မိတ္တဗလဋီကာ

အခန်း ၆ တွေ့လျှင် တွေ့ချင်း သဘောကျစေရန်နည်း

နယူးယောက်မြို့၏ ၃၃ လမ်းနှင့် အဋ္ဌမရိပ်သာ” လမ်းထောင့်ရှိ စာတိုက်တွင် စာတစ်စောင်ကို မှတ်ပုံတင်ရန်ရှိသာကြောင့် ကျွန်ုပ်အလှည့်သို့ ရောက်ရန် စောင့်ဆိုင်းလျက်ရှိလေသည်။ စာအိတ်များကို ချိန်ရခြင်း၊ တံဆိပ်ခေါင်းများကို လှမ်းပေးရခြင်း၊ ငွေအကြွေအမ်းရခြင်း၊ ပြေစာဖြတ်ပိုင်းများကို ရေးပေးရခြင်း စသော အလုပ်များကို ဆက်ကာ ဆက်ကာ ́ နေထွက်မှ နေဝင်အထိ နှစ်ရှည် လများ လုပ်ကိုင်နေရသောကြောင့် မှတ်ပုံတင်စာရေးသည် သူ၏အလုပ်တွင် အတော် ငြီးငွေ့လျက်ရှိလေသည်။ ထို့ကြောင့် ဒီလူတော့ ငါ့ကို သဘောကျအောင် လုပ်ဦးမှပဲ။ အင်း သူသဘောကျအောင် လုပ်ချင်ရင် ငါ့အကြောင်း ပြောလို့တော့ မဖြစ်ဘူး၊ သူ့အကြောင်း ပြောမှပဲ။ ဒီတော့ သူ့အပေါ်မှာ ငါတကယ် ချီးမွမ်း နိုင်တာ ဘာများရှိပါလိမ့်ဟူ၍ ကျွန်ုပ်ကိုယ်ကို ပြန်မေးလျက် ရှိလေသည်။

သူစိမ်းတစ်ယောက်နှင့် သက်ဆိုင်သောအခါ ထိုမေးခွန်းကို ဖြေရန် မလွယ်ကူလှချေ။ သို့ရာတွင် ထိုစာရေးအတွက် ဤမေးခွန်းကို ဖြေရန်မှာ လွယ်ကူလျက်ရှိသည်ကို တွေ့ရ၏။ ကျွန်ုပ် စိတ်ရောကိုယ်ပါ ချီးမွမ်းနိုင်သော ပစ္စည်းတစ်ခုသည် သူ့၌ ရှိသည်ကို ကျွန်ုပ်သည် ရုတ်တရက် တွေ့ရလေသည်။

ထို့ကြောင့် သူသည် ကျွန်ုပ်၏ စာအိတ်ကို ချိန်တွယ်နေစဉ် ‘ဒီမှာ ‘ . မိတ်ဆွေ၊ ခင်ဗျားခေါင်းက ဆံပင်တွေ တယ်ကောင်းပါလား၊ ကျွန်တော့် ခေါင်းပေါ်မှာလဲ ဒီလိုဆံပင်မျိုးတွေပေါက်ရင် ဘယ်လောက်ကောင်းမလဲလို့ အောက်မေ့နေတယ်”ဟု သူ့ကို လှမ်း၍ ပြောလိုက်၏။

၊ အနည်းငယ် အံ့အားသင့်သောမျက်နှာနှင့် ကျွန်တော့်ကို မော့ကြည့်ပြီး နောက် သူသည် ပြီးနေလေသည်။ “ဟာ ဒီဆံပင်တွေ အရင်တုန်းကလောက် ကြည့်မကောင်းပါဘူးဗျာ”ဟု သူသည် ပြန်၍ ပြော၏။ “အရင်ကလောက် ကြည့်မကောင်းဘူး ဆိုတာတောင် အတော် ဟုတ်သေးတာပဲ” ဟု ကျွန်ုပ်က ထပ်၍ ဆက်လိုက်ရာ သူသည် အလွန် ပီတိဖြစ်သွား၏။ အနည်းငယ် စကား ဆက်၍ ပြောကြပြီးနောက် “ကျွန်တော့ဆံပင်ကို လူတွေ တော်တော်ချီးမွမ်း ကြတယ်”ဟု ကျွန်ုပ် ထွက်လာခါနီးတွင် သူထပ်၍ ပြောလိုက်သေး၏။

. ထိုနေ့တွင် နေ့လယ်စာစားရန်သွားသောအခါ ထိုစာရေးသည် အတော် ဘဝင်မြောက်နေလိမ့်မည်ဟု ကျွန်ုပ် လောင်းရဲသည်။ ထိုနေ့တွင် အိမ်သို့ ပြန် ရောက်သောအခါ ကျွန်ုပ်နှင့် တွေ့ခဲ့သည့်အကြောင်းကို သူ၏ မိန်းမအား ပြန်၍ ပြောလိမ့်မည်ဟု ကျွန်ုပ် လောင်းရဲသည်။ ထိုစာရေးသည် မှန်ထဲကြည့်၍ “ငါ့ဆံပင်တွေ တယ်ကောင်းပါလား” ဟု ပြောလိမ့်မည်ဟူ၍ ကျွန်ုပ် လောင်းရဲ သည်။

ဤအကြောင်းကို ပရိသတ်များထဲတွင် ကျွန်ုပ် ပြန်ပြောဖူးရာ ကျွန်ုပ် သည် ထိုစာရေးထံမှ ဘာကို အလိုရှိ၍ ထိုကဲ့သို့ ပြောရသနည်းဟု လူတစ် ယောက်က နောင်အခါ၌ မေးဖူး၏။ ။ – ဘာကိုမျှ လိုချင်၍ မဟုတ်ပါ။ ကျွန်ုပ်တို့သည် တစ်ဖက်သားထံမှ ရစရာရှိမှသာလျှင် ထိုတစ်ဖက်သားကို ပီတိဖြစ်အောင် ပြုလုပ်နိုင်မည်ဟူသော အလွန် ရွံစရာကောင်းသည့် စိတ်ယုတ်မာများ မွေးမြူခဲ့သော် ထိုစိတ်ယုတ်မာ များနှင့် ထိုက်တန်သည့် ဆုံးရှုံးပျက်စီးခြင်းများကိုသာ ကျွန်ုပ်တို့ အစဉ်ရရှိပေ လိမ့်မည်။ . “

` မည်သည့်အရာကို လိုချင်သောကြောင့် ဤကဲ့သို့ ပြောရသနည်းဟူသော မေးခွန်းကို မဖြေမနေရဟု ဆိုလျှင် လူတစ်ဖက်သားထံမှ တစ်စုံတစ်ခုကို မမျှော်လင့်ဘဲနှင့် ထိုလူကို ပီတိဖြစ်အောင် လုပ်ပေးခဲ့ရသည်ဟူ၍ ဖြေဆိုရမည် ဖြစ်၏။ ထိုသို့ ဆောင်ရွက်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ အတော်ကြာသော်လည်း ထိုသို့ ဆောင်ရွက်ရသည့်အတွက် ပီတိဖြစ်နေသော စိတ်တို့သည် ကျွန်ုပ်တို့၏ ရင်တွင်း၌ ကိန်းအောင်းလျက်ရှိမည် ဖြစ်၏။

လူတို့၏ အပြုအမူနှင့် စပ်လျဉ်းလျှင် ရွှေနှင့်စက်၍ အဖိုးတန်သော ဥပဒေတစ်ရပ် ရှိလေသည်။ ထိုဥပဒေကို လိုက်နာသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့သည် ဘယ်အခါမျှ ဘေးမတွေ့နိုင်ရုံသာမက ထိုသို့ လိုက်နာခြင်း ဖြင့် အခြွေအရံ မိတ်သင်္ဂဟပေါများခြင်း၊ ကာယသုခ စိတ္တသုခ အစဉ်တိုးတက် ခြင်းတို့နှင့် ပြည့်စုံပေလိမ့်မည် ဖြစ်၏။ သို့ရာတွင် ထိုဥပဒေကို ကျူးလွန် ဖောက်ဖျက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့သည် ဘေးတွေ့မည်မှာ မလွဲတည်း။ ထိုဥပဒေသည် “တစ်ဖက်သားအား သူ့ကိုယ်ကို သူ အထင်ကြီးလေအောင် အစဉ်လုပ်ပေးပါ” ပင် ဖြစ်လေသည်။ လူတို့တွင် ကိုယ့်ကိုယ်ကို အထင်ကြီးလို သော ဆန္ဒသည် အပြင်းဆုံးဆန္ဒဖြစ်သည်ဟု “ပရော်ဖက်ဆာ ဂျွန် ဂျူဝီက ဆို၍ မိမိအား တစ်ဖက်သား၏ အထင်ကြီးခြင်းကို ခံလိုသော ဆန္ဒသည် လူတို့တွင် အပြင်းဆုံးဆန္ဒဖြစ်လေသည်ဟု ပရော်ဖက်ဆာ ဝီလျံဂျိမ်းက ဆိုသည့်ဟူ၍ အထက်တစ်နေရာတွင် ကျွန်ုပ်တို့ ဖော်ပြခဲ့ဖူးလေပြီ။ ထို့ပြင်လည်း တိရစ္ဆာန်များနှင့် ကျွန်ုပ်တို့၏ ခြားနားခြင်း အကြောင်းရင်းသည် ထိုဆန္ဒပင် ဖြစ်လေသည်ဟူ၍လည်း ကျွန်ုပ်ကိုယ်တိုင် ဖော်ပြခဲ့ဖူးလေပြီ။ ကမ္ဘာကြီး၏ ယဉ်ကျေး သိမ်မွေ့မှုသည်လည်း ထိုဆန္ဒအပေါ်၌ပင် မှီလျက်ရှိ၏။

ပညာရှိကြီးများသည် မိတ္တဗလ လုပ်နည်းများကို နှစ်ထောင်ပေါင်းများစွာ ကပင် အစပြု၍ ကြံဆခဲ့ကြရာ နောက်ဆုံး၌ နည်းကောင်းတစ်နည်းကိုသာ တွေ့ရလေသည်။ ထိုနည်းသည် အသစ်အဆန်း မဟုတ်။ လူပေါ်စက ပေါ်လျက်ရှိသော လက်ဟောင်းနည်းကြီးပင် ဖြစ်လေသည်။ ဇိုရိုအက်စတား” သည် နှစ်ပေါင်း သုံးထောင်ကျော်လောက်က မီးကို ကိုးကွယ်သော သူ၏ တပည့် ပါရှန်လူမျိုးများအား ထိုနည်းကို သင်ခဲ့ဖူးလေသည်။ နှစ်ပေါင်း နှစ်ထောင့်လေးရာကျော်လောက်က ကွန်ဖူးဇီးသည် တရုတ်ပြည်တွင် ထိုနည်းကို ဟောခဲ့ဖူးလေသည်။ တအိုးဂိုဏ်း’ ကို တည်ထောင်ခဲ့သူ လာအိုဇီ” သည်လည်း ဟန် တောင်ကြားတွင် သူ၏ တပည့် ဂိုဏ်းသားတို့အား ထိုနည်းကိုပင် ဟောပြောခဲ့ဖူးလေသည်။ ခရစ်မပေါ်မီ နှစ်ပေါင်းငါးရာကပင် မြတ်စွာဘုရား သခင်သည် မဇ္ဈိမဒေသ၌ ဤနည်းကို ဟောကြားတော်မူဖူးလေသည်။ ဟိန္ဒူ ကျမ်းစာအုပ်များတွင်လည်း နှစ်ပေါင်း သုံးထောင်ကျော်လောက်ကစ၍ ထိုနည်း – ကို ရေးသားထားသည်ကို တွေ့ရ၏။ ယေရှုသည် နှစ်ပေါင်း တစ်ထောင် ကိုးရာကျော်လောက်က ထိုနည်းကိုပင် ဂျူဒီးယား တောင်ပေါ်၌ တစ်ဖက် သားက သင့်အား အကြင်နည်းဖြင့် ပြုစုသည်ကို သင်သည် အလိုရှိအံ့။ ထိုနည်းဖြင့် သင်သည် တစ်ဖက်သားကို ပြုစုလော့”ဟူ၍ အကျဉ်းချုပ် ဟော ပြောဖူးလေသည်။

သင်နှင့် တွေ့ဆုံရသော သူများထံမှ သင်သည် ထောက်ခံအားပေး ခြင်းကို အလိုရှိသည်မှာ မှန်၏။ သင်သည် သင်နှင့်ထိုက်တန်သလောက် – အချီးမွမ်းကို ခံလိုသည်မှာလည်း မှန်၏။ သင်နှင့်ဆိုင်သော နေရာတစ်ဝိုက် တွင် သင့်ကိုယ်ကို သင် လူတွင်ကျယ်တစ်ဦး ဖြစ်သည်ဟု အထင်ရောက်လို – သည်မှာလည်း မှန်၏။ စိတ်ထဲကမပါဘဲနှင့် သင့်ကိုယ်ကိုသင် လူတွင်ကျယ် တစ်ဦး ဖြစ်သည်ဟု အထင်ရောက်လိုသည်မှာလည်း မှန်၏။ စိတ်ထဲကမပါ ဘဲနှင့် သင့်ကို မြှောက်ပင့်နေသော စကားများကို နားမထောင်ချင်ဘဲ အဟုတ်တကယ် ချီးကျူးသော စကားများကိုသာ သင်သည် နားထောင်ချင် သည်မှာလည်း မှန်ပေ၏။ သင်၏ မိတ်ဆွေများက ချားရွှပ် ပြောဘိသကဲ့သို့ သင့်အပေါ်တွင် စိတ်ပါလက်ပါ ထောက်ခံ၍ ရက်ရက်ရောရော ချီးမွမ်းစေလို သည်မှာလည်း မှန်ပေ၏။ ကျွန်ုပ်တို့အားလုံးလည်း ဤကဲ့သို့ပင် အလိုရှိကြ ပေ၏။

သည်အတိုင်းမှန်လျှင် ရွှေနှင့်စက်၍ အဖိုးတန်သော ဤနည်းကို လိုက်နာပြီးလျှင် အခြားသော သူများအား ကိုယ်ချင်းစာနာကြပါစို့။ .

– မည်သည့်နေရာတွင် မည်သည့်အခါမျိုး၌ မည်ကဲ့သို့ စာနာရမည်နည်း ဟူသော မေးခွန်းကို မေးသည်ရှိသော် နေရာမရွေး အချိန်မရွေး စာနာပါဟူ၍ ပြန်လည် ဖြေဆိုရပေလိမ့်မည်။ – • သက်သေပြပါအံ့၊ ရေဒီယို စီတီး” ၏ စုံစမ်းရေးဌာနတွင် အလုပ်လုပ် .. နေသော စာရေးထံ၌ ဟင်နရီ ဆူးဗိန်း ၏ အလုပ်ခန်းအမှတ်ကို ကျွန်ုပ်သည် တစ်ခါတုန်းက စုံစမ်းဖူးလေသည်။ ယူနီဖောင်းကို ကျနသေသပ်စွာ ဝတ်ဆင် ထားသော ထိုစာရေးသည် သူ၏အလုပ်၌ ဂုဏ်ယူလျက် “ဟင်နရီဆူဗိန်း ၁၈ ထပ် အခန်းအမှတ် ၁၈၁၆” ဟူ၍ စကားသုံးလုံးကို နှစ်ခါပိုင်းပြီးလျှင် ကျန ပီသစွာ ကျွန်ုပ်၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း ပြုလေသည်။ .

ထိုအဖြေကို ရလျှင် ရချင်း ကျွန်ုပ်သည် ဓာတ်လှေကားဆီသို့ ခပ်သုတ်သုတ် လျှောက်သွားပြီးမှ တစ်ဖန် ပြန်လည့်လာပြီးလျှင် “စာရေးကြီး ဖြေပုံကို ကျွန်တော် သိပ်ပြီးသဘောကျတယ်ဗျာ၊ တိုတိုတုတ်တုတ်နဲ့ ရှင်းလင်း ပြတ်သားလိုက်တာ ဟန်မလုပ်ရဘဲနဲ့ မင်းသားကြီးလေပေါက်နေတာပဲ၊ လူတိုင်း မလုပ်နိုင်ဘူး”ဟု ထိုစာရေးအား ပြောပြ၏။

သူ၏ မျက်နှာသည် ရွှင်၍လာပြီးလျှင် သူသည် အဘယ့်ကြောင့် ဤကဲ့သို့ ပြောရသည့်အကြောင်းကို ကျွန်ုပ်အား ပြန်၍ပြော၏။ အနည်းငယ်မျှ သော ကျွန်ုပ်၏ စကားလုံးများသည် ထိုစာရေးအား သူ့ကိုယ်ကို အတော် အထင်ကြီးသွားအောင် လုပ်ပေးခဲ့၏။ ဓာတ်လှေကားနှင့် အပေါ်ထပ်သို့ တက်သွားစဉ် ထိုနေ့ နေ့လယ်က စိတ်ချမ်းသာလျက်ရှိသော လူဦးရေစာရင်း တွင် ကျွန်ုပ်၏ ပယောဂအားဖြင့် တစ်ဦး ထပ်၍ တိုးပေသည် ဟူသော စိတ်ဓာတ်များသည် ကျွန်ုပ်၏ရင်တွင်း၌ တဖွားဖွား ပေါ်လျက်ရှိ၏။

နန်းရင်းဝန်ဖြစ်မှ ဤနည်းကို သုံးရမည်၊ သူဌေးကြီးဖြစ်မှ ဤနည်းကို သုံးရမည် စသည်ဖြင့် အချိန် ရွေးနေစရာ မလိုပါ။ နေ့စဉ်နေ့တိုင်းလိုပင် ဤနည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ။

ဥဒါဟရုဏ် ထုတ်ပြပါအံ့။ အကယ်၍ ပျော်ပွဲစားရုံတစ်ခုတွင် သင် မှာသော ၁၂ မျိုးကြော်ကို မယူခဲ့ဘဲ အာလူးကြော်ကို စားပွဲထိုးသည် ယူလာ သောအခါ “ဟာ အားနာစရာကြီး ဖြစ်နေပြီကွယ်၊ ကျုပ် မှာတာက ၁၂ မျိုး ကြော်လေ၊ ပြန်ကြောက်ရမှာ သိပ်ပြီး ပင်ပန်းနေမလား” စသည်ဖြင့်ပြောလျှင် “မပင်ပန်းပါဘူး”ဟု စားပွဲထိုးက ပြန်ပြောပေမည်။ ထို့နောက် သင်က သူ့ကို အလေးဂရုပြုသောကြောင့် သင်လိုချင်သော အစာကို သူသည် ဝမ်းမြောက် ဝမ်းသာစွာနှင့် အပင်ပန်းခံ၍ ပြုလုပ်ပေးလိမ့်မည်။ ။

ဒါကလေးကို ကျေးဇူးပြုပြီး တဆိတ် လုပ်ပေးစမ်းပါ’၊ “လုပ်ရတာ သိပ်ပင်ပန်းများ နေမလား” “အားနာပါရဲ့ကွယ်၊ သို့ပေမယ့်” “ဘယ်လိုမှ စိတ်မရှိနဲ့နော်” “ကျေးဇူးအထူးတင်ပါတယ်” စသော စကားလုံးကလေးများသည် နေ့စဉ်နေ့တိုင်း ဆက်သွယ်နေရသော အလုပ်ကိစ္စများတွင် အတော်တာသွား လေသည်။ ထိုစကားများသည် လူယဉ်ကျေးတို့၏ လက္ခဏာများ ဖြစ်ကြသည်။

အခြား သက်သေတစ်ခုကို ကြည့်ကြဦးစို့။ သင်သည် ဟော်လ် ကိန်း” ရေးသော ခရစ္စယန်း, ဒင်းမ်စတား, မင့်ခ်မန်း” ဝတ္ထုများကို ဖတ်ဖူးရဲ့လား။ သန်းပေါင်းများစွာသော လူတို့သည် သူ၏ ဝတ္ထုများကို ဖတ်ကြသည်။

သူသည် ပန်းပဲသမားတစ်ဦး၏ သားဖြစ်လေသည်။ ကျောင်းတွင် ၈ နှစ်ခန့် စာသင်ကြားဖူးသော်လည်း သူသေသောအခါ ကမ္ဘာပေါ်ရှိ စာရေးဆရာများ ထဲတွင် သူသည် ပစ္စည်းအချမ်းသာဆုံးဖြစ်ကြောင်း တွေ့ရ၏။

သူ၏ အတ္ထုပ္ပတ္တိကို အကျဉ်းချုပ်၍ ပြောပါအံ့။

ဟော်လန်းသည် ကဗျာဝါသနာပါ၍ ဒန်တီ ဂဗရီအယ် ရိုဇက်တီး” ရေးသားသော ကဗျာများအားလုံးကို အရကျက်လေသည်။ ထိုမျှမကသေး။ – ရိုဇက်တီ၏ ရေးပုံ သားပုံတို့ကို ချီးကျူးထားသော စာတစ်ပုဒ်ကို ဟောပြော – ရန်အတွက် ရေးသားပြီးလျှင် ရိုဇက်တီးထံသို့ မိတ္တူတစ်စောင် ပို့လိုက်၏။

ရိုဇက်တီးလည်း အလွန် အားရဝမ်းမြောက်ပေ၏။ “ငါ့ကို ဒါလောက် အထင် ကြီးတဲ့ သူငယ်ကလေးတစ်ဦးဟာ ဧကန်မုချ ဉာဏ်ထက်မြက်ရမည်”ဟု ရိုဇက်တီးသည် သူ့ကိုယ်ကို သူပြန်၍ ပြောကောင်း ပြောပေမည်။ များမကြာမီ ဟောလကိန်းကို လန်ဒန်သို့ လာရောက်ရန် ဖိတ်ကြားပြီးလျှင် သူ၏ အတွင်းရေးမှူးအဖြစ်ဖြင့် ခန့်ထားလိုက်၏။ ရိုဇက်တီးနှင့် ဤကဲ့သို့ တွေ့ဆုံရ ခြင်းသည် ဟော်လကိန်း၏ နောင်ရေးကို တစ်မျိုးတစ်မည် ပြောင်းလဲစေခဲ့၏။ အကြောင်းမူကား ရိုဇက်တီး၏ အတွင်းရေးမှူးအဖြစ်ဖြင့် နေစဉ် ထိုအခါက နာမည်ကျော် စာရေးဆရာကြီးများနှင့် နေ့စဉ်နေ့တိုင်းလိုလိုပင် တွေ့နေရသော ကြောင့် ထိုသူ၏ ကူညီ အားပေးချက်အရ ဝတ္ထုများကို ကြိုးစား၍ ရေးသား ခဲ့ရာ နောက်ဆုံး၌ ဝတ္ထုရေးဆရာကြီးတစ်ယောက် အဖြစ်ဖြင့် ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားခဲ့လေသည်။

ကမ္ဘာအရပ်ရပ်မှ အင်္ဂလန်သို့လာသော ခရီးသည်များသည် ဂရီးဗား ရဲတိုက် ခေါ် ဟောလကိန်း၏ အိမ်သို့ သွားရောက်လည်ပတ်ကြလေသည်။ သူ အနိစ္စရောက်သောအခါ ဒေါ်လာငွေ ၂ သန်းခွဲလောက် ကျန်ရစ်ခဲ့လေသည်။ အကယ်၍သာ ထင်ပေါ်ကျော်ကြားလျက်ရှိသော လူကြီးတစ်ဦးထံသို့ ချီးကျူး

သော စာတစ်စောင်ကို ရေးသားပေးပို့ခြင်း မပြုခဲ့လျှင် ဟော်လကိန်းသည် ယခုကဲ့သို့ ထင်ပေါ်ကျော်ကြားသော ဝတ္ထုရေးဆရာကြီးတစ်ဦးအဖြစ်သို့ ရောက်ချင်မှ ရောက်ပေလိမ့်မည်။ ။

ဝမ်းထမှ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခြင်း၏ အကျိုးအာနိသင်သည် ဤမျှ ကြီးပေ၏။

ရိုဇက်တီးသည် သူ့ကိုယ်ကို `ထင်ပေါ်သော စာရေးဆရာကြီးဟု အထင်ကြီးလေသည်။ ဤကဲ့သို့ အထင်ကြီးခြင်းသည် အထူးအဆန်းမဟုတ်။ လူတစ်ကိုယ် ထင်တစ်လုံးရှိမြဲမှာ ဓမ္မတာပင် ဖြစ်ပေသည်။ ။

မည်သည့်လူမျိုးမဆို သည်အတိုင်းပင် ဖြစ်၏။

သင့်ကိုယ်ကို ဂျပန်လူမျိုးထက် မြင့်မြတ်သည်ဟု အထင်ကြီးပါသလား။ အမှန်စင်စစ်မှာ ဂျပန်လူမျိုးကလည်း သင့်ထက် အဆပေါင်းများစွာ မြင့်မြတ် သည်ဟု သူ့လူမျိုးကို အထင်ရောက်မည် ဖြစ်၏။ ရှေးဆန်သော ဂျပန်တစ်ဦး သည် မျက်နှာဖြူတစ်ဦး ဂျပန်မတစ်ဦးနှင့် တွဲ၍ ကနေသည်မြင်လျှင် အလွန် ဒေါသထွက်၏။ ။

သင့်ကိုယ်ကို ဟိန္ဒူလူမျိုးထက် မြင့်မြတ်သည်ဟု အထင်ကြီးပါသလား။ ဤကဲ့သို့ အထင်ကြီးလိုလျှင် သင့်သဘောအတိုင်း ကြီးနိုင်၏။ သို့ရာတွင် သင့်ကိုယ်ရိပ်ကျပြီးသော အစာကို ဟိန္ဒူတို့သည် စားဖို့ဝေးစွ၊ လက်ဖျားနှင့်ပင် တို့မည် မဟုတ်ပေ။

– အက်စကီးမိုး” လူမျိုးတို့ထက် သင့်ကိုယ်ကို မြင့်မြတ်သည်ဟု အထင်ကြီး လိုလျှင်လည်း သင့်သဘောအတိုင်းပေါ့။ သို့ရာတွင် အက်စကီးမိုးတစ်ဦးသည် သင့်အပေါ်တွင် မည်ကဲ့သို့ သဘောထားသည်ကို သင်သိပါ၏ လော။ အက်စကီးမိုး လူမျိုးထဲတွင် အလုပ် မလုပ်ချင်သော လူဗလချာ လူ ပေါ်ကြော် များ ရှိကြလေသည်။ ထိုသူများကို အက်စကီးမိုးတို့က “မျက်နှာဖြူများ”ဟူ၍ `အလွန့်အလွန် ရှုတ်ချသော အနေနှင့် ခေါ်ဝေါ်ကြလေသည်။ .

တိုင်းပြည်တစ်ပြည်သည် အခြားတိုင်းပြည်များထက် မြင့်မြတ်သည်ဟု ကိုယ့်ပြည်ကို ကိုယ်ထင်ကြ၏။ ဤကဲ့သို့ အထင်ကြီးခြင်းသည် မျိုးချစ်စိတ် ဓာတ်များကို ရင့်သန်စေသည်ဖြစ်ရာ ထိုမှတစ်ဖန် စစ်ပွဲများ ဖြစ်ပွားရလေသည်။

အမှန်မှာ သင်နှင့်တွေ့သမျှသော လူတိုင်းသည် သူ့ကိုယ်ကိုသူ တစ်နည်း နည်းနှင့် အထင်ကြီးလျက် ရှိသည်ဖြစ်ရာ ထိုသူ့ကို သင့်ဘက်ပါအောင် ဆွဲနိုင်သော အညှာသည် သူ့ကိုယ်ကို အထင်ကြီးနေသော ထိုလူ၏ အလိုကို စိတ်ရောကိုယ်ပါ ဖြည့်ပေးရန်ပင် ဖြစ်လေသည်။ ။

ကျွန်ုပ်နှင့် တွေ့သမျှသော လူတိုင်းသည် ကျွန်ုပ်ထက် သာသည်ဟု အမှတ်ထားသဖြင့် ထိုလူအကြောင်းကို ကျွန်ုပ် သိရသည်ဟူ၍ အီမာဆန် ပြောသော စကားကို သတိရလိုက်ပါ။

သို့ရာတွင် ပညာ တစ်ရွေးသားမျှ မရှိသောသူများသည် မိမိတို့၏ မာနများကို နှိမ့်ချခြင်းမပြုဘဲ အလွန်မသတီစရာကောင်းသော စကားများကို ဖောင်လောက်အောင် ပြောကြားလျက်ရှိသည်မှာ အလွန် ဝမ်းနည်းစရာ ကောင်းလှပေသည်။

ထိုကဲ့သို့သော လူမျိုးကို အာဏာကလေး လက်တစ်ဆုပ်မျှရသည်နှင့် နတ်ပြည်ခြောက်ထပ်ကို အစိုးရသော သိကြားမင်းနှင့် အန်တုဖက်ပြိုင်မည်ဟု ကြိမ်းဝါးသောသူများဟု ရှိတ်စပီးယား က ခေါ်ထားလေသည်။

| ကျွန်ုပ်၏ တပည့်သုံးဦးသည် ဤအခန်းတွင်ပါသော နည်းများကို အသုံးပြုသဖြင့် မည်ကဲ့သို့သော အကျိုးထူးများ ရရှိခဲ့သည်ကို ပြောပြပါအံ့။ ကွန်နက်တိကပ်- မြို့မှ ရှေ့နေကြီးတစ်ဦးအကြောင်းကို စတင်၍ ပြောပါအံ့။ သူ၏ နာမည်ကို ဖော်မပြပါနှင့်ဟု တောင်းပန်ထားသောကြောင့် သူ့ကို မစ္စတာအာ. ဟူ၍ပင် ခေါ်ကြပါစို့။ , ,

( ထိုရှေ့နေကြီးသည် ကျွန်ုပ်၏ အတန်းတွင် လာရောက်သင်ကြားပြီး . နောက် များမကြာမီတွင် သူ့မိန်းမ၏ အဒေါ်ကြီးတစ်ဦးဆီသို့ သူ့မိန်းမနှင့် အတူတူ မော်တော်ကားစီး၍ သွားကြ၏။ အဒေါ်ကြီး၏ အိမ်သို့ ရောက်သော အခါ သူ၏ မိန်းမသည် အဒေါ်ကြီးနှင့် စကားပြောနေရန် သူ့ကို ထားခဲ့ပြီးလျှင် အခြားဆွေမျိုးများရှိရာသို့ ထွက်သွားလေသည်။ မိတ္တဗလနည်းများကို သင်ကြား လာခဲ့ပြီးနောက် မည်သူ့ကိုမျှ မစမ်းခဲ့ရသေးပေရာ ထိုအဒေါ်ကြီးကို စမ်း၍ ကြည့်မည်ဟု စိတ်ပိုင်းလိုက်၏။ ထို့ကြောင့် စိတ်ရောကိုယ်ပါ ချီးမွမ်းနိုင်မည့် အရာတစ်ခုကို တွေ့လိုတွေ့ငြား သူသည် အိမ်တွင်း၌ ဟိုဟိုဒီဒီ ကြည့်လေသည်။ – “ကြီးတော် ဒီအိမ်ကြီးကို ၁၈၉ဝ ပြည့်နှစ်က ဆောက်တယ် မဟုတ်လား”

“အေး ဟုတ်တယ်၊ အဲဒီနှစ်မှာပဲ ဆောက်တယ်”

“ဒီအိမ်ကြီးကိုမြင်ရတော့ ကျွန်တော့်ကို မွေးတဲ့အိမ်ကို သွားပြီး သတိရ တယ်၊ ကြည့်လို့လှဲလှတယ်၊ ခိုင်လဲခိုင် ကျယ်လဲ သိပ်ကျယ်တာပဲ၊ ဒီလိုအိမ်မျိုးကို ခုလူတွေ မဆောက်ကြတော့ဘူး ကြီးတော်ကြီးရဲ့”

“အေး ဟုတ်တယ်၊ လူငယ်တွေဟာ အိမ်လှလှကို ဆောက်ရမှန်း မသိ ကြဘူး၊ သူတို့ဆောက်တာက အိမ်သေးသေးကလေး ဆောက်ပြီး အိမ်မှာ နားမနေဘဲ မော်တော်ကားတစ်စီးနဲ့ ထွက်နေကြတာပဲ၊ ဒီအိမ်ကို မင့်ဦးကြီးနဲ့ ကြီးတော်တို့ နှစ်ပေါင်း အတော်ကြာကြာ စိတ်ကူးပြီးမှ ဆောက်တာကွယ့်။ ဘယ်ဗိသုကာတစ်ယောက်ကိုမျှ မငှားပါဘူး’

ထိုနောက် အဒေါ်ကြီးသည် သူ့ကို အိမ်တွင်း အိမ်ပြင် လျှောက်၍ ပြလေသည်။ ထိုအဒေါ်ကြီးသည် တစ်သက်လုံး မြတ်တနိုး စုဆောင်းလာခဲ့ သော ပွေစလေ လျှာစောင်များ၊ ရှေးကျသော အင်္ဂလိပ် လက်ဖက်ရည်ပန်းကန် များ၊ တရုတ်လက်ဖက်ရည်ပန်းကန်များ၊ ပြင်သစ်ကုလားထိုင်နှင့် ခုတင်များ၊ အီတာလျံ ပန်းချီကားများ၊ ပြင်သစ်ရဲတိုက်ကြီးတစ်ခုအတွင်းတွင် အသုံးပြုခဲ့ ဖူးသော ပိုးခန်းဆီးစများကိုလည်း ထုတ်၍ပြသရာ ကျွန်တော်သည် တစ်ခုပြီး တစ်ခု ကိုင်တွယ် ချီးမွမ်းလေသည်။ “

အိမ်တွင်းတွင် နှံ့သောအခါ မော်တော်ကားရုံသို့ ကျွန်တော့်ကို ခေါ်သွားပါသည်။ မော်တော်ကားရုံထဲတွင် တုံးများပေါ်၌တင်ထားသော ပက္ကတ် မော်တော်ကားကြီးတစ်စင်းကို တွေ့ရပါသည်။ ”

“မင့်ဦးကြီး မဆုံးမီကလေးတွင် ဒီကားကို ဝယ်သွားတယ်၊ သူ ဆုံးပြီး ကတည်းက ကြီးတော်လဲ ဒီကားကို တစ်ခါမှ မစီးဘူး၊ မင့်ကို ဒီကားပေးမယ်”

“ကျေးဇူးတင်ပါတယ် ကြီးတော်၊ သို့ပေမယ့် ကျွန်တော် လက်ခံလို့ ဖြစ်ပါ့မလား၊ ကျွန်တော်က ဘာမဆိုင် ညာမဆိုင်ဘဲနဲ့ ဒီကားကို ဝင်ပြီး ယူတယ်ဆိုတော့ ကြီးတော်ရဲ့ တူရင်း တူမရင်းတွေကိုလဲ ထောက်ထားဖို့ ရှိသေးတယ် ကြီးတော်ရဲ့”

“ဒင်းတို့ကို ဂရုစိုက်မနေပါနဲ့ကွာ၊ ငါသေရင် ဒီကားကို သူတို့ရမှာပဲ – ဆိုပြီး စောင့်နေကြတယ်လေ၊ ဒင်းတို့ကိုတော့ မပေးဘူး၊ မင်းပဲ ယူသွား ပေတော့”

“သူတို့ကို မပေးချင်ရင် တစ်ပတ်ရစ်ကားများ ဝယ်တဲ့သူကို ရောင်းနိုင် – သားပဲ ကြီးတော်ရဲ့

“မလုပ်ပါနဲ့ မောင်ရင်ရယ်၊ ဒီကားကို သူစိမ်းတွေ စီးနေတာ မကြည့်ရက်ပါဘူးကွယ်၊ မင်းပဲ ယူသွားပါ”

ထိုသူလည်း မော်တော်ကားကို ယူရမည်စိုးသောကြောင့် လှည့်ပတ် ပြောသော်လည်း မရပေ။ ဇွတ်ငြင်းပြန်လျှင် အဒေါ်ကြီး စိတ်ဆိုးရုံသာ ရှိတော့မည် ဖြစ်၏။

` အိမ်ကြီး တစ်အိမ်ထဲတွင် `ပစ္စည်းများနှင့် ပြည့်စုံလျက် ရှိသော်လည်း ထိုအိမ်ကြီးနှင့် `ထိုပစ္စည်းများကို စိတ်ပါလက်ပါ ချီးမွမ်းမည့်သူ တစ်ဦး . လိုလျက် ရှိလေသည်။ အဒေါ်ကြီးသည် ငယ်ရွယ်စဉ်က အလွန်လှပ၍ ပိုးပန်း ‘ သူ အတော်များခဲ့၏။ ဤအိမ်ကြီးကို ဆောက်လုပ်ပြီးနောက် အလှဆင်ရန် အတွက် ဥရောပတိုက်မှ ပစ္စည်း အမြောက်အမြား မှာယူ၍ မွမ်းမံ ခြယ်လှယ် ခဲ့၏။ ယောက်ျားဆုံးပြီးသည့်နောက် မိမိအိမ်ကြီးနှင့် မိမိသာ ကျန်ရစ်ခဲ့၍ သူ့ကို နှစ်သိမ့် ဖြေဖျော်မည့်သူ တစ်ဦးတစ်ယောက်မျှ မပေါ်ပေါက်ခဲ့ပေ။ ထို့ကြောင့် သူ့ကို ဖျော်ဖြေမည့်သူတစ်ဦး ပေါ်ပေါက်လာသောအခါ ကျေးဇူး တင်မဆုံးသောအနေနှင့် ပက္ကတ်မော်တော်ကားကိုပင် လက်ဆောင်ပေးလေသည်။ – အခြား တပည့်တစ်ဦး၏အကြောင်းကို ကြည့်ကြဦးစို့။ နယူးယောက်မြို့ရှိ လူဝစ်နှင့် ဗယ်လင်တိုင်” အလုပ်တိုက်၏ တိုက်အုပ်ဖြစ်သော ဒေါ်နယ် အမ် . – မက်မဟွန်’ သည် သူ၏ အဖြစ်အပျက်ကို အောက်ပါအတိုင်း ပြန်၍ ပြောလေသည်။ ။ : ‘ မိတ္တဗလဋီကာ နည်းများကို သင်ကြားပြီးနောက် များမကြာမီ နာမည် ကျော် တရားသူကြီးတစ်ဦး၏ အိမ်ဝင်းခြံကို ပြုပြင်ပေးရန် ကျွန်တော် သွား . . ရောက်ရပါသည်။ တရားသူကြီးသည် ဘယ်နေရာတွင် ဘာပင်စိုက်ချင်သည် စသည်ဖြင့် ပြောကြားရန် ကျွန်တော်ရှိရာသို့ လာပါသည်။ ။

“မင်းကြီးရဲ့ ခွေးတွေက တယ်လှပါကလား၊ မက်ဒီဆန် စကွဲယား ဂါးဒင်း မှာ ကျင်းပတဲ့ ခွေးအလှပြိုင်ပွဲမှာ နှစ်စဉ်လိုလို ဆုတွေရတယ်လို့ ကြားဖူးပါတယ်” . – ကျွန်တော်၏ စကားများသည် ထိုမင်းကြီးအား နှစ်သိမ့်စေသည်မှာ အလွန် ထင်ရှားလျက် ရှိပါသည်။

“ဟုတ်တယ်၊ ကျုပ်ခွေးတွေနဲ့ ကျုပ်ဖြင့် ပျော်နေတာပဲ၊ ခွေးတွေထားတဲ့ – နေရာကို လိုက်ပြီးကြည့်ပါလားရရှိသောဆုများနှင့် ခွေးများထားသောနေရာကို တစ်နာရီလောက် ကြာအောင် လျှောက်၍ပြပြီးလျှင် ခွေးများသည် အဘယ်ကြောင့် ထိုမျှလှရ သည်ကို ရှင်းပြပြန်ပါသည်။

နောက်ဆုံးတွင် ကျွန်တော့်ဘက်သို့လှည့်ပြီး “မောင့်မှာ သားယောက်ျား .: ကလေးများ ရှိသလား ။

“ဟုတ်ကဲ့၊ ရှိပါတယ်” ‘

“ခွေးကလေးတစ်ကောင်ကို လိုချင်မှာပေါ့”

“ဟုတ်ကဲ့၊ ခွေးကလေးရရင် သိပ်ဝမ်းသာပါလိမ့်မယ်”

“ကောင်းပြီ၊ ခွေးကလေးတစ်ကောင်ကို ပေးလိုက်မယ်”ဟု တရားသူကြီး က ပြောလေသည်။

ထို့နောက် ခွေးကလေးကို မည်ကဲ့သို့ အစာကျွေးရမည်ကို လျှောက်၍ ပြောပြပြီးနောက် ကျွန်တော် မေ့သွားမည်ကိုစိုးသောကြောင့် စက္ကူတစ်ရွက် “. ပေါ်တွင် ခွေးမွေးနည်း နိသျည်းကို ကိုယ်တိုင် လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ပေး ပြန်ပါသည်။ သူဝါသနာပါသည့် အရာနှင့် သူ၏ အောင်မြင်မှုများကို စိတ်ပါ” လက်ပါ ချီးမွမ်းမိသည်နှင့် တရားသူကြီးသည် သူ၏ အလွန်အဖိုးထိုက်တန်သော အချိန်များမှ ကျွန်တော့်အတွက် တစ်နာရီကျော်ကျော် ဖြုန်းရုံသာမက ဒေါ်လာ တစ်ရာကျော်တန်သော ခွေးကလေးတစ်ကောင်ကိုလည်း ကျွန်တော့်အား လက်ဆောင်ပေးလိုက်ပါသေးသည်။ ။

ရုပ်ရှင် ရိုက်ကူးရန်အတွက် ကော်ပြားကို ထွင်ခဲ့သူ ဂျော့ အိစမန်း သည် ဒေါ်လာ သန်းပေါင်း တစ်ရာကျော်လောက် စုမိ၍ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးသော ကုန်သည်တစ်ဦးအဖြစ်သို့ ရောက်ခဲ့လေသည်။ ထိုမျှ အလုပ်အကိုင်ကြီးများကို လုပ်ကိုင်နေသောသူပင် ဖြစ်လင့်ကစား သင်နှင့် ကျွန်ုပ်တို့ကဲ့သို့ အချီးမွမ်းကို ခံယူလိုသေး၏။

သက်သေထုတ်၍ ပြပါအံ့။ နှစ်ပေါင်း အတော်ကြာလောက်က အိစမန်း သည် ရိုချက်စတား မြို့တွင် အိစမန်း တူရိယာကျောင်း တစ်ကျောင်းနှင့် သူ၏ မိခင်ကြီးကို အမှတ်တရဖြစ်စေရန် ကီလဗုန်ဟော ရုံကြီးတစ်ရုံကို

ဆောက်လုပ်လေသည်။ နယူးယောက်မြို့ရှိ ကုလားထိုင် ကုမ္ပဏီတစ်ခု၏ မန်နေဂျာ ဂျိမ်း အက်ဒမ်ဆန် သည် အထက်ပါ တူရိယာကျောင်းနှင့် ရုံကြီး . အတွက် ကုလားထိုင်များကို ရောင်းလို၏။ ထို့ကြောင့် ထိုအဆောက်အအုံများ ကို ကြီးကြပ်ဆောက်လုပ်နေသော ဗိသုကာထံသို့ မစ္စတာ အိစမန်းနှင့် တွေ့လို ကြောင်း တယ်လီဖုန်းနှင့် လှမ်း၍ ပြောလေသည်။ ချိန်းသည့်နေ့သို့ ရောက် သောအခါ ဗိသုကာနှင့် မစ္စတာ အက်ဒမ်ဆန်တို့သည် ရှေးဦးစွာ တွေ့ဆုံကြ ရာတွင် ဗိသုကာက “မိတ်ဆွေ၊ ခင်ဗျား ကုလားထိုင် ရောင်းချင်တယ် မဟုတ် လား။ အင်း- ခုကတည်းကပြောထားမနော်၊ အဘိုးကြီးက သိပ်ပြီး စနစ်ကြီး တယ်၊ အလုပ်လဲ သိပ်ရှုပ်တယ်၊ ပြီးတော့ ခင်ဗျား ပြောစရာရှိတာ မြန်မြန် ပြောပြီးထွက်၊ ငါးမိနစ်ထက် ပိုပြီးကြာရင် ခင်ဗျားကုလားထိုင်တွေ တစ်လုံးမှ ရောင်းရမှာ မဟုတ်ဘူး”ဟု မစ္စတာ အက်ဒမ်ဆန်ကို သတိပေးလေသည်။ . မစ္စတာ အက်ဒမ်ဆန်လည်း ကောင်းပါပြီဟု ဝန်ခံ၏။

မစ္စတာ အက်ဒမ်ဆန်လည်း ` အခန်းတွင်းသို့ ဝင်သွားသောအခါ – မစ္စတာအိစမန်းသည် ကုန်း၍ စာရေးနေသည်ကို တွေ့ရ၏။ မစ္စတာ ‘ အက်ဒမ်ဆန်တို့ ဝင်လာသည်ကို သိသောအခါ တပ်ထားသောမျက်မှန်ကို ချွတ်ပြီးလျှင် “က် လူကြီးမင်းခင်ဗျား၊ ကျွန်တော် ဘာများ ကူညီရန်ရှိပါသလဲ”ဟု မေး၏။

, ဗိသုကာသည် `မစ္စတာ အက်ဒမ်ဆန်နှင့် မစ္စတာ အိစမန်းတို့ကို မိတ်ဖွဲ့ ပေးပြီးနောက် မစ္စတာ အက်ဒမ်ဆန်က စ၍

“မစ္စတာ အိစမန်းခင်ဗျား၊ အပြင်မှာ ကျွန်တော်တို့ ထိုင်ပြီး စောင့်နေ တုန်းက ဒီအလုပ်ရုံးခန်းကိုကြည့်ပြီး ဒီလိုအခန်းမျိုးနဲ့များ အလုပ် လုပ်ရရင် ဘယ့်လောက် ကောင်းမလဲလို့ ချီးမွမ်းနေပါတယ်၊ အဆောက်အအုံတွေကို ကုလားထိုင်တွေ လိုက်ပြီး ရောင်းခဲ့တာ များလှပါပြီ၊ ခုလောက်လှတဲ့ ရုံးခန်းမျိုးကို . ကျွန်တော် တစ်ခါမျှ မတွေ့ဖူးသေးဘူး”

ဟု မစ္စတာ -အိစမန်းကို ပြောလေသည်။

“ဆောက်ပြီးကာစတော့ ကျုပ်အခန်းကို ကြည့်ပြီး သဘောကျနေနိုင် ပါသေးရဲ့၊ ခုများဖြင့် အလုပ်တွေက များလွန်းလို့ အခန်းကို ကြည့်ဖို့ တောင် မေ့နေတာ ကြာလှပြီ၊ ခု မစ္စတာ အက်ဒမ်ဆန် ပြောတော့မှပဲ သတိရပေ တော့တယ်”

မစ္စတာအက်ဒမ်ဆန်သည် ထိုင်ရာမှ သစ်သားနံရံ တစ်ဘက်ဆီသို့ ထသွား၍ “ဒီအသားဟာ အင်္ဂလိပ်အုတ်” မဟုတ်လား။ အီတာလျံအုတ်နဲ့ နည်းနည်းတော့ ကွာတယ်”ဟု အလွန်သဘောကျသော အမူအရာဖြင့် ချီးကျူး

“ဟုတ်တယ်၊ ဒီအသားကို အင်္ဂလန်က မှာယူရတယ်၊ သစ်သားကောင်း တွေကို နားလည်တဲ့ မိတ်ဆွေတစ်ဦးက ရွေးပေးတယ်”

ထို့နောက် မစ္စတာ အိစမန်းသည် အက်ဒမ်ဆန်ကို အလုပ်ခန်းအတွင်းရှိ သူကိုယ်တိုင် စီမံဆောက်လုပ်ထားသော လက်ရာတို့ကို ပြသ၏။

အခန်းတွင်း၌ လှည့်လည်ကြည့်ရှုနေစဉ် ပြတင်းပေါက်တစ်ခုနားသို့ ရောက်သောအခါ ခေတ္တရပ်နား၍ ရိုချက်စတာ ယူနီဗာစီတီ၊ ပြည်သူ့ဆေးရုံ ကြီး၊ သဘာဝဓမ္မဆေးရုံကြီး၊ မရှိနွမ်းပါးသူများ တည်းခိုရန်အိမ်၊ ကလေး ငယ်များအတွက် ဆေးရုံ စသော လူအများကောင်းစားရေးအတွက် သူ ကိုယ်တိုင် ထောက်ပံ့ထားရသော အဆောက်အအုံကြီးများကို မစ္စတာ အိစမန်း သည် အက်ဒမ်ဆန်သို့ လက်ညှိုးထိုး၍ ပြသလျက်ရှိ၏။ အတိဒုက္ခရောက်နေ သူများ ချမ်းသာရန်အတွက် ဥစ္စာပစ္စည်းများကို လှူဒါန်းရာ၌ အိစမန်း၏ စိတ်ကူးယဉ်ပုံကို မစ္စတာ အက်ဒမ်ဆန်သည် နှစ်နှစ်ကာကာ ချီးကျူးလျက် ရှိ၏။ ဤသို့ ပြောနေစဉ် အင်္ဂလိပ်တစ်ယောက်ထံမှ ဝယ်ယူလိုက်သော သူ၏ ပထမဆုံး လက်ကိုင်ကင်မရာ ကလေးကို မှန်ဘီရိုတစ်ခုထဲမှ ထုတ်၍ ပြလေသည်။

ကိုယ်ပိုင် အလုပ်တစ်ခုဖြစ်လာအောင် ငယ်စဉ်က မည်ကဲ့သို့ ကိုယ့်ဒူး ကိုယ်ချွန်ခဲ့ရကြောင်းကို မစ္စတာ အက်ဒမ်ဆန်က လျှောက်၍မေးရာ ငယ်စဉ်က သူသည် အလွန်ဆင်းရဲခဲ့ကြောင်း၊ သူ၏ မိခင်အို မုဆိုးမကြီးမှာ ထမင်းဆိုင် ကလေး ဖွင့်ခဲ့ရ၍ သူသည် တစ်နေ့လျှင် ဒေါ်လာဝက်လောက်နှင့် စာရေးကလေး အလုပ်ကို ဝင်၍လုပ်ခဲ့ရကြောင်း၊ မိခင်အိုကြီးသည် အလုပ်လုပ်ရသည့်အတွက် ပင်ပန်းပြီး သေသွားမှာစိုးသဖြင့် သားအမိနှစ်ယောက်အတွက် လုံလုံလောက်လောက် စားသောက်နိုင်ဖို့ ပိုက်ဆံကို သူတစ်ဦးတည်း ကြိုးစား၍ ရှာဖွေရန် သန္နိဋ္ဌာန်ချပုံ အလုံးစုံတို့ကို စိတ်ပါလက်ပါ ပြောပြရှာ၏ ။ ထိုနောက် ရုပ်ရှင် ကား ရိုက်ကူးသည့် ကော်ပြားကို မည်ကဲ့သို့ ကြံဖန်၍ လုပ်ခဲ့သည့်အကြောင်းကို မေးမြန်း၍ အိစမန်း ပြောနေစဉ် မစ္စတာ အက်ဒမ်ဆန်သည် စူးစိုက်၍ နားထောင်နေလေသည်။ မစ္စတာ အိုစမန်းသည်လည်း ထိုလုပ်ငန်းကို ထမြောက် အောင်မြင်ရန် ကြိုးစားရာ၌ အလုပ်ခန်းထဲတွင် မည်ကဲ့သို့ တစ်နေ့လုံး တစ်ညလုံး အလုပ်လုပ်ခဲ့ရပုံ၊ ဤသို့ အလုပ်လုပ်စဉ် ဓာတ်ခဲများ အရည်ပျော် အောင် ဆေးစိမ်၍ထားရခိုက် မှေးရုံသာ မွေးရပုံ၊ တစ်ခါတစ်ရံ ဝတ်ထား သော အဝတ်အစားများကို မလဲနိုင်ဘဲ အိပ်လျှင်လည်း ထိုအဝတ်၊ အလုပ်လုပ် .. လျှင်လည်း ထိုအဝတ်ဖြင့် တစ်ဆက်တည်း ၇၂ နာရီမျှ နေခဲ့ရပုံတို့ကို စီကာ ” ပတ်ကုံး ရွှင်ရွှင်လန်းလန်း ပြောပြလေသည်။

အက်ဒမ်ဆန်သည် မစ္စတာ အိစမန်းအခန်းတွင်းသို့ ဝင်သွားစဉ်က နံနက် ၁၀ နာရီနှင့် ၁၅ မိနစ်သာ ရှိသေး၏။ အခန်းတွင်းသို့ မဝင်မီ ဗိသုကာက အက်ဒမ်ဆန်ကို ငါးမိနစ်ထက်ပို၍ စကားမပြောပါနှင့်ဟု သတိ “ပေးလိုက်၏။ သို့ရာတွင် ၁၂ နာရီခွဲသော်လည်း အက်ဒမ်ဆန်နှင့် အိစမန်း တို့သည် စကားလက်ဆုံကျလျက်ပင် ရှိကြသေး၏ ။ ။

သို့ဖြင့် နောက်ဆုံးတွင် အိစမန်းသည် အက်ဒမ်ဆန်ဘက်သို့လှည့်၍ “အရင်တစ်ခေါက်က ဂျပန်ပြည်ကို ကျွန်တော် ရောက်ခဲ့တုန်းက ကုလားထိုင် – ၄-၅ လုံးလောက် ဝယ်ခဲ့ပြီး ကျွန်တော့်အိမ်ရဲ့ အိမ်ရှေ့ခန်းမှာ ထားတယ်။ နေပူလို့ထင်ပါရဲ့ ဆေးတွေကွာကုန်တာနဲ့ မနေ့က မြို့ကို ရောင်တင်ဆီတစ်ပုလင်း သွားဝယ်ပြီး ကျွန်တော်ဟာ ကျွန်တော် ဆေးသုတ်ထားလိုက်တယ်၊ ကျွန်တော် ဆေးဘယ်လောက်သုတ်တတ်တယ်ဆိုတာကို ခင်ဗျား ကြည့်မလား၊ ကျွန်တော့် အိမ်မှာ နေ့လယ်စာ လိုက်ပြီး စားလှည့်ဗျာ၊ နေ့လယ်စာစားပြီး တော့ ကျွန်တော် ဆေးသုတ်ထားတဲ့ ကုလားထိုင်တွေကို ကြည့်ရအောင်” ဟု ဆက်၍ ပြောလေသည်။ ။

နေ့လယ်စာ စားသောက်ပြီးနောက် မစ္စတာ အိစမုန်းသည် အက်ဒမ် ဆန်သို့ ဂျပန်ပြည်မှ သူဝယ်ယူလာသော ကုလားထိုင်များကို ပြလေသည်။ ထိုကုလားထိုင်များသည် တစ်လုံးလျှင် တစ်ဒေါ်လာခွဲလောက်ပင် မတန်ချေ။ သို့ရာတွင် ဒေါ်လာ သန်းပေါင်းတစ်ရာကျော်မျှ ချမ်းသာသော မစ္စတာ အိစမန်းသည် ထိုကုလားထိုင်များပေါ်တွင် ဂုဏ်ယူလျက် ရှိလေသည်။ အကြောင်းမူကား ထိုကုလားထိုင်များကို သူကိုယ်တိုင် ဆေးသုတ်ထားသော ကြောင့်ပင် ဖြစ်လေသည်။

– မစ္စတာ အိုစမန်း ဆောက်လုပ်သော အဆောက်အအုံနှစ်ခုအတွက် မှာယူသော ကုလားထိုင်ဖိုးသည် ဒေါ်လာငွေ ၉ဝဝဝဝ မျှ ရှိလေသည်။ ထို , ကုလားထိုင်များကို မည်သူ့ထံမှ ဝယ်ယူမည်ဟု သင် ထင်ပါသနည်း။ .

ထိုအချိန်မှစ၍ မစ္စတာ အိစမန်း အနိစ္စရောက်သည့်နေ့တိုင်အောင် ထိုသူနှစ်ဦးသည် မိတ်ဆွေရင်းချာများ ဖြစ်ကြလေသည်။

တစ်ဖက်သားအား ဤကဲ့သို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသောနည်းကို သင်နှင့် ကျွန်ုပ်တို့သည် ဘယ်နေရာတွင် အသုံးပြုရမည်နည်း။ ထိုနည်းကို သင်နှင့် ကျွန်ုပ်တို့၏ အိမ်များတွင် အဘယ်ကြောင့် အသုံးမပြုရသေးသနည်း။ ထိုနည်းများကို အသုံးပြုရန် အိမ်ထက် ပို၍လိုအပ်သော နေရာသည် အခြား၌ မရှိသော်လည်း သင်နှင့် ကျွန်ုပ်တို့သည် ထိုနည်းများကို အိမ်တွင် လျစ်လျူရှု၍ ထားတတ်ကြသည်။ သင်၏ ဇနီးသည်တွင် ကောင်းသော အရည်အချင်းအချို့ ရှိပေလိမ့်မည်။ ဤကဲ့သို့မှ မရှိပါလျှင် သင်သည် ထိုမိန်းမကို လက်ထပ်ခဲ့မည် မဟုတ်။ သို့ရာတွင် သင်၏ ဇနီးသည်ကို ဘယ်နှစ်ကြိမ်များ ချီးမွမ်းယုယ်ဖူး ပါသလဲ။ စဉ်းစားပြီး ဖြေစမ်းပါ။ ဘယ်နှစ်ကြိမ်များ ချီးမွမ်းယုယဖူးသလဲ ဆိုတာ။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က နယူးဘရန်းစစ်” နယ်ရှိ မီရာမီဆိုမြစ်ဖျားတွင် ငါးမျှားရန် ကျွန်ုပ် သွားခဲ့၏။ တစ်နေ့သ၌ ကျွန်ုပ် တစ်ဦးတည်း အလွန်ပျင်းသောကြောင့် ဖတ်စရာ လိုက်၍ရှာရာ နယ်သတင်းစာကလေး တစ်စောင်ကိုသာ တွေ့ ရ၏။ ပျင်းပျင်းနှင့် ထိုသတင်းစာထဲရှိ စာများကို ကြော်ငြာမကျန် အကုန်လုံး လျှောက်ဖတ်ရာ ဒေါ်ရသီဒစ်၏ ဆောင်းပါး တစ်စောင်ကို တွေ့ရ၍ ထိုဆောင်းပါးသည် အလွန် အဖိုးတန်သောကြောင့် ကျွန်ုပ်သည် ဆုတ်ယူထားပါသည်။ သတို့သမီးများကိုသာ ပြောကြားလျက် ရှိသော ‘ဆုံးမစကားတို့ကို အစဉ်သဖြင့် ကြားရ၍ နားငြီးလှပြီဖြစ်ရာ သတို့သားများကိုလည်း တစ်နေရာသို့ ခေါ်သွားပြီးလျှင် အောက်ပါ ဆုံးမစကား – ကလေးများကို ပြောပါဦးဟူ၍ ဒေါ်ရသီဒစ်က တိုက်တွန်းထား၏။

မိန်းမ အကြောင်းကို နားမလည်ဘဲနှင့် မည်သည့် အခါမျှ လက်မထပ်ပါနှင့်၊ လက်မထပ်မီ မိန်းမတစ်ဦးကို ချီးမွမ်းချင်သပ ဆိုလျှင် ချီးမွမ်းလိုသူ၏ သဘောပင်ဖြစ်၏။ သို့ရာတွင် လက်ထပ်ပြီး သောအခါ သင်၏ ဇနီးသည်ကို ချီးမွမ်းခြင်းသည် သင်၏ သာမန် ဝတ္တရားတစ်ရပ် ဖြစ်ရုံသာမက သင်၏ ကိုယ်ရေးအတွက် အရေးကြီးသော ဝတ္တရားတစ်ခုပင် ဖြစ်လေသည်။ လင်နှင့်မယား ဆက်ဆံရာ၌ ဝမ်းထဲရှိသမျှ ပြောင်ထုတ်ချ၍မရ။ လိုရင်းရောက်အောင် လှည့်ပတ် ပြောမှသာ ရလေသည်။ .

အကယ်၍ သင်သည် နေ့စဉ် ဟင်းကောင်းနှင့် ထမင်းစားချင် ပါလျှင် သင်၏ ဇနီးသည် ချက်ပုံပြုတ်ပုံကို ဘယ်အခါမျှ အပြစ်မရှာ ပါနှင့်။ သင်၏ အမေ့အိမ်တွင် စားရစဉ်က ဘယ်လို၊ မိန်းမအိမ်ကျ ကာမှ ဘယ်နှယ် စသည်ဖြင့် နှိုင်းယှဉ်၍လည်း ဘယ်အခါမျှ အပြစ် မဆိုပါနှင့်။ သို့ရာတွင် သင့်ဇနီးသည်၏ အိမ်တွင်းရေး စီမံအုပ်ချုပ်ရာ၌ စေ့စပ်လုံခြုံပုံကို `အစဉ်သဖြင့် ချီးကျူးပါ။ ထို့ပြင်လည်း အလှတွင် ဘရဏီ၊ အလုပ်အကျွေးတွင် မယ်မဒီ၊ သစ္စာအရာတွင် ကိန္နရီတို့ ကဲ့သို့ ကောင်းခြင်းငါးဖြာ ဆင်းအင်္ဂါနှင့် ပြည့်စုံသူကို လက်ထပ် ပေါင်းသင်းဆက်ဆံခြင်း ပြုရသည့်အတွက် သင်သည် ကုသိုလ်ကံထူးသူ တစ်ဦးဖြစ်ကြောင်းကိုလည်း မကြာခဏ ပြောကြားပါလေ။ အကယ်၍ ဝက်သားကြော်သည် သားရေကဲ့သို့ မာပြီးလျှင် ချက်ထားသော ထမင်းသည် ထမန်ဖြစ်နေသော်လည်း သင်၏ ဇနီးကို မဆူပါနှင့်။ .

“ခင်ရေ ဒီကနေ့ ခါတိုင်းလက်ရာမျိုး မဟုတ်ပါကလားဟေ့”ဟု ပြောလျှင် သူ့လက်တွေကို မီးလောင်စေကာမူ အလောင်ခံ၍ သင့်အကြိုက် ဖြစ်အောင် ချက်ပေးပေလိမ့်မည်။ ”

သို့ရာတွင် ယခုနည်းများကို ဖြန်းကနဲ အသုံးမပြုလေနှင့်။ သင့်ကို သင်၏ ဇနီးသည် မယုံသင်္ကာ ဖြစ်လိမ့်မည်။

သို့ရာတွင် ယနေ့ သို့မဟုတ် မနက်ဖြန် ညနေ အလုပ်မှပြန်သောအခါ – သင်၏ ဇနီးသည်အဖို့ ပန်းတစ်စည်း သို့မဟုတ် သူကြိုက်တတ်သည့် အစား အစာ တစ်ခုခုကို ဝယ်သွားပါ၊ ယခုစာကိုဖတ်ပြီးလျှင် “အိမ်း ငါလုပ်ဦးမှပဲ” ဟူ၍ ပြောရုံနှင့် မပြီးစေနှင့်၊ လုပ်ဖြစ်အောင် လုပ်ပါ။ သင် ဝယ်ယူသွားသော အရာများကို သင်၏ ဇနီးသည်သို့ ပေးသောအခါ ဘာမျှ မပြောဘဲ ရှုတည် တည် မပေးပါနှင့်။ ချစ်ခင် ယုယသော စကားများကို ခပ်ပြုံးပြုံး ပြော၍ ပေးပါ။ လင်နှင့် မယားတို့သည် ဤနည်းကိုလိုက်နာ ဆောင်ရွက်ကြလျှင် လင်မယား ခြောက်စုံ လက်ထပ်သည့်အနက် တစ်စုံတလေမျှပင် ကွာရှင်းလိမ့် မည်ဟု ကျွန်ုပ် မထင်။ ။

မိန်းမတစ်ယောက်သည် သင့်ကို ချစ်ကြိုက်လာအောင် လုပ်ရန် နည်း ကောင်းကို သင် အလိုရှိသလား။ အလိုရှိလျှင် ထိုနည်းကို ကျွန်ုပ်ပေးမည်။

သို့ရာတွင် ထိုနည်းသည် ကျွန်ုပ်၏ နည်းမဟုတ်။ ဒေါ်ရသီဒစ်၏နည်းဖြစ် လေသည်။ တစ်ခါတုန်းက ဒေါ်ရသီဒစ်သည် မိန်းမ ၂၃ ယောက်အထိ သူတို့ စုထားသော ပစ္စည်းများနှင့်တကွ အရချိုင်နိုင်သော နာမည်ကျော် မယားများ သူ တစ်ဦးနှင့် သွားရောက် တွေ့ဆုံခဲ့ဖူ၏။ (ထိုသူသည် ထောင်ဒဏ်ခံနေရ သောကြောင့် သူ့ကို တွေ့ရသော နေရာသည် ထောင်ဖြစ်ကြောင်းကို စကား မစပ် ပြောလိုက်ပါရစေ။) ထိုသူ့ထံမှ မိန်းမချစ်အောင် လုပ်နိုင်သည့် ဆေး နည်းကို ပေးပါဟု တောင်းရာ “ဒါ အဆန်းမဟုတ်ပါဘူး၊ မိန်းမတွေကို သူတို့ရဲ့ အကြောင်းကိုသာ ပြော၊ ကျ ရော”ဟု ထိုလူက ပြန်ပြောဖူးလေသည်။

ထိုနည်းကို မိန်းမများ ကျအောင်သာ မဟုတ်ဘဲ ယောက်ျားများကို လည်း ကျအောင် အသုံးပြုနိုင်လေသည်။ လူတစ်ယောက်သို့ သူ့အကြောင်း ကိုသာ လျှောက်၍ပြောလျှင် ထိုသူသည် နာရီပေါင်းများစွာ – မငြီးငွေ့ဘဲ နားထောင်လိမ့်မည်”ဟု ဗြိတိသျှ နိုင်ငံတော်ကြီး တစ်ခုလုံးကို အထူးကျွမ်းကျင်စွာ . အုပ်ချုပ်သွားခဲ့ဖူးသော နန်းရင်းဝန်ကြီး ဒစ်ဇရေလီက ပြောခဲ့ဖူး၏။ ,

ထို့ကြောင့် သင့်ကို လူကြိုက်များစေလိုလျှင် နည်းအမှတ် ၆ သည် . တစ်ဖက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးလာအောင် လုပ်ပေးပါ။ ဤသို့လုပ်ရာ၌ စိတ်ရောကိုယ်ပါ လုပ်ပေးပါ။

သင်သည် ဤစာအုပ်ကို ဖတ်နေသည်မှာ အချိန်အတော်ကြာသွား ပေပြီ။ စာအုပ်ကို ပိတ်၍ သင်၏ ဆေးတံမှ ပြာများကို ခေါက်ထုတ်လိုက် ပြီးလျှင် ဤအခန်း၌ပါသော ချီးမွမ်းသည့်နည်းကို သင်နှင့် ပထမဆုံးတွေ့ရ သော လူအပေါ်တွင် စမ်းကြည့်ပါ။ မျက်လှည့်ပြသကဲ့သို့ ထူးခြားသည်ကို သင် တွေ့ ရပေအံ့။