မိတ္တဗလဋီကာ

အခန်း ၄ စကားပြောကောင်းဖြစ်ရန် နည်း

များမကြာမီက ဘရစ်” ဖဲဝိုင်းသို့ လာရောက်ကစားရန် ကျွန်ုပ်ကို ဖိတ်ကြား လေသည်။ ကျွန်ုပ်သည် ဘရစ် မကစားတတ်ပါ။ ကျွန်ုပ်ကဲ့သို့ပင် ဘရစ်မကစား တတ်သော မိန်းမချောတစ်ဦးလည်း ကစားဝိုင်းသို့ ရောက်ရှိနေလေသည်။ လိုဝဲ သောမတ်သည် အသံလွှင့်သမားဘဝသို့ ကူးပြောင်းမီ ဥရောပတိုက် တစ်တိုက်လုံးသို့ အနှံ့အပြား လှည့်လည်ပြီးလျှင် ခရီးသွားလာရာ၌ စိတ်ဝင်စား ဖွယ်ရာ အကြောင်းများကို ဟောပြောလျက်ရှိစဉ်က သူ၏ မန်နေဂျာအဖြစ်ဖြင့် သူနှင့်အတူ ကျွန်ုပ် လိုက်၍ သူ၏ ဟောပြောချက်များကို ကူညီစီစဉ်ပေးရ ကြောင်းကို ထိုမိန်းမချောသိ၍သွားလေရာ “အို မစ္စတာ ကာနက်ဂျီ၊ ရှင်ရောက်ခဲ့ ဖူးတဲ့ ထူးဆန်းတဲ့နေရာတွေရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြစမ်း ပါ” ဟု ကျွန်ုပ်အား တောင်းပန်ရှာ၏။ . “

ဖုံ ကုလားထိုင်ပေါ်သို့ ထိုင်မိကြသောအခါ သူ့ ယောက်ျားနှင့် သူသည် မကြာသေးမီကပင် အာဖရိကတိုက်မှ ပြန်လာခဲ့သည့်အကြောင်းကို သူ စကား စလိုက်၏။ “အာဖရိကကို ရောက်ခဲ့တယ်”ဟု ကျွန်ုပ်သည် စိတ်ထက်သန် စွာနှင့် သူ့ကို ပြန်၍ မေးပြီးနောက် “သိပ်ဟုတ်တာပဲဗျာ၊ အာဖရိကကို ကျွန်တော် သွားချင်နေတာ ကြာလှပြီ၊ သို့ပေမယ့် အယ်လဂျီးယား” မှာ တစ်ရက်တည်းနေပြီး ပြန်ခဲ့ရတယ်၊ အာဖရိကဟာ အမဲပစ်ဖို့ သိပ်ကောင်းတဲ့ နေရာပဲ၊ ခင်ဗျားသိပ်ကံကောင်းတယ်ဗျာ၊ အာဖရိကအကြောင်းကို နည်းနည်း ပြောစမ်းပါ”ဟု တောင်းပန်လိုက်၏။

ထိုစကားကို ကြားရသည်မှစ၍ ကျွန်ုပ် ဘယ်နေရာတွေကို ရောက်ခဲ့ သည် ဘာတွေကို မြင်ခဲ့ရသည်တို့ကို ကျွန်ုပ်အား ထပ်၍ မမေးတော့ဘဲ သူ . ရောက်ခဲ့ဖူးသည့် နေရာများနှင့် မြင်ခဲ့ရသော အထူးအဆန်းများ၏အကြောင်းကို ၄၅ မိနစ်တိုင်တိုင် လျှောက်၍ ပြော၏။ စင်စစ်မှာမူ ထိုမိန်းမချောသည် ကျွန်ုပ် ပြောသည့် စကားကို နားထောင်ချင်၍ မဟုတ်။ သူကိုယ်တိုင် ရောက်ခဲ့ဖူးသည့် နေရာများကို ဂုဏ်ယူကာ ပြောဆိုနေစဉ် ဂရုတစိုက် နားထောင်နေမည့်လူတစ်ဦးကို အလိုရှိခြင်းသာ ဖြစ်လေသည်။

ဤကဲ့သို့ ထိုမိန်းမချော အလိုရှိခြင်းသည် အထူးအဆန်း မဟုတ်ပါ။ များစွာသော လူတို့သည်လည်း ထိုကဲ့သို့ပင် အလိုရှိကြပေသည်။ . သက်သေထုတ်၍ ပြပါ၊ နယူးယောက်မြို့ရှိ စာအုပ် ပုံနှိပ်ရောင်းချသူ တစ်ဦးဖြစ်သော ဂျေဒဗလျူ ဂရင်းဗတ်” ၏ အိမ်၌ တည်ခင်းကျွေးမွေးသော ညစာစားပွဲတွင် နာမည်ကျော် ရုက္ခဗေဒပါရဂူကြီးတစ်ဦးနှင့် ကျွန်ုပ်သည် တွေ့ရ၏။ ရှေးအခါက ရုက္ခဗေဒ ပါရဂူများနှင့် စကားမပြောဖူးချေ။ ထိုညက တွေ့ရသော ပါရဂူကြီးသည် အလွန်စိတ်ဝင်စားဖွယ်ရာကောင်းလေ သည်။ သစ်ပင်အကြောင်းဆိုင်ရာ ဗဟုသုတတို့ကို တစ်ခုပြီးတစ်ခု လျှောက်၍ ပြောပြသည်မှာ အလွန် အံ့သြဖွယ်ရာကောင်းသောကြောင့် ကျွန်ုပ်သည် ကုလားထိုင်အစွန်းကလေး၌သာ ထိုင်ပြီးလျှင် သူပြောသမျှ စကားများကို အာရုံပြုလျက်ရှိလေသည်။ ကျွန်ုပ်တွင် ပန်းခြံကလေးတစ်ခု ပျိုးထားရာ ထိုပန်းခြံနှင့် စပ်လျဉ်း၍ ကျွန်ုပ်အလိုရှိသော အချက်များကိုပင် ပြောကြားသွား . သေး၏။

ထိုညစာစားပွဲသို့ အခြားဧည့်သည် ဆယ့်လေးငါးယောက်ခန့် ကြွရောက် ကြသော်လည်း သူတို့ကို ဂရုမစိုက်နိုင်ဘဲ ထိုပါရဂူကြီးနှင့်သာ အချိန်အတော် ကြာအောင် စကားပြောလျက်ရှိလေသည်။ ။

သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ ဧည့်သည်များကို နှုတ်ဆက်၍ အိမ်သို့ပြန်ရန်ပြင်၏။ ထိုအခါ ပါရဂူကြီးသည် အိမ်ရှင်ဘက်သို့လှည့်၍ သိပ်စကားပြောကောင်းတဲ့လူ။ သိပ်တော်တာပဲ၊ ဘာပဲ၊ ညာပဲ စသည်ဖြင့် ကျွန်ုပ်အား ချီးကျူးလျက် ရှိလေသည်။

စကားပြောအလွန်ကောင်းသောသူဟူ၍ ချီးမွမ်းခြင်းကိုသာ ခံရသည်။ စင်စစ်မှာ ထိုညက ကျွန်ုပ်သည် ပါရဂူကြီးနှင့် စကားပြောသည်ဆိုရုံလောက် သာ ပြောခဲ့ရသည်။ ကျွန်ုပ်သည် ရုက္ခဗေဒအကြောင်းကို နားမလည်သောကြောင့် စကားများများ ပြောချင်သော်လည်း ပြောနိုင်မည်မဟုတ်ချေ။ သို့ရာတွင် အရာတစ်ခုကိုတော့ ကျွန်ုပ် လုပ်ခဲ့၏။ ထိုအရာသည်ကား အခြားမဟုတ်။ ထိုပါရဂူကြီး ပြောသမျှစကားကို စိတ်ပါလက်ပါ နားထောင်ခြင်းပင် ဖြစ်လေ သည်။ သူပြောသော စကားများသည် စိတ်ဝင်စားဖွယ်ရာကောင်းသောကြောင့် ကျွန်ုပ်သည် စိတ်ပါလက်ပါ နားထောင်နေသည်ကို သူသည် အလွန်နှစ်သက်၏။ လူတစ်ဦးပြောသော စကားများကို စိတ်ပါလက်ပါ နားထောင်ခြင်းသည် ထိုလူအား အကောင်းဆုံး ချီးကျူးခြင်းတစ်ရပ်ပင် ဖြစ်လေသည်။

“လူတစ်ယောက်ပြောနေသော စကားများကို စိုက်၍ နားထောင်ခြင်း ဖြင့် သူ့ကို မြှောက်ပေးလျှင် ထိုအမြှောက်ကို ခံနိုင်သူ အလွန်ရှားလေသည်” ဟု ဂျက် ဗုဒ်ဖို့” က “ဧည့်သည်အချစ်” စာအုပ်တွင် ရေးသားထားသည်။

ကျွန်ုပ်မှာမူကား စိုက်၍ နားထောင်ရုံမျှမက ထိုပါရဂူကြီး ပြောနေသော မှတ်ရာမှတ်စုများကို နှစ်နှစ်ကာကာ နှစ်သက်စွာဖြင့် စိတ်ပါလက်ပါ ချီးကျူး လိုက်သေး၏။

ကျွန်ုပ်သည် သူနှင့် တွေ့ရသည့်အတွက် အလွန်တရာ ဗဟုသုတ တိုးပါသည်ဟု ထိုပါရဂူကြီးကို ပြောလိုက်သည့်အတိုင်း အဟုတ်ပင် ဗဟုသုတ တိုးပါသည်။ သူ၏ ပညာရပ်များကို အလွန်ဆည်းပူးလိုပါသည်ဟု သူ့ကို ပြောလိုက်သည့်အတိုင်း အဟုတ်ပင် ဆည်းပူးလိုပါသည်။ သူနှင့် အတူတူ သစ်ပင်တို့နှင့်ဆိုင်သော ပညာရပ်များကို ဆည်းပူးရန် တောင်စဉ်အထပ်ထပ် မြိုင်အရပ်ရပ်ကို ကျော်ဖြတ်၍ လိုက်လိုပါသည်ဟု ပြောသည့်အတိုင်း အဟုတ်ပင် သွားလိုပါသည်။ သူ့ကို တစ်ဖန် ထပ်၍ တွေ့ချင်ပါသေးသည်ဟု ပြောလိုက် သည့်အတိုင်း အဟုတ်ပင် ထပ်၍ တွေ့ချင်နေပါသေးသည်။

ဤနည်းအားဖြင့် ကျွန်ုပ်ကို စကားပြော အလွန်ကောင်းသူတစ်ဦး ဖြစ်သည်ဟု အယူရှိအောင် လုပ်ထားသော်လည်း စင်စစ်မှာမူကား ကျွန်ုပ်သည် သူပြောသမျှကိုသာ နားထောင်နေသောသူဖြစ်၍ စကားဆက်၍ပြောအောင် သူ့ကိုသာ အားပေးလျက် ရှိလေသည်။

‘ အလုပ်ကိစ္စနှင့် စပ်လျဉ်း၍ တစ်စုံတစ်ယောက်သောသူနှင့် သွားရောက် တွေ့ဆုံရသောအခါ မိမိအကြံအစည် အောင်မြင်ရန်အတွက် ကောင်းသောနည်း လမ်းသည် အဘယ်အရာပါနည်း။ . . . ။

ချားဒဗလျူ၊ အဲလီယော့ဆိုသူ ပညာရှိ ပုဂ္ဂိုလ်တစ်ဦးကမူကား “ဤနည်း သည် ခက်ခက်ခဲခဲ ရှာရသောနည်း မဟုတ်ပါ၊ သင် သွားရောက်တွေ့ဆုံသော . သူ၏ စကားများကို နားစိုက်၍ ထောင်ခြင်းသည် အလွန် အရေးကြီးလေ သည်။ ထို့ထက် ထိခိုက်သော မြှောက်လုံးသည် မရှိတော့ချေ” ဟု ဆို၏။

ဤစကားသည် အလွန် မှန်လှပေ၏။ ထိုစကားမှန်ကြောင်းကို သိရန် အတွက် ဟားဗတ် တက္ကသိုလ်တွင် လေးနှစ်တိုင်တိုင် သွားရောက်သင်ကြား နေရန် မလိုချေ။ သို့ရာတွင် အဖိုးတန် တိုက်ခန်းကြီးများကို ငှား၊ ရောင်းရန် ကုန်များကို ဂရုတစိုက် ရွေးချယ်၍ ဝယ်၊ အထားအသိုကို ကြည့်ကောင်းအောင် ပြင်ဆင်၊ ကြော်ငြာထည့်သည့် နေရာတွင်လည်း ငွေအမြောက်အမြား အကုန်ခံ ပြီးသည့်နောက် ဝယ်သူ ပြောသမျှ စကားကို စိတ်ရှည်လက်ရှည် နားထောင် နိုင်လောက်အောင် ဉာဏ်မရှိသော ဈေးရောင်းသမားကို ငှားထားသည့် ကုန်သည်များကို သင်နှင့် ကျွန်ုပ်တို့ အသိအမြင် ဖြစ်ပေသည်။ အားလုံး ကုန် နေရာတကျ စီမံနိုင်ပြီးမှ ဈေးဝယ်သူများ ပြောနေသည့်စကားကို အတင်းဝင် ပြော၊ အငြင်းအခုံလုပ်၊ ဒေါသဖြစ်အောင် စိတ်ဆွပေးပြီးလျှင် ဝယ်သူကို ” ဆိုင်ထဲမှ ထွက်သွားအောင် လုပ်တတ်သည့် ဈေးရောင်းသမားများကို ငှားထား ခြင်းအားဖြင့် အမြီးကျမှ တစ်နေသော ဆင်ပြောင်ကြီးနှင့် သူတို့လုပ်ပုံသည် တူလေတော့သည်။

သက်သေပြပါအံ့။ ဂျေ စီ ဝုတန်” သည် သူ၏အဖြစ်အပျက်ကလေး `တစ်ခုကို ကျွန်ုပ်၏ အတန်းထဲတွင် အောက်ပါအတိုင်း ပြန်ပြောဖူးလေသည်။ ပင်လယ်ကမ်းခြေအနီးရှိ နယူးဂျာစီပြည်နယ် နယူးဝပ်ခေါ် အလွန်စည်ကား သော မြို့၏ ကုန်စုံတိုက်ဆိုင်ကြီး တစ်တိုက်မှ မစ္စတာဓုတန်သည် အဝတ်စုံ တစ်စုံကို ဝယ်လေသည်။ အပေါ်ဝတ်အင်္ကျီသည် ဆေးမခိုင်သောကြောင့် အတွင်းခံ ရှပ်အင်္ကျီကော်လံများကို ဆေးစွန်းကုန်သဖြင့် မစ္စတာဝုတန်သည် အလွန် စိတ်ပျက်လျက်ရှိ၏။ • ထို့ကြောင့် ထိုအဝတ်များကို ဆိုင်သို့ ပြန်ယူသွားပြီးလျှင် ရောင်းလိုက် သော သူအား အကျိုးအကြောင်း ပြောပြ၏။ သို့ရာတွင် ဈေးရောင်းသူသည်

မစ္စတာဓုတန်ပြော၍ ဆုံးသည့်တိုင်အောင် သည်းခံ၍ နားမထောင်နိုင်ဘဲ မကြာခဏ ကြားဖြတ်၍ ပြောလေသည်။ ‘

“ဒီလို ဝတ်စုံမျိုးကို ကျွန်တော်တို့ ရောင်းနေတာ လေး ငါး ထောင် ကျော် နေပြီ၊ မကြိုက်လို့ ပြန်လာတာ ဒီတစ်ခါပဲ တွေ့ဖူးတယ်”ဟု ဈေးရောင်းသူက မစ္စတာ ၃တန်ကို ပြောလေသည်။ – . ထိုစကားများသည် ဈေးရောင်းသူ၏ စကားလုံးများဖြစ်၍ ထိုစကား လုံးများကို ပြောသော လေသံသည် ထို့ထက်ပင် ပို၍မာသေး၏။ “ခင်ဗျား ဘာဖြစ်လို့လာပြီး ဗြောင်လိမ်နေသလဲ၊ ခင်ဗျားဟာ ခင်ဗျား အထားမတတ်လို့ စွန်းတဲ့ဟာကို ကျွန်တော်တို့အပေါ်မှာ အပြစ်လာချမလို့၊ ခင်ဗျားက ဒီလို လုပ်မှဖြင့် ကျုပ်တို့ကလဲ အကြောင်းပြလိုက်ရဦးမှာပေါ့” ဟူ၍ ဈေးရောင်း သူက မစ္စတာဝုတန်ကို မပြောသော်လည်း သူ့လေသံက အထက်ပါစကားကို ပြောသလို ဖြစ်၍နေလေသည်။

မစ္စတာဓုတန်နှင့် ဈေးရောင်းသမားတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်လိုက် မာန်ပါ ပြောဆိုနေစဉ် ဒုတိယဈေးရောင်းသမားတစ်ဦး ထပ်၍ရောက်လာပြီး လျှင် “အညိုရောင်အဝတ်တွေဟာ ‘လက်ဦးတော့ ဒီလိုပဲ နည်းနည်းစွန်းတာပဲ၊ ဒါတော့ မတတ်နိုင်ဘူးပေါ့။ ဒီလို ဈေးပေါတဲ့ အစားမျိုးဝယ်ရင် ဒီလိုပဲ ဖြစ်မှာပဲ၊ ဆေးတော့ သိပ်မခိုင်ပေဘူး”ဟု ဝင်၍ ပြော၏။

ထိုအချိန်တွင် `ကျွန်တော်လည်း အလွန် ဒေါသထွက်လျက်ရှိလေပြီ။ ပထမ ဈေးရောင်းသမားသည် ကျွန်တော်၏ သမာဓိကို စော်ကား၍ ဒုတိယ ဈေးရောင်းသမားမှာမူကား ကျွန်တော်သည် အပေါစားကိုသာ ဝယ်နိုင်သော လူတစ်ယောက်ဖြစ်သည်ဟု ပြောခြင်းဖြင့် ကျွန်တော်၏ ဂုဏ်ကို စော်ကား ပြန်၏။ ထိုအခါ ကျွန်တော်၏ အသားများ ဆတ်ဆတ်တုန်လျက်ရှိ၏။ “ကဲ မင်းတို့အဝတ်ကို မင်းတို့ ပြန်ယူပြီး လုပ်ချင်တာလုပ်တော့၊ ငါ မယူဘူး”ဟု ပြောတော့မည်အလုပ်တွင် ထိုဆိုင်၏ မန်နေဂျာသည် သူ့အလုပ်ကို နားလည်သူ ဖြစ်သောကြောင့် ကျွန်တော်၏ စိတ်ကို တစ်ခါတည်း ပြောင်းပစ်လိုက်လေ သည်။ ဒေါသထွက်နေသူတစ်ဦးအား ကျေနပ်သော ဝယ်သူတစ်ဦးအဖြစ်သို့ ရောက်အောင် ဖျောင်းဖျ ပြောဆိုရန် သူသည် စွမ်းလေသည်။ နည်း သုံးနည်း နှင့် သူသည် ကျွန်တော့်အား ဖျောင်းဖျပါသည်။ ။

ရှေးဦးစွာ သူသည် ကျွန်တော် ပြောသမျှ စကားထဲတွင် တစ်လုံး တစ်ပါဒမျှ ကြားဖြတ်၍ မပြောဘဲ အစအဆုံး နားထောင်ပါသည်။

“ကျွန်တော်ပြော၍ ပြီးသောအခါ ဈေးရောင်းသမားများက ဝင်ရောက် ”ပြောဆိုရာတွင် မန်နေဂျာသည် ကျွန်တော်၏ဘက်မှနေ၍ ဈေးရောင်းသမား တို့ကို ခုခံ ပြောဆိုပါသည်။ ဤနည်းသည် ကျွန်တော့်အား ဖျော်ဖြေရန် မန်နေဂျာသုံးသော ဒုတိယနည်းပင် ဖြစ်ပါသည်။ ကျွန်တော်၏ ရှပ်ကော်လံ .. များကို စွန်းထင်းနေသည်မှာ မှန်ကန်ကြောင်း သူ ထောက်ခံသည့်အပြင် ဝယ်သူများ ကျေနပ်အောင် လုပ်မပေးနိုင်သော ပစ္စည်းများကိုလည်း ထိုဆိုင်တွင် မရောင်းသင့်ကြောင်းကိုလည်း ပြောပြပါသေး၏။

“တတိယနည်းမှာကား အဘယ့်ကြောင့် ဒီလိုဖြစ်ရသည်ကို မသိရပါ” ဟု သူသည် ကျွန်တော့်အား ဝန်ခံပြီးလျှင် “ဒီအဝတ်များကို ဘယ်လိုလုပ်ရမယ် ဆိုတာကိုသာ အမိန့်ရှိပါ၊ ကျွန်တော်တို့ နာခံရန်အသင့်ပါပဲ”ဟူ၍ ခပ်ရိုးရိုးပင် ကျွန်တော့်ကို ပြောပါသည်။

မကြာမီကလေးကပင် သူတို့၏ အဝတ်စုတ်ကို ပြန်ယူတော့ဟူ၍ ပြောတော့မည် ကြံခဲ့သော်လည်း “ဘယ်လိုလုပ်ရမယ်ဆိုတာကိုသာ မန်နေဂျာက အကြံပေးပါတော့၊ ဒီလို ဆေးစွန်းတာဟာ ခဏဖြစ်တာလား၊ အစဉ်ပဲ ဒီလို ဖြစ်မှာလား၊ ဒီလိုမဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာကိုသာ သိပါရစေ”ဟု ကျွန်တော် ပြန်၍ ဖြေပါသည်။

“ထိုအခါ အဝတ်များကို တနင်္ဂနွေတစ်ပတ်လောက် ထပ်၍ အစမ်း ဝတ်ကြည့်ရန် မန်နေဂျာသည် အကြံပေးလေသည်။ ဒီလို စမ်းကြည့်လို့မှ ` မကျေနပ်သေးလျှင် ပြန်ယူခဲ့ပါ။ မိတ်ဆွေ ကျေနပ်တဲ့ အဝတ်များနှင့် လဲပေး ပါ့မယ်၊ မိတ်ဆွေကို ခုလို ဒုက္ခပေးလိုက်ရတဲ့အတွက် ဝမ်းနည်းပါတယ်”ဟု ထပ်၍ပင် တောင်းပန်လိုက်ပါသေးသည်။ . ကျွန်တော်လည်း ကျေနပ်စွာနှင့် ဆိုင်ထဲမှထွက်လာပါသည်။ တနင်္ဂနွေ တစ်ပတ်မျှကြာသောအခါ ထို အဝတ်များသည် ဆေးမစွန်းတော့ချေ။ ထိုအခါမှ စ၍ ထိုတိုက်ဆိုင်ပေါ်တွင် ယုံကြည်စိတ်ချရသော စိတ်ဓာတ်များ ပြန်လည် – ပေါ်ပေါက်လာပါသည်။ ။

မန်နေဂျာလုပ်သူသည် ထိုတိုက်ဆိုင်တွင် အကြီးအကဲဖြစ်သည်မှာ အံ့သြစရာမရှိပါ။ ဈေးရောင်းသမားနှစ်ဦးမှာမူကား ထိုအချိုးအတိုင်းသာ သွားကြပါလျှင် တစ်သက်လုံး ဈေးရောင်းသမားဘဝမှ တက်နိုင်တော့မည် မဟုတ်ပေ။ ထိုဘဝနှင့်ပင် မရပ်သေးဘဲ ဈေးဝယ်သူများနှင့် ဘယ်အခါမျှ မတွေ့နိုင်သော ကုန်ထုပ်သည့်ဌာနသို့ အပို့ခံရကောင်း ခံရပေလိမ့်မည်။

ဒေါသကြီး၍ အလွန်ဆူပူတတ်သည့်’ အပြစ်ရှာသမားများပင်လျှင် သည်းခံ၍ ထောက်ထား ညှာတာစွာ နားထောင်သူ၏ ရှေ့တွင် စိတ်ပျော့ပျောင်း သွားတတ်ကြလေသည်။ အပြစ်ရှာသမားသည် ပါးပျဉ်းထနေသော မြွေဟောက် ကဲ့သို့ ဒေါသကြီးစွာ ဆူပူနေစဉ် ထိုသူကို ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ် နားထောင်နေရပေလိမ့်မည်။ . သာဓကပြပါအံ့။ နှစ်ပေါင်းအနည်းငယ်ခန့်က နယူးယောက် တယ်လီဖုန်း ကုမ္ပဏီသည် အဆိုးဆုံးသော ဖောက်သည်တစ်ဦးနှင့် တွေ့ခဲ့ရဖူး၏။ ထိုသူ သည် အလွန် ဒေါသကြီး၍ တယ်လီဖုန်း ပြောနေစဉ်ပင် တယ်လီဖုန်းကို ရိုက်ခွဲပစ်လိုက်မည်ဟု ကြိမ်းမောင်းဖူးလေသည်။ တယ်လီဖုန်းကုမ္ပဏီမှ တင်ပြ သော စာရင်းသည် မှားသည်ဟု ဆိုပြီးလျှင် တယ်လီဖုန်းခများကိုလည်း မပေးဘဲ နေလေသည်။ သတင်းစာများထဲတွင် ဆောင်းပါး အမျိုးမျိုး ရေးသား၍ တယ်လီဖုန်းကုမ္ပဏီကို “ထု ́ရုံနှင့် မကျေနပ်သေးဘဲ “ပြည်သူ့ အကျိုးကို စောင့်ရှောက်သော ကော်မရှင်” ထံသို့ တိုင်တန်းစာများကို ရေးသားပြီးလျှင် တယ်လီဖုန်းကုမ္ပဏီကို တရားရုံး၌လည်း အကြိမ်ကြိမ် တရားစွဲသေး၏။

နောက်ဆုံးတွင် ကုမ္ပဏီမှ အထူးပါးနပ်သူ ကိုယ်စားလှယ်တစ်ဦးကို ထို ‘လူဆူ” နှင့် သွားရောက်တွေ့ဆုံရန် စေလွှတ်လိုက်၏။ ထိုလူဆူ၏ ဒေါသနှင့် ရန်တွေ့သမျှစကားကို ကုမ္ပဏီ၏ ကိုယ်စားလှယ်သည် “ဟုတ်ပါ တယ်” ဟူ၍သာ ပြောပြီးလျှင် ဇွဲကောင်းကောင်းနှင့် သည်းခံ၍ နားထောင် .. နေ၏။ ။

“သူက ဒေါနှင့် မောနှင့် သုံးနာရီလောက် ဆူနေသည်ကို ကျွန်တော် လည်း ငြိမ်သက်စွာ နားထောင်နေပါသည်။ ဒုတိယတစ်ကြိမ် ထပ်မံတွေ့ဆုံပြီး ရှေးအခါက ကဲ့သို့ပင် နားထောင်၍ နေပြန်ပါသည်။ ကျွန်တော်သည် ထိုလူ ထံသို့ လေးကြိမ်တိုင်တိုင် သွားရောက်ခဲ့ရာ စတုတ္ထအကြိမ်တွင် သူတည်ထောင် ထားသော “တယ်လီဖုန်း အသုံးပြုသမားများ ကာကွယ်ရေးအသင်း” တွင် – ကျွန်တော့်ကိုလည်း အသင်းသားတစ်ဦးအဖြစ်နှင့် စာရင်းသွင်းထားပြီးဖြစ်သည် • ကို ကျွန်တော် သိပါသည်။ ယခုထက်တိုင် ထိုအသင်းတွင် ကျွန်တော်သည် – အသင်းသားတစ်ဦး ဖြစ်လျက်ရှိသေး၍ စတင် တည်ထောင်သော ထိုလူမှ တစ်ပါး ကမ္ဘာပေါ်တွင် ဤအသင်း၏ တစ်ဦးတည်းသော အသင်းသားမှာ – ကျွန်တော်ပင် ဖြစ်သည်ဟု သိရှိရပါသည်။ – ထိုသူနှင့် တွေ့ရှိရသော အခါတိုင်း သူပြောသမျှစကားများကို ကောင်းစွာ နားထောင်ပြီးလျှင် သူပြောသမျှ အချက်များကို ထောက်ခံလျက် ရှိသောကြောင့် သူနှင့် ကျွန်တော်တို့မှာ အကျွမ်းတဝင်ဖြစ်လာကြပါသည်။

သူ့ထံသို့ တယ်လီဖုန်းကုမ္ပဏီမှ စေလွှတ်လိုက်သောသူများသည် ကျွန်တော့် . ကဲ့သို့ တစ်ယောက်မျှ မလုပ်ကြပါ။ ပထမ ဒုတိယနှင့် တတိယ အခေါက် များတွင် ကျွန်တော် လာရသည့်အကြောင်းကို အနည်းငယ်မျှ ဖွင့်ဟ၍ မပြောပါ။ . စတုတ္ထအကြိမ်၌သာ အဖြစ်အပျက် အလုံးစုံကို ရှင်းပြရာ ထိုသူလည်း ကုမ္ပဏီသို့ ပေးရန်ရှိသော ငွေများကို ပေးရုံသာမက ပြည်သူ အကျိုးကို စောင့်ရှောက်သော ကော်မရှင်သို့ တယ်လီဖုန်းကုမ္ပဏီနှင့် စပ်လျဉ်း၍ တိုင်တန်းထားချက်များကို ပြန်လည် ရုပ်သိမ်းလိုက်ပါသေးသည်။”

ကုမ္ပဏီ၏ မတရားပြုကျင့်သောဘေးမှ တယ်လီဖုန်း အသုံးပြုသော သူများကို ကာကွယ်ပေးသူဟူ၍ ထိုလူသည် သူ့ကိုယ်ကို အထင်ကြီးနေသည် မှာ ယုံမှားဖွယ်ရာ မရှိပေ။ ကုမ္ပဏီကို ဆူပူကြိမ်းမောင်းနေခြင်းအားဖြင့် အထင်ကြီးလိုသောသူ၏ ဆန္ဒကို ပြေစေလေသည်။ သို့ရာတွင် ကုမ္ပဏီ၏ ကိုယ်စားလှယ် တစ်ဦးက သူ့ထံသို့ ခယ၀ပ်တွားလျက် သူ၏ အလိုသို့ လိုက်လျောပြောဆိုသောအခါ များစွာ ကျေနပ်ပြီးလျှင် ရှေးအခါက ကုမ္ပဏီ – ပေါ်တွင် မကျေနပ်ဟု သူကိုယ်တိုင် ယူဆချက်တို့သည် လေပြေလေညင်းတွင် လွင့်စင် ကွယ်ပျောက်လေသည်။

သိုးမွေးထည်များကို ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဒက်တမာ သိုးမွေးထည်ကုမ္ပဏီကြီး” ကို စတင် တည်ထောင် ခဲ့သူ ဂျူလီယန် အက်ဖ် ဒက်တမာ ဆိုသူ၏ အလုပ်ခန်းထဲသို့ တစ်မနက် တွင် အလွန် ဒေါသထွက်လျက်ရှိသော ဖောက်သည်တစ်ဦးသည် ဆူပူလျက် ဝင်လာလေသည်။ ။

“ထိုလူသည် ကျွန်တော်တို့ ကုမ္ပဏီသို့ ဒေါ်လာငွေ ၁၅ ပြားပေးရန် ရှိသေးသော်လည်း မရှိဟူ၍ ငြင်းလျက်ရှိပါသည်၊ သို့ရာတွင် ထိုသူမှားနေ ကြောင်းကိုမူကား ကျွန်တော်တို့ ကောင်းစွာ သိကြသောကြောင့် ကြွေးတောင်း သည့် ဌာနမှ ထိုငွေများကို ကျေလည်အောင်ပေးရန် စာများကို ပို့ကြပါသည်။ ကြွေးတောင်းစာများ တစ်စောင်ပြီးတစ်စောင် ထပ်၍ရသောအခါ ထိုလူသည် ရှီကာဂိုမြို့သို့ လိုက်လာပြီးလျှင် ကျွန်တော်တို့ တောင်းနေသော ကြွေးကို မပေးတော့ဘူးဟု ပြောရုံသာမဟုတ်ဘဲ၊ ကျွန်တော်တို့ ကုမ္ပဏီမှ နောက်ထပ်၍ ပိုက်ဆံတစ်ပြားဖိုးမျှ မဝယ်တော့ဘူးဟူ၍လည်း ပြောရန် ကျွန်တော်၏ အလုပ်ခန်းတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ”

“သူပြောနေစဉ် ကြားဖြတ်၍ ပြောချင်အားကြီးသော်လည်း မကောင်းမှန်း သိသောကြောင့် ဆိတ်ဆိတ်နားထောင်နေပြီးလျှင် သူပြောသလိုသမျှ ပြော၍ ပြီးအောင် စောင့်ဆိုင်းလျက်ရှိပါသည်၊ သူပြော၍ ဝသောအခါ ရှီကာဂိုမြို့ကို လာပြီး ယခုလို ဂရုတစိုက် ပြောပြသည့်အတွက် ကျေးဇူးအထူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကြွေးတောင်းဌာနက ခင်ဗျားကိုတောင် စိတ်ဆိုးအောင် လုပ်တယ်ဆိုရင် တခြားဖောက်သည်တွေကိုလဲ ဒီလိုပဲ စိတ်ဆိုးအောင် လုပ်မှာ ပဲ၊ ဒီတော့ ခင်ဗျားသာ လာမပြောရင် ဒီအကြောင်းတွေကို ဒီလို စုံစုံလင်လင် သိရမှာ မဟုတ်ပါဘူး၊ ခင်ဗျား ပြောချင်တာထက် ကျွန်တော်က ပိုပြီး နားထောင်ချင်တယ်ဆိုတာကို ယုံပါတော့ဟု ကျွန်တော်က ထိုလူအား ပြောပြ ပါသည်။ . ..

“ကျွန်တော်သည် ထိုကဲ့သို့ ပြောလိမ့်မည်ဟု ထိုသူသည် မမျှော်လင့်ခဲ့ ချေ၊ ရှီကာဂိုမြို့သို့ ကျွန်တော်နှင့် ရန်ဖြစ်ရအောင် လာခဲ့ရာ ကျွန်တော်နှင့် တွေ့သောခါ သူနှင့်ဖက်၍ ရန်မဖြစ်ဘဲ ကျေးဇူးတင်စကားများကိုသာ ပြောလျက် . ရှိသောကြောင့် ထိုသူသည် အနည်းငယ် စိတ်ပျက်သွားလေသည်၊ ကျွန်တော် တို့ မှာ စာရင်းအများကြီး ကြည့်ရ၍ ထိုလူမှာကား စာရင်းတစ်ခုတည်းကိုသာ ကြည့်ရသည် ဖြစ်သောကြောင့် စာရင်းမှားခြင်းမှားလျှင် ကျွန်တော်တို့သာ မှားယွင်းမည်ဖြစ်သဖြင့် သူ့ထံမှရရန်ရှိသော ဒေါ်လာ ၁၅ ပြားကို အကြွေး စာရင်းမှ ပယ်ထုတ်ပစ်ပါမည် ဟူ၍လည်း ထိုသူကို ကျွန်တော်က ဝန်ခံ ပါသည်။ …

“သူ့စိတ်ထဲတွင် ဘယ်လိုဖြစ်နေသည်ကို ကျွန်တော် ကောင်းစွာ သိရ သောကြောင့် ကျွန်တော်သာ အကယ်၍ သူ့နေရာတွင် နေရလျှင် ဒီလိုပဲ ဆူမှာပဲဟူ၍လည်း ကျွန်တော် ပြောလိုက်ပါသေးသည်။ ထို့နောက် ကျွန်တော်တို့ . ထံမှ နောက်နောင် ကုန်များဝယ်ယူတော့မည်မဟုတ်ရာ ကျွန်တော်ကဲ့သို့ ကုန် . ကောင်းများရောင်းသော ဆိုင်များ၏ အမည်များကိုပင် ပြောလိုက်ပါသေးသည်။

“ရှေးအခါက ရှီကာဂိုမြို့သို့လာတိုင်း သူနှင့် ကျွန်တော်သည် နေ့လယ် စာ အတူတူ စားကြသည်ဖြစ်ရာ ထိုနေ့တွင် နေ့လယ်စာ ကျွန်တော်နှင့် . အတူတူ စားရန် သူ့ကို ဖိတ်လိုက်ပါသည်၊ ကျွန်တော်၏ ဖိတ်ကြားခြင်းကို – သူသည် စိတ်မပါ့တပါနှင့် လက်ခံလိုက်ပါသည်၊ နေ့လယ်စာစားပြီး ကျွန်တော်၏ အလုပ်ခန်းသို့ ပြန်ရောက်ကြသောအခါ ရှေးက မှာဖူးသည်ထက် ပို၍များပြား သော ကုန်ပစ္စည်းများကို ပို့လိုက်ရန် မှာကြားပါသည်၊ အတော် စိတ်ကျေနပ်၍ အိမ်သို့ ပြန်သွားပြီးလျှင် အိမ်သို့ ရောက်သောအခါ ကျွန်တော်တို့က သူနှင့် တရားသဖြင့် ဆက်ဆံလိုက်သကဲ့သို့ သူကလည်း ကျွန်တော်တို့နှင့် တရားသဖြင့် ဆက်ဆံလိုသော သဘောဖြင့် စာရင်းများကို ပြန်လှန်စစ်ဆေး ကြည့်ရှုရာ သူ၏ အမှားကို တွေ့ ရသောကြောင့် ဒေါ်လာပြား ၁၅ ပြားတန်ချက်လက်မှတ် တစ်ခုနှင့် တောင်းပန်စာ တစ်စောင်ကို သူသည် ကျွန်တော်တို့ထံသို့ ပို့လိုက် ပါသည်။ ..

. “နောက် များမကြာမီ သူ၏ မိန်းမသည် သားယောက်ျားကလေးတစ်ဦး … ကို မျက်နှာမြင်သောအခါ ကလေး၏ အလယ်နာမည်အတွက် ဒက်တမာကို ယူ၍ မှည့်ပါသည်။ ထိုသူသည် နောက်နှစ်ပေါင်း ၂၂ နှစ်ကြာ၍ အနိစ္စရောက် သည်တိုင်အောင် ကျွန်တော်တို့ တိုက်ဆိုင်၏ ဖောက်သည်ကြီးတစ်ဦးအဖြစ် ဖြင့် စွဲမြဲဆက်ဆံလျက်ရှိပါသည်။”

နှစ်ပေါင်း အတော်ကြာလောက်က အမေရိကန်တွင် လာရောက်နေထိုင် , သော ဒတ်ချ်လူမျိုး သူငယ်ကလေးတစ်ဦးသည် ကျောင်းမှ စာအံဖြတ်လိုက် ” သည်နှင့် ပေါင်မုန့်ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက်များမှ ဖုန်များကို အငှား သုတ်လျက် ရှိလေသည်။ သူ၏ မိဘများသည် အလွန်အမင်း

ဆင်းရဲသောကြောင့်ကျောက်မီးသွေးလှည်းများမှ ကျကျန်ရစ်သော ကျောက်မီးသွေးခဲများကို လမ်းကြို ( လမ်းကြားတွင် ထိုသူငယ်ကလေးသည် – တောင်းတစ်လုံးနှင့် နေ့စဉ်လိုက်၍ ကောက်ရ၏။ ထိုသူငယ်၏ နာမည်မှာ အက်ဒွပ်ဘော့- ဖြစ်လေသည်။ သူသည် ကျောင်းတွင် ခြောက်နှစ်မျှသာ စာသင်ဖူးသော်လည်း အမေရိကန်ပြည်၏ သတင်းစာ မဂ္ဂဇင်းသမိုင်းတွင် အလွန်ထင်ရှားကျော်ကြားသော မဂ္ဂဇင်း အယ်ဒီတာကြီးဘဝသို့ပင် ရောက်ခဲ့ဖူးလေသည်။ ထိုဘဝသို့ရောက်အောင် ဘယ်လိုလုပ်ခဲ့ရသည်ကို ပြန်ပြောရလျှင် ရှည်၍ နေတော့မည်။ သို့ရာတွင် ထိုဘဝသို့ရောက်အောင် ဘယ်လိုစရသည်ကိုကား ခပ်တိုတိုနှင့် ပြောနိုင်မည် ဖြစ်၏။

သူ၏ နည်းများသည် ဤအခန်းတွင် ဖော်ပြလျက်ရှိသော နည်းများပင် ဖြစ်လေသည်။ . အသက် ၁၃ နှစ်တွင် ကျောင်းမှထွက်ပြီးနောက် ဝက်စတင် ယူနီယံ ကြေးနန်းကုမ္ပဏီ တွင် တနင်္ဂနွေတစ်ပတ်လျှင် ခြောက်ဒေါ်လာခွဲခန့်နှင့် အလုပ်လုပ်လေသည်။ ထိုကဲ့သို့ အလုပ်လုပ်နေရသော်လည်း ပညာသင်ရန် ကိုကား လက်မလျှော့ဘဲ ကိုယ့်ဒူးကိုယ်ချွန်၍ ပညာဆည်းပူးလျက်ရှိ၏။ အလုပ်တိုက်သို့ ခြေကျင်လာ၍ ရထားခအတွက် ကုန်မည့် ပိုက်ဆံကို စုပြီးလျှင် အမေရိကန်ပြည်သား ပုဂ္ဂိုလ်ထူးများ၏ အတ္ထုပ္ပတ္တိ စွယ်စုံကျမ်း စာအုပ်ကြီးကို ဝယ်ယူနိုင်သည့်တိုင်အောင် နေ့လယ်စာမစားဘဲနှင့် နေလေ သည်။ ထိုစွယ်စုံစာအုပ်ကြီးထဲမှ ပုဂ္ဂိုလ်ထူးများ၏ အတ္ထုပ္ပတ္တိကို ဖတ်ပြီးလျှင် ထိုလူကြီးများထံသို့ ငယ်စဉ်တောင်ကျေး ကလေးဘဝက သူတို့ မည်သို့ မည်ပုံ နေထိုင်ရသည့်အကြောင်းများကို စာအားဖြင့် ထပ်မံရေးသား၍ မေးမြန်း စုံစမ်း၏။ သူသည် ပြောသမျှစကားကို ကောင်းစွာ နားထောင်နိုင်သူတစ်ဦး ဖြစ်၍ ထိုနည်းဖြင့် ပုဂ္ဂိုလ်ထူးများအား သူတို့၏ အကြောင်းကို စိတ်အားထက် သန်စွာ ပြောအောင် တိုက်တွန်းခဲ့ဖူး၏။ ထိုအခါက အမေရိကန် သမ္မတ ရာထူးအတွက် ဝင်ရောက် အရွေးခံလျက်ရှိသော ဂျင်နရယ် ဂျိမ်း အေ ဂါဖီး ထံသို့ ငယ်စဉ်က သူသည် တူးမြောင်းတစ်ခုတွင် လှေထိုးသားကလေးဖြစ်ခဲ့ဖူး သည်ဆိုသော စကားသည် မှန် မမှန်ကို စာရေး၍ စုံစမ်းရာ ဂါဖီးသည် စာ ပြန်၏။ ဂျင်နရယ်ဂရန့်” ထံသို့ စစ်ပွဲတစ်ခုအကြောင်းနှင့် စပ်လျဉ်း၍ စာရေး စုံစမ်းရာ ဂရန့်သည် ၁၄ နှစ်မျှရှိသော ထိုသူငယ်ကလေးအား မိမိအိမ်သို့ ညစာစားရန် ဖိတ်ကြားပြီးလျှင် မြေပုံကြီး တစ်ခုဆွဲ၍ အချိန်အတော်ကြာစွာ ရှင်းပြ၏။ များမကြာမီ ဤရုံးပြာတာကလေးသည် တိုင်းပြည်တွင် အထင်ရှား အကျော်စောဆုံးဖြစ်သည့် အီမာဆန်း ဖိလစ်ဗရ၊ အော်လီဗာ ဝင်ဒယ် ဟုန်းလောင်းဖဲလိုး၊ မစ္စက် အဗာရာဟမ် လင်ကွန်း၊ လူဝီဇာ မေ အော်လကော့”။ ဂျင်နရယ် ရှားမန်း နှင့် ဂျက်ဖာဆန် ဒေးဗီဇ စသော ပုဂ္ဂိုလ်ကြီးများနှင့် စာပေးစာယူ ပြုလုပ်လျက်ရှိလေသည်။

စာရေးရုံသာမက အားလပ်ခွင့်ရတိုင်း ထိုလူကြီးများ၏ ဖိတ်ကြားချက် အရ ထိုသူတို့၏ နေအိမ်သို့ သွားရောက်လည်ပတ်လေ့ရှိ၏။ ဤအဖြစ်အပျက် သည် သူ၏ ရင်တွင်း၌ မိမိကိုယ်ကို မိမိအားကိုးသော စိတ်ဓာတ်များ မွေးမြူ စေလေသည်။ သူနှင့် တွေ့ရသော ပုဂ္ဂိုလ်ကြီးများသည် သူ၏ နောင်ရေးကို တစ်ခါတည်း ဖန်တီးပေးလိုက်လေသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ အခြားကြောင့် မဟုတ်။ ဤအခန်းတွင် ဖော်ပြပါရှိသော နည်းများကို အသုံးပြုသောကြောင့်သာ ဖြစ်ရကြောင်းကို ကျွန်ုပ်သည် တစ်ကြိမ် ထပ်၍ ပြောပါရစေ။ ။

ထင်ပေါ် ကျော်ကြားသော ပုဂ္ဂိုလ်ထူးများနှင့် တွေ့ဆုံ၍ သူတို့ထံမှ သတင်းယူသည့်နေရာတွင် ကမ္ဘာပေါ်၌ ပြိုင်ဖက်မရှိအောင် စွမ်းသော အိုင်ဇက် အက်ဖ် မာကော့ဆန်” ဆိုသူက များစွာသော သူတို့သည် တစ်ဖက်သား၏ အထင်ကြီးခြင်းကို မခံရခြင်းသည် အခြားကြောင့်မဟုတ်။ တစ်ဖက်သားစကား ပြောနေစဉ် အာရုံစိုက်၍နားမထောင်ခြင်းကြောင့်ပင် ဖြစ်လေသည်ဟု ဆိုထား ၏။ ပုဂ္ဂိုလ်များနှင့် သွားရောက် တွေ့ဆုံသူများသည် ဘာပြီး ဘာဆက်၍ မေးရမည်လောက်ကိုသာ စဉ်းစားလျက်ရှိသောကြောင့် ထိုပုဂ္ဂိုလ်ထူးများ ပြောနေသော စကားကို အာရုံစိုက်၍ နားမထောင်နိုင်ကြချေ။ ပုဂ္ဂိုလ်ထူးများက သူတို့သည် စကားကောင်းကောင်း ပြောသူများထက် စကားကောင်းကောင်း ” . နားထောင်သူများကို ပိုမိုနှစ်သက်ကြသည်ဟု ပြောကြားဖူးပါသည်။ တစ်ဖက်သား ပြောနေသော စကားများကို ဂရုတစိုက် နားထောင်နိုင်သော အရည်အချင်းသည် . အခြား အရည်အချင်းများထက်ပို၍ ရှားသေးသည်။ ။

မှ ပုဂ္ဂိုလ်ထူးများသာ မဟုတ်၊ လူသာမန်တို့လည်း သူတို့ပြောချင်သည့် . စကားကို ကောင်းကောင်း နားထောင်မည့်လူများကို အလိုရှိကြလေသည်။ ထို့ကြောင့် “ကောင်းကောင်းနားထောင်မည့် လူတစ်ယောက်ကို ရှာ၍ ပြောချင် သည့် စကားများကို ပြောလိုက်ရခြင်းဖြင့် မိမိ၏ စိတ္တဇနာများကို ပျောက် ကင်းအောင် လုပ်နိုင်ပါလျက်နှင့် များစွာသော လူတို့သည် ထိုသို့မလုပ်ဘဲ ဆရာဝန်ကိုခေါ်၍ သူတို့၏ ရောဂါကို ကုသစေလေသည်”ဟူ၍ စာပဒေသာ ခေါ် မဂ္ဂဇင်းတစ်စောင်က ဆိုထား၏။ ။

အမေရိကန် ပြည်ထောင်စု ပြည်တွင်းစစ်ပွဲ” သည် သဲသဲမဲမဲ တိုက်နေ သည့် အချိန်အခါက အဗရာဟမ် လင်ကွန်းသည် ဆပရင်းဖီးမြို့ရှိ မိတ်ဆွေ တစ်ဦးအား ဝါရှင်တန်မြို့တော်သို့ လာရောက်ရန် ဖိတ်ကြားလိုက်၏။ စာထဲတွင် စစ်အကြောင်းနှင့် စပ်လျဉ်း၍ သူနှင့် တိုင်ပင်လိုသောကြောင့် ဆက်ဆက်လာပါဟု လင်ကွန်းသည် ရေးလိုက်သည်။ မှာလိုက်သည့်အတိုင်း လင်ကွန်း၏ မိတ်ဆွေသည် သမ္မတမင်း၏ အိမ်တော်သို့ ရောက်လာရာ ငွေဝယ်ကျွန်များကို ကျွန်စာရင်းမှ လွှတ်သင့် မလွှတ်သင့်ကိစ္စနှင့် စပ်လျဉ်း၍ လင်ကွန်းသည် ထိုမိတ်ဆွေအား အတော်ကြာကြာ ပြောလျက်ရှိ၏။ ဤကဲ့သို့ ငွေဝယ်ကျွန်များကို လွှတ်ခြင်း၏ အကျိုးအပြစ်တို့ကို လင်ကွန်းကိုယ်တိုင် တစ်ခုမကျန် အပြန်အလှန် ပြောရုံသာမက အချို့ သတင်းစာများက ငွေဝယ် ကျွန်များကို လွှတ်မည်ကို ကြောက်၍လည်းကောင်း၊ အခြား သတင်းစာများက လည်း ထိုကျွန်များကို လွှတ်မပစ်သေး၍လည်းကောင်း ရှုတ်ချပြစ်တင်သည့် ဆောင်းပါးများကို တစ်ခုစီ ဖတ်ပြလျက်ရှိလေ၏။ အချိန်အတော်ကြာစွာ စကားပြောပြီးနောက် လင်ကွန်းသည် မိတ်ဆွေထံမှ တစ်လုံးတစ်ပါဒမျှ အကြံမတောင်းဘဲ ထိုသူကို ပြန်လွှတ်လိုက်၏။ အစမှ အဆုံးအထိ လင်ကွန်း တစ်ဦးတည်းသာလျှင် စကားပြောလျက် ရှိလေသည်။ “ကျွန်တော့်ကို ပြော ကြားပြီးနောက် သူ၏ ‘စိတ်ထဲမှာ အတော်ရှင်းသွားသည့် လက္ခဏာရှိပါသည်” ဟု ထိုမိတ်ဆွေကြီးက ပြောပြ၏။ စင်စစ်မှာ လင်ကွန်းသည် ထိုအခါက သူတစ်ပါးထံမှ အကြံဉာဏ်ကို အလိုမရှိ။ သူအလိုရှိသောအရာသည် သူ့ဝမ်း ထဲတွင် မျိုသိပ်ထားရသော အလုံးများကို အကုန်ထုတ်ပြောနိုင်၍ သူ့ကို အာရုံစိုက်ပြီး နားထောင်နေမည့် မိတ်ဆွေကောင်းတစ်ယောက်ပင် ဖြစ်လေ သည်။ ကျွန်ုပ်တို့တစ်တွေ အတိဒုက္ခရောက်နေသောအခါ၌ ကျွန်ုပ်တို့ အလိုရှိ သော အရာသည်လည်း ထိုအရာပင်ဖြစ်လေသည်။ စိတ်တိုနေသော ဈေးဝယ် သူနှင့် မကျေမချမ်းဖြစ်နေသော အလုပ်သမား သို့မဟုတ် စိတ်နာကြည်းနေ

သောမိတ်ဆွေ စသည်တို့ အလိုရှိသော အရာသည်လည်း စိတ်ရှည်လက်ရှည်ဖြင့် နားထောင်မည့်သူပင် ဖြစ်လေသည်။

အကယ်၍ သင့်ကို သူများသည် မပေါင်းသင်းလိုဘဲ ရှောင်ရှားသွား သည်ကိုသော်လည်းကောင်း၊ သင့်ကွယ်ရာတွင် အခြားလူများသည် သင့် အကြောင်းကို အတင်းပြော၍ သင့်ကို ရယ်သွမ်းသွေးခြင်းကိုသော်လည်းကောင်း သင်သည် အလိုရှိခဲ့ပါလျှင် အောက်ပါအတိုင်း ပြုကျင့်ပါလေ။

တစ်ဖက်သား စကားပြောနေစဉ် မည်သည့်အခါမျှ ခပ်ကြာကြာ နား မထောင်နှင့်။ သင့်အကြောင်းကို မရပ်မနားဘဲ ပြောပါ။ တစ်ဖက်သားစကား ပြောနေစဉ် သင်၌ အကြံတစ်ခုပေါ်လာသော် ထိုသူစကားပြောပြီးအောင် .. မစောင့်နှင့်၊ အတင်းလု၍ ပြောပါ။ ထိုသူသည် သင့်လောက်မှ မတော်ဘဲ အင်မတန် ငြီးငွေ့ဖွယ်ကောင်းတဲ့လူ သူ့စကားကို အဘယ်ကြောင့် အချိန်ကုန်ခံ ပြီး နားထောင်နေရမည်လဲ၊ သူပြောနေစဉ် အတင်းဝင်၍ ပြောပါလေ။

အထက်ပါနည်းကို လက်ကိုင်ထားလျက်ရှိသော လူစားကို သင်သည် တွေ့ဖူးပါ၏လား။ ကျွန်ုပ်မှာမူကား ကံအကြောင်း မကောင်းလှ၍ ထိုလူစား များကို တွေ့ကြုံဖူးပါသည်။ ထိုလူစားအချို့ကို အထက်တန်းစားလူများထဲတွင် တွေ့ရှိရသည်မှာ အလွန်အံ့သြစရာပင် ကောင်းသေး၏။ . ထိုလူများသည် ကိုယ့်ကိုယ်ကို အထင်ကြီးလျက်ရှိသောကြောင့် တစ်ဖက် သား၏ စိတ်ကို နှောင့်ယှက်တတ်သူများသာလျှင် ဖြစ်၏။ ထိုလူများသည် – သူတို့၏ အကြောင်းလောက်ကိုသာ စဉ်းစားကြလေသည်။ ။

“ကိုယ့်အကြောင်းလောက်ကိုသာ စဉ်းစားသူသည် မျှော်လင့်ဖွယ် မရှိ သော ပညာမဲ့တစ်ဦး ဖြစ်လေသည်၊ ထိုသူသည် ပြသသင်ကြားခြင်းကို မည်မျှခံရသော်လည်း ပညာမရှိ”ဟူ၍ ကိုလံဗီယာ ယူနီဗာစီတီ” ၏ ဥက္ကဋ္ဌ ဒေါက်တာ နိကိုလတ် မာရေး ဘတ္တလာ က ပြောပြဖူး၏။ ။

. ထို့ကြောင့် သင်သည် စကားပြောကောင်းတစ်ဦး ဖြစ်လိုပါလျှင် တစ်ဖက်သား စကားပြောစဉ် ဂရုစိုက်၍ နားထောင်နိုင်ပါစေ။ သင့်အပေါ်တွင် တစ်ဖက်သားတို့ စိတ်ဝင်စားစေလိုလျှင် တစ်ဖက်သားတို့ အပေါ်တွင် သင်သည် စိတ်ဝင်စားပါဟူ၍ မစ္စတာချားနော်သံလည်း ပြောပြဖူးလေသည်။ တစ်ဖက်သား တို့ စိတ်ပါလက်ပါနှင့် ဖြေချင်သည့် မေးခွန်းများကို မေးပါ။ တစ်ဖက်သား၏ အကြောင်းနှင့် သူ၏ စွမ်းရည်သတ္တိများကို ထုတ်ဖော်ပြောပြနိုင်အောင် အားပေးပါ။ ,

သင်နှင့် စကားပြောနေသောသူသည် သင်နှင့်တကွ သင်၏ လိုအင် ဆန္ဒများ သင်၏ အခက်အခဲများထက် သူ့ကိုယ်နှင့် သူ့လိုအင်ဆန္ဒ သူ့ အခက် အခဲများတွင် အဆရာပေါင်းများစွာ ပို၍ စိတ်ဝင်စားလျက် ရှိကြောင်းကို သင်သည် အစဉ်သတိရပါ။ တရုတ်ပြည်ကြီးတွင် လူတစ်သန်း သေကြေ ပျက်စီးစေသည့် အစာငတ်မွတ်ခေါင်းပါးသော ကပ်သည် သူ့အဖို့တွင် သူ၏ သွားကိုက်ရောဂါလောက် အရေးမကြီးပေ။ အာဖရိကတိုက်တွင် အကြိမ် ၄ဝ လှုပ်သော ငလျင်များထက် သူ့လည်ပင်းတွင်ပေါက်နေသော အနာစိမ်းပေါ်တွင် သူသည် ပို၍ စိတ်ဝင်စားပေလိမ့်မည်။ နောက်တစ်ကြိမ် တစ်စုံတစ်ယောက်သော သူနှင့် စကားပြောမည်ဟု ကြံလျှင် ထိုအကြောင်းကို သတိရပါစေ။ ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် နည်းအမှတ် ၄ သည်

တစ်ဖက်သားစကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ။ တစ်ဖက်သား တို့အား သူတို့၏အကြောင်းပြောပြရန် အားပေးပါ။