မိတ္တဗလဋီကာ

အခန်း ၉ လူတိုင်းအလိုရှိသောအရာ

တစ်ဖက်သားကို အငြင်းရပ်အောင်လုပ်နိုင်သော စကားတစ်ခွန်းကို သင်မလိုချင် ဘူးလား။ ထိုစကားသံကို ကြားလျှင် တစ်ဖက်သားတွင် ဒေါသ ပြေရုံသာမက သင့်ကိုပင် ခင်မင်သောစိတ်ဓာတ်များ ပေါ်လာပေလိမ့်မည်။ ထိုနောက် သင် . ပြောသမျှ စကားကိုလည်း ဂရုစိုက်၍ နားထောင်ပေလိမ့်မည်။ – ကဲ လိုချင်လျှင် ဟောဒီမှာ အစမ်း ဆိုကြည့်စမ်း။ “ခင်ဗျား ဒီလို စိတ်ဆိုးတဲ့အတွက် ခင်ဗျားကို နည်းနည်းကလေးမျှ အပြစ် မတင်ချင်ပါဘူး၊ ကျွန်တော်သာ ခင်ဗျားဖြစ်လျှင်လည်း ဒီလိုပဲ စိတ်ထွက်မိမှာပဲ”

ဤစကားကို ကြားရသောအခါ အင်မတန်ဒေါသကြီးသည့် လူပင်လျှင် စိတ်ပြေရမည်မှာ အမှန်ပင်ဖြစ်လေသည်။ ဤစကားမျိုးကို ပြောရာ၌ မုသားမဖြစ် နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုလူဖြစ်လျှင်လည်း ထိုလူကဲ့သို့ပင် ဧကန်မုချ ဒေါသထွက်မှာ အမှန်ပင်ဖြစ်လေသည်။ သာဓကတစ်ခုကို ပြပါအံ့။ လူဆိုးကြီး အယ်ကပုန်း ၏ အကြောင်းကို ကြည့်ပါ။ အကယ်၍သာ အယ်ကပုန်း လို ကိုယ်လုံးကိုယ်ပေါက် စိတ်နေစိတ်ထားမျိုး သင့်၌ ရှိသည် ဆိုကြပါစို့။ နောက်ပြီး သူလို အတွေ့အကြုံ အပေါင်းအသင်း ပတ်ဝန်းကျင်မျိုးနှင့် တွေ့ကြုံရသည် ဆိုကြပါစို့။ ထိုအခါ သင်သည် သူ့လိုပဲ နေရုံသာမက ယခု သူရောက်နေသော နေရာသို့လည်း ရောက်နေပေလိမ့်မည်။ အကြောင်းမှု ကား အယ်ကပုန်းကို ယခုဘဝမျိုးသို့ရောက်အောင် လုပ်ပေးသောအရာများသည် – ထိုအရာများပင် ဖြစ်ကြ၏။

သင်သည် ဆင်ပစ်မြွေ မဖြစ်ခြင်းမှာ သင်၏ အမိအဖများသည် ဆင်ပစ်မြွေ မဟုတ်သောကြောင့်ပင် ဖြစ်၏။ သင်သည် နဂါးနှင့်နွားများကို ( အရိုအသေပြုသော လူတစ်ယောက် မဟုတ်ခြင်းမှာ သင်ကိုယ်တိုင် ဟိန္ဒူ မိဘများ၏ ဝမ်းထဲသို့ မဝင်ခဲ့မိခြင်းကြောင့်ပင် ဖြစ်လေသည်။

သင်သည် လူကောင်းတစ်ယောက် ဖြစ်နေရသည့်အတွက် အထူးဂုဏ်ယူ စရာမလို။ ထိုနည်းတူစွာ သင့်ထံသို့လာသည့်ဘာမျှပြောမရအောင် စိတ်တိုလျက် ရှိသော လူကိုလည်း ဤကဲ့သို့ဖြစ်ရသည့်အတွက် အထူးကဲ့ရဲ့ ရှုတ်ချဖို့မလို။ သင့်လောက်မှ စူးစမ်းဆင်ခြင်တတ်သည့်ဉာဏ် မရှိသောသူအတွက် ဝမ်းနည်းပါ။ သနားပါ။ ကိုယ်ချင်းစာနာပါ။ လမ်းထဲတွင် အရက်မူးလာသောသူ တစ်ဦးကို မြင်လျှင် “ဘုရားသခင်၏ ကရုဏာတော်ကြောင့်သာ မဟုတ်လျှင် ငါလဲ ” ဒီကောင်လို ဖြစ်မှာပဲ”ဟု ဂျွန်ဗီဂေါ ́ ဆိုသူ ပြောလေ့ရှိသလို သင့်ကိုယ်ကိုလည်း အမြဲတမ်း ပြောပါလေ . သင်နှင့် တွေ့ရသော လူလေးပုံ သုံးပုံတို့သည် ကိုယ်ချင်းစာခံချင်သော သူများဖြစ်ကြ၏။ သင်က ကိုယ်ချင်းစာပါလျှင် သင့်ကို သူတို့သည် ချစ်ကြ ပေလိမ့်မည်။

တစ်ခါတုန်းက “လုံမပျိုများ” ဝတ္ထုစာအုပ်တစ်အုပ်ကို ရေးသားခဲ့ဖူးသော လူဝီဇာမေ အော်လ်ကော့ ၏ အတ္ထုပ္ပတ္တိကို အသံလွှင့်ဖူးလေသည်။ ဝတ္ထုရေး ဆရာသည် မက်ဆာချူးဆက် ပြည်နယ် ကွန်ကော့ မြို့တွင် နေ၍ သူ ၏ နာမည်ကျော် ဝတ္ထုကြီးများကို ထိုမြို့တွင် ရေးသားခဲ့ဖူးကြောင်း ကျွန်ုပ်သည် – ကောင်းစွာသိလေသည်။ သို့ရာတွင် ကျွန်တော့်မြို့ကို နယူးဟင့်ပရှိုင်းယား နယ်တွင် ရှိသည်ဟု အမှတ်တမဲ့ မှား၍ပြောမိ၏။ အကယ်၍ နယူး ဟင့် ပရှိုင်းယားဟူသော စကားလုံးကို တစ်ကြိမ်တည်းသာပြောမိလျှင် တော်သေး၏။ သို့ရာတွင် ထိုစကားကို နှစ်ကြိမ်တိုင်တိုင်ပြောမိ၏။ များမကြာမီ ကျွန်ုပ်၏ ခေါင်းကို များများ ဝိုင်းတုပ်သလို အပြစ်တင်သောစာများနှင့် သံကြိုးစာများ တစ်ပြုံကြီးရောက်လာ၏။ များစွာသောစာတို့တွင် စာရေးသူများသည် အလွန် ဒေါသထွက်နေသည်ကို တွေ့ရ၏။ စာသုံးလေးစောင်တွင်မူကား စော်ကားထားသည်ကို တွေ့ ရ၏။ ကွန်ကော့ အရပ်တွင် မွေး၍ ကြီးပြင်း လာပြီးလျှင် ယခု အခါ ဖီလဒယ်ဖီးယားတွင် နေသော မိန်းမကြီး တစ်ဦးသည် သူ့စာထဲမှ နေ၍ သူ့ဝမ်းတွင်း ရှိသမျှကို အကုန် ဖွင့်ချလိုက်၏။ အကယ်၍ ဝတ္ထုရေးဆရာ အော်လ်ကော့သည် နယူးဂီနီကျွန်းသား” လူသားစား လူရိုင်း ဖြစ်သည်ဟု ကျွန်ုပ် ပြောမိချေသော် ထိုမိန်းမကြီးသည် အထက်ပါစာထက် ကြမ်းသော စာကို ရေးသားနိုင်တော့မည် မဟုတ်ပေ။ သူ့စာကို ဖတ်ပြီးသောအခါ “ဒီမိန်းမနဲ့ငါ မညားမိတာ ဘုရားမလို့ပဲ” ဟု ရေရွတ်မိ၏။ ထို့နောက် “ကျုပ်မှားတဲ့ အမှားက မြို့နာမည်လောက်သာ မှားတာ၊ ခင်ဗျားရဲ့ အမှားက ရိုင်းစိုင်းသော အမှားမို့ ပိုဆိုးတယ်”ဟု စ၍ ရေးပြီးမှ အင်္ကျီလက်ကို လိပ်တင် ” ပြီးလျှင် ခင်ဗျားကို ကျုပ် ဘာထင်တယ် ညာထင်တယ် အစရှိသောစာများကို ရေးထည့်လိုက်မည်ဟု စိတ်တွင် ပေါ်ပေါက်လာ၏။ သို့ရာတွင် ဒေါသကို အသာချုပ်တည်းထားလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ အလုပ် မျိုးကို မည်သည့်လူမိုက်မဆို လုပ်နိုင်ကြောင်းကို သတိရသောကြောင့်ပင် ဖြစ်လေသည်။

ကျွန်ုပ်သည် လူမိုက်များထက် သာချင်၏။ ထို့ကြောင့် ကျွန်ုပ်ကို ရန်စောင်နေသော မိန်းမကြီးကို ကျွန်ုပ်၏ မိတ်ဆွေဖြစ်အောင် လုပ်ပေးရန် သန္နိဌာန် ချထားလိုက်၏။ ဤလိုနည်းမျိုးကို ကျွန်ုပ် လုပ်နိုင်၏။ “အေးကွယ် ငါသာ သူ ဖြစ်ရင် သူ့လိုပဲ စိတ်ထွက်ကောင်း ထွက်မိမှာပဲ”ဟု ကျွန်ုပ်ကိုယ်ကို ပြောရင်း သူ့နေရာတွင် ကျွန်ုပ်ကိုယ်ကို ထားကြည့်မိ၏။ နောက်တစ်ကြိမ် ကျွန်ုပ်သည် ဖီလဒယ်ဖီးယားသို့ ရောက်သွားသောအခါ သူ့ထံသို့ စကားပြော ကြေးနန်း ဆက်လိုက်၏။

“မစ္စက် ဆိုး အင် ဆိုး” ဒီမှာ ဟိုတနင်္ဂနွေ လေး ငါးပတ်လောက်တုန်းက ကျွန်တော့်ဆီကို ရေးလိုက်တဲ့စာနဲ့စပ်လျဉ်းပြီး ကျေးဇူးတင်ချင်လို့ပါ”

“အခု စကား ပြောနေတာ ဘယ်သူပါလိမ့်”

“ကျွန်တော်ပါ၊ ဒေးကာနက်ဂျီလေ၊ ဟို တနင်္ဂနွေ လေး ငါးပတ်လောက် ရှိ တုန်းက လူဝီဇာမေအော်လ်ကော့ အကြောင်းကို ရေဒီယို ၃ နဲ့ ပြောတာ ကြားလိုက်ရတယ် မဟုတ်လား၊ အဲဒီတုန်းက ကျွန်တော့်ကို နယူးဟင့်ပရှိုင်းယား နယ်ထဲမှာရှိတယ်လို့ မှားပြီး ပြောမိပါတယ်၊ ဒီအမှားကို ပြောမိတဲ့အတွက် တောင်းပန်ချင်လို့ပါ၊ ဒီလိုဒုက္ခခံပြီး စာရေးလိုက်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

. “သော် မစ္စတာ ကာနက်ဂျီလား၊ ကျွန်မ အဲဒီစာကို ရေးမိတာ ဝမ်းနည်းပါတယ်ရှင်၊ စာကိုရေးတုန်းက ဒေါသ အတော်ထွက်နေလို့ပါ၊ ခု အခွင့်ကြုံရင်း လွန်သွားတာကို တောင်းပန်ပါရစေ”

“ဟာ မဟုတ်တာ၊ ကျွန်တော်က တောင်းပန်ရမှာပဲ၊ ကျွန်တော့်အမှားမျိုး ကို ကလေးကလေးတွေတောင် မှားမှာ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီလိုပြောပြီး နောက်အပတ်မှာ ရေဒီယိုကပဲ ပြန်ပြီး တောင်းပန်လိုက်ပါတယ်၊ ဒေါ်ဒေါ်ကို တော့ အခုဒီကနေပြီး ကိုယ်တိုင် တောင်းပန်ပါတယ်” “

“ကျွန်မဟာ မက်ဆာချူးဆက်ပြည်နယ် ကွန်ကော့မြို့တွင် မွေးဖွားပါ တယ်၊ အနှစ် ၂၀၀ လောက်ကစပြီး ကျွန်မတို့ ဘိုးဘွား မိဘများဟာ မက်ဆာချူးဆက်မှာ အတော် ထင်ပေါ်ကျော်ကြားခဲ့ပါတယ်၊ ဒါကြောင့် ကျွန်မတို့နယ်အပေါ်မှာ ကျွန်မ အင်မတန် ဂုဏ်ယူပါတယ်၊ ဟိုနေ့က မစ္စက် အော်လ်ကော့ဟာ နယူးဟင့်ပရှိုင်းယားနယ်မှာ မွေးတယ်လို့ ရှင်ပြောတဲ့စကားကို ကြားရတော့ ကျွန်မ အတော် စိတ်ပျက်သွားပါတယ်။ သို့ပေမယ့် ဒီစာကို ရေးလိုက်မိတဲ့အတွက် အင်မတန် ́ ရှက်ပါတယ်”

“ဒေါ်ဒေါ်စိတ်ပျက်တာဟာ ကျွန်တော်စိတ်ပျက်တာရဲ့ ဆယ်ပုံတစ်ပုံ တောင် မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်၊ ကျွန်တော့်အမှားဟာ မက်ဆာ ချူးဆက်က လူတွေရဲ့ စိတ်ကို မထိခိုက်သော်လည်း ကျွန်တော့် စိတ်က အများကြီးထိခိုက်ပါတယ်၊ ဒီလို ရေဒီယိုနဲ့ စကားပြောတဲ့လူတွေကို ဒေါ်ဒေါ်တို့လို လူကုံထံများက ဒုက္ခခံပြီးစာရေးခဲ့ပါတယ်။ နောက်နောင် ကျွန်တော့် စကားများတွင် အမှားပါလာရင်လဲ ယခုလိုပဲ စာရေးပြီး ပြင်ပေး လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ..

”ရှင် ဒီလို ဝန်ခံတာမျိုးကို ကျွန်မ အင်မတန် သဘောကျပါတယ်။ ရှင်ဟာ လူကောင်းပဲ၊ ရှင်နဲ့ နောက်ထပ်ပြီး အသေအချာ တွေ့ချင်ပါသေးတယ် သူ့ဘက်မှ နေ၍ကြည့်ခြင်းအားဖြင့် သူကလည်း ကျွန်ုပ်ဘက်ကနေ၍ ကြည့်ခြင်းဖြစ်လေသည်။ သူ၏ ဒေါသကို မေတ္တာနှင့် ပြန်တွေ့လိုက်သည့်အတွက် ကျွန်ုပ်မှာလည်း များစွာ ကျေနပ်ခြင်း ဖြစ်မိလေသည်။

မစ္စတာ တပ်ဖ်သည် အမေရိကန်သမ္မတဖြစ်စဉ်က ပေါင်းသင်းဆက်ဆံရေးနှင့် စပ်လျဉ်း၍ အခက်အခဲပေါင်း များစွာ တွေ့ခဲ့ရလေသည်။ သူ ရေးသော “ဝန်ထမ်းကျင့်စဉ် စာအုပ်ထဲတွင် မိမိ၏ သားအတွက် အတော် အထင်ကြီးနေ သော မိခင်တစ်ဦး၏ ဒေါသကို ပြေသွားအောင် မည်ကဲ့သို့ လုပ်ရသည်ကို ရေးထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပေသည်။

နိုင်ငံရေးတွင်ဩဇာညောင်းသော ဝါရှင်တန်မြို့က ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မိန်းမသည် သူ၏ သားကို နေရာတကာတွင် ခန့်ထားရန် ကျွန်ုပ်ကို တနင်္ဂနွေ ခြောက်ပတ်မျှမက နားပူနားဆာ လုပ်လျက် ရှိလေသည်။ သူ့ကို ထောက်ခံမည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များလည်း တစ်ပုံကြီးရှိသဖြင့် ကျွန်ုပ်ကို သူတို့ကပါ လေးနက်စွာ ထောက်ခံပြောဆိုလျက် ရှိကြ၏။ ခန့်ထားရမည့် ရာထူးမှာ သီးသန့် အရည်အချင်းနှင့်ပြည့်စုံရမည် ဖြစ်သဖြင့် ထိုအလုပ်ကို စီမံအုပ်ချုပ်သောသူ၏ ထောက်ခံချက်အရ ကျွန်ုပ်သည် အခြားလူငယ်တစ်ဦးကို ခန့်လိုက်၏။ များမကြာမီ အဆိုပါမိန်းမထံမှ စာ တစ်စောင် ရရှိ၏။ ထိုစာထဲတွင် ကျွန်ုပ်သည် ကျေးဇူးမသိတတ်သော လူ တစ်ယောက် ဖြစ်ကြောင်း၊ ကျွန်ုပ် ကလောင်တစ်ချက်ဝင့်လိုက်ရုံနှင့် သူ့သား အလုပ်ရနိုင်သဖြင့် မိခင်ကိုပါ စိတ်ချမ်းသာအောင် လုပ်နိုင်ပါလျက် တမင် သက်သက် မလုပ်ဘဲနေကြောင်း၊ ထိုမျှမကသေး ကျွန်ုပ်ကိုယ်တိုင် စိတ်ဝင်စား နေသော အုပ်ချုပ်ရေးဥပဒေကြမ်းတစ်ရပ်ကို ဝိုင်းပြီးထောက်ခံကြရန် သူ့နယ်က အမတ်တွေကို သူကိုယ်တိုင် ကြိုးစားပြီးတိုက်တွန်းပေးရသည့် ကျေးဇူးကိုမှ မထောက်ထားဘဲ ယခုကဲ့သို့ သူ့အပေါ်မှာ စိမ်းကားကြောင်းအစရှိသည်တို့ကိုပါ သူ့စာထဲတွင် ထည့်ရေးလိုက်သေး၏။

သင်သည် ဤလိုစာမျိုးရရှိလျှင် ဤကဲ့သို့ သင့်ကိုစော်ကားသောစာကို ရေးသည့်သူအား မည်သို့မည်ပုံ ပြင်းပြင်းထန်ထန် ကလဲ့စားချေရပါမည်နည်း ဟူသော စိတ်ထားများသည် ရှေးဦးစွာ သင်၏ စိတ်ထဲတွင် ပေါ်လာပေလိမ့်မည်။ ထိုနောက် ထိုသူ့ထံသို့ ပြန်မည့် စာကို ထိုင်၍ ရေးလိမ့်မည်။ အကယ်၍ သင်သည် ဆင်ခြင်တုံတရားနှင့် ပြည့်ဝသောသူ တစ်ဦး ဖြစ်ခဲ့သော် ထိုစာကို သင်၏ စားပွဲခုံအံဆွဲထဲတွင်ထည့်၍ သော့ခတ်ထားပေလိမ့်မည်။ နောက်နှစ်ရက်မျှ ကြာသောအခါ ထိုစာကိုအံဆွဲထဲမှထုတ်၍ ပြန်ဖတ်ကြည့်လျှင် သင်သည်ထိုစာကို ၊ ထည့်ချင်တော့မည် မဟုတ်ပေ။ ကျွန်ုပ်လည်း ဤနည်းအတိုင်းပင်လုပ်လေသည်။ အတော်ကြာသောအခါမှ အဆိုပါ မိခင်ထံသို့ ဤကိစ္စမျိုးတွင် မိခင်လုပ်သူ တစ်ဦးမှာ မည်မျှ စိတ်မချမ်းမသာ ဖြစ်မည်ဆိုသည်ကို ကောင်းစွာစာနာ မိကြောင်း၊ ဤကိစ္စမှာလည်း ကျွန်ုပ်တစ်ဦးတည်းသဘောနှင့် မပြီးနိုင်ကြောင်း၊ သက်ဆိုင်ရာ သီးသန့် အရည်အချင်းမျိုး လိုသည့်အတွက် ထိုဌာနကို နားလည်သည့် ကြီးကြပ် အုပ်ချုပ်သူ၏ ထောက်ခံချက်ကို လိုက်နာပြီးလျှင် အခြား လူတစ်ဦးကို ခန့်လိုက်ရခြင်း ဖြစ်ကြောင်း အစရှိသည်တို့ကို သိမ်မွေ့ ယဉ်ကျေးစွာ ရေးသားထားသော စာတစ်စောင်ကို ပို့လိုက် လေသည်။ ထို့ပြင်လည်း ထိုစာထဲတွင် သူ အလိုရှိသည့်အတိုင်း သူ၏ သားသည် အရည် အချင်းနှင့် ပြည့်စုံလာပြီးလျှင် ယခုလက်ရှိအလုပ်ကို လုပ်ရင်း ကြီးပွားလာလိမ့် မည်ဟု မျှော်လင့်ကြောင်း ထည့်ရေးလိုက်သေး၏။ ထိုစာသည် မိခင်ဖြစ်သူကို အတော်ကျေနပ်သွားစေလေသည်။ များမကြာမီ ယခင်က စာကို ရေးမိသည့် အတွက် ဝမ်းနည်းကြောင်းပြန်စာတစ်စောင်ကို သူ ထံမှ ရရှိလေသည်။

သို့ရာတွင် ကျွန်ုပ်ခန့်လိုက်သည့်သူကို ရုတ်တရက် အတည်မပြုသေးဘဲ ရှိရာ အတော်ကလေးကြာပြီးနောက် စာတစ်စောင်ထပ်မံ၍ ရပြန်လေသည်။ ထိုစာကို သူ့ယောက်ျားရေးသည့်အနေနှင့် ရေးလိုက်ငြားလည်း ယခင်က သူ့ထံမှ ရထားသောစာများနှင့် လက်ရေးချင်း အတူတူပင် ဖြစ်လေသည်။ `ထိုစာထဲတွင် ယောက်ျားဖြစ်သူက သူ၏ မိန်းမသည် သူ့သား ရာထူးမရသည့် အတွက် စိတ်အပျက်ကြီးပျက်ပြီးလျှင် မစားနိုင်မသောက်နိုင်ဖြစ်ရာ ယခုအခါ အားပြတ်ကာ အိပ်ရာပေါ်ကပင် မထနိုင်တော့သဖြင့် ထိုမိခင် တစ်ဦး၏ အသက်ကို ချမ်းသာစေချင်လျှင် အတည်မပြုရသေးသော သူကို ပယ်ပြီးနောက် . သူ့သားကိုသာ ထိုရာထူးတွင် ခန့်ထားရန် အကြောင်းများကို ရေးသားထားလေ သည်။ – . စာထဲတွင် ထိုစာသည် သူ မိန်းမ မရေးနိုင်သဖြင့် ‘သူ့ ယောက်ျား ရေးလိုက်ရသည်ဟု ပါသောကြောင့် ကျွန်ုပ်သည် သူ့ယောက်ျားထံသို့ စာပြန် လိုက်ရပေသည်။ ကျွန်ုပ်၏ စာထဲတွင် ဤကဲ့သို့ သူ့မိန်းမနေမကောင်းခြင်းသည် စိတ္တဇနာကြောင့် မဖြစ်ပါစေနှင့်ဟု ဆုတောင်းကြောင်း၊ သူ့မိန်းမ အပြင်းအထန် နေမကောင်းကြောင်း ကြားရသည့်အတွက် စိတ်မကောင်းပါကြောင်း သို့ရာတွင် ခန့်ပြီးသောသူကို ပယ်ပစ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း အစရှိသည်တို့ကို ထည့်၍ ရေးလိုက် ရလေသည်။ ကျွန်ုပ်ခန့်လိုက်သောသူကို များမကြာမီ

အတည်ပြုလိုက်၏။ သူ့ယောက်ျား ရေးလိုက်သည်ဆိုသော အဆိုပါစာကို – ကျွန်တော်ရ၍ နှစ်ရက်လောက်ကြာသောအခါ အိမ်တော်တွင်အတီးအမှုတ်ပွဲ တစ်ခု ကျင်းပရာ အားပြတ်၍ အိပ်ရာထဲ၌ လဲနေရရှာသည်ဆိုသော မိန်းမနှင့် သူ၏ ယောက်ျားလည်း ရောက်လာကြလေသည်။

‘ အက်စ ဟူးရော့” သည် အမေရိကန်ပြည်၏ နာမည်အကျော်ကြားဆုံး သော တီးဝိုင်းများကို စီမံပေးသူ ဖြစ်လေသည်။ အနှစ် နှစ်ဆယ်ပတ်လုံး ရှာလျာပင် အီဆာဒိုရာ ဒန်ကင်၊ ပါဗလိုဗာ စသောသဘင်သည်များကို .. စီမံအုပ်ချုပ်လာခဲ့သူ ဖြစ်သည်။ အလွန် စိတ်ပြောင်းလွယ်သောထိုသဘင်သည် . များနှင့် ဆက်ဆံရာ၌ ရှေးဦးစွာ သူ တွေ့သော သင်ခန်းစာများမှာ သူတို့နှင့် သင့်တင့်ချင်လျှင် သူတို့၏ အလိုကို အများကြီးလိုက်၍ ပေါင်းသင်းခြင်းပင် ဖြစ်လေသည်ဟု ကျွန်ုပ်အား ပြောပြဖူးလေသည်။ ” . . အက်စ ဟူးရော့သည် ရှာလျာပင်၏ မန်နေဂျာအဖြစ်ဖြင့် သုံးနှစ်တိုင်တိုင် ဆောင်ရွက် ခဲ့ဖူး၏။ ရှာလျာပင်သည် ကလေးကလေးလို စိတ်အပြောင်း မြန်သောကြောင့် သူ့ အတွက် ဟူးရော့မှာ အလုပ်ပိုတစ်ခု လုပ်နေရလေ သည်။ ဟူးရော့၏ စကားအတိုင်းပြန်၍ပြောရလျှင် “ဒီလူဟာအစစအရာရာမှာ သောက်ကျိုးနဲ အပေါင်းရကျပ်တဲ့လုပ်” ဟူ၏တည်း။

အပေါင်းရကျပ်ပုံကို သက်သေတစ်ခု ထုတ်၍ပြပါအံ့။ တစ်နေ့သ၌ နေ့လယ် ၁၂ နာရီလောက်တွင် ဟူးရော့သည် ရှာလျာပင်ထံမှ စကားပြော ကြေးနန်း ဆက်သံကြားရ၏။ ထိုနေ့ည ကိုးနာရီတွင် သီချင်းဆိုရန်အတွက် အားလုံးစီစဉ်ပြီး ဖြစ်လေသည်။

ရှာလျာပင်။ “မိတ်ဆွေ၊ ကျွန်တော်ဒီနေ့ သိပ်ပြီးနေမကောင်းဘူးဗျာ၊ လည်ချောင်းတွေကလဲ ကွဲနေတယ်၊ ကနေ့ည သီချင်းဆိုလို့ဘယ်နည်းနှင့်မျှ “ မဖြစ်နိုင်တော့ဘူး”

ထိုစကားကိုကြားရသောအခါ ဟူးရော့သည် တယ်လီဖုန်းထဲမှနေ၍ . ရှာလျာပင်နှင့် အငြင်းအခုံလုပ်နေသေးသလား၊ မလုပ်ပါ။ သဘင်သည်များကို ဤနည်းမျိုးဖြင့် လုပ်၍မရကြောင်း သူသည် ကောင်းစွာသိလေသည်။ ထို့ကြောင့် တယ်လီဖုန်းကို အသာချထားပြီးနောက် ရှာလျာပင်တည်းခိုနေသော ဟိုတယ်သို့ အရေးတကြီး လိုက်သွား၏။ ဟိုတယ်သို့ရောက်၍ ရှာလျာပင်နှင့် တွေ့သောအခါ

”ကျွတ် ကျွတ် ကျွတ်၊ ဖြစ်မှ ဖြစ်ရလေဗျာ။ ဒီလိုဆိုရင် ကနေ့ည ဘယ့်နှယ် ဆိုလို့ဖြစ်ပါ့မလဲ၊ ကနေ့ညပွဲကို ကျွန်တော် ဖျက်ပစ်လိုက်မယ်။ မဆိုရလို့ငွေခြောက်ထောင်လောက်မရဘဲ ရှိတော့မပေါ့၊ မဟုတ်ဘူးလားဗျာ၊ – ငွေမရတာထက် နာမည်ပျက်တာတော့ မခံနိုင်ဘူး”ဟု အလွန်ကရုဏာသက်သော မျက်နှာထားနှင့် ဟူးရော့က ပြောလေသည်။

ထိုအခါ ရှာလျာပင်သည် သက်မကြီးချသွားပြီးလျှင် “ညနေ ငါးနာရီ လောက် တစ်ခေါက် လာကြည့်စမ်းပါဦး၊ ဒီအခါကျရင် နည်းနည်းများ ‘သက်သာမလားလို့” ဟု ပြန်ပြောလေသည်။

ညနေ ငါးနာရီထိုးသောအခါ ဟူးရော့သည် ရှာလျာပင်ထံသို့ အလွန် ကရုဏာသက်သော မျက်နှာထားနှင့် သွားပြန်လေသည်။ ထိုအကြိမ်တွင်လည်း “ဘယ့်နှယ်လဲ ရှာလျာပင်၊ ညပွဲကို ဖျက်လိုက်မယ်လေ” ဟု စုပ်တသပ်သပ်နှင့် ပြန်ပြော၏။ ရှာလျာပင်လည်း သက်မချမြဲတိုင်း ချပြီးနောက် “တော်တော်ကလေး ကြာရင် တစ်ခေါက်လှည့်ခဲ့ပါဦး အဲဒီတော့ သက်သာကောင်း သက်သာပါ လိမ့်မယ်” ပြောလေသည်။

ည ခုနစ်နာရီခွဲလောက်တွင် တစ်ကြိမ်ထပ်၍ တွေ့ကြသောအခါမှ ရှာလျာပင်သည် သီချင်းဆိုမည်ဟု ကတိပေး၏။ သို့ရာတွင် သူသီချင်းမဆိုခင် ဟူးရော့သည် ပရိသတ်ရှေ့ထွက်ပြီးလျှင် ရှာလျာပင်သည် ယနေ့ည အအေးမိ နေသဖြင့် အသံ သိပ်မကောင်းသည့်အကြောင်း ကြော်ငြာ ပေးရမည်ဟု မှာလိုက်၏။ ‘မစ္စတာဟူးရော့ကလည်း ကြော်ငြာ ပေးပါမည်ဟု ဝန်ခံခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤနည်းနှင့် လုပ်မှသာ ရှာလျာပင်ကို ထိုနေ့ညတွင် သီချင်း ဆိုခိုင်း၍ ရတော့မည်ဖြစ်သောကြောင့်တည်း။ ။

ဒေါက်တာ အာသာအိုင်ဂိတ် သည် သူ ၏ နာမည်ကျော် “ပညာရေး . စိတ်ပညာ” စာအုပ်ထဲတွင်အောက်ပါအတိုင်း ရေးသားဖူးလေသည်။

“လူတိုင်း အသနားခံချင်ကြ၏။ – ကလေး ကလေးကလည်း . အသနား ခံလိုသောသဘောဖြင့် သူ၏ ဒဏ်ရာ တစ်ခုခုကို ပြ၏။

အကယ်၍ ဒဏ်ရာ မရှိသေးလျှင် သူ၏ ဒဏ်ရာ တစ်ခုခုကို ရအောင် လုပ်၍ပင် ပြတတ်၏။ ထိုနည်းတူ စွာပင် လူကြီးများသည်လည်း . မိမိတို့၏ဒဏ်ရာများကိုပြခြင်း၊ သူတို့ အား ထိခိုက်မိပုံတို့ကို ပြန်လှန် ပြောပြခြင်း နေထိုင်မကောင်းသည်တို့ ကို ပြောပြခြင်း၊ အထူးသဖြင့် အခွဲအစိတ်ခံရသောသူများသည် ခွဲပုံစိတ်ပုံ အလုံးစုံတို့ကို လုံးစေ့ပတ်စေ့ ပြန်၍ပြောခြင်း စသော အလုပ်များကို လုပ်တတ်ကြ လေသည်။ လူ တစ်ဦးတစ်ယောက်သည် ဒုက္ခတစ်ခုခုနှင့် တွေ့ရသောအခါ ထိုဒုက္ခသည် ဒုက္ခအစစ်ဖြစ်စေ၊ သို့မဟုတ် ဒုက္ခဟူ ၍ သူတစ်ဦးတည်းကသာ အတွေးရောက်နေသော ဒုက္ခဖြစ်စေ ထိုသူသည် မိမိကိုယ်ကို မိမိပြန်၍ သနားတတ်ခြင်းမှာ ဓမ္မတာပင်ဖြစ်လေသည်။

ထို့ကြောင့် တစ်ဖက်သားကို သင့်ဘက်သို့ ပါအောင် လုပ်လိုလျှင် ဥပဒေသ အမှတ် ၉ သည် ။

တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် စပ်လျဉ်း၍ ကိုယ်ချင်းစာ `တတ်ပါစေ “