မထင်ပါ။ သမ္မတမင်းသည် မိမိနှင့် တစ်ခါမျှသာ တွေ့ဖူးသော မော်တော်ကား စက်ပြင်ဆရာ၏ နာမည်ကိုပင် မှတ်မိအောင် ကြိုးစားခဲ့ဖူး၏။
– သက်သေပြပါအံ့။ ခရိုက်ဇလာ မော်တော်ကားကုမ္ပဏီသည် မစ္စတာ ရုစဗဲ့အတွက် အထူး မော်တော်ကားတစ်စီးကို ဆောက်လုပ်ရ၏။ ဒဗလျူ အက်ဖ် ချိန်ဗာလိန် နှင့် မော်တော်ကားစက်ပြင်ဆရာ တစ်ဦးတို့ ကိုယ်တိုင် ထိုမော်တော်ကားကို သမ္မတမင်း၏ အိမ်တော်သို့ အရောက်ပို့ကြ၏။ အိမ်တော် တွင် တွေ့ကြုံခဲ့ရပုံအလုံးစုံကို ချိန်ဗာလိန်သည် အောက်ပါအတိုင်း ရေးသား ပို့လိုက်၏။
ကျွန်တော်တို့၏ မော်တော်ကားကို မည်ကဲ့သို့ မောင်းရမည်ကို သမ္မတမင်း ရုစဗဲ့အား ကျွန်တော်က သင်ပေးခဲ့ရသော်လည်း လူများကို မည်ကဲ့သို့ မိမိဘက်သို့ ပါအောင် ဆွဲရမည်ကို သမ္မတမင်းက ကျွန်တော့်အား သင်ပြလိုက်ပါသည်။
အိမ်တော်သို့ ရောက်သောအခါ သမ္မတမင်းသည် အလွန်ရွှင်ပျ လျက်ရှိသည်ကို ကျွန်တော်တို့ တွေ့ရပါသည်။ ကျွန်တော်၏ နာမည် ကိုခေါ်၍ ဖော်ဖော်ရွေရွေ ခရီးဦးကြိုဆိုပါသည်။ သမ္မတမင်းအပေါ်တွင် . ကျွန်တော်၏ အထူးကျေနပ်ချက်သည် အခြားမဟုတ်ပါ။ ကျွန်တော် တို့က ပြောရန် ပြသရန်ရှိသော ကိစ္စများတွင် အထူးစိတ်ပါလက်ပါရှိခြင်း ပင် ဖြစ်ပါသည်။ မော်တော်ကားကို အခြား အကူအညီမပါဘဲ လက် တစ်ခုတည်းနှင့် မောင်းနိုင်အောင် စီစဉ်ထားသည်ဖြစ်ရာ မော်တော်ကား ကို ပြသနေစဉ် လူတစ်စုသည် မော်တော်ကားကို ဝိုင်း၍ ကြည့်နေ ကြပါသည်။ “ဒီမော်တော်ကားဟာ သိပ်ပြီး အံ့သြဖို့ ကောင်းတာပဲ။ ခလုတ်ကလေး နှိပ်လိုက်ရုံနဲ့ မော်တော်ကားဟာ ထွက်သွားတာပဲ။ အထူးဂရုစိုက်ပြီး မောင်းနေဖို့တောင် မလိုဘူး၊ သိပ်ဟုတ်တာပဲ။ ဘယ့်နှယ်က ဘယ်လိုဖြစ်ပြီး ဒီခလုတ်ကလေး နှိပ်ရုံနဲ့ ကားထွက်သွား နိုင်တယ် ဆိုတာကို ကျုပ်တော့ စဉ်းစားလို့ မရဘူး၊ ဒီကားကို အားလုံးဖြုတ်ပြီး ဘယ့်နှယ့်ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ကြည့်နိုင်ရင် ဘယ်လောက်ကောင်း မလဲလို့ ကျုပ် တွေးနေတယ်”ဟု သမ္မတမင်းက ပြောပြလေသည်။ ။ .. သမ္မတမင်း၏ မိတ်ဆွေများက မော်တော်ကားကို ချီးမွမ်းကြသော . အခါ သူတို့၏ ရှေ့၌ပင် “မစ္စတာ ချိန်ဗာလိန်၊ ဒီကားကို ခုလို အထူး ကောင်းမွန်အောင် အချိန်ကုန် လူပန်းခံပြီး ဂရုတစိုက် ပြုလုပ်ပေးတဲ့ အတွက် ခင်ဗျားတို့ကို ကျွန်တော် အထူးတလည် ကျေးဇူးတင်ပါတယ်၊ ဒီကားကို လုပ်ရတာ တယ်မလွယ်လှဘူး ́ဟု ရုစဗဲ့သည် ပြောပြီးနောက် ကျွန်ုပ်တို့ အထူးတလည် ဂရုတစိုက် လုပ်ထားသည်ဟု သူထင်သော အရာဟူသရွေ့ကို သူသည် ချီးမွမ်းလျက် ရှိပါသည်။ ထို့နောက် မော်တော်ကားတွင် ထူးဆန်းအံ့သြဖွယ်ကောင်းသော နေရာများကို သမ္မတကတော်ကြီးနှင့် အခြား အရေးပါ အရာရောက်သော လူကြီးများကို ကိုယ်တိုင် ပြသပါသည်။ ကပ္ပလီ တံခါးမှူးကိုပါ ခေါ်၍
“ဟေ့ ဂျော့၊ ဟောဒီ အဝတ်အစားထည့်တဲ့ သေတ္တာတွေကို မင်း ဂရုစိုက်ရလိမ့် မယ်နော်”ဟု မော်တော်ကားတွင် တပ်ဆင်ထားသော အဝတ်အစား ထည့်သည့် သေတ္တာများကို လက်ညှိုးနှင့် ထိုးပြရင်း ပြောပါသည်။
မော်တော်ကားကို မောင်းသည့်နည်းများကို သင်ပြပြီးသောအခါ “ကဲ မစ္စတာ ချိန်ဗာလိန်၊ ပြည်ထောင်စု ဘဏ္ဍာရေး ရန်ပုံငွေကော်မတီ သူတို့၏ ရှေ့နေကုန် လူပန်းလည် ကျေးဇူးပြီးနောက် အစည်းအဝေး ကို အစောင့်ခိုင်းထားတာ နာရီဝက်လောက် ရှိသွားပြီ။ ကျုပ် သွားလိုက်ဦးမှပဲ ထင်တယ်”ဟု သမ္မတမင်းသည် ကျွန်တော်တို့အား ပြောကြားပါသည်။ ။
အိမ်တော်သို့ ကျွန်တော်တို့နှင့် အတူတူ မော်တော်ကားပြင်သမား တစ်ဦးကိုလည်း ခေါ်သွားသည်ဖြစ်ရာ ထိုသူကိုလည်း သမ္မတမင်းနှင့် မိတ်ဖွဲ့ပေးပါသည်။ ထိုသူသည် ရှက်ကိုးရှက်ကန်းနိုင်သောကြောင့် သမ္မတမင်းသို့ စကားမပြောဘဲ နောက်ကွယ်က နေပါသည်။ ကျွန်တော် တို့ စကားပြောနေစဉ် ထိုသူ၏ နာမည်ခေါ်သံကို သမ္မတမင်းသည် တစ်ကြိမ်မျှသာ ကြားလိုက်ရသော်လည်း အစည်းအဝေးသို့ သွားခါနီးတွင် ထိုစက်ပြင်သမားအား သူ၏ နာမည်ကိုခေါ်၍ လက်ဆွဲ နှုတ်ဆက်ပါ – သည်။ ထို့နောက် အိမ်တော်သို့ ယခုကဲ့သို့ ဂရုတစိုက် လာရောက် အကျိုးဆောင်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောကြား လိုက်ပါသေးသည်။ ထိုစကားကို လောကွတ်လုပ်ပြီး ပြောသည် မဟုတ်ပါ။ ဝမ်းထဲက အဟုတ်ကျေးဇူးတင်သောကြောင့် ပြောသည်ဟု ကျွန်တော်ဖြင့် ယုံကြည်ပါသည်။
နယူးယောက်မြို့သို့ ပြန်ရောက်၍ ရက်အနည်းငယ်ကြာသော အခါ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော သမ္မတမင်း ရုစဗဲ့၏ ဓာတ်ပုံတစ်ခုကို ကျွန်တော် ရရှိပါသည်။ ထိုဓာတ်ပုံနှင့် အတူတူ ကျွန်တော်၏ ကူညီခြင်းကို ကျေးဇူးတင်ရှိကြောင်း စာတိုကလေး တစ်စောင် ပါလာပါသေးသည်။ ထိုမျှ သေးငယ်သော အလုပ်ကလေး များကိုလုပ်ရန် မည်ကဲ့သို့ အချိန်ရကြောင်းကို ကျွန်တော်ဖြင့် တွေး၍ မရနိုင်အောင် ရှိပါသည်။ ။
တစ်ဖက်သား မေတ္တာရှိအောင် လုပ်ရန်အတွက် အလွယ်ကူဆုံးနှင့် အရေးအကြီးဆုံးနည်းများအနက် နည်းကောင်းတစ်လက်သည် ထိုတစ်ဖက်သား ၏ နာမည်ကို မှတ်မိအောင် လုပ်၍ ထိုသူအား မိမိကိုယ်ကို မိမိ အထင်ကြီး ခွင့်ရအောင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်းကို ရုစဗဲ့ ကိုယ်တိုင် သိရှိသော်လည်း ကျွန်ုပ်တို့အထဲမှ ဘယ်နှစ်ဦးလောက် ထိုနည်းကို ကိုယ်တိုင် စမ်းသပ်ကြည့်ရှုဖူး ပါသနည်း။
သူစိမ်းတစ်ရံစာ လူတစ်ဦးနှင့် မိတ်ဖွဲ့ ပေးသောကြောင့် ကျွန်ုပ်တို့ ထိုင်၍ စကားပြောကြပြီးသော် ထိုလူ ထသွားသောအခါ- သူ၏ နာမည်ကို မမှတ်မိတော့ချေ။
“မဲဆန္ဒရှင်တစ်ဦး၏ နာမည်ကို မှတ်မိခြင်းသည် နိုင်ငံရေးကျွမ်းကျင်မှု ဖြစ်၍ ထိုနာမည်ကို မေ့ပစ်ခြင်းသည်
ထိုနိုင်ငံရေးသမား ဇာတ်မြှုပ်ခြင်းပင် ဖြစ်သည်’ဆိုသော စကားသည် နိုင်ငံရေးသမားတိုင်း လိုက်နာရမည့် သင်ခန်းစာ များတွင် ပထမ သင်ခန်းစာပင် ဖြစ်လေသည်။ ..။ . နာမည်များကို မှတ်မိအောင်ပြုလုပ်ခြင်းသည် နိုင်ငံရေး၌သာမဟုတ်၊ ကုန်ရောင်းကုန်ဝယ်မှု၊ ပေါင်းသင်းဆက်ဆံမှုများ၌လည်း ထပ်တူထပ်မျှလောက် အရေးပါလေသည်။ ‘
“ကမ္ဘာကျော် နပိုလီယန်၏ တူဖြစ်သော ပြင်သစ်ပြည်၏ ဘုရင်ဧကရာဇ် တတိယ နပိုလီယန်က သူသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသည့်ကိစ္စများ အလွန် များပြားနေသည့်အကြား၌ပင် သူနှင့် တွေ့ဆုံဖူးသော လူများ၏ နာမည် များကို ကောင်းစွာ မှတ်သားနိုင်သည်ဟု ဂုဏ်ယူလျက် ပြောဆိုလေ့ ရှိသည်။
တတိယ နပိုလီယန်၏ နည်းသည် အလွန်လွယ်ကူလေသည်။ အကယ်၍ သူ့ထံသို့ အခစားရောက်သောသူ၏ နာမည်ကို ကောင်းစွာမကြားရလျှင် “နာမည်က ဘယ်သူပါတဲ့”ဟူ၍ မေး၏။ ထိုသူ၏နာမည်သည် ထူးခြားသော နာမည်တစ်ခု ဖြစ်ခဲ့လျှင် “ဒီနာမည်ကို ဘယ့်နှယ့် စာလုံးပေါင်းလဲ” ဟူ၍ ကပ်၍ မေးလေသည်။ .
စကားပြောနေစဉ် နာမည်နှင့်တကွ ထိုလူ၏ ပုံပန်းသဏ္ဍာန်တို့ကို အဖန်တလဲလဲ စိတ်ထဲတွင် မှတ်လျက်ရှိ၏။
အကယ်၍ ထိုလူသည် အရေးပါ အရာရောက်သောလူတစ်ဦး ဖြစ်ခဲ့လျှင် ထို့ထက်ပင် ဂရုစိုက်သေး၏။ မည်ကဲ့သို့ ဂရုစိုက်သနည်းဆိုသော် ဧကရာဇ် မင်းမြတ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်သောအခါ ထိုသူ၏ ‘ နာမည်ကို စက္ကူတစ်ခုပေါ်တွင် ရေးသား၍ စိတ်ထဲတွင် ကောင်းစွာ မှတ်မိသည့် တိုင်အောင် ထိုနာမည်တွင် အာရုံစိုက်ထား၏။ စိတ်ထဲတွင် စွဲလောက်ပြီဟု ထင်ရသောအခါ စက္ကူကို ဆုတ်ပစ်လိုက်၏။ ဤနည်းအားဖြင့် ထိုသူ၏ နာမည်ကို နားရော မျက်စိရော အာရုံထဲတွင် `စွဲနေအောင် ပြုလုပ်ခဲ့၏။
ဤနည်းများကို လေ့လာရန်မှာ အချိန်ကုန်သည်ကား မှန်ပါ၏။ အီမာဆန်ကလည်း “ယဉ်ကျေးသိမ်မွေ့ခြင်းသည် ကိုယ်နှုတ် အမူအရာကို အနည်းငယ် အပင်ပန်းခံ၍ စောင့်ထိန်းခြင်းပင်ဖြစ်သည်” ဟု ဆိုထားလေသည်။
ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် နည်းအမှတ် ၃ သည် ” လောကတွင် သုတိ အသာယာဆုံးသော အသံသည် မိမိ၏ နာမည်ကို လူတစ်ယောက်က ခေါ်လိုက်သောအခါ ကြားရသော အသံပင်ဖြစ်ကြောင်း သတိပြုပါ။