မိတ္တဗလဋီကာ

အပိုင်း ၃

သင့်ဘက်ပါအောင်လုပ်ရန် နည်း ၁၂ နည်း

အခန်း ၁ ငြင်းခုံခြင်းအားဖြင့် အနိုင်ရမည် မဟုတ်

ကမ္ဘာစစ်ကြီးပြီး၍ များမကြာမီ တစ်ညသ၌ လန်ဒန်မြို့တွင် အဖိုးမဖြတ်နိုင်သော သင်ခန်းစာတစ်ခုကို ကျွန်ုပ် ရရှိလေသည်။ ထိုအချိန်အခါက ကျွန်ုပ်သည် ဆာ ရော့ စမစ်” ၏ မန်နေဂျာ ဖြစ်လေသည်။ သူသည် သြစတြေးလီယန် ) တိုက်သားဖြစ်၍ ကမ္ဘာစစ်ကြီးအတွင်းက ပါလက်စတိုင်း ပြည်တွင် လေယာဉ်ပျံစီး သူရဲကောင်းအဖြစ်နှင့် အမှုထမ်းခဲ့ဖူးလေသည်။ ကမ္ဘာစစ်ကြီး ပြီးစီးသောအခါ တစ်ကမ္ဘာလုံး၏ ထက်ဝက်ကို ရက်ပေါင်း ၃၀ မျှနှင့် – ပျံသန်းပြလိုက်သောကြောင့် တစ်ကမ္ဘာလုံးက လက်ဖျားခါကြရလေသည်။ ထိုအချိန်အခါက ဤမျှအံ့ဖွယ်သရဲဖြစ်သော စွမ်းရည်သတ္တိမျိုးကို မည်သူမျှ မပြဖူးသဖြင့် တစ်ကမ္ဘာလုံးအား ဤကဲ့သို့ ချောက်ချားခြင်း ဖြစ်စေသည်။

သြစတြေးလီယန်အစိုးရသည် ဒေါ်လာငွေပေါင်း ၅ဝဝဝဝကို ဆုအဖြစ် ဖြင့် သူ့အားပေး၍ ဗြိတိသျှ အစိုးရကမူကား သူ့ကို ဆာဘွဲ့ဖြင့် ချီးကျူးလေ သည်။ ထိုအချိန်အခါက ဗြိတိသျှနိုင်ငံတော် တစ်ခုလုံးတွင် သူ့ထက် ထင်ပေါ်ကျော်ကြားသောသူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ။ … တစ်ညသ၌ ဆာ ရော့ စမစ်ကို ချီးကျူးရန်ကျင်းပသော ညစာ ထမင်းစားပွဲကြီးတစ်ခုသို့ ကျွန်ုပ်လည်း တက်ရောက်လေသည်။ ထမင်း စားသောက်ပြီးနောက် ထုံးစံအတိုင်းစကားပြောကြရာတွင် ကျွန်ုပ်၏ အနား၌ – ကပ်၍ထိုင်နေသော လူကြီးတစ်ဦးက ရယ်စရာပုံကလေးတစ်ပုံကိုပြောရင်း “တို့တစ်တွေ ဘာပဲလုပ်လုပ် ထာဝရသခင်ဟာ တို့ကံကြမ္မာကို ဖန်တီးနေတာပဲ” . ဟူသော ကောက်နုတ်ချက်တစ်ခုကို ရွတ်ပြလေသည်။ . ၊ .. ရွတ်ပြသူက ထိုကောက်နုတ်ချက်သည် ဘိုင်ဘယ်” ခေါ် ခရစ်ယာန်သမ္မာ ‘ ကျမ်းမှ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆို၏။ ဤပြောဆိုချက်သည် လုံးဝမှား ကြောင်းကို ကျွန်ုပ် အတပ်သိ၏။ ထို့ကြောင့် ထိုသူ၏ အမှားကို ပြင်ဆင် ပေးပါဟူ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တောင်းပန်ခြင်းမပြုဘဲ ကိုယ့်ကိုယ်ကို ကိုယ်ဖော်လိုသော စိတ်ထားနှင့် သူ့ကို ထ၍ပြင်လေသည်။ သူကလည်း သူမှန်သည်ဟု ဇွတ်ငြင်း၍နေ၏။

သူ။ ။’ဘယ့်နှယ် ဒီစာကို ရှိတ်စပီးယား) ရေးတာ မဖြစ်နိုင်တာဗျာ . . ခင်ဗျားဟာ ရယ်စရာကြီးပဲ၊ သမ္မာကျမ်းထဲကပါဗျ၊ ကျုပ် သေသေချာချာ သိပါတယ်” ။ .

ကျွန်ုပ်။ ။“ဟုတ်ပါတယ်ဗျ၊ ကျုပ်လဲ သေသေချာချာ သိပါတယ်၊ ဒါဟာ . .. . ရှိတ်စပီးယားရေးတဲ့ စာပဲ” . – ကျွန်ုပ်နှင့် ငြင်းနေသူသည် ကျွန်ုပ်၏ လက်ယာဘက်တွင်ထိုင်လျက်ရှိ၏။ ကျွန်ုပ်၏ လက်ဝဲဘက်တွင် ကျွန်ုပ်၏ မိတ်ဆွေဟောင်းဖြစ်သော မစ္စတာ ဖရန့် ဂင်မွန် သည် ထိုင်လျက်ရှိ၏။ ထိုမစ္စတာဂင်မွန်ဆိုသူမှာ ရှိတ်စပီးယား ရေးသော စာများကို နှစ်ပေါင်းများစွာကစ၍ ကောင်းစွာ လိုက်စားဖူးသူ တစ်ယောက်ဖြစ်သောကြောင့် ငြင်းသူနှင့် ကျွန်ုပ်တို့သည် မစ္စတာဂင်မွန်၏ `အဆုံးအဖြတ်ကို ခံယူရန်သဘောတူကြ၏။ မစ္စတာဂင်မွန်သည် စားပွဲခုံ . အောက်မှနေ၍ ကျွန်ုပ်၏ ညို့သကျည်းကိုကန်ပြီးလျှင်

“ဒေး မင်းမှားတယ်ကွ၊ . ဒီကမိတ်ဆွေက မှန်တယ်၊ ဒီစာဟာ သမ္မာကျမ်းထဲကပဲ”ဟု ပြန်ပြော၏။ – ထမင်းစားပွဲပြီး၍ အိမ်ပြန်လာကြစဉ် – ကျွန်ုပ်က စ၍

“ဟု ဖရန့် – ဘယ့်နှယ်လဲကွ ဒီစာဟာ ရှိတ်စပီးယားရေးတာကို မင်းအသိသားနဲ့ ဘာဖြစ်လို့ . ” သမ္မာကျမ်းမှာ ပါတယ်လို့ ပြောရသလဲကွ”

“တယ်ခက်တာကိုး၊ မင်းမှန်ပါတယ်ကွ၊ ဒီစာဟာ ရှိတ်စပီးယားရေးတဲ့ ဟမ်းမလက် အပိုင်းငါး အခန်း နှစ်” မှာ ပါပါတယ်ကွ၊ သို့ပေမယ့် မင်းသိတဲ့ ‘ အတိုင်းပဲ၊ ထမင်းစားပွဲမှာ တို့က ဧည့်သည်တွေ ဖြစ်နေတယ်မဟုတ်ဘူးလား၊ အဲဒီတော့ သူ့ကို မှားတယ်လို့ ဘာဖြစ်လို့ရှင်းပြနေမလဲ၊ ဒီလိုရှင်းပြလို့ကော သူက မင်းကို သဘောကျလာမတဲ့လား၊ ဘာဖြစ်လို့ သူ့ကို အရှက်ခွဲမလဲ။ နောက်ပြီးတော့လဲ အမှားပြင်ပေးပါလို့ မင်းကိုခိုင်းတာ မဟုတ်ဘူး၊ သူကိုယ်တိုင် ကလဲ အပြင်ခံချင်တာ မဟုတ်ဘူး၊ အဲဒီတော့ ဘာဖြစ်လို့ သူ နဲ့ငြင်းနေမလဲ၊ ဇွတ်ငြင်းတာကို အမြဲရှောင်ပါကွာ”ဟု မစ္စတာဖရန့်ဂင်မွန်က ပြန်ပြောဖူးလေသည်။

“ဇွတ်ငြင်းတာကို အမြဲရှောင်ပါ” ဤဆုံးမစကားကို ပြောသောသူသည် ယခုအခါတွင် အနိစ္စရောက်ရှာလေပြီ။ သို့သော် သူ၏ ဆုံးမစကားသည် ကျွန်ုပ်အပေါ်တွင် ယခုတိုင် တည်လျက် ရှိသေး၏။

ဤဆုံးမစကားသည် ကျွန်ုပ်အတွက် အလွန်အဖိုးထိုက်တန်သော စကား ဖြစ်လေသည်။ အကြောင်းမူကား ကျွန်ုပ်သည် လျှော့မပေးတမ်း ဇွတ်ငြင်းတတ်သူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ် ငယ်ရွယ်စဉ်က ကျွန်ုပ်၏ ညီအစ်ကိုတော်သူနှင့် စကားပြောတိုင်း ငြင်းခဲ့ဖူး၏။ ကောလိပ်ကျောင်းသို့ ရောက်သောအခါ လောဂျစ် – သင်ခန်းစာကို ယူ၍ စကားအခြေအတင်ပြိုင်ပွဲများတွင် ဝင်နွှဲခဲ့ဖူး၏။

နောက်အတော်ကြာသောအခါ နယူးယောက်မြို့တွင် စကားအခြေအတင် ပြောနိုင်ရန် သင်ခန်းစာများသင်ပေးသော အတန်းများကို ဖွင့်လှစ်ခဲ့ဖူး၏။ တစ်ခါတုန်းက စကားအခြေအတင်အကြောင်းနှင့်ဆိုင်သော စာအုပ်တစ်အုပ် ကိုပင် ရေးဦးမည်ကြံသေး၏။ ဤအကြောင်းကို ပြန်ပြောရခြင်းကိုပင် ကျွန်ုပ်သည် ရှက်ပါ၏။ ထိုအချိန်အခါမှစ၍ ကျွန်ုပ်သည် ကိုယ်တိုင်လည်း ဝင်ငြင်း၏။ သူများတွေ ငြင်းခုံကြသည်ကိုလည်း ကောင်းစွာ အကဲခတ်ခဲ့၏။ နောက်ဆုံးတွင် တစ်ဖက်သားကိုနိုင်အောင် ငြင်းနိုင်ရန် နည်းကောင်းတစ်ခုကို တွေ့ ရ၏။ ထိုနည်းကောင်းမှာ အခြားမဟုတ်၊ တစ်ဖက်သားနှင့် မငြင်းဘဲ နေခြင်းပင် ဖြစ်ပေသည်။

သင်သည် မြွေပွေးနှင့် မြေငလျင်များကို ရှောင်ရှားသကဲ့သို့ တစ်ဖက် သားနှင့်ငြင်းခုံရခြင်းကို ရှောင်ရှားပါ။

| ဆယ်ခါငြင်းလိုလျှင် ကိုးခါလောက်မှာငြင်းခုံသောသူများသည် “ငါသာ လျှင် မှန်သည်”ဟု မိမိကိုယ်ကိုမိမိ တစ်ထစ်ချယုံကြည်ကြပြီးလျှင် လျှော့မပေး သည်ကိုသာ တွေ့ခဲ့ဖူး၏။

ငြင်းခုံခြင်းအားဖြင့် သင်သည် ဘယ်အခါမျှ အမြတ်မရှိ။ အဘယ် ကြောင့်ဆိုသော် ငြင်းခုံရာ၌ သင် ရှုံးလျှင် အရှုံး အဖတ်တင်၏။ သင် ‘အနိုင်ရ သည့် အခါတွင်လည်း သင်ပင်လျှင် ရှုံးသည်ဟု မှတ်ပါ။ အဘယ့်ကြောင့် ရှုံးသနည်းဆိုသည်ကို ရှင်းပြပါအံ့။ ကောင်းပြီ။ သင်နှင့်ငြင်းနေသောသူအား သူ မှားကြောင်းကို သက်သေသာဓက အခိုင်အလုံနှင့် ပြနိုင်သောကြောင့် သင် နိုင်သည်ဆိုပါတော့။ ဒီလိုအနိုင်ရသည့်အတွက် သင်ကတော့ ပျော်နိုင်ပါရဲ့။ သူ့မှာဘယ့်နှယ်ဖြစ်သွားမလဲ။ သင့်ထက်ညံ့တဲ့လူ တစ်ယောက် ဖြစ်တယ်လို့ လုပ်လိုက်တာနဲ့ မတူပေဘူးလား။ အဲဒီတော့ သူရှက်သွားမှာပေါ့။ ဒီလိုရှက်သွား လျှင် သူက သင့်ကို စိတ်မဆိုးပေဘူးလား။ နောက်ပြီးတော့လဲ

“နာသူလိုဘဲ လိုအောင်ပြုလျှင် သူ့အယူ၌ စွဲမြဲမည်ပင် ။ ‘ ဟူသော စကားလည်း အရှိသားပဲ။

– ပန်းမျူကျူရယ် အသက်အာမခံကုမ္ပဏီ တစ်ခုကမူကား “မငြင်းနှင့်” ဟူ၍ မိမိ၏ အသက်အာမခံ ကိုယ်စားလှယ်များအတွက် ဥပဒေထုတ်ထားဖူး လေသည်။

ငြင်းခုံခြင်းနှင့် ကုန်များကို စုံအောင် မရောင်းနိုင်။ ငြင်းခုံခြင်းဖြင့် တစ်ဖက်သား၏ စိတ်ကို ပြောင်းနိုင်မည် မဟုတ်ချေ။ သာဓကထုတ်၍ ပြပါအံ့

နှစ်ပေါင်းအတော်ကြာလောက်က ပက်ထရစ်ဂျေအိုဟဲယားဆိုသူ အလွန် ရန်ဖြစ်ချင်သော အိုင်းရစ်ခ်လူမျိုးတစ်ဦးသည် ကျွန်ုပ်၏ ထံတွင် လူပေါ်လူဇော် ,လုပ်နည်းများကို လာရောက်သင်ကြားဖူးလေသည်။ သူ့တွင် ပညာခံဆို၍ ပြောပလောက်အောင်မရှိပါ။ ကျွန်ုပ်တို့ထံသို့ မရောက်မီက သူသည် ရှေးဦးစွာ မော်တော်ကားမောင်း၍ အသက်မွေးလေသည်။ ထိုနောက် ထိုအလုပ်ကိုစွန့်၍ ကုန်တင်မော်တော်ကားများကို ရောင်းသော ကိုယ်စားလှယ်အလုပ်ကို လုပ်ကိုင် သည်။ ကျွန်ုပ်ထံသို့ ရောက်၍ သူ့အား အနည်းငယ် မေးစမ်းကြည့်ရာ သူ့မော်တော်ကားကို ဝယ်မည့်သူနှင့် သူသည် အမြဲတမ်း ရန်ဖြစ်ခဲ့ဖူးကြောင်း ကို ကျွန်ုပ် သိရှိရသည်။ ဥဒါဟရုဏ်၊ ဝယ်မည့်သူတစ်ဦးက သူရောင်းလျက် ရှိသော မော်တော်ကားနှင့် စပ်လျဉ်း၍ အနည်းငယ်ရှုတ်ချသော စကားတစ်ခွန်း လောက် ပြောလိုက်လျှင် အိုဟဲယားသည် မျက်နှာနီလာ၍ စိတ်ဆိုးမာန်ဆိုးနှင့် ထိုသူကို ဇွတ်ပြန်ငြင်း၏။ ထိုကဲ့သို့ငြင်းခုံတိုင်း အိုဟဲယားသာလျှင် အနိုင်ရ သည်က များလေသည်။ ကျွန်ုပ်အား သူ့အကြောင်းများကို ပြန်ပြောပြရာ၌

“ဒီလိုငြင်းခုံပြီးလို့ သူတို့အခန်းထဲက ထွက်လာတဲ့အခါ “ခွေးသားကြီး၊ မှတ်ရော့၊ နောက်ကို ဒီလိုပြောဦး” လို့ ကျွန်တော့်ဟာ ကျွန်တော် ကြိတ်ပြီး ဝမ်းသာတာပေါ့လေ။ ဒါပေမယ့် မော်တော်ကားကိုတော့ တစ်စင်းမှ မရောင်း ရဘူး”ဟူ၍ ဝန်ခံဖူးလေသည်။ .

ထို့ကြောင့် ကျွန်ုပ်၏ အတန်းတွင် သင်ကြားစက ပထမ သင်ခန်းစာ အဖြစ်ဖြင့် အငြင်းအခုံများကို ရှောင်ရှားရန် သူ့ကို သင်ကြားရလေသည်။

– သူသည် ယခုအခါတွင် နယူးယော့မြို့ရှိ ဝှိုက်မော်တော်ကုမ္ပဏီ၏ နာမည်ကျော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လျက်ရှိချေပြီ။ ထိုအခြေအနေသို့ ရောက်အောင် မည်ကဲ့သို့ တက်သွားရသည်ကို သူကိုယ်တိုင်ပြောပြသော စကားထဲမှ ကြည့်ကြစို့။ …

“ယခုအခါ ကျွန်တော်သည် မော်တော်ကား ရောင်းရန်အတွက် ဝယ်မည် ထင်သည့်သူ တစ်ဦးဦး၏ အလုပ်ခန်းသို့ ဝင်မိ၍ ထိုသူက “ဘာလဲဗျို့၊ ဝှိုက် မော်တာကုမ္ပဏီ” က မော်တော်ကားကို ရောင်းမလို့လား၊ ခင်ဗျားတို့ကား တွေ ကောင်းမှ မကောင်းဘဲ၊ အလကားပေးတောင် မယူချင်ဘူး၊ ကျုပ်တို့ ဟူးဆိတ်ကုမ္ပဏီ က ကားတွေကို ဝယ်မလို့”ဟု ပြောလျှင် “ဟူးဆိတ်ကုမ္ပဏီက ကားတွေ အကောင်းသားပဲ၊ ဒီကားတွေကို ဝယ်ရင်ဘယ်မှားမလဲ နောင်ကြီး၊ ကုမ္ပဏီကလည်း နာမည်ကြီး၊ ရောင်းတဲ့သူတွေကလည်း လူဇော်တွေကြီးပဲ”ဟု ကျွန်တော်က ပြန်ပြောပါသည်။

“ထိုအခါ ဘာကိုမျှ ငြင်းစရာမလိုသောကြောင့် ထိုသူသည် နောက်ထပ် ဘာကိုမျှ ပြန်မပြောတော့ချေ။ အကယ်၍ ဟူးဆိတ်ကားများသည် အကောင်းဆုံး ကားများဖြစ်သည်ဟု ပြောလျှင် ကျွန်တော်ကလည်း ဟုတ်ပါသည်ဟု ဝန်ချမည် ဖြစ်၏။ ထိုအခါ သူသည် ကျွန်တော်နှင့် ရှေ့ကိုဆက်၍ ငြင်းရန် မလိုတော့ပါ။ ကျွန်တော် ကိုယ်တိုင်ကလည်း ဝန်ခံထားပါလျှင် “ဟူးဆိတ်ကားများသည် အကောင်းဆုံးဖြစ်သည်၊ အကောင်းဆုံးဖြစ်သည်”ဟူ၍ သူသည် တစ်နေ့လုံး ဇွတ်ငြင်းနေနိုင်မည် မဟုတ်ပါ။ထိုအခါ ဟူးဆိတ် မော်တော်ကားများအကြောင်း ကို တစ်ခန်းရပ်ပြီးလျှင် ကျွန်တော့် ဝှိုက်မော်တော်ကားများ၏ ကောင်းကြောင်းကို ဆက်၍ ပြောနိုင်ပါသည်။

“ရှေးအခါတုန်းကသာ ကျွန်တော်၏ ကားများကို ယခုလို ရှုတ်ချပြီး ပြောခဲ့ပါလျှင် ကျွန်တော့်စိတ်ကို ချုပ်တည်း၍ရမည်မဟုတ်ပါ။ ဟူးဆိတ်ကားများ ကောင်းသည်ဟု ထိုသူက စပြောလျှင်ပြောချင်း ဒီကားတွေ မကောင်းဘူးဟု ကျွန်တော်လည်း ဇွတ်အတင်းခံငြင်းမည်ဖြစ်၏။ ဤကဲ့သို့ ကျွန်တော် ဇွတ်ငြင်း လေလေ ထိုလူလည်း ဟူးဆိတ်မော်တော်ကားများအကြောင်းကို တစ်ဖက်မှ ခံငြင်းလေလေ ဖြစ်မည်ကား မလွဲတည်း။ ဤသို့တစ်ဖက်မှ ငြင်းလေလေ ကျွန်တော့်ကားတွေ မရောင်းရဘဲ ဟူးဆိတ်ကားတွေ ရောင်းရလေလေပဲ။

“ကုန်ခဲ့သောနှစ်များကို ပြန်ကြည့်လိုက်လျှင် ရှေးအခါက ကျွန်တော်၏ ကုန်များကို စုံအောင် မရောင်းနိုင်သည်မှာ ဘာမျှ အံ့သြစရာ မရှိသည်ကို တွေ့ရပါသည်။ ကျွန်တော်သည် ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း၊ စကားများခြင်း စသည်တို့ဖြင့် နှစ်ပေါင်းများစွာကို ကုန်လွန်စေခဲ့၏။ ယခုအခါတွင်မူကား ကျွန်တော်သည် ကျွန်တော်၏ နှုတ်ကို ကောင်းစွာ စောင့်စည်း၏။ ဤသို့ “စောင့်စည်းခြင်းသည် အကျိုးရှိကြောင်း ကျွန်တော်တွေ့ရ၏” ။

ပညာရှိ ဗင် ဖရန့်ကလင်” ဆိုသူ ပြောကြားသောစကားမှာ အောက်ပါ အတိုင်း ဖြစ်သည်။

သင်သည် တစ်ဖက်သားကို ဆန့်ကျင်ဘက်လုပ်၍ ငြင်းခုံခဲ့လျှင် တစ်ခါတစ်ရံ သင်ပင်လျှင် အနိုင် ရကောင်း ရပေမည်။ သို့ရာတွင် ထိုသို့ အနိုင်ရခြင်းသည် အကျိုးမရှိသော နိုင်ခြင်းပေတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အနိုင်ရခြင်းဖြင့် သင်သည် တစ်ဖက်သား၏ ကြည်ညိုခြင်းကို ခံယူရ လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သင်ကိုယ်တိုင်ချိန်ဆ၍ ကြည့်ပေတော့။ စကားအနိုင်ရတာကို ယူမည်လား၊ သို့တည်းမဟုတ် လူတစ်ယောက်ကြည်ညိုခြင်းကို ခံယူမည်လား။ ဤမေးခွန်းနှစ်ခုကို ကောင်းစွာ ချိန်ဆ၍ ဖြေပါ။ အဘယ်ကြောင့် ဆိုသော် နှစ်ခုစလုံးကို တစ်ပြိုင်တည်းရနိုင်ရန် ခဲယဉ်းသောကြောင့်ပေတည်း။

`ဗော်စတန် ထရန်စကရစ် ” သတင်းစာသည် အောက်ပါ လင်္ကာပျက် တစ်ခုကို ပုံနှိပ်ဖော်ပြဖူးလေသည်။

“ဝီလျံဂျေမြှုပ်ထားတဲ့ ဤနေရာ သူ့လမ်းဟာ မှန်ကန်ကြောင်း မောင်းရင်းသေရှာ၊ သေအချာ မှန်ပါရဲ့ သူ့လမ်း၊ မှားလို့သေတာနဲ့ ဘယ်မခြားတယ် သွားပေါ့တစ်ခန်း”

သင်ငြင်းသမျှ စကားတို့သည်လည်း အမှန် များကောင်း များပေမည်။ သို့သော် ဤသို့ငြင်းခုံခြင်းဖြင့် တစ်ဖက်သား၏ စိတ်ကို ပြုပြင်ပြောင်းလဲနိုင် လိမ့်မည်ဟု သင် မျှော်လင့်ခဲ့ပါလျှင် သင်၏ လုပ်နည်း မှားသကဲ့သို့ သင်၏ မျှော်လင့်ခြင်းသည်လည်း အချည်းနှီး ဖြစ်ပေလိမ့်မည်။ ။

အမေရိကန်သမ္မတ ဝီလဆင်၏ အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ ဝီလျံ ဂျီ မက်အဒူး” က “ကျွန်ုပ်သည် နှစ်ပေါင်းအတန်ကြာအောင် နိုင်ငံရေးကို လိုက်စားလာခဲ့ပြီးသည့်နောက် လက်တွေ့ သိရှိရသော သင်ခန်းစာ တစ်ခုသည်ကား အခြား မဟုတ်၊ ငြင်းခုံခြင်းဖြင့် လူပြိန်းတစ်ယောက်၏ စိတ်ကို မပြောင်းလဲနိုင် ဟူသော သင်ခန်းစာပင် ဖြစ်လေသည်”ဟု ထုတ်ဖော် – ပြောဆိုဖူးလေသည်။ ။

အို၊ မစ္စတာ မက်အဒူး၊ “လူပြိန်း” ဟူ၍သာ သင်သည် လျှော့လျှော့ပေါ့ပေါ့ ပြောသွားပေသည်။ ကျွန်ုပ် တွေ့ခဲ့ဖူးသမျှထဲတွင် မည်မျှလောက်ပင် ပညာ တတ်နေသောသူဖြစ်စေကာ ငြင်းခုံခြင်းဖြင့် သူ့စိတ်ကို ပြောင်းလဲ၍ မရနိုင်ချေ။

သာဓကတစ်ခု ထုတ်ပြပါအံ့။ ဖရက်ဒရစ်အက်စပါဆင် ဆိုသူ အမြတ်တော်ကြေး အတိုင်ပင်ခံတစ်ဦးသည် အစိုးရ အမြတ်တော်ကြေးအရာရှိ တစ်ဦးနှင့် တစ်နာရီလောက်ကြာအောင် ငြင်းခုံလျက်ရှိ၏။ အစိုးရအရာရှိက – အမြတ်တော်ငွေ ကိုးထောင်အပေါ်တွင် အမြတ်တော်ကြေး ကောက်ခံရာ အမြတ်တော်ကြေး အတိုင်ပင်ခံကလည်း ထိုဒေါ်လာငွေ ကိုးထောင်သည် ဆုံးမည့်ကြွေးဖြစ်သောကြောင့် ထိုငွေအတွက် အမြတ်တော်ကြေး မပေးထိုက် ကြောင်းနှင့် ထုချေ၏။ အမြတ်တော်ကြေး အတိုင်ပင်ခံက ငြင်းလေလေ အမြတ်တော်ကြေး ” အရာရှိကလည်း “ဆုံးမည့်ကြွေးမကလို့ ဘာပဲဖြစ်ဖြစ် အမြတ်တော်ကြေး ပေးရမည်ဟု” ဇွတ်အတင်း ပြောလေလေ ဖြစ်နေ၏။

ထိုကိစ္စနှင့် စပ်လျဉ်း၍ အမြတ်တော်ကြေး အတိုင်ပင်ခံ မစ္စတာပါဆင် ကိုယ်တိုင် အောက်ပါအတိုင်း ကျွန်ုပ်တို့အား ပြန်ပြောဖူးလေသည်။

အမြတ်တော်ကြေး အရာရှိသည် အလွန် အပြောရကျပ်သော သူတစ်ဦး ဖြစ်၏။ မာနလည်း အလွန်ကြီး၏။ နည်းလမ်းတကျ ဘယ်လိုပင် ပြောပြ သော်လည်း နားမဝင်တော့ချေ။ ကျွန်ုပ်က ငြင်းလေလေ၊ သူသည် ပို၍ . ခေါင်းမာလေလေ ဖြစ်၏။ ထို့ကြောင့် ငြင်းခုံခြင်းကို ရပ်စဲလိုက်ပြီးနောက် နည်းသစ်တစ်ခုကို ထွင်ရလေသည်။ ထိုနည်းသည်ကား အခြားမဟုတ် သူ့ကို ချီးကျူးခြင်းပင် ဖြစ်လေသည်။

“ဝန်ထောက်မင်း နေ့စဉ်ဆုံးဖြတ်နေတဲ့ ကိစ္စများနှင့် စာလိုက်ရင် ယခု ကိစ္စဟာ အသေးအမွှားကလေး နေမှာပေါ့၊ အမြတ်တော်ကြေး ကောက်ခံပုံ စနစ်ကို ကျွန်တော်လဲ ကောင်းစွာ လေ့လာခဲ့ဖူးပါတယ်။ သို့ပေမယ့် ကျွန်တော်ကတော့ စာအုပ်ထဲမှာရှိတဲ့ ပညာတွေလောက်သာ လေ့လာဖူးတာပဲ၊ ဝန်ထောက်မင်းလိုတော့ လက်တွေ့အလုပ်ကိုမလုပ်ဖူးဘူး၊ အဟုတ် ပြောတာပါ။ တစ်ခါတလေများ ဝန်ထောက်မင်းတို့လို အလုပ်မျိုးကို လုပ်ရရင် သိပ်ကောင်း မှာပဲလို့ အောက်မေ့မိပါတယ်၊ ဒီလိုလုပ်ရရင် ကျွန်တော့်မှာလဲ အသိဉာဏ် အတော်တိုးမှာပဲ”ဟု ကျွန်တော်က ပြောပြ၏။ ထိုပြောသမျှ – စကားထဲတွင် အကယ်စင်စစ် အပိုတစ်လုံးမျှ မပါပါ။ ကျွန်တော့်စိတ်ထဲ ရှိသမျှကို အရင်း တိုင်းနှင့် ပြောပြလိုက်ခြင်း ဖြစ်သည်။

ထိုစကားကို ကြားရသောအခါ အမြတ်တော်ကြေး ဝန်ထောက်သည် ခါးဆန့်ပြီးလျှင် ကုလားထိုင်နောက်ကို မှီ၍ စာရင်းလိမ်ပြသော သူများကို မိအောင် ဘယ်ပုံဘယ်နည်း ဖမ်းဆီးခဲ့ရဖူးသည် အစရှိသည်ဖြင့် သူ၏ အလုပ်အကြောင်းကို အချိန်အတော်ကြာစွာ ကျွန်တော့်အား ပြောပြပါသည်။ စကားပြောရင်း သူ ၏ လေသံသည် တွေ့စကလောက် မမာတော့ချေ။ အတော်ပင် ရင်းရင်းနှီးနှီးဖြစ်လာပြီးနောက် သူ့ကလေးများ၏အကြောင်းကို ဆက်၍ ပြောပြန်ပါသည်။ ကျွန်တော့်အခန်းမှ ထွက်ခါနီးတွင် ကျွန်တော်၏ ကိစ္စကို ထပ်မံစဉ်းစား၍ ရက်များမကြာခင် သူ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးပါမည်ဟု ပြောသွားလေသည်။

သုံးရက်ကြာသောအခါ သူသည် ကျွန်တော်၏ အလုပ်ခန်းသို့လာပြီးလျှင် ငွေကိုးထောင်အပေါ်တွင် ကောက်ထားသော အမြတ်တော်ကြီးကို လျှော်ပစ် လိုက်ပြီဟူ၍ အကြောင်းကြားပါသည်။ :

အမြတ်တော်ကြေး ဝန်ထောက်၏ စိတ်ထားသည် အထူးအဆန်း မဟုတ်ချေ။ လူတိုင်းမှာလည်း ဤကဲ့သို့ စိတ်ထားမျိုးရှိကြလေသည်။ သူသည် သူ့ကိုယ်ကို အထင်ကြီးနေ၏။ မစ္စတာပါဆင်နှင့်ငြင်းနေစဉ် သူ၏ အာဏာကို ပြရန် အခွင့်အလမ်းကို သူသည် ရရှိခဲ့၏။ သို့ရာတွင် မစ္စတာပါဆင်သည် အငြင်းကို ရပ်ပြီးလျှင် သူ၏ အာဏာကို အသိအမှတ် ပြုလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ အာဏာကို ပြခွင့်ရသဖြင့် များစွာ ကျေနပ်ပြီး လျှင် တစ်ဖက်သားကို သနားညှာတာတတ်သော လူတစ်ယောက်ဖြစ်လာ လေသည်။

နပိုလီယန်၏ အိမ်တော်ကျွန်ဖြစ်သော ကွန်စတင့် ဆိုသူသည် “နပို လီယန်၏ အတွင်းရေးများအကြောင်း” ကို စာအုပ်အဖြစ်ရေးသားဖူးလေသည်။ သူသည် နပိုလီယန်၏ မိဖုရား ဂျိုးဆက်ဖင် *. နှင့် ဗိလိယက် ကစားသည့် အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်မှာ မှတ်သားဖွယ်ရာပင်။

“ကျွန်ုပ်တွင် အစွမ်းရှိသော်လည်း မိဖုရားကြီးနှင့် ကစားတိုင်း ကျွန်ုပ်ကသာ အရှုံးပေးလေ့ရှိရာ မိဖုရားကြီးသည် အလွန် နှစ်သိမ့်တော်မူလေသည်”

ကျွန်ုပ်တို့သည် ကွန်စတင့်ထံမှ ကျွန်ုပ်တို့အတွက် အမြဲသင့်တင့်သော ဤသင်ခန်းစာကို ယူကြပါစို့။ ကျွန်ုပ်တို့ထံ၌ ကုန်ဝယ်လာကြသူများ၊ ကျွန်ုပ် တို့၏ ရည်းစားများ၊ ကျွန်ုပ်တို့၏ လင် သို့မဟုတ် မယားများနှင့် ဆိုင်မိကြ သောအခါ ကျွန်ုပ်တို့တွင် နိုင်အောင် ငြင်းနိုင်သောအစွမ်းများ ရှိပင်ရှိလင့်ကစား သူ တို့ကို အနိုင်ပေးလိုက်ကြပါစို့။ ။

“ဒေါသကို မေတ္တာဖြင့်နိုင်စေရာသည်”ဟု ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် က ဟောကြားတော်မူခဲ့ဖူးလေသည်။ ထိုနည်းအတိုင်းပင် တစ်ဦးနှင့် တစ်ဦး အယူအဆလွဲနေခြင်းကို ငြင်းခုံခြင်းဖြင့် ကွယ်ပျောက်သွားအောင် မလုပ်နိုင်။ . သာယာခြင်စွာ ပြောတတ်ခြင်း၊ နှုတ်ချိုခြင်း၊ တစ်ဖက်သားကို လျှော့ပေးခြင်း၊ တစ်ဖက်သား၏ ဆန္ဒကို တကယ်ပြည့်ဝအောင် လုပ်ပေးလိုသော စိတ်ထားရှိခြင်း တို့သာလျှင် တစ်ဦးနှင့်တစ်ဦး အယူအဆလွဲနေခြင်းကို ဖိပျောက်သွားအောင် စွမ်းဆောင်နိုင်လေသည်။ ။

. တစ်ခါတုန်းက စစ်ဗိုလ်ကလေးတစ်ဦးသည် မိမိအဖော်တစ်ယောက်နှင့် အပြင်းအထန် ငြင်းခုံလျက်ရှိရာ “မိမိကိုယ်ကို အထက်ဆုံးအတန်းသို့ရောက်အောင် ရည်ရွယ်ချက်ရှိသူသည် စကားအနိုင်လု၍ ငြင်းခုံနေရန် အချိန် မရှိချေ။ ထိုမျှ မကသေး၊ ငြင်းခုံခြင်းတည်းဟူသော အကြောင်းမှ ပေါ်ပေါက်လာသော စိတ်တိုခြင်း၊ ဒေါသကို မထိန်းသိမ်းနိုင်ခြင်း စသည့် အကျိုးတို့ကိုလည်း ထိုသူသည် မလိုလားအပ်ချေ၊ ဆတူဖြစ်နေလျှင်လည်း လျှော့ပေးပါ၊ သို့မဟုတ် ကိုယ်ကပင် နိုင်လျှင်လည်း လျှော့ပေးပါ။ သင်ပိုင်သောနေရာ ဖြစ်ပါစေ၊ ထိုနေရာကို ရရန်အတွက် အကိုက်ခံ၍ ခွေးတစ်ကောင်နှင့်ဖက်ပြီး လုမနေပါနှင့်၊ ခွေးကိုက်ခံရလျှင် ထိုခွေးကို သတ်ပစ်သော်လည်း အနာပျောက်မည် မဟုတ်ချေ ‘စသည်ဖြင့် သမ္မတလင်ကွန်းသည် စစ်ဗိုလ်ကလေးကို ဆုံးမဖူးလေသည်။

ထို့ကြောင့် ဥပဒေသ အမှတ် ၁ သည် အောက်ပါအတိုင်း ဖြစ်၏။

တစ်ဖက်သားကို မိမိဘက်သို့ပါအောင် လုပ်ရန်အတွက် အကောင်းဆုံး သော နည်းတစ်ခုသည် “ငြင်းခုံနေခြင်းကို ရှောင်ရှားပါ။ ။