မိတ္တဗလဋီကာ

အခန်း ၈ အကျိုးဖြစ်ထွန်းစေမည့် နည်းတို

တစ်ဖက်သားသည် မှားကောင်းမှားနေပေလိမ့်မည်။ သို့ရာတွင် သူ့ကိုယ်သူ မှားနေသည်ဟု ထင်မည်မဟုတ်ကြောင်း ကောင်းစွာ မှတ်ထားပါ။ ထို့ကြောင့် တစ်ဖက်သား မှားနေသောအခါ အပြစ်မတင်ပါနှင့်။ ကြိမ်းမောင်းဖို့လောက် တော့ ဘယ်လူမိုက်မဆို လုပ်နိုင်တာပဲ။ ထိုမှားနေသောသူသည် အဘယ့်ကြောင့် မှားနေသည်ကို သိအောင် ကြိုးစားပါ။ စိတ်ရှည်၍ ပညာရှိသော လူထူးလူချွန် များသာလျှင် ဤအလုပ်မျိုးကို ကြိုးစား၍ ဆောင်ရွက်တတ်ကြ၏။

တစ်ဖက်သားသည် သူ ကြိုက်သလို တွေးပြီးလျှင် ကြိုက်သလို လုပ်နေ ခြင်း၌ အကြောင်းထူး တစ်ခု ရှိရမည်။ ထိုအကြောင်းကို ရအောင် ရှာပါ။ ထိုအကြောင်းကို ရှာမတွေ့လျှင် ဘာကြောင့် သူဒီလိုလုပ်ရသည်ကို သိရုံသာမက သူ၏ အတွင်းသဘောကိုပါ သိနိုင်ကောင်း သိပေလိမ့်မည်။ ။

စိတ်သဘောကောင်းကောင်းနှင့် သင့်ကိုယ်ကို သူ့ နေရာတွင် ထား၍ ကြည့်ပါ။

သူ့နေရာမှာသာ ငါနေကြည့်ရလျှင် ငါ့စိတ်ထဲမှာ ဘယ်လိုများဖြစ် မလဲ၊ ဘယ်လိုများ မခံချင်စိတ်တွေ ပေါ်လာပါ့မလဲ အစရှိသဖြင့် သင့်ကိုယ်ကို သင်မေးကြည့်ပြီးလျှင် သင်သည် အချိန်ကုန်ခံပြီးနောက် ဒေါသတွေဖြစ်နေရသော အဖြစ်မျိုးမှ ကင်းလွတ် ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ တစ်ဖက်သားအပေါ်တွင် စိတ်ဝင်စားလိုက်ခြင်းအားဖြင့် ထိုလူ့အပေါ်တွင် စိတ်ဆိုးစရာရှိလာသည့်တိုင်အောင် ကျွန်ုပ်တို့သည် သိပ်စိတ်မဆိုးတော့ပေ။ ထို့ပြင် ဤသို့ပြုကျင့်ခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးတွင် ပိုမိုကျွမ်းကျင် လာပေလိမ့်မည်။ )

“လူများကို အဖိုးတန်အောင်လုပ်နည်း စာအုပ်ထဲတွင် ကင်းနက် အမ် ဂွတ် J က အောက်ပါအတိုင်း ရေးသားခဲ့ဖူး၏။

သင့်ကိုယ်ရေးတွင် ဝင်စားလျက်ရှိသော အလွန်ပြင်းထန်သည့် သင်၏ စိတ်နှင့် တစ်ဖက်သားတို့၏ အရေးတွင် ဝင်စားလျက်ရှိသော အလွန်ပေါ့ဆသည့် သင်၏ စိတ်တို့ကို ယှဉ်ကြည့်နိုင်ရန် တစ်မိနစ် လောက် ရပ်နားပါ၊ ထိုသို့ ယှဉ်ကြည့်ပြီးနောက် ကမ္ဘာပေါ်ရှိ သင်မှ တစ်ပါးအခြားသော သူများအားလုံးပင် ဤကဲ့သို့ စိတ်ထားများ ရှိကြကြောင်း ကောင်းစွာ နားလည်နိုင်ပါစေ၊ ထိုအခါမှသာလျှင် ထောင်မှူးအလုပ်မှတစ်ပါး အခြားသောအလုပ်များအတွက် အရေးကြီး ဆုံးသော အချက်ကြီးကို လင်ကွန်းတို့၊ ရုစဗဲ့တို့ကဲ့သို့ သင်သည် ကောင်းစွာ သဘောပေါက်နိုင်ပေလိမ့်မည်။ ‘ထိုစကားကို တစ်နည်း အားဖြင့် ပြောရမည် ဆိုသော် လူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင် ထမြောက်အောင်မြင်နိုင်ရန်အတွက် တစ်ဖက်သား၏ ယူဆပုံကို သဘော ပေါက်ရန် လိုလေသည်။ ။

ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ကျွန်ုပ်၏ အိမ်အနီးရှိ ဥယျာဉ် အတွင်းတွင် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းဖြင့် အပျင်းဖြေလေ့ ရှိ၏။ ရှေးဂေါလလူမျိုး ဒရူးအစ်” ဘုန်းကြီးများကဲ့သို့ ကျွန်ုပ်သည် ဝက်သစ်ချပင်များကို ပူဇော်လုမတတ် မြတ်နိုးတနာ ရှိလေသည်။ ” ထိုကြောင့် နှစ်စဉ် နှစ်တိုင်း ထိုအပင်များနှင့် အနီးအနားရှိ ချုံများကို မီးမလောင်သင့်ဘဲ လောင်သွားသည်ကို တွေ့ရသောအခါ များစွာ စိတ်မသက်မသာ ဖြစ်ရလေသည်။ မီးလောင်ရသည်မှာ ဂရုမစိုက်သော ဆေးလိပ်သောက်သမားများကြောင့် မဟုတ်၊ ထိုသစ်ပင်များ အောက်တွင် ပျော်ပွဲစားထွက်ရင်း ချက်ပြုတ်စားသောက်ကြသော ကလေးများကြောင့် ပင် ဖြစ်လေသည်။ တစ်ခါတစ်ရံ မီးတောက်ကြီးများ အလွန်ကြီးလာ သောကြောင့် မီးသတ်စက်ကိုပင် ခေါ်ယူ၍ ငြိမ်းပစ်ရလေသည်။

. ထိုဥယျာဉ်၏ ထောင့်တစ်ခုတွင် ကြော်ငြာစာ တစ်စောင်ဆွဲထား လေသည်။ ဥယျာဉ်ထဲ၌ မီးမွှေးသူများအား ဒဏ်ငွေသော်လည်းကောင်း တပ်မည်၊ သို့မဟုတ် ထောင်ဒဏ်သော်လည်းကောင်း အပြစ်ပေးမည်ဟု ထိုစာတွင် ဖော်ပြထား၏။ သို့ရာတွင် အဆိုပါ ကြော်ငြာစာသည် လူ မရောက်သော နေရာတွင် ကပ်ထားသဖြင့် ကလေးအချို့သာ ထိုကြော်ငြာ စာကို မြင်ဖူးလေသည်။ ထိုဥယျာဉ်ကို မြင်းစီးပုလိပ် တစ်ဦးသည် စောင့်ရှောက်လျက်ရှိ၏။ သို့ရာတွင် ထိုမြင်းစီးပုလိပ်သည် သူ့ဝတ္တရားကို ကျေပွန်အောင် မထမ်းရွက်သဖြင့် နှစ်စဉ်နှစ်တိုင်း မီးလောင်လျက် ရှိလေသည်။ တစ်နေ့သ၌ဥယျာဉ်ထဲတွင် မီးလောင်လျက်ရှိရာ မြင်းစီး ပုလိပ်တစ်ယောက်ထံသို့ အလျင်အမြန်သွားရောက်ပြီးလျှင် မီးသတ်စက်ရုံ သို့ အကြောင်းကြားရန် ကျွန်ုပ်ကိုယ်တိုင်တောင်းပန်၏။ သို့ရာတွင် မီးလောင်နေသော နေရာနှင့် သူမဆိုင်ဟု ခပ်အေးအေး ပြန်ပြောသည်ကို ကြားခဲ့ရဖူး၏။ ထို့ကြောင့် နောက်နောင် ဥယျာဉ်ထဲသို့ မြင်းစီးသွားသော အခါ တိုင်းပြည် ပစ္စည်းကို ကာကွယ်သောသူ အဖြစ်ဖြင့် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ ကလေးများကိုတွေ့ ခါစက သူတို့ဘက်မှနေ၍ စိတ်ကူး ပင် မထည့်ခဲ့မိချေ။ သစ်ပင်များ အောက်တွင် မီးတောက်မီးလျှံများကို မြင်လျှင် စိတ်မချမ်းမြေ့၍ မှန်ရာကို လုပ်ချင်လွန်းအားကြီးသောကြောင့် အမှားမှား အယွင်းယွင်း လုပ်မိလေသည်။ တစ်ခါလည်း ကလေးများ ရှိရာသို့ မြင်းကို စီးသွားပြီးလျှင် “ဒီလို မီးမွှေးတာနဲ့ ထောင်ချပစ်နိုင် တယ်၊ ခပ်မြန်မြန်ငြိမ်းလိုက်”ဟူ၍ အာဏာသံနှင့်ပြောမိ၏။ “ဒါနှင့်မျှ မီးမငြိမ်း သေးလျှင် မင်း တို့ကို ဖမ်းမည်”ဟု ခြိမ်းခြောက်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ကလေးများ၏ နေရာတွင် ကျွန်ုပ်ကိုယ်ကိုထား၍ မကြည့်ဘဲ ကျွန်ုပ် စိတ်ထဲတွင် ရှိသမျှဟာ တွေကို လျှောက်၍ လုပ်နေခြင်းမျှသာ ဖြစ်လေ သည်။

ဤသို့ လုပ်လိုက်၍ ဘာဖြစ်သလဲ။ ကလေးများသည် ကျွန်ုပ်တို့၏ စကားကို နားထောင်သည်မှာ မှန်ပါ၏။ သို့ရာတွင် ကျေကျေနပ်နပ်နှင့် နားထောင်ခြင်း မဟုတ်ပါ။ ကျွန်ုပ်ကို မျက်မုန်းကျိုးကာ မနိုင်၍ သည်းခံရသော စိတ်မျိုးဖြင့် နားထောင်ခြင်းမျှ ဖြစ်လေသည်။ ထို့ကြောင့် ကျွန်ုပ်ထွက်သွား သောအခါ သူတို့သည် မီးကိုပြန်၍ မွှေးကောင်း မွှေးပေလိမ့်မည်။ ထိုမျှမကသေး၊ ဥယျာဉ်တစ်ခုလုံးကို မီးရှို့ပစ်ချင်သော စိတ်ဓာတ်များလည်း ပေါ်ကောင်း ပေါ်ပေလိမ့်မည်။

နှစ် လပရိစ္ဆေဒ အတော်ကြာညောင်းလာသောအခါ၌ ကျွန်ုပ်သည် လူ့ သဘောကို အနည်းငယ်ပို၍ သိလာ၏။ ထို့ကြောင့် မီးကိုမြင်လျှင် ရှေးအခါများကဲ့သို့ အမိန့်ပေးသော အလုပ်မျိုးကို မလုပ်တော့ဘဲ အောက်ပါစကားမျိုးကို ပြောလေ့ရှိ၏။

“ဘယ့်နှယ်လဲဟေ့၊ တော်တော်ပျော်ကြရဲ့လား။ ဘာချက်ကြ မလို့လဲ။ မင်းတို့ အရွယ်တုန်းက ဦးတို့လဲ အချက်အပြုတ် အင်မတန် ဝါသနာ ပါတာပေါ့၊ ခုထက်ထိ ဒီဝါသနာဟာ မပျောက်ချင်သေးဘူး၊ ဒါပေမယ့် ဒီလိုဥယျာဉ်ထဲမှာဆိုရင် မီးဟာ တော်တော်ကြောက်စရာ ကောင်းတယ်၊ မင်းတို့ ကတော့ ကိစ္စမရှိပါဘူး၊ ဦးက အသိသားပဲ။ မင်းတို့သွားပြီး နောက်ရောက်လာမယ့် ကလေးတွေကျတော့ မင်းတို့ လောက် ဂရုစိုက်ကြမှာ မဟုတ်ဘူးကွယ့်၊ သူတို့ဒီနေရာကို ရောက်လို့ မင်းတို့ မီးမွှေးတာကိုမြင်ရင် သူတို့ မီးထပ်မွှေးလိမ့်မယ်၊ နောက် အိမ်ပြန်သွားကြတော့ မီးငြိမ်းခဲ့မှာ မဟုတ်ဘူး၊ အဲဒီတော့ မီးပွားတွေ လွှင့်ပြီး သစ်ရွက်ခြောက်တွေ လောင်ရောကွယ့်၊ သစ်ရွက်ခြောက်တွေ ကနေပြီး သစ်ပင်ကြီးတွေကို လောင်မှာပေါ့၊ တို့တစ်တွေ ဒီလို ဂရုမစိုက်ကြဘူး ဆိုရင် ဒီဥယျာဉ်ထဲမှာသစ်ပင်တွေကို ဘယ်လာတွေ့နိုင် ပါ့မလဲ၊ ဒီလို မီးမွှေးတာနဲ့ ထောင်ချနိုင်တယ်၊ သို့ပေမယ့် မင်းတို့ ကလေးတွေ ပျော်ကြပါးကြတဲ့အထဲမှာ ဝင်ပြီး မရှုပ်ချင်ပါဘူးကွယ်။ မင်းတို့ ́ ပျော်ပျော်ပါးပါးနေကြတာ ဦးကြည့်ချင်တာပေါ့၊ အဲဒီတော့ ချက်ပြုတ် နေတုန်း သစ်ရွက်ခြောက်တွေကို ခပ်ဝေးဝေးနေရာမှာ ထားကွာ၊ ချက်ပြီးတော့လဲ မီးခဲတွေအပေါ် မြေကြီးမှုန့်များများနဲ့ အုပ်ပစ်ခဲ့တာပေါ့။ နောက်ကို ချက်ပြုတ် စားချင်ကြရင် ဟောဟို – တောင်ပူစာ တစ်ဖက်က သဲထဲမှာ ချက်ဖို့မကောင်းဘူးလား၊ အဲဒီနေရာမှာ ဆိုတော့ မီးလောင်မှာ မစိုးရိမ်ရဘူးပေါ့၊ အေး ကျေးဇူးတင်တယ်ကွာ၊ ဦး သွားလိုက်ဦးမယ်”

ဤကဲ့သို့ ပြောဆိုခြင်းဖြင့် ထူးခြားချက်များကို တွေ့ရ၏။ ကလေးများကလည်း ပြောစကားကို စိတ်ပါလက်ပါ နားထောင်ချင် ကြ၏။ စိတ်ထဲတွင်လည်း အောင့်သက်သက် မဖြစ်။ မျက်မုန်းလည်း မကျိုး၊ အမိန့်နားထောင်ရန် သူတို့ကို ကြိမ်းမောင်းခြင်း မလုပ်သော ကြောင့် သူတို့မှာလည်း ဂုဏ်မပျက်။ ထို့ကြောင့် သူတို့ကလည်း ဝမ်းသာကြ၏။ ကျွန်ုပ်ကလည်း ထိုနည်းအတူဝမ်းသာ၏။ အဘယ် ကြောင့် ဆိုသော် သူတို့ဘက်က ကြည့်ပြီးလျှင် ကိစ္စကို ချောမော , သွားအောင် စီမံပေးလိုက်နိုင်သောကြောင့်ပင် ဖြစ်လေသည်။

ဒင်းဒွန်ဟမ် ” ဆိုသူ ဟားဗတ် ကူးသန်းရောင်းဝယ်ရေးကျောင်းမှ . ဆရာကြီး တစ်ဦးက အောက်ပါအတိုင်း ပြောပြဖူးလေသည်။

“ကိုယ့်ကိစ္စကိုပြောရန် ကုန်သည်ကြီး တစ်ဦးဦးနှင့် သူ၏အလုပ်ခန်း ထဲတွင် ဝင်၍မတွေ့မီ အလုပ်တိုက်ရှေ့ရှိ လူသွားလမ်းပေါ်တွင် နှစ်နာရီလောက် လမ်းလျှောက်ပြီးလျှင် ကျွန်ုပ်ပြောလိုသော အချက်များနှင့် ကျွန်ုပ်ကိုယ်တိုင် ထိုလူကြီး၏ အကြောင်းကို စုံစမ်းပြီး ဖြစ်သဖြင့် ထိုလို လူစားမျိုးသည် ကျွန်ုပ်ကို ဘယ်ကဲ့သို့ ပြန်ပြောမည်ဟူသော စကားများကို ကောင်းစွာ စဉ်းစားမည် ဖြစ်၏”

ထိုစကားသည် အလွန်အရေးကြီးသဖြင့် အဓိပ္ပာယ်လေးနက်စိမ့်သောငှာ အောက်တွင် စာလုံးမည်းဖြင့်တစ်ကြိမ် ထပ်မံဖော်ပြပါဦးအံ့။ :

”ကိုယ့်ကိစ္စကိုပြောရန် ကုန်သည်ကြီး တစ်ဦးဦးနှင့် သူ၏အလုပ်ခန်း ထဲတွင် ဝင်၍မတွေ့မီ အလုပ်တိုက်ရှေ့ရှိ လူသွားလမ်းပေါ်တွင် နှစ်နာရီလောက် • လမ်းလျှောက်ပြီးလျှင် ကျွန်ုပ်ပြောလိုသော အချက်များနှင့် ကျွန်ုပ်ကိုယ်တိုင် လူကြီး၏ အကြောင်းကို စုံစမ်းပြီး ဖြစ်သဖြင့် ထိုလို ` လူစားမျိုးသည် ကျွန်ုပ်ကို ဘယ်ကဲ့သို့ ပြန်ပြောမည်ဟူသော စကားများကို ကောင်းစွာ စဉ်းစားမည်ဖြစ်၏”

ဤစာအုပ်ကိုဖတ်ပြီးနောက် သင်သည် အခြား မည်သည့်အကျိုးထူးကိုမျှ မရဘဲ တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို `ဝေဖန်ပိုင်းခြားချင်သော ဝါသနာတစ်ခုတည်းသာ တိုးလာသည်ဟု ဆိုကြပါစို့။

ဤတစ်ခုတည်းသော ဝါသနာပင်လျှင် သင်၏ နောင်ရေးအတွက် အလွန်အဖိုးထိုက်တန်သော လာဘ်သပ္ပကာကြီးတစ်ခု ဖြစ်ကြောင်းကို သင်သည် ထင်ရှားစွာ မြင်ရတော့အံ့။

ထို့ကြောင့် သင်သည် တစ်ဖက်သားကို ဒေါသလည်းမဖြစ်၊ မျက်မုန်း လည်း မကျိုးစေဘဲ သင့်ဘက်သို့ပါအောင် ဆွဲချင်လျှင် ဥပဒေသ အမှတ် ၈ သည် ၊ တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနှင့် ကြိုးစားပါ။