အခန်း ၁၁ ဤနည်းကို ရုပ်ရှင်ကုမ္ပဏီများသည် လုပ်ကြ၏၊ . ရေဒီယိုကုမ္ပဏီများသည်လည်း လုပ်ကြ၏။
အဘယ့်ကြောင့် သင်သည် မလုပ်ဘဲ နေရမည်နည်း
နှစ်ပေါင်းအနည်းငယ်က “ဖီလဒယ်လဖီးယားညနေသတင်းစဉ်” ၏ မကောင်း ကြောင်းကို လက်တို့ သတင်းလွှင့်ကြ၏။ ကြော်ငြာရှင်များသို့လည်း ဤ သတင်းစာသည် သတင်းကနည်းပြီးလျှင် ကြော်ငြာက များနေသည့်အတွက် လူကြိုက်နည်းသွားကြောင်းဖြင့် ဂုံးချောကြ၏။ ထိုသတင်းဆိုးနှင့် စပ်လျဉ်း၍ အလျင်အမြန် အရေးယူရမည်ဖြစ်၏။
သို့ရာတွင် ဘယ်လိုအရေးယူ ရပါ့မလဲ။
အောက်ပါအတိုင်းပင်ဖြစ်လေသည်။ . . ထိုသတင်းစာထဲတွင် တစ်နေ့ပါသောသတင်းများကို အားလုံးစု၍ ထိုသတင်းများကို “တစ်နေ့”ဟူ သော အမည်ဖြင့် စာအုပ်တစ်အုပ် ရိုက်နှိပ်၏။ ထိုစာအုပ်တွင် စာမျက်နှာ ၃ဝ၇ မျက်နှာရှိ၍ ဒေါ်လာနှစ်ပြားတန် စာအုပ် တစ်အုပ်လောက် ရှိလေသည်။ သို့ရာတွင်ထိုမျှ များပြားသောသတင်းများကို တစ်နေ့စာအဖြစ်ဖြင့် နှိပ်သော်လည်း ဒေါ်လာ နှစ်ပြားနှင့် မဟုတ်ဘဲ နှစ်ဆင့် . ဖြင့်သာ ရောင်းစားခဲ့လေသည်။
ဤသို့တစ်နေ့အတွက် သတင်းပေါင်းကို စာတစ်အုပ်အဖြစ် ပုံနှိပ်လိုက် ခြင်းဖြင့် ထိုသတင်းစဉ်တွင် ဖတ်ရန်ကောင်းသော သတင်းပေါင်းမြောက်မြားစွာ
ပါရှိသည်ဟူသော အကြောင်းကို တစ်ဖက်သားတို့၏ စိတ်အာရုံတွင်စွဲသွား အောင် လုပ်လိုက်ခြင်းပင်ဖြစ်လေသည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် ပြောချင်သော အကြောင်းများကို ရက်ပေါင်းများစွာ ဂဏန်းသင်္ချာဖြင့် ရှင်းတမ်းတွေ ထုတ်နေသည်ထက် ပိုမိုထင်ရှားလာရုံသာမက ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းလာ လေသည်။
ကင်းနက် ဂွတ်နှင့် ဇင်း ကော့ဖ်မင်း” တို့ ရေးသားသော “ကုန်စုံအောင် ရောင်းနည်း” စာအုပ်ကို ဖတ်ပါလေ။ အီလက်ထရိုလပ် ဆိုင်သည် အိမ်တွင်း ရေခဲစက်၏ ညင်သာပုံကိုပြချင်သောကြောင့် ဝယ်မည့် သူ၏ နားဝတွင် မီးခြစ် ခြစ်၍ပြပုံ၊ လူကိုယ်တိုင်ရောင်းနေသည်ဟု အထင်ရောက်အောင် “ဆီးယားရိုးဘတ် ကတ်တလောက်” စာအုပ်ထဲတွင် ရုပ်ရှင်မင်းသမီး အင် ဆိုသန် ကိုယ်တိုင် လက်မှတ်ထိုးထားသော ဒေါ်လာငွေ ၁.၉၅ တန် ဦးထုပ် များကို ဖော်ပြထားပုံ၊ တိုက်ဆိုင်ပြတင်းပေါက်များတွင် အလှပြထားသော တရွေ့ရွေ့ လှုပ်ရှားနေသည့်အရာများကို ရပ်စဲလိုက်သောအခါ လာရောက် ကြည့်ရှုကြသော ပရိသတ်ဦးရေမှာ ၈၀ ရာခိုင်နှုန်းလောက် လျော့သွားသည်ဟု ဂျော့ ဝဲလဘုံ ဆိုသူက ထုတ်ဖော်ပြောဆိုပုံ၊ မစ်ကီမောက်” ခေါ်သော ကာတွန်း ကားကလေးသည် “ဗဟုသုတပေါင်းစုံကျမ်းကြီး”“ထဲတွင် ဖော်ပြခြင်းခံရသော ဂုဏ်ထူးကိုမည်ကဲ့သို့ ရရှိပုံ၊ ထိုကာတွန်းကား၏ အမည်ကိုယူ၍ ကလေးကစား စရာ အရုပ်များကို မှည့်ခေါ်လိုက်ခြင်းဖြင့် အရုပ်တိုက်ကြီးတစ်တိုက်သည် ဒေဝါလီခံရတော့မည့်ဘေးမှ မည်ကဲ့သို့လွတ်မြောက်လာပုံ၊ သကြားမုန့်များကို ဘန်းပြထားသည့် နေရာတွင် မီးတန်း အမှတ်တမဲ့ကျနေသဖြင့် မည်ကဲ့သို့ နှစ်ဆလောက်တိုး၍ ရောင်းရပုံ၊ ခရိုက်ဇလာ သည် သူ့မော်တော်ကားများ၏ ခိုင်ခန့်ကြောင်းကို ပြချင်သောကြောင့်မော်တော်ကားများပေါ်သို့ ဆင်များကို တင်ပြထားပုံ အစရှိသည်တို့ကို ထိုစာအုပ်ထဲတွင် ဖတ်နိုင်လေသည်။
နယူးယောက် တက္ကသိုလ်မှ ရစ်ချတ် ဘော်ဒင်”နှင့် အယ်ဗင် တပ်စ်-ဆိုသူ နှစ်ဦးသည် အရောင်းအဝယ်နှင့် စပ်လျဉ်း၍ အကြိမ်ပေါင်းတစ်သောင်းနှင့် ငါးထောင်တိုင်တိုင် တွေ့ဆုံပြီးလျှင် ဖြစ်ပျက်ကြသောအဖြစ်အပျက်များကို သေချာကျနစွာ သရုပ်ခွဲ၍ “နိုင်အောင်ငြင်းနည်း’ ခေါ်စာအုပ်တစ်အုပ်ကို ထုတ်ခဲ့ဖူးလေသည်။ ထိုစာအုပ်ထဲတွင်ပါသောနည်းများကိုပင် “ကုန်စုံအောင် ရောင်းနည် ၆ မျိုး”ဟု အမည်ပေးပြီးလျှင် တရားတစ်ပွဲ ဟောပြန်၏။ ထိုနည်း . များကို ရုပ်ရှင်ရိုက်ကူးပြီးလျှင် ရာပေါင်းများစွာသော ကုန်တိုက်ကြီးများ၏ `အရောင်းဘက်ဌာနများတွင် လိုက်လံပြသပြန်သေး၏။ ထိုရုပ်ရှင်ကားများထဲ တွင် သူတို့သရုပ်ခွဲစဉ်က တွေ့ခဲ့ရသော နည်းတို့ကို ရှင်းလင်းပြောဆိုရုံသာမက သရုပ်ပေါ်အောင်လည်း သူတို့နှစ်ဦးကိုယ်တိုင် တစ်ယောက်က အရောင်းသမား တစ်ယောက်က အဝယ်သမားလုပ်၍ အမှားနှင့်အမှန်ရောင်းနည်းများကို ခွဲခြား ပြသခဲ့လေသည်။
ယခုခေတ်သည် တစ်ဖက်သား၏ အာရုံကို ဆွဲငင်နိုင်အောင်ကြိုးစားလျက် ရှိသောခေတ်ဖြစ်လေသည်။ အမှန်ကို မှန်သည်ဟု ပြောပြရုံဖြင့်မပြီး၊ ထိုအမှန် ကို ထင်ရှားသည်ထက် ထင်ရှားအောင်၊ စိတ်ဝင်စားဖွယ်ကောင်းသည်ထက် ကောင်းအောင်၊စိတ်အာရုံ ဆွဲငင်နိုင်သည်ထက် ဆွဲငင်နိုင်အောင် ပြုလုပ်ရလေ သည်။ သင်သည် ဗန်းပြ ကောင်းရပေလိမ့်မည်။ ရုပ်ရှင်ကား ကုမ္ပဏီများသည် ဤနည်းကို လုပ်လျက်ရှိရချေပြီ။ ရေဒီယိုကလည်းထိုနည်းမျိုးကိုပင် လုပ်လျက် ရှိချေပြီး၊ အကယ်၍ သူတစ်ထူး၏ အာရုံကို ဆွဲငင်ချင်ပါလျှင် သင်သည်လည်း ဤနည်းကိုပင် အသုံးချရပေလိမ့်မည်။ – ကုန်တိုက်များတွင် ပြတင်းပေါက်ဝ၌ ကုန်များကို အလှပြရသော ကျွမ်းကျင်သည့်အလှပြင်သမားတို့သည် ဤနည်းတန်ဖိုးကို ကောင်းစွာ သိကြ လေသည်။ ဥဒါဟရုဏ်၊ ကြွက်သတ်ဆေးရောင်းသော ကုန်တိုက်တစ်တိုက်၏ ပြတင်းပေါက်ဝတွင် ဆေးများကို အလှပြထားရာ၌ ကြွက်ရှင်နှစ်ကောင်ကိုပါ ထားလေသည်။ ထိုသို့ကြွက်များကိုပြသောအပတ်တွင် ခါတိုင်းရောင်းနေကျ နေ့များထက် ငါးဆ တိုး၍ ရောင်းရသည်ကို တွေ့ရ၏။
ထို့ကြောင့် တစ်ဖက်သားကို သင့်ဘက်သို့ပါအောင်ဆွဲချင်လျှင် ဥပဒေသ အမှတ် ၁၁. သည် သင်၏ အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ်အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။