မိတ္တဗလဋီကာ

အခန်း ၃ မှားလျှင် ဝန်ခံပါ

ကျွန်ုပ်နေသော အရပ်သည် နယူးယောက်မြို့သစ်၏ အလယ်ဗဟိုလောက်တွင် – တည်ရှိလေသည်။ ကျွန်ုပ်၏ အိမ်မှ တစ်မိနစ်လောက် လျှောက်လိုက်လျှင် မရှင်းလင်းရသေးသော သစ်တောကြီးဆီသို့ ရောက်နိုင်သည်။ နွေဦးပေါက်လျှင် ထိုတောထဲရှိ သစ်ပင်ပန်းပင်တို့သည် ဝေဝေဆာဆာရှိကြ၏။ ထိုတောထဲတွင် ရှဉ့်ငယ်ကလေးများသည် အသိုက်များလုပ်၍ ရှဉ့်ကလေးများ ပေါက်ဖွားကြ၏။ ထိုသစ်တောကို “ဖောရက် ပတ်” ဟု ခေါ်လေသည်။ ကိုလံဗတ်ပါ သည် အမေရိကပြည်ကို ရှာတွေ့သည့်နေ့က ထိုတောကြီးတွင် ဖြစ်ပေါ်နေသော အခြေအနေတို့မှာ ယနေ့တိုင်ပြောင်းလဲဟန် လက္ခဏာ မရှိသေးပေ။ ထိုတော . တွင် ကျွန်ုပ်၏ ခွေးဘီလူးကလေး “ရက်စ်” နှင့် အတူ ကျွန်ုပ်သည် . လမ်းလျှောက်လေ့ရှိ၏။ ထိုခွေးသည် မကိုက်တတ်ရုံသာမက တောထဲတွင်လည်း ကျွန်ုပ်တို့မှတစ်ပါး တစ်စုံတစ်ယောက်ကို အလွန်တွေ့ရခဲသောကြောင့် ကျွန်ုပ်၏ ခွေးကို နှုတ်သီးစည်းနှင့် သားရေကြိုးတို့ကို တပ်မပေးမိချေ။

တစ်နေ့သ၌ အလွန်တန်ခိုးပြချင်နေသော မြင်းစီးပုလိပ် အရာရှိ တစ် ယောက်နှင့် ကျွန်ုပ်သည် ရင်ဆိုင်တိုးမိသည်။ ။

ပုလိပ် “ဒီခွေးကို နှုတ်သီးစည်းနဲ့ သားရေကြိုးမတပ်ဘဲ ဘယ့်နှယ်ကြောင့် ဒီလိုလွှတ်ထားရသလဲ၊ ဒီလိုလုပ်ရင် ဥပဒေကျူးလွန်ရာ ရောက်တယ်ဆိုတာ မသိဘူးလား”

ကျွန်ုပ် (လေသံခပ်ပျော့ပျော့နှင့်) “ဟုတ်ကဲ့သိပါတယ်ခင်ဗျာ၊ သို့ပေမယ့် ဒီခွေးကလေးဟာ ဒီနေရာမှာဘယ်သူ့ကိုမှ ရန်ရှာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး’

ပုလိပ် “ဘာ ကျွန်တော်မထင်ပါဘူးလဲ၊ မင်းမထင်ပေမယ့် ဥပဒေကတော့ နေမှာ မဟုတ်ဘူး၊ ဒီခွေးဟာ ရှဉ့်ပေါက်စကလေးတွေကိုဖြစ်ဖြစ် ကလေး တွေကိုဖြစ်ဖြစ် ကိုက်မယ် မဟုတ်ဘူးလား၊ ကောင်းပြီ၊ ဒီတစ်ခါတော့ချမ်းသာ ပေးလိုက်မယ်၊ နောက်တစ်ခါ ဒီလိုတွေ့ရရင် ရုံးမှာ ထုချေပေတော့”

“ကောင်းပါပြီ” ဟူ၍ ကျွန်ုပ်သည် ဝန်ခံလိုက်၏။ ,

ထိုပုလိပ်၏ ‘စကားကို နားထောင်သည်ကား ‘ မှန်၏။ သို့ရာတွင် – ခေတ္တမျှသာနားထောင်နိုင်၏။ အဘယ်ကြောင့်ဆိုသော် ရက်စ်သည် နှုတ်သီး စည်းကို မနှစ်သက်ချေ။ ကျွန်ုပ်ကိုယ်တိုင်ကလည်း ထိုကဲ့သို့ နှုတ်သီးစည်း ထားခြင်းကို မကြိုက်နိုင်။ ထို့ကြောင့် ပုလိပ်အလစ်တွင် နှုတ်သီးမစည်းဘဲနှင့် တစ်ကြိမ်လောက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ အတန်ကြာစွာ မည်သူ့ကိုမျှ မတွေ့ရချေ။ တစ်နေ့သ၌ ခွေးကလေးနှင့်ကျွန်ုပ်သည် တောထဲရှိတောင်ပူစာ ပေါ်တွင် လျှောက်၍ ပြေးနေစဉ် မြင်းစီးပုလိပ်အရာရှိနှင့် ဖြန်းခနဲ ရင်ဆိုင် တိုးမိနေ၏။

ထို့ကြောင့် ပုလိပ်အရာရှိက စကားစ၍ ပြောအောင်ပင် မစောင့်ဘဲ “ဆရာ၊ ကျွန်တော့်ကို ဒီတစ်ခါ လက်ပူးလက်ကြပ်မိနေပြီ၊ ကျွန်တော့် အပြစ် – အတွက် ကျွန်တော်ဆင်ခြေတွေ မပေးတော့ပါဘူး၊ အရင် တနင်္ဂနွေတစ်ပတ် လောက်က ခွေးကိုနှုတ်သီးစည်း တပ်မပေးရင် ကျွန်တော့်ကို ဒဏ်ရိုက်မယ်လို့ ဆရာ သတိပေးလိုက်ပြီးပါပြီ။

“ကဲ ကောင်းပြီလေ၊ ဒီလိုပေါ့၊ လူသူ လေးပါးရှင်းတဲ့အခါ ကိုယ့်ခွေး ကလေးနဲ့ ဒီလိုပြေးရတာ အင်မတန် ဇိမ်ရှိတာပဲ” ဟူ၍ ပုလိပ်အရာရှိက ‘ ဖြည်းညင်းသာယာစွာ ပြန်ပြော၏။ .

“ဇိမ်ရှိတာတော့ မှန်ပါရဲ့၊ သို့ပေမယ့် ဥပဒေနဲ့ ဆန့်ကျင်နေလို့”

“ကိစ္စမရှိပါဘူးလေ၊ ဒီလောက် ခွေးကလေးကလည်း ဘယ်သူ့ကိုမှ ရန်မရှာနိုင်ပါဘူး” ဟူ၍ အရာရှိသည် ကျွန်ုပ်ဘက်မှ လိုက်၍ ပြောနေသဖြင့် ကျွန်ုပ်က “ရှဉ့်ကလေးတွေကို ကိုက်မှာစိုးရတယ် ဆရာ”ဟု ပြန်ပြောပါသည်။

ထိုအခါ “အို ကိုယ့်လူကလဲ အသေးအဖွဲကလေးတွေကို တကယ့် အကြီးအကျယ်ကြီးလို လုပ်နေပြန်ပါပြီ၊ ကိုင်း ကျုပ်မမြင်နိုင်တဲ့ ဟောဟိုက တောင်ကုန်းပေါ်မှာ သူ့ကိုဆက်ပြီး ပြေးပါစေ၊ အတော်ကလေး ကြာရင် ဒီကိစ္စကို ကျုပ်တို့ မေ့ကုန်ကြမှာပဲ” ဟု ပုလိပ်အရာရှိက ပြန်ပြော၏။

ထိုပုလိပ်အရာရှိသည် ပုထုဇဉ်ဖြစ်သည့်အတိုင်း ရှိသည့် အာဏာကလေး ကို ပြလိုက်ချင်သေး၏။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကို ကျွန်ုပ်ကိုယ်တိုင်က ဆီး၍ အပြစ်တင်လိုက်သောအခါ အာဏာပြချင်သော ဆန္ဒတို့သည် အတော် ကျေနပ်သွားကြပြီးလျှင် “ငါ ချမ်းသာခွင့် ပေးနိုင်သည်”ဟူသော တန်ခိုးကို ဆက်၍ ပြရန်သာ ရှိတော့၏။ .

အကယ်၍သာ ကျွန်ုပ်တွင် အပြစ်မရှိဟူ၍ ငြင်းနေလျှင် ဘယ်လို ဖြစ်မည်လဲ။ တစ်ဖက်နှင့် တစ်ဖက် ငြင်းခုံကြရမည်တော့မည်မှာ မလွဲပင်။ ထိုသို့ ငြင်းခုံမိကြလျှင် ဘာဖြစ်မည်ကို အဆွေကိုယ်တိုင် သိပါလိမ့်မည်။

ဤကဲ့သို့ ငြင်းခုံနေမည့်အစား ကျွန်ုပ်၏ အမှားကို ရက်ရက်ရောရော ဝန်ခံလိုက်၏။ ကျွန်ုပ်သည်’ သူ ဘက်ကနေ၍ ပြောသောကြောင့် သူသည် ကျွန်ုပ်ဘက်ကနေ၍ ကာကွယ်ပေး၏။

ကိုယ့်ကိုယ်ကိုပြန်၍ အပြစ်တင်ခြင်းသည် အခြားသူက အပြစ်တင်ခြင်း | ထက် အခံရ မသက်သာပေဘူးလား။

တစ်ဖက်သားက သင့်အားပြောမည့် စကားများကို သင်ကိုယ်တိုင်က သူမပြောနိုင်မီ ကြိုတင်၍ပြောလိုက်ပါ။ တစ်ဖက်သားသည် အ သွားလိမ့်မည်။ ထိုအခါ တစ်ရာလျှင် ကိုးဆယ့်ကိုး ယောက်သော သူတို့သည် သင်၏ အပြစ်များကို ကာကွယ်၍ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ခွေးကလေးကို ပုလိပ်အရာရှိက ချမ်းသာခွင့်ပေးသလို သင့်အား အပြစ်မှ ချမ်းသာခွင့် ပေးလိမ့်မည်။

တစ်ဖက်သားကို အလွန်အပြစ်တင်တတ်သော ပန်းချီကား အရောင်း” အဝယ်လုပ်သူ ကုန်သည်ကြီးတစ်ဦးကို မိမိဘက်သို့ ပါအောင် ပန်းချီဆရာ ဖာဒီနန် အီး ဝါးရင်း”သည် အထက်ပါနည်းကို အသုံးပြုခဲ့ဖူး၏။ ။

“ကြော်ငြာအတွက် ပုံများကို ဆွဲရာ၌ တိတိကျကျမှန်ကန်ရန် အလွန် အရေးကြီးလေသည်ဟူသော စကားဖြင့် သူ၏ အဖြစ်အပျက်အကြောင်းကို စ၍ ပြောပြလေသည်။

“အချို့သော ပုံဆွဲဘက်ဆိုင်ရာ စာတည်းတို့သည် သူတို့ခိုင်းသော အလုပ်များကို အလျင်အမြန် လုပ်ပေးစေချင်၏၊ ထိုသို့အမြန်လုပ်ရာတွင်လည်း အနည်းအကျဉ်း မှားယွင်းတတ်သည်မှာ ဓမ္မတာပင် ဖြစ်လေသည်၊ ကျွန်ုပ်နှင့် သိသော ပုံဆွဲစာတည်းများတွင် စာတည်းတစ်ဦးသည် တစ်ဖက်သားကို အပြစ်ရှာရာ၌ အလွန်မြိန်ရေရှက်ရေ ရှိသည်ကို တွေ့ ရဖူး၏။ ကျွန်ုပ်သည် သူနှင့် တွေ့ပြီးတိုင်း နှလုံးမသက်မသာ ဖြစ်ရ၏။ ဤသို့ဖြစ်ရခြင်းသည် ကျွန်ုပ်ကို အပြစ်ရှာသောကြောင့် မဟုတ်။ သူ၏ အပြစ်ရှာပုံကို သဘော မကျသောကြောင့်ပင် ဖြစ်လေသည်။ များမကြာမီက ထိစာတည်းအတွက် အလုပ်တစ်ခုကို အလျင်အမြန် လုပ်ပေးခဲ့ရဖူး၏။ ကျွန်ုပ်၏ ပုံကို သူ့ထံတွင် အပ်ပြီးနောက် များမကြာမီ ကျွန်ုပ်ထံသို့ သူသည် စကားပြောကြေးနန်းဖြင့် အပြစ်တင်စကား ပြောကြားပြီးလျှင် သူ့အလုပ်ခန်းသို့အမြန်လာရန် ခေါ်၏။ ကျွန်ုပ် ရောက်သွားသောအခါ ကျွန်ုပ် မျှော်လင့်သည့်အတိုင်း တွေ့ ရ၏။ စာတည်းသည် အလွန် ဒေါပွ၍ ကျွန်ုပ်ကို အပြစ်ရှာရန် ဟန်ပြင်လျက်ရှိ၏။ အဘယ့်ကြောင့် ထိုကဲ့သို့ ဆွဲရသနည်းဟူ၍ ကျွန်ုပ်အား ဒေါသနှင့်မေး၏။ ကျွန်ုပ်မှာမူကား လေ့လာပြီးဖြစ်သော မိမိကိုယ်ကိုမိမိ အပြစ်တင်ရန် နည်းကို အသုံးပြုရန် အခွင့်ကောင်းကြုံသဖြင့် အောက်ပါအတိုင်း ပြောလေသည်။

ကျွန်တော် “ဒီလိုဆိုရင်ဖြင့် ကျွန်တော်သိပ်ပြီးဆိုးတာပဲ၊ ဆင်ခြေတွေ ပေးနေပေမယ့်လဲ ဒီအပြစ်ကတော့ ချမ်းသာမယ် မဟုတ်ပေဘူး၊ ဒီလောက်ကြာ ကြာ ဆရာနဲ့ အလုပ်လုပ်ဖူးရင် ဆရာ ဘာကြိုက်တယ်ဆိုတာကို ကျွန်တော် သိဖို့ ကောင်းပါတယ်၊ ခုလို မသိတာ အင်မတန်မှ ရှက်ဖို့ ကောင်းတာပါပဲ”

ထိုစာတည်း၏ အမူအရာသည် ရုတ်တရက် ပြောင်းသွားပြီးလျှင် ကျွန်ုပ်ဘက်ကနေ၍ ကျွန်ုပ်ကို ကာကွယ်၏။

စာတည်း “ဟုတ်တယ်လေ၊ ဒါသိပ်အရေးမကြီးပါဘူး၊ အမှားဆိုပေမယ့်”

ကျွန်တော် (သူပြော၍ အပြီးကို မစောင့်ဘဲ ကြားဖြတံ၍) “အမှား – – ရှိတာ ကောင်းကို မကောင်းဘူး၊ ဘယ်အမှားပဲ ဖြစ်ဖြစ် နည်းနည်းကလေး မှားလိုက်ရင် အကုန်ပျက်ကုန်တာပဲ”

စာတည်းသည် ကျွန်ုပ်၏ စကားကို ကြားဖြတ်၍ပြောရန် ကြိုးစားပါ သေး၏။ သို့ရာတွင် ကျွန်ုပ်သည် အတင်းဆက်၍ ပြောသောကြောင့် သူ မပြောသာချေ။ ကျွန်ုပ်လည်း အတော် နေရာကျလျက် ရှိ၏။ တစ်သက်နှင့်

တစ်ကိုယ် ကိုယ့်ကိုယ်ကိုပြန်၍ အပြစ်တင်ခြင်းသည် ဤအကြိမ် ပထမဖြစ်၍ . ကျွန်ုပ် ကိုယ်တိုင်လည်း နှစ်သက်၏။

. ကျွန်တော် “ဒီကိစ္စမှာ ကျွန်တော်ကိုယ်တိုင် သတိနည်းနည်းပေါ့သွား ပါတယ်၊ ပိုက်ဆံပေးစရာရှိရင် ဆရာပါ အများဆုံး ပေးတာပဲ၊ ဒီတော့ အကောင်းဆုံးရစရာရှိရင်လဲ ဆရာပဲ ရထိုက်တယ် မဟုတ်ပါလား၊ ကျွန်တော် ပြန်ဆွဲပေးပါ့မယ်”

စာတည်း “နေ နေ နေ၊ ဘာဖြစ်လို့ ဒုက္ခ ရှာမလဲ၊ ပြင်ချင်တာက နည်းနည်းကလေး ပြင်ချင်တာ၊ သို့ပေမယ့် ကိစ္စမရှိပါဘူး” ဟူ၍ ပြောပြီးလျှင် ကျွန်ုပ်၏ ကားကို ချီးမွမ်းတော့၏။ ။ . ကျွန်ုပ်ကိုယ်ကို ပြန်၍ အပြစ်တင်နေသဖြင့် စာတည်းကား ကျွန်ုပ်အား အပြစ်တင်ရန် အခွင့်မရတော့ချေ။ စကား ပြောကြပြီးနောက် ကျွန်ုပ်ကို – နေ့လယ်စာ ကျွေးပြီးလျှင် ကျွန်ုပ်၏ ဆွဲကားအတွက် ချက်လက်မှတ်ကို ထုတ်ပေးရုံသာမက အလုပ်သစ်တစ်ခုကိုလည်း နောက်ထပ် ပေးလိုက်ပါသေး သည်။

– ကိုယ့်အပြစ်ကို ကိုယ်ဖုံးရန်အတွက် ပညာရှိဖို့မလို ပညာမဲ့တိုင်းလိုလိုပင် ကိုယ့်အပြစ်ကို ကိုယ်ဖုံးတတ်ကြ၏။ သို့ရာတွင် မိမိအပြစ်ကို ဝန်ခံတတ်ခြင်း သည် ထိုဝန်ခံသူအား လူသာမန်တို့ထက် ထူး၍ မြင့်မြတ်စေလေသည်။ ထို့ပြင်လည်း မိမိ၏ အပြစ်ကို ဝန်ခံလိုက်ရခြင်းအားဖြင့် ထိုဝန်ခံသူတွင် – ထူးကဲသော စိတ်၏ အရသာကို ခံစားရလေသည်။ သာဓကတစ်ခုကို ဖော်ပြ ပါအံ့။

ဂတ်တီးစဗတ်” တိုက်ပွဲတွင် အကြီးအကျယ်ရှုံးသော အပြစ်ဒဏ်ကို စစ်ဗိုလ်ချုပ်ကြီး ရောဗတ် အီ လီ သည် သူတစ်ယောက်တည်း ကျုံး၍ ခံခဲ့၏။ သမိုင်းထဲ၌ ရောဗတ်အီလီနှင့် စပ်လျဉ်း၍ ရေးထားသော အကြောင်း များတွင် ဤအကြောင်းသည် အလွန်မြင့်မြတ်သော အကြောင်းပင် ဖြစ်လေ သည်။

လီ၏ တစ်သက်တွင် ဤအမှားတော်ပုံထက် ကြီးကျယ်သောအမှား – မရှိခဲ့ပေ။ လီသည် အလွန့်အလွန် စိတ်ပျက်လျက်ရှိသောကြောင့် တောင်ပိုင်း ပြည်နယ် သမဂ္ဂနိုင်ငံများ၏ သမ္မတ ဂျက်ဖာဆန် ဒေဗီ ၃ ထံသို့ နှုတ်ထွက်စာ တင်လိုက်ပြီးလျှင် သူ့ထက် စွမ်းရည်သတ္တိပိုရှိသော လူငယ်တစ်ဦးကို ပို့လိုက်ရန် တောင်းပန်၏။ လီသည် အကယ်၍သာ အခြားတစ်စုံတစ်ယောက်အပေါ်သို့ စစ်ရှုံးရသည့်အပြစ်ကို ချလိုပါလျှင် အကြောင်းအမျိုးမျိုး ပြနိုင်ပေသည်။

ဥဒါဟရုဏ်၊ သူ၏ လက်အောက်ခံ ဗိုလ်များက သူပြောသည့်အတိုင်း . မလုပ်သောကြောင့် ရှုံးရသည်၊ ခြေလျင်တပ်ကိုကူရန် မြင်းတပ်သည် အချိန်မီ မရောက်သောကြောင့် ရှုံးရသည် အစရှိသည်ဖြင့် အကြောင်းအမျိုးမျိုးပြနိုင်၏။

သို့ရာတွင် လီသည် မြင့်မြတ်သော လူတစ်ယောက်ဖြစ်၍ ဤသို့ တစ်ဖက်သားအပေါ် အပြစ်ချသော ကိစ္စမျိုးကို လုပ်မည် မဟုတ်ပေ။ သူ၏ စစ်တပ်များသည် စစ်ရှုံးရာမှ ပြန်လာသောအခါ သူသည် ကိုယ်တိုင် ထွက်၍ နှုတ်ဆက်ပြီးလျှင်

“ဒီလိုရှုံးတာ ငါ့အပြစ်ပါပဲ၊ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး၊ ငါ့ကြောင့် စစ်ရှုံးတာပဲ”ဟူ၍ ပြောပြ၏။ – ‘ သမိုင်း အစောင်စောင်ကို ပြန်၍ကြည့်လျှင် ဤကဲ့သို့ ဝန်ခံရဲသော စစ်ဗိုလ်ချုပ်ကြီးမျိုးလည်း အလွန်ရှားမည် ဖြစ်၏။

အဲဗတ် ဟပ်ဘုတ် သည် တိုင်းပြည် တစ်ပြည်လုံး၏ စိတ်ဓာတ်ကို တက်ကြွအောင် ရေးသားရာ၌ အလွန် အရေးကောင်းသူတစ်ယောက် ဖြစ်လေ သည်။ သူ၏ အရေးအသားများထဲတွင် အချို့စာကြောင်းများသည် တစ်ဖက် သားကို မခံမရပ်နိုင်အောင် ဖြစ်စေ၏။ သို့ရာတွင် လူများနှင့် ဆက်ဆံရာတွင် – အရည်ဝပြီးသား ဖြစ်သောကြောင့် သူ ၏ အရေးအသားကို မခံရပ်နိုင်သော သူ၏ ရန်ဘက်များသည် များသောအားဖြင့် သူ၏ မိတ်ဆွေများဖြစ်လာကြ၏။

ဥဒါဟရုဏ်၊ စာဖတ်သူတစ်ဦးဦးသည် ဟပ်ဘတ်၏ အရေးအသားကို မခံမရပ်နိုင်သောကြောင့် မခံမရပ်နိုင်ကြောင်းကိုသာ ရေးရုံမက ဟပ်ဘတ်ကို – ဘာကောင်ပဲ ညာကောင်ပဲ အစရှိသည်ဖြင့် ဆဲရေးတိုင်းထွာခြင်း ပြုလုပ်သော အခါ ဟပ်ဘတ်သည် အောက်ပါအတိုင်း စာပြန်ရေးမည် ဖြစ်၏။ အဆွေတစ်ကြိမ်ပြန်ပြီး စဉ်းစားလိုက်တဲ့အခါ အဆွေမနှစ်သက်သော စာပိုဒ်ကို ကျွန်တော်ကိုယ်တိုင်လည်း လုံးလုံးလျားလျား နှစ်သက်လှသည် မဟုတ် ပါ။ မနေ့က ကျွန်တော် ရေးသားလိုက်သမျှသော အရေးအသား ကို ယနေ့ ကျွန်တော် မနှစ်သက်တော့ပါ။ ဤကိစ္စနှင့် စပ်လျဉ်း၍ အဆွေ၏ သဘောထားကို သိရသဖြင့် ဝမ်းသာပါသည်။ တစ်နေ့နေ့ လမ်းကြုံလျှင် ဤကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရအောင် ကျွန်တော့်ထံသို့ ဝင်ခဲ့စေချင်ပါသည်။ ..

သဘောထားရိုးသားစွာဖြင့် သင့်ကို ဤသို့ဆက်ဆံသော သူတစ်ဦးအား သင်သည် မည်ကဲ့သို့ စိတ်ထားမည်နည်း။ – တစ်ခါတုန်းက ကျွန်ုပ်၏ အတန်းထဲတွင် အတန်းသားများကို တစ် ယောက်စီ ထ၍ပြစေ၏။ ထိုအခါ ကျန်အတန်းသားများက အတန်းသားတစ်ဦး နှင့် စပ်လျဉ်း၍ အဘယ်ကဲ့သို့ထင်ကြသည်ကို ရေးသားကြရလေသည်။

ထိုစာရွက်များပေါ်တွင် လက်မှတ်မထိုးရသောကြောင့် အတန်းသားများ သည် မိမိတို့၏ ဝမ်းတွင်း၌ ရှိသမျှကို ဘွင်းဘွင်းကြီး ဖွင့်၍ ရေးကြ၏။

ထိုအတန်းကို ဖြုတ်လိုက်သော အခါ အတန်းသား တစ်ဦးသည် ဝမ်းနည်းပက်လက်ဖြစ်ပြီးလျှင် ကျွန်ုပ်ထံသို့ လာ၏၊ အတန်းသားများသည် သူ့အကြောင်းကို ရစရာ မရှိအောင် ရေးသားထားကြ၏။ “သူ့ကိုယ်သူ အထင်ကြီးသည်၊ ကြွားလွန်းသည်၊ လူများ အပေါ်တွင် နိုင်လိုမင်းထက် လုပ်ချင်သည်” အစရှိသည်ဖြင့် ရေးသားထားကြ၏။ အတန်းသားတစ်ယောက်က မူကား သူ့ကို အတန်းထဲမှ ထွက်သွားရန်ကိုပင် ရေးသားထားလေသည်။

နောက်တစ်ကြိမ် အတန်းပြန်တက်သောအခါ သူ့အကြောင်း ရေးသား ထားသော စာအားလုံးကို သူသည် `ထ၍ဖတ်ပြ၏။ ဖတ်ပြပြီးသည့်နောက် ဤသို့ ရေးသော သူများကို ပြန်လည် ရှုတ်ချပြစ်တင်လိုသော ဆန္ဒသည် – ကြီးမားလျက်ရှိသော်လည်း ထိုဆန္ဒကို မျိုသိပ်ထားပြီးလျှင် အောက်ပါအတိုင်း ပြောပြ၏။

“အဆွေတို့၊ ငါဟာ လူတိုင်းနဲ့ မတည့်တာ အမှန်ပဲ၊ ဒီစကားဟာ ဘယ်နည်းနဲ့မှ မမှားနိုင်ဘူး၊ ဒီစာတွေဖတ်ရတော့ စိတ်ထဲမှာ အတော်နာမိတယ်၊ သို့ပေမယ့် ဒီစာတွေဟာ ငါ့ကို အများကြီးအကျိုးရှိစေတယ်၊ ဒီစာတွေဟာ ငါ့ဝါသနာဆိုးကို နှိမ်လိုက်ပြီး ငါ့ကို သင်ခန်းစာတစ်ခု ပေးခဲ့တယ်၊ ငါဟာ ပုထုဇဉ်ပါ၊ မင်းတို့လို မိတ်ဆွေသင်္ဂဟနဲ့ နေချင်တာပဲ၊ ငါ့ကို လူတွေချစ်ကြ စေလိုတာပဲ၊ မင်းတို့ငါ့ကို မကူညီကြတော့ဘူးလား၊ လူသူလေးပါးနဲ့ ပေါင်းနိုင် အောင် ငါ့ကိုယ်ကို ငါ ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့ စာတွေကို ဒီနေ့ ညကျရင် ကျေးဇူးပြုပြီး ရေးပေးကြဦးမယ် မဟုတ်လား၊ ရေးပေးကြမယ်ဆိုရင် ငါ့ကိုယ်ငါ ပြုပြင်အောင် အဟုတ်တကယ် ကြိုးစားပါ့မယ်” ။ . သူသည် ညာ၍နေခြင်းမဟုတ်။ အူထဲ အသည်းထဲတွင် လှိုက်လှိုက်လှဲလှဲ ဖြစ်သည့်အတိုင်း ပြောသောကြောင့် သူ့စကားကို ကြားရသော အတန်းသားတို့ လည်း လှိုက်လှိုက်လှဲလှဲ ဖြစ်ကြ၏။ တနင်္ဂနွေ တစ်ပတ်လောက်တုန်းက သူ့ အားဝိုင်းဆဲကြသော လူတစ်စုသည် ယခုအခါတွင် သူနှင့် ညီညွတ်လျက် ရှိကြ၏။ ဘွင်းဘွင်း ဖွင့်ပြောတတ်ခြင်း နှိမ့်ချခြင်း သွန်သင်သည်ကို နာယူရန် အသင့်ရှိခြင်းတို့အတွက် သူ အား ဝိုင်း၍ ချီးမွမ်းကြ၏။ အတန်းသားတို့သည် သူ့ကို ဝိုင်း၍ အားပေးကြ၏။ အကြံကောင်းကို ဝိုင်း၍ ပေးကြ၏။ သူ့ကို ချစ်စပြုလာရုံသာမက ကူညီချင်သော စိတ်ထားများ ပေါ်ပေါက် လာပြီဟု အတန်းသားများ ကိုယ်တိုင်က ဝန်ခံကြ၏။

သူ၏ ချိုသာသော နှုတ်သည် သူ့အပေါ်တွင် ထားရှိသော အတန်းသား တို့၏ ဒေါသမီးကို ငြိမ်းစေ၏။ ။

ကျွန်ုပ်တို့ မှန်သောအခါ တစ်ဘက်သားတို့ကို ကျွန်ုပ်တို့ဘက်သို့ပါအောင် ဖြည်းညင်းသာယာစွာ ဆွဲယူပါ။ ကျွန်ုပ်တို့ မှားသောအခါ (ကျွန်ုပ်တို့သည် ပြောမယုံနိုင်လောက်အောင် မကြာခဏ မှားလိမ့်မည်) ကျွန်ုပ်တို့သည် ရိုးသား ဖြောင့်မတ်သော သူများ ဖြစ်ခဲ့ပါလျှင် ကျွန်ုပ်တို့၏ အမှားများကို လျင်လျင်မြန်မြန် ရက်ရက်ရောရော ဝန်ခံပါ။

“တိုက်ယူခြင်းအားဖြင့် သင်သည် ဘယ်အခါမျှ လိုသလောက်ရမည် မဟုတ်၊ သို့ရာတွင် လျှော့ပေးခြင်းအားဖြင့် သင် မျှော်လင့်သည်ထက် ပို၍ ရလိမ့်မည်”” ဟူသော စကားပုံဟောင်းကြီးကို ကောင်းစွာ မှတ်သားပါလေ။

ထို့ကြောင့်ပင် တစ်ဖက်သားကို သင့်ဘက်ပါအောင် ဆွဲချင်လျှင် ဥပဒေသ အမှတ် ၃ ကို မှတ်ထားခြင်းအားဖြင့် သင့်၌ အကျိုးရှိလိမ့်မည်။

အကယ်၍ သင်သည် မှားခဲ့ပါလျှင် ထိုအမှားကို လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ဝန်ခံပါ။

• အကြမ်းမှုကို အနုနှင့်သာ အောင်စေရာသည်။