မိတ္တဗလဋီကာ

အခန်း ၅ ကိုယ့်ဘက်ပါအောင် လုပ်နည်း

ဘွိုင်စတားဘေအရပ်ရှိ သီအိုဒို ရုစဗဲ့ထံသို့ သွားရောက်လည်ပတ်သောလူတိုင်း သီအိုဒို၏ ဗဟုသုတများပုံကို အံ့အားသင့်လျက် ရှိရပေလိမ့်မည်။ “နွားကျောင်း သား၊ ဘုရားတကာ၊ သင်္ဂြိုဟ်ဆရာ၊ နိုင်ငံရေးသမားမှစ၍ မည်သူမဆို သီအိုဒိုနှင့် တွေ့ဆုံသော သူအပေါင်းအား ဘယ်သူ့ကို ဘယ်စကားပြောရမည်ကို သီအိုဒိုသည် ကောင်းစွာ သိလေသည်” ဟု ဂမဲလီအယ် ဘရက်ဖို့” က ရေးသား ဖူးလေသည်။ ဤကဲ့သို့ လူတွေ့တိုင်း အလျဉ်းသင့်အောင် စကားပြောနိုင်ရန် နည်းသည် အလွန်လွယ်ကူ၏။ အကယ်၍ ဧည့်သည်တစ်ဦးနှင့် တွေ့ ရတော့ မည်ဟု ဆိုလျှင် မတွေ့မီ တစ်ညက ထိုဧည့်သည် ဝါသနာပါသော ဘာသာ တစ်ခုခုကို အပင်ပန်းခံ၍ ဖတ်ထားခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ အဘယ့်ကြောင့် လုပ်ရသနည်းဆိုသော် လူတစ်ဦးတစ်ယောက် ၏ စိတ်ကို ထိခိုက်အောင်ပြောရန် အကောင်းဆုံးနည်းသည် ထိုလူကိုယ်တိုင် အမြတ်တနိုးထားသော အရာဝတ္ထုများအကြောင်းကို ပြောခြင်းပင် ဖြစ်ပေသည် ဟူ၍ လူတို့၏ ခေါင်းဆောင်တိုင်း သိသကဲ့သို့ ရုစဗဲ့လည်း သိသောကြောင့် ပင် ဖြစ်၏။

ယေး ယူနီဗာစီတီ ၏ စာပေပါမောက္ခ တစ်ခါက ဖြစ်ခဲ့ဖူးသော ဝီလျံ လီယွန် ၃ သည် ထိုသင်ခန်းစာကို ငယ်ရွယ်စဉ်အခါကပင် စ၍ သိရှိ လာခဲ့လေသည်။

ကျွန်တော်သည် ၈ နှစ်သား အရွယ်လောက်က ကျွန်တော်၏ အဒေါ် လစ်ဘီ လင်းစလေး” ၏ အိမ်သို့ သွားရောက်လည်ပတ်နေစဉ် တစ်ညနေတွင် “အသက်အရွယ် လေးဆယ်ခန့်ရှိ လူကြီးတစ်ယောက် ပေါက်လာလေသည်။ ထိုလူကြီးသည် ကျွန်တော်၏ အဒေါ်နှင့် နှုတ်ခွန်းဆက်သပြီးလျှင် ကျွန်တော့်ကို လှမ်း၍ စကားပြောပါသည်။ ထိုအခါက ကျွန်တော်သည် လှေများတွင် အလွန် ဝါသနာပါလျက်ရှိရာ ထိုလူကြီးသည် လှေအကြောင်းကို ကျွန်တော် အလွန် စိတ်ဝင်စားလာအောင် ပြောပြလျက်ရှိ၏။ သူပြန်သွားသောအခါ သူ့ အကြောင်းကို စိတ်အားထက်သန်စွာနှင့် ကျွန်တော်၏ အဒေါ်ထံတွင် ကျွန်တော် သည် စုံစမ်းမေးမြန်းပါသည်။ “သူ ဘယ်သူလဲအဒေါ်၊ သူလဲ ကျွန်တော့်လိုပဲ လှေကို သိပ်ဝါသနာပါတာပဲ”ဟု ပြောရာ “သူဟာ နယူးယောက်က ရှေ့နေကြီးကွ၊ မင်းရဲ့ လှေကို ဝါသနာမပါ ပါဘူးကွာ”ဟု ကျွန်တော်၏ အဒေါ်က ပြန်ပြော ပါသည်။ ။

ထိုအခါ “ဒါဖြင့်ရင် ဘာဖြစ်လို့ ရောက်ကတည်းက စပြီး လှေအကြောင်း ကိုချည်းပဲ သူလျှောက်ပြောနေရတာလဲ”ဟု ကျွန်တော်က ထပ်၍ မေးရာ “မင်းက လှေအကြောင်းကို ဝါသနာပါတာကို သူသိတာကိုးကွ၊ ဒီတော့ မင်း ကြိုက်အောင် မင်းဝါသနာပါတဲ့ဟာကို လျှောက်ပြီးပြောရတာပေါ့၊ ယဉ်ကျေးတဲ့ လူဆိုတာ ဒီလိုပေါ့ကွ” ဟူ၍ ကျွန်တော်၏ အဒေါ်က ပြန်ပြောပါသည်။

ကျွန်တော်၏အဒေါ် ပြောသော စကားများကို ကျွန်တော်သည် ဘယ် အခါမျှ မေ့မည်မဟုတ်ပါဟူ၍ ပရော်ဖက်ဆာ ဝီလျံ လီယွန်ဖွဲ့သည် “လူ့သဘော” – အကြောင်း ဆောင်းပါးတွင် ရေးသားခဲ့လေသည်။

ယခုအခန်းကို ရေးသားနေစဉ် ကင်းထောက် လုပ်ငန်းတွင် နာမည်ကြီး သူ အက်ဒွပ် အယ် ရှလစ်” ထံမှ စာသည် ကျွန်တော့်ရှေ့တွင် ရှိပါသည်။ ထိုစာကို အောက်တွင် ဖော်ပြပါအံ့။

တစ်နေ့သ၌ တစ်စုံတစ်ယောက်ထံမှ အကူအညီတောင်းရန် .. ကိစ္စတစ်ခု ကျွန်တော့်ထံ၌ ပေါ်ပေါက်လာပါသည်။ ဥရောပတိုက်တွင် ကင်းထောက် ညီလာခံ ကျင်းပမည်ဖြစ်ရာ အမေရိကန်ပြည်၏ သူဌေးကြီးတစ်ဦးထံ ကျွန်တော်၏ တပည့်ကလေး တစ်ယောက်အတွက် စရိတ်ခံရန် ပြောကြားလိုပါသည်။

ကံအားလျော်စွာ ထိုသူဌေးကို သွားရောက်တွေ့ဆုံမည်ဟု စီစဉ် နေဆဲတွင် ထိုသူဌေးကြီးသည် ဒေါ်လာတစ်သန်းတန် ချက်လက်မှတ် တစ်စောင်ကို ရေးသားပြီးမှ ငွေမထုတ်ဖြစ်ဘဲ ဖျက်သိမ်းပစ်လိုက်ပြီးလျှင် ထိုလက်မှတ်ကို ဘောင်သွင်းထားသည်ဟု ကျွန်တော် သတင်းရပါသည်။

ထို့ကြောင့် ထိုသူဌေးကြီး၏ အလုပ်ခန်းတွင်းသို့ ဝင်မိလျှင် ဝင်မိချင်း ဘောင်သွင်းထားသော ထိုချက်လက်မှတ်ကို ကြည့်ပါရစေဟု ရှေးဦးစွာ ခွင့်တောင်းပါသည်။ ဤကဲ့သို့ တစ်သန်းတန် ချက်လက်မှတ် မျိုးကို အခြားသူဌေးများ ရေးဖူးသည်ဟု ကျွန်တော် မကြားဖူးသော ကြောင့် ထိုချက်လက်မှတ်ကို ́ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရသည်ဟု ကျွန်တော့် တပည့်ကလေးများအား ပြောပြချင်ပါသည်ဟူ၍ ထိုသူဌေး အား ကျွန်တော် ပြောပြပါသည်။ သူဌေးကြီးလည်း ဝမ်းမြောက်ဝမ်းသာ စွာနှင့် ထိုချက်လက်မှတ်ကို ထုတ်၍ပြသောအခါ ကျွန်တော်သည် ချက်လက်မှတ်ကို ကြည့်ပြီးလျှင် ‘ ချီးမွမ်းလျက် ဘယ်လိုဖြစ်ပြီး ထိုချက်လက်မှတ်ကို ရေးရပါသနည်းဟု သူဌေးကြီးအား မေးမိပါသည်။ | မစ္စတာ ရှလစ်သည် သူဌေးကြီးနှင့် တွေ့လျှင် တွေ့ချင်း ကင်းထောက် လုပ်ငန်းကိုလည်းကောင်း၊ ဥရောပတိုက်တွင် ကျင်းပမည့် ကင်းထောက်ညီလာခံ . အကြောင်းကိုသော်လည်းကောင်း သူအလိုရှိသည့် ကိစ္စကိုသော်လည်းကောင်း စပြီး မပြောသည်ကို သင်သည် သတိထားမိပါ၏လား။ ထိုသူဌေးကြီး စိတ်ဝင်စားလျက်ရှိသော အကြောင်းအရာကသာ စ၍ ပြောကြားလေသည်။

ထိုကဲ့သို့ ပြောသည့်အတွက် အောက်ပါ အကျိုးထူးများ ခံစားရ၏။

. “ဒါထက် မောင် ဦးကိုလာပြီး တွေ့တဲ့ကိစ္စက ဘာပါလိမ့်”ဟု သူဌေးကြီးသည် ကျွန်တော့်ကို မေး၍ ကျွန်တော်လည်း အကျိုး အကြောင်းကို ပြောပြလိုက်ပါသည်။ ‘

ကျွန်တော်က တစ်ယောက်အတွက် စရိတ်ကိုသာ တောင်း သော်လည်း သူငယ်ကလေး ၅ ယောက်နှင့် ကျွန်တော့် အတွက်ပါ ဒေါ်လာတစ်ထောင်တန် ချက်လက်မှတ်တစ်စောင်ကို ထုတ်ပေးပြီးလျှင် ကျွန်တော်တို့ စီစဉ်ထားသည့်အတိုင်း ဥရောပတိုက်တွင် တနင်္ဂနွေ တစ်ပတ်မကဘဲ တနင်္ဂနွေ ၇ ပတ် နေ ရန်ကိုလည်း မှာကြားလိုက်ပါသည်။ ထို့ပြင် ဥရောပတိုက်ရှိ ဆိုင်ခွဲများက မန်နေဂျာများထံသို့လည်း – ကျွန်တော်တို့အား ဂရုစိုက် စောင့်ရှောက်ကြည့်ရှုရန် မိတ်ဆက်စာများ ရေးသားပေးပို့ပါသေးသည်။ သူကိုယ်တိုင်လည်း ပဲရစ်မြို့တော် မှနေ၍ ကျွန်တော်တို့လူစုကို ဆီးကြိုပြီးလျှင် မြို့ကိုလည်ပြပါသည်။ ထိုအခါမှ စပြီး မိဘဆင်းရဲသော ကျွန်တော်၏ တပည့်ကလေးများကို သူ့လက် အောက်တွင် အလုပ်ပေး၍ ကျွန်တော်တို့ ကင်းထောက်လုပ်ငန်းတွင် ကိုယ်ထိလက်ရောက် ကူညီလျက် ရှိပါသည်။ ။ ( အကယ်၍သာ ထိုသူဌေးကြီးသည် မည်သည့်အရာတွင် စိတ်ဝင်စား သည်ကို ကျွန်တော် ရှေးဦးစွာ သိရှိမထားမိသည့်အတွက် သူစိတ်ပါလာအောင် “ဆွ”မပေးနိုင်ရင် ယခုရရှိသောအရာများ၏ ဆယ်ပုံတစ်ပုံကို ရရန်ပင် ခဲယဉ်း ပေလိမ့်မည်။ ။

ဤနည်းသည် ကုန်ရောင်းကုန်ဝယ်ရာ၌လည်း အသုံး ဝင် မဝင်ကို ကြည့်ကြဦးစို့။

နယူးယောက်မြို့ရှိ “ဒုဗားနိူင်နှင့်သားများ” ခေါ် ပထမတန်း ပေါင်မုန့် ဆိုင်တစ်ဆိုင်၏ပိုင်ရှင် ဟင်နရီ ဂျီဒူဗားနိူင်သည် နယူးယောက်မြို့ရှိ ဟိုတယ် ဆိုင်တစ်ဆိုင်သို့ သူ၏ ပေါင်မုန့်များကို ရောင်းရန် ကြိုးစားလျက်ရှိလေသည်။ ထိုကိစ္စ အောင်မြင်ရန် လေးနှစ်တိုင်တိုင် တနင်္ဂနွေတစ်ပတ်လျှင် တစ်ကြိမ်ကျ ဒူဗားနှိုင်သည် ဟိုတယ်မန်နေဂျာနှင့် သွားရောက် တွေ့ဆုံလေသည်။ ထိုမန်နေဂျာ နှင့် အကျွမ်းတဝင်ဖြစ်စေရန်သဘောဖြင့် သူတက်ရောက်သော “ပွဲထိုင်များသို့ ဒုဗားရွိုင်လည်း တက်ရောက်ရုံသာမက သူ၏ ဟိုတယ်ဆိုင်၌ပင်လျှင် အခန်း ငှား၍ အတော်ကြာကြာ နေခဲ့ဖူး၏။ သို့ရာတွင် အကြောင်းမထူးချေ။

“ထို့နောက် မိတ္တဗလနည်းများကို လေ့လာဆည်းပူးပြီးသောအခါ ကျွန်တော်သည် နည်းသစ်တစ်နည်းကို ထင်ပါသည်။ မန်နေဂျာသည် မည်သည့် ‘ အရာတွင် စိတ်အဝင်စားဆုံးဖြစ်သည်ကို စုံစမ်းသိရှိနိုင်ရန် သန္နိဋ္ဌာန်ချလိုက် ပါသည်”ဟု ဒုဗားရွိုင်က ပြောပြလေသည်။

ထိုမန်နေဂျာသည် “ဟိုတယ်ပိုင်ရှင်များ၏ အသင်း” တွင် ပါဝင်လာ ကြောင်းကို များမကြာမီက စုံစမ်းသိရှိရပါသောကြောင့် အသင်းဥက္ကဋ္ဌအဖြစ်သို့ `တင်မြှောက်ခြင်း ခံရကြောင်းကိုလည်း စုံစမ်းသိရှိရပါသည်။ ထိုအသင်းတွင် စိတ်ဝင်စားလွန်းအားကြီးသောကြောင့် အကယ်၍ အသင်း၏ အစည်းအဝေး များသို့ တောင်စဉ်အထပ်ထပ်ကို ဖြတ်ကျော်ကူးသန်း၍ သွားရစေကာ မဆိုင်းမတွ သွားမည့်အကြောင်းကိုလည်း စုံစမ်းသိရပါသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် မန်နေဂျာနှင့် တွေ့သောအခါ ထိုအသင်း အကြောင်းကို စ၍ ပြောပါသည်။ သူသည် မည်မျှ စိတ်ထက်သန်စွာနှင့် စကား ပြန်ပြောသည်ကို တွေး၍သာ ကြည့်ပါတော့၊ အသင်းအကြောင်းနှင့် စပ်လျဉ်း၍ နာရီဝက်လောက် ပြောကြားရာ စကားလုံးတိုင်းသည် သူ၏ .. နှုတ်မှ မြူး၍ ထွက်လာပါသည်။ ဤအသင်းသည် သူ၏ အသက်ဘူးဖြစ်ကြောင်း ကို ကျွန်တော်တို့ တွေ့ရပါသည်။ သူ့အလုပ်ခန်းမှ ထွက်မလာခင် အသင်းသား လက်မှတ်တစ်စောင်ကို ကျွန်တော့်အား ရောင်းလိုက်ပါသေးသည်။

ကျွန်တော်လည်း ပေါင်မုန့်အကြောင်းနှင့် စပ်လျဉ်း၍ တစ်ခွန်း တစ်ပါဒမျှ စပ်၍ မပြောခဲ့ပါ။ သို့ရာတွင် ရက်အနည်းငယ်ကြာသောအခါ ထိုဟိုတယ်၏ လုပ်သားမှူး” သည် ပေါင်မုန့်နမူနာနှင့် ဈေးနှုန်းစာရင်းကိုပါ ယူ၍လာရန် ကျွန်တော့်ထံသို့ တယ်လီဖုန်းနှင့် ပြောပါသည်။

“ခင်ဗျား အဘိုးကြီးကို ဘယ့်နှယ်လုပ်လိုက်သလဲ၊ ခင်ဗျားကို အတော် ကျနေပြီဆရာ’ဟူ၍ ထိုသူက တယ်လီဖုန်းမှ လှမ်း၍ ပြောပါသည်။

` ကျွန်တော်သည် လေးနှစ်တိုင်တိုင် ထိုမန်နေဂျာထံတွင် ပေါင်မုန့် ရောင်းရအောင် ကြိုးစားခဲ့ပါသည်။ အကယ်၍သာ သူဝါသနာပါသောအရာ သည် မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာကို စိတ်ပါလက်ပါ ပြောချင်သည် ဆိုသော အကြောင်းကို ဂရုစိုက်၍ ရှာဖွေခြင်း မပြုမိရင် သူ့ထံတွင် ပေါင်မုန့်ရောင်းရန် ကျွန်တော်၏ ကြိုးစားချက်တို့သည် ယခုတိုင် အချည်းနှီးပင် ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် နည်းအမှတ် ၅ သည် . တစ်ဖက်သား စိတ်ဝင်စားလျက်ရှိသည့် ကိစ္စဘက်မှနေ၍ ဆွဲပါ။