မိတ္တဗလဋီကာ

အခန်း ၁၀ လူတိုင်းကြိုက်သောစကား

ကျွန်ုပ်သည် မစ်ဇူရီနယ်အတွင်း ဂျက်ဆီ ဂျိမ်း-နေသော အရပ်အနီး၌ မွေး၍ ထိုနေရာ၌ပင် ကြီးပြင်းလာလေသည်။ ကျွန်ုပ်သည် ဂျက်ဆီဂျိမ်း၏ လယ်တော ထဲသို့သွားရောက်လည်ပတ်ဖူး၏။ သူ၏ သားသည် ယခုထက်တိုင် ထိုအရပ်၌ ရှိသေးသည်။

အကလေးအရွယ် ထိုလယ်ထဲသို့ သွားလည်စဉ်က ဂျက်ဆီ ဂျိမ်းသည် မီးရထား ဘဏ်တိုက်များမှ တိုက်ခိုက် လုယက်လာပြီးလျှင် အနီးအနားရှိ ဆင်းရဲသားများအား သူတို့၏ ကြွေးမြီများကို ပေးဆပ်နိုင်ရန် တိုက်ခိုက်၍ ရသမျှကို ဝေငှပေးပုံတို့ကို သူ၏ မိန်းမသည် ကျွန်ုပ်အား ပြောပြဖူးလေသည်။

ဂျက်ဆီ ဂျိမ်းသည် သူ့ကိုယ်သူလူဟုတ်တစ်ယောက်ဟူ၍ ဒပ်ချ်ရှုပ်ဇ် “သေနတ်နှစ်လက်ကိုင်” ကရိုလီ၊ အယ်ကပုန်းစသော နောက်ပေါက် လူဆိုးကြီး များလို အထင်ရောက်ကောင်း ရောက်နေလိမ့်မည်။ သင်သည် မှန်ထဲကို ကြည့်လိုက်သောအခါ ထိုမှန်ထဲတွင်သင်မြင်နေရသော လူကစ၍ ကမ္ဘာပေါ်ရှိ လူတိုင်းသည် ကိုယ့်ကိုယ်ကို အထင်ကြီးသောလူများဖြစ်ကြ၏။ ဂျက်ဆီ ဂျိမ်းသည်လည်း သူ့ကိုယ်သူ အတော်ဟုတ်လှပြီဟူ၍ ထင်နေလေသည်။

ဂျေ ပီယားပွန့် မော်ဂန်”သည် လူ့စိတ်ကို ခွဲခြမ်းစိတ်ဖြာ၍ ပြောရာ ၌ လူတစ်ယောက်သည် အလုပ်တစ်ခုကို လုပ်ရာ၌ အကြောင်းနှစ်ရပ်ရှိသည်။

တစ်ရပ်မှာ လူ ကြားကောင်းစေလိုသော အကြောင်းဖြစ်၍ ကျန်တစ်ရပ်မှာ အကြောင်းစစ် ဖြစ်လာလေသည်ဟူ၍ ပြောကြားဖူး၏။ ‘ . ထို့ကြောင့်တစ်ဖက်သားကို ကိုယ့်ဘက်ပါ စေချင်လျှင် သူ၏ မြင့်မြတ် သော စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ပေးပါ။ ) ဤသို့ပြောသဖြင့် အောင်မြင်ခဲ့ဖူးသော ကိစ္စတစ်ရပ်ကိုကြည့်ကြဦးစို့။ ပင်ဆီဗေးနီးယား ပြည်နယ်တွင် ဂလင်နိုးလဒင်း’ အရပ်တွင်ရှိသည့် ဖာရယ် မစ်ချယ်ကုမ္ပဏီ ၏ မန်နေဂျာဖြစ်သော . ဟယ်မီလ်တန် ဖာရယ်* ၏ အိမ်တစ်အိမ်တွင် ငှားနေသောသူတစ်ဦးသည် အလွန်ကြေးထူ၍ အိမ်ငှားသည့် နှစ်မစေ့မီ အိမ်မှ ပြောင်းရွှေ့သွားတော့မည်ဟူ၍ ကြိမ်းမောင်းလျက်ရှိ၏။ နှစ်စေ့ဖို့ရန် လေးလ လိုသေး၏။ အိမ်လခမှာ တစ်လလျှင် ဒေါ်လာ ၅၅ ပြားဖြစ်ရာ နှစ်မစေ့သေးဘဲနှင့် အခြားအရပ်ကိုပြောင်းသွားလျှင် ထိုအချိန်မျိုး၌ အိမ်ငှားမည့်သူ ရုတ်တရက် မရနိုင်သောကြောင့် ဖာရယ်တွင် ဒေါ်လာငွေ ၂၂၀ လောက် နစ်နာသွားမည် ဖြစ်၏။ ‘ ‘ သာမန်အားဖြင့်ဆိုလျှင် ကျွန်ုပ်သည် ထိုသူ၏ အိမ်သို့သွားပြီးလျှင် “ခင်ဗျား ဒီလိုလုပ်တာ ဘာကောင်းသလဲ၊ ကောင်းပြီ၊ ခင်ဗျားအခု ဆင်းသွား `ချင်ရင် ဆင်းသွားနိုင်တယ်၊ ဒါပေမယ့် ကျန်တဲ့ လေးလအတွက် အိမ်လခကိုတော့ တစ်ခါတည်း ပေးသွားရမယ်” စသည်ဖြင့် ဒေါသနှင့် ပြောမည်ဖြစ်၏။

သို့ရာတွင် ထိုကဲ့သို့မလုပ်ဘဲ နည်းတစ်နည်းကိုအသုံးပြုရလေသည်။ ထို့ကြောင့် ထိုလူ၏ အိမ်သို့သွားပြီးလျှင် အောက်ပါအတိုင်း စ၍ ပြော၏။ “မစ္စတာဒိုး၊ ခင်ဗျား ပြောတာ ကြားပြီးပေမယ့် တကယ့်ကို ခင်ဗျား တခြား ပြောင်းချင်တယ်လို့ ကျွန်တော် မယုံသေးဘူးဗျာ၊ အိမ်ငှား စားလာတာကြာလို့ လူတွေရဲ့ စိတ်နေ စိတ်ထားတော့ ကျွန်တော် ကောင်းကောင်း သိနေတယ်၊ ခင်ဗျားကိုကြည့်ရတာ ခင်ဗျားဟာ စကားတစ်ခွန်း တည်တဲ့လူတစ်ယောက်ပဲ။ အဟုတ်ပြောတာပါ၊ ခင်ဗျားရဲ့ စိတ်ဓာတ်ကို ကောင်းကောင်းသိပြီးသားဖြစ်နေလို့ လောင်းချင်တယ်ဆိုတောင် လောင်းလိုက်ဗျာ။

”အိမ်ပြောင်းမယ်ဆိုတဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကိုရေးပြီး စားပွဲခုံပေါ် တင်ထားပြီးတော့ အဲဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစား၊ ကဲဗျာ ဟောဒီကနေ့ ဆုံးဖြတ်ချက်ချ၊ လကုန်ပြီး ရှေ့လဆန်းတစ်ရက်နေ့ကျတော့ ဒီဆုံးဖြတ်ချက် အတိုင်း တည်မယ်ဆိုရင် လေးလအတွက် အိမ်လခ နှစ်ရာကျော် ဆုံးချင် ဆုံးပေစေဗျာ၊ ကျွန်တော် လူကဲခတ်မှားပြီဆိုပြီးတော့ ကျေနပ်လိုက်မယ်၊ သို့ပေမယ့် ဘာပဲပြောပြော ခင်ဗျားဟာ စကားတည်တဲ့ လူတစ်ယောက်ပဲ။ နှစ်စေ့အောင်နေမယ်ဆိုတာကိုတော့ ခုထက်ထိ ကျွန်တော်ယုံတယ်ဗျာ၊ ဘာလဲဗျာ ကျုပ်တို့ဟာ လူ တွေပဲ မျောက်တွေမှ မဟုတ်ဘဲ” မှ နောက်လဆန်းသောအခါ ထိုလူသည် သူကိုယ်တိုင် အိမ်လခကို လာ၍ပေး၏။ကျန်သည့် လေးလအတွက်မှာမူကား သူ နှင့် သူ့မိန်းမ တိုင်ပင် ကြပြီးလျှင် စကားတစ်ခွန်းတည်အောင် နှစ်စေ့သည်အထိ ထိုအိမ်၌ပင် နေကြရန် ဆုံးဖြတ်ပြီးပြီဟု ကျွန်ုပ်ကို ပြောသွားလေသည်။

လော့ နော့ ကလစ်”သည် သူ သဘောမကျသော သူ၏ ဓာတ်ပုံ တစ်ခုကို သတင်းစာတစ်စောင်တွင် တွေ့ရှိသောအခါ အယ်ဒီတာထံသို့ စာတစ်စောင် ရေးသားလိုက်လေသည်။ ထိုစာထဲတွင် “ကျုပ်ရုပ်ပုံကို နောက်ထပ်ပြီး သတင်းစာ ထဲမှာ မထည့်နှင့်၊ ကျပ် မကြိုက်ဘူး” အစရှိသဖြင့် ရေးသားလိုက်သလား။ မရေးဘူး။ အယ်ဒီတာ၏ မြင့်မြတ်သောစိတ်ဓာတ်ကို ထိခိုက်အောင်သာ ရေးလိုက်လေသည်။ “လူတိုင်းတွင် မိခင်ဖြစ်သူကို ချစ်မြတ်နိုးသည့် စိတ်ထားရှိ ကြောင်းကို သိသဖြင့် ကျုပ်၏ ထိုရုပ်ပုံကို ကျေးဇူးပြု၍ နောက်ထပ်မထည့်ပါ နှင့်တော့၊ ကျုပ်၏ မိခင်သည် ထိုသို့ထည့်ခြင်းကို မနှစ်သက်ပါ”ဟူ၍သာ ရေးသားလိုက်လေသည်။ , ဂျွန် ဒီ ရော့ဖဲလား(အငယ်)သည် သူ့ကလေးများ၏ ပုံကို သတင်းထောက် များက မကြာခဏ ရိုက်ယူ၍ သတင်းစာထဲတွင် ထည့်ခြင်းကို မနှစ်သက် သောအခါ အထက်ပါနည် အတိုင်းပင် မြင့်မြတ်သောစိတ်ဓာတ်ကို ထိခိုက်အောင် စာရေးဖူးလေသည်။ “ဒီလို ကျုပ်ကလေးတွေရဲ့ ရုပ်ပုံကို မကြာခဏ သတင်းစာ တွေထဲမှာ ထည့်တာ ကျုပ်မကြိုက်ဘူး”ဟူ၍ ရေးသား၊ ကလေးသူငယ်များကို ဘေးဥပါဒ်ဖြစ်စေတတ်သည့် အလုပ်မျိုးမှ ရှောင်ရှားချင်သောဆန္ဒသည် လူတိုင်း၌ ရှိသည့်အကြောင်းကို သူသည် ကောင်းစွာသိသဖြင့် “အဆွေတို့၊ ကလေးတွေရဲ့ ဓာတ်ပုံကို သတင်းစာထဲမှာ မကြာခဏ ထည့်လျှင် ဘာဖြစ်မည်ဆိုတာကို အဆွေတို့လဲ အသိသားပဲ၊ အဆွေတို့အထဲက တချို့တလေမှာလဲ ကလေးတွေ `ရှိတယ် မဟုတ်လား၊ အဲဒီတော့ ကလေးတွေ ဒီအရွယ်မှာ နာမည်သိပ်ကြီးရင် မကောင်းဘူးဆိုတာ ခင်ဗျားတို့လဲ အသိသားပဲ”ဟု ရေးသားလိုက်လေသည်။

“စနေနေ့ညနေ ‘ သတင်းစာ ́ခေါ် သတင်းစာနှင့် “အိမ်ကြီးရှင်ဂျာနယ်” ကို ပိုင်သော သူဌေးကြီး ဆိုင်းရပ် အိပ် ကေ ကားတစ် ) သည် သတင်းစာကိုစ၍ တည်ထောင်စဉ်အခါက စာရေးဆရာများကို အခြား မဂ္ဂဇင်းများက ပေးသကဲ့သို့ စာရေးခ မပေးနိုင်ချေ။ ပထမတန်းစာရေးဆရာကြီးများကို ပေးနိုင်လောက်အောင် – ငွေလည်း မရှိ။ ထို့ကြောင့် ထိုသူတို့ထံမှ ဆောင်းပါးများ ရရှိရန် သူတို့၏ မြင့်မြတ်သောစိတ်ဓာတ်ကို ထိခိုက်စေသော အလုပ်မျိုးကို တီထွင်ပြီးလျှင် လုပ်ရရှာလေသည်။ ဥဒါဟရုဏ်၊ “လုံမပျိုများ” အမည်ရှိသော ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးသော လူဝီဇာ မေ အော်လ်ကော့လို ဝတ္ထုရေးဆရာမကြီး တစ်ဦးမှ ဆောင်းပါးများကို သူရအောင်ယူခဲ့လေသည်။ ဘယ်ကဲ့သို့ ယူသနည်း ဆိုသော် အော်လ်ကော့ထံသို့ ငွေကို တိုက်ရိုက် မပို့ဘဲနှင့် အော်လ်ကော့ စိတ်ဝင်စားနေသော အသင်းတစ်သင်းသို့ ရန်ပုံငွေအဖြစ်ဖြင့် ဒေါ်လာငွေတစ်ရာ လှူဒါန်းလိုက်ခြင်းပင် ဖြစ်လေသည်။ ။

ဤနေရာတွင် စေဒကတက်ချင်သူ တစ်ဦးတစ်ယောက်က “ဤလို နည်းမျိုးနဲ့လုပ်လို့ မော့ကလစ်လို၊ ရော့ဖဲလားလို၊ အော်လ်ကော့လို လူမျိုးတွေမှာ ရမှာပေါ့။ သို့ပေမယ့် ကျုပ် ကြွေး လိုက်တောင်းရတဲ့ ကိုဖိုးခက်တို့ကိုဒီလိုနည်းမျိုးတွေနဲ့ သုံးကြည့်စမ်းပါ၊ ရမလားလို့ ကြည့်ရအောင်”ဟု ပြောကောင်း ပြောပေလိမ့်မည်။

မှန်ပါ၏။ ဘယ်လိုဟာမျိုးမှ နေရာတိုင်းမှာ လူတိုင်းနဲ့တည့်တယ်လို့ မရှိဘူး။ ဒီစာအုပ်ထဲမှာ ပါသည့် နည်းတွေကို မသုံးဘဲ သင့်နည်းနှင့်သင် နေရာ ကျနေသည်ဟု ဆိုလျှင် သင့်ကို ဘာဖြစ်လို့ ပြုပြင်မလဲ။ သို့ပေမယ့် သင့်နည်းတွေကို သုံးလို့ နေရာမကျဘူးဆိုလျှင် ဒီစာအုပ်ထဲက နည်းတွေကို ဘာဖြစ်လို့ မစမ်းဘဲ နေမလဲ။

ဘာပဲဖြစ်ဖြစ် ကျွန်ုပ်၏ တပည့်ဟောင်း တစ်ဦးဖြစ်တဲ့ ဂျိမ်းအယ် သောမတ်၏ အကြောင်းကို သင်ဖတ်ရလျှင် သဘောကျလိမ့်မည်ဟု ကျွန်ုပ် ထင်ပါသည်။ ။

. မော်တော်ကားပိုင်ရှင်ခြောက်ဦးသည် သူတို့၏ မော်တော်ကားပြင်ခ များကို မော်တော်ကားကုမ္ပဏီတစ်ခုသို့ မပေးဘဲ ငြင်းလျက် ရှိ၏။ သို့ရာတွင် ထိုခြောက်ဦးအနက် မည်သူကမျှ ကြွေးအားလုံးကို မပေးဘူးဟူ ၍ မငြင်း။ ဘယ်အတွက်ပြင်ခကို သူတို့မသိဘူး၊ ဘယ်နေ့က်ဟာ မှားနေတယ် စသည်ဖြင့် တစ်ခုစီ နှစ်ခုစီ ငြင်းလျက်ရှိကြလေသည်။ အမှန်စင်စစ်မှာ သူတို့မော်တော်ကားကို ပြင်ပြီးတိုင်း သူတို့ကိုယ်တိုင် လက်မှတ်ထိုးထားသဖြင့် ကုမ္ပဏီသည် မမှားနိုင်။ သူတို့ သာလျှင် မှားနေသည်။ ကုမ္ပဏီကလည်း ထိုကဲ့သို့ပင် သူတို့ကို ဖွင့်ပြော၏။ ဤသို့ဖွင့်ပြောခြင်းသည် ကုမ္ပဏီ၏ ပထမအမှားပင် ဖြစ်လေ သည်။

ကုမ္ပဏီ၏ ကြွေးတောင်းသည့်ဌာနမှ လူများသည် ကြွေးတောင်းရာ၌ အသုံးပြုသော နည်းများမှာ အောက်ပါအတိုင်းဖြစ်၏။

– ၁။ သူတို့သည် ကြွေးရှိသောသူများထံသို့ သွားပြီးလျှင် အလွန် ကြာလှပြီဖြစ်သော ကြွေးကိုတောင်းရန်လာသည်ဟု တုံးတိတိ ပြောကြ၏။

၂။ ကြွေးနှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် လုံးဝမှန်၍ ကြွေးသမားများ သာလျှင် လုံးဝမှားသည်ဟု ခပ်ရှင်းရှင်းပြောကြ၏။

၃။ မော်တော်ကား အကြောင်းကို ကြွေးသမားများ အစွမ်းကုန် သိနိုင်သည်ထက် ကုမ္ပဏီက ပို၍ သိသည် ဖြစ်သောကြောင့် ငြင်းနေလျှင် အပိုသာ ဖြစ်လိမ့်မည်ဟု ပြောကြ၏။

၄။ အထက်ပါနည်းသုံးနည်းကို အသုံးပြုသဖြင့် ဘာဖြစ်ကြသလဲ။ တစ်ယောက်နှင့်တစ်ယောက် ငြင်းခြင်းသာလျှင်အဖတ်တင်၏။

ဤကဲ့သို့နည်းမျိုးကို အသုံးပြုသဖြင့် ကြွေးသမားများထံမှ ကြွေးတောင်း၍ ရပါရဲ့လား။ ထိုမေးခွန်းကို သင့်ဟာသင် ဖြေပါတော့။

ထိုစခန်းသို့ ရောက်လာသောအခါ ကြွေးဖက်ဆိုင်ရာ မန်နေဂျာသည် ကြွေးများကို တရားစွဲတောင်းရန် စီစဉ်၏။ ထိုအကြောင်းကို မန်နေဂျာကြီး သိသွားသောအခါ- ထိုကြွေးသမားများ၏ အကြောင်းကို စုံစမ်းကြည့်ရာ ရှေးအခါက ကြွေးကိုမှန်မှန်ပေးသော သူများ ဖြစ်ကြောင်း သိရ၏။

ထို့ကြောင့် ကြွေးတောင်းသူများ နေရာမကျသောကြောင့်သာ ကြွေးများကို တောင်း၍ မရခြင်း ဖြစ်လိမ့်မည်ဟု ယူဆသဖြင့် “တောင်းမရ”ဟု အစီရင်ခံ ထားသော ကြွေးများကို တောင်းရန် ဂျိမ်း အယ် သောမတ်ကို အမိန့်ပေး လေသည်။

သောမတ်အသုံးပြုသောနည်းမှာ အောက်ပါအတိုင်းပင် ဖြစ်လေသည်။ သောမတ်ပြောသည့်အတိုင်း အောက်တွင် ဖော်ပြလိုက်ပါအံ့။ ၁။ ကြွေးသမားများ၏ အိမ်သို့ ကျွန်ုပ် သွားခြင်းသည် အလွန် ကြာလှပြီဖြစ်သော ကြွေးဟောင်းများကို တောင်းခံရန်ဖြစ်၏။ ထိုကြွေးများသည် . ကုမ္ပဏီက အမှန်ရရန်ဖြစ်သော ကြွေးများဖြစ်ကြောင်းကိုလည်း ကျွန်တော်သိ၏။ သို့ရာတွင် ထိုအကြောင်းများနှင့် စပ်လျဉ်း၍ ကျွန်ုပ်သည် တစ်လုံးတစ်ပါဒကိုမျှ မပြော။ ကျွန်ုပ်လာရခြင်းအကြောင်းသည် ထိုလူကြီးမင်းများအတွက် ကုမ္ပဏီက ” ဘာများ လုပ်ပေးထားပါသလဲ။ ထိုလုပ်ပေးထားသောအရာများထဲက ဘာများ ချွတ်ယွင်းနေပါသလဲ အစရှိသည်တို့ကို သိရှိရန်လာခြင်းပင် ဖြစ်သည်ဟု ပြောပြ၏။

၂။ ကြွေးသမားက ကြွေးအကြောင်းနှင့် စပ်လျဉ်း၍ မပြောမချင်း ကျွန်ုပ်တွင်ဘာမျှ ပြောစရာမရှိ။ မမှားသောရှေ့နေ မသေသောဆေးသမား ဟူ၍ မရှိသည့်အတိုင်း ကုမ္ပဏီက ဘယ်အခါမျှ မမှားနိုင်ဘူးဆိုတာ မဖြစ် နိုင်ကြောင်း ကျွန်ုပ်သည် အတိအလင်းပြောပြ၏။ –

၃။ ကျွန်ုပ် စိတ်ဝင်စားနေသော အရာသည် ကုမ္ပဏီက သူတို့ထံမှ ရရန်ရှိသော ကြွေးမဟုတ်ဘဲ သူတို့၏ မော်တော်ကားများသာလျှင် ဖြစ်ကြောင်း၊ သူတို့မော်တော်ကားများ၏ အကြောင်းကိုလည်း သူတို့မှ တစ်ပါး ကမ္ဘာပေါ်

တွင် သူတို့လောက်နားလည်သူများ မရှိကြောင်းနှင့် သူတို့၏ မော်တော်ကားများ အပေါ် သူတို့သာ ဆရာဖြစ်ကြောင်းကိုလည်း ပြောပြ၏။

၄။ သူတို့ကို အားရအောင် စကားပြောစေ၍ သူတို့စကား ပြောနေစဉ် သူတို့ အလိုရှိသည့်အတိုင်း ကျွန်ုပ်သည် သူတို့၏ အလိုသို့လိုက်၍ ကောင်းစွာ နားထောင်နေ၏။

၅။ နောက်ဆုံး၌ ကြွေးသမားသည် စိတ်ရွှင်ပျလာသောအခါ သူ ၏ သမာ သမတ်ရှိသော စိတ်ထားအကြောင်းကို အစချီ၍ ပြောပြီးလျှင် ထို စိတ်ဓာတ်ကို ထိခိုက်အောင်လုပ်၏။ “ကျွန်တော့် စိတ်ထင်ဖြင့် ဒီကိစ္စမှာ ကြွေးတောင်းတဲ့လူတွေ မလိမ္မာလို့ဒီလိုဖြစ်ရတာပဲ၊ ဒီလိုဆိုရင် ဘယ်နေရာကျ မလဲ၊ ဒီလူတွေ နေရာမကျတာနဲ့ ဦးမင်းမှာ အလကားသက်သက် စိတ် အနှောင့်အယှက် ဖြစ်ရတာပဲ၊ ဒီလိုဖြစ်ရတဲ့အတွက် ကျွန်တော် ဝမ်းနည်း ပါတယ်၊ နောင်ကို ဒီလို ဘယ်တော့မှ မဖြစ်စေရပါဘူး၊ ကုမ္ပဏီရဲ့ ကိုယ်စား လှယ် တစ်ဦးအနေနဲ့ ကျွန်တော် တောင်းပန်ပါတယ်၊ ဦးနဲ့ ယခုလို ထိုင်ပြီး စကားပြောနေတုန်း ဦးရဲ့ သည်းခံပုံ တရားသဖြင့် ရှိပုံတို့ကို ကြားရတော့ အမှန်ပါပဲ ဦးအပေါ်မှာကြည်ညိုတဲ့စိတ်တွေ မပေါ်ဘဲ မနေနိုင်ပါဘူး၊ ဟောဒီမှာ ဦး ကူနိုင်လျှင် ကျွန်တော့်ကို တစ်ခုကူညီစေချင်တာပဲ၊ ဒီကိစ္စကို ဦးအသိဆုံးပဲ။ ဦး အဖြေနိုင်ဆုံးပဲ၊ အဲဒီ ကြွေးစာရင်းကို ဦးကိုယ်တိုင် ကုမ္ပဏီရဲ့ မန်နေဂျာ ကြီးပဲလို့ သဘောထားပြီး ပြန်ကြည့်ပါ၊ ဒီစာရင်းကို ဦးနဲ့ပဲ ထားပစ်ခဲ့ပါ့မယ်။ ဦးပြန်ကြည့်ပြီး မှန်တယ်ဆိုသလောက်ကိုသာ ပေးပါတော့” အစရှိသည်တို့ကို ကျွန်ုပ်သည် ပြောပြ၏။

သူတို့သည် ကြွေးစာရင်းကိုပြန်၍ စစ်ဆေးကြသေးသလား၊ စစ်ဆေးကြ ပါသည်။ ပြန်ကြည့်ပြီးလျှင် ကြွေးစာရင်းများကို အထူးကျေနပ်လျက်ရှိကြ၏။ ကြွေးများသည် တစ်ဦးလျှင် ဒေါ်လာ ၁၅၀ မှ ဒေါ်လာ ၄ဝဝ အထိ ရှိလေ သည်။ ကျေနပ်ပြီး၍ ထိုကြွေးများကို ပေးကြရဲ့လား။ တစ်ယောက်သောသူ မှ တစ်ပါး ကျန်ငါးဦးစလုံး ကြွေးများကို အပြေပေးကြပါသည်။ တစ်ဦးမှာမူကား ကြွေးစာရင်းထဲတွင်မှတ်ထားသော တစ်ပဲကိုသာလျှင် မပေးဘဲ နေပြီးလျှင် ကျန်အားလုံးကို ပေးပါသည်။ ကြွေးပြန်ဆပ်ခြင်းလောက်နှင့် အံ့သြစရာ မကောင်းပါ။ ထိုမျှမကဘဲ ထိုလူခြောက်ဦးစလုံးတို့အား နှစ်နှစ်အတွင်း မော်တော်ကားတစ်စင်းစီ ထပ်၍ ရောင်းလိုက်ရပါသေးသည်”

သင်ကြွေးရစရာရှိသောလူတစ်ယောက်၏ အကြောင်းကို စုံစမ်း၍ မရနိုင်ခဲ့ပါလျှင် စိတ်အချရဆုံးနည်းမှာ ထိုလူ့ကို ရိုးသားသည်၊ စေတနာကောင်းသည်။ သမာဓိရှိသည်၊ ပေးစရာရှိသောငွေများကို မှန်မှန်ပေးချင်သော စိတ်ကောင်း ရှိသည် အစရှိသည်တို့ကို ကြိုတင်၍ ပြောဆိုခြင်းပင် ဖြစ်သည်ဟု ကျွန်ုပ်၏ အလုပ်သက် ရှည်လာလေလေ ကောင်းစွာ သိရှိလာလေလေဖြစ်၏။ ထိုစကားကို လွယ်လွယ်နှင့် နားလည်အောင် ပြန်ပြောရလျှင် လူတို့သည် ရိုးသားကြ၍ သူတို့ပေးစရာရှိသော ` ငွေများကို ပေးလိုသောဆန္ဒများ ရှိကြလေသည်။ ဤလိုလူစားထဲမှ ကြွင်းကျန်သောသူများသည် အလွန်နည်းပါးလေသည်။ ထိုကြွင်းကျန်သောသူများကိုပင် ရိုးသားသည်၊ ဖြောင့်မတ်သည်၊ သမာဓိရှိသည်ဟု သူတို့ကိုယ်ကို သူတို့ ထင်လာအောင် သင်သည် လုပ်ပေးပါလျှင် ထိုသူတို့တွင် များသောအားဖြင့် ပေးချင်သော စိတ်ဓာတ်များ ပေါ်လာလိမ့်မည် ဟူ၍ ကျွန်တော်သည် ကောင်းစွာ ယုံကြည်၏။

ထို့ကြောင့် တစ်ဖက်သားကို သင့်ဘက်သို့ ပါအောင် ဆွဲချင်လျှင် ဥပဒေသ အမှတ် ၁ဝ သည် ။

မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ပေးပါ။