အခန်း ၁၂ မည်သည့်နည်းနှင့်မျှ စမ်း၍မရလျှင် ဤနည်းကို စမ်းကြည့်ပါ
ချား ရွပ်တွင် စက်မန်နေဂျာတစ်ဦး ရှိလေသည်။ ထိုစက်သည် အလုပ်ပြီးသင့် သလောက် မပြီးချေ။
“ဘယ့်နှယ်လဲ၊ မောင့်လို စွမ်းရည်သတ္တိနဲ့ပြည့်စုံတဲ့ လူတစ်ယောက်လုံးက ဒီစက်ကို ပြီးသင့်သလောက် အလုပ်ပြီးအောင် မခိုင်းနိုင်တာ ဘာဖြစ်လို့လဲ”ဟု ချား ရွှပ်က ထိုမန်နေဂျာကို မေးလေသည်။
“ကျွန်တော်လဲ မပြောတတ်ဘူး၊ အလုပ်သမားတွေကိုလဲ ချော့ခိုင်းတာပဲ။ ခြောက်လဲခိုင်းတာပဲ၊ အလုပ်ထုတ်ပစ်မယ်ဆိုပြီးတော့ ကြိမ်းမောင်းလဲ ခိုင်းတာပဲ။ ဘယ်လိုခိုင်းလို့မှ မရဘူး”ဟု မန်နေဂျာက ပြန်ပြော၏။
ထိုအချိန်သည် နေ့အလုပ်သမားများ အလုပ်သိမ်းပြီး၍ ညအလုပ်သမား များ အလုပ်ဆင်းချိန် ဖြစ်လေသည်။
‘ “ပေးစမ်း၊ ကျုပ်ကို မြေဖြူတစ်ချောင်း”ဟု ချား ရွပ်သည် တောင်းယူပြီး နောက် အနီးဆုံးလူတစ်ယောက်ဘက်သို့လှည့်ပြီးလျှင် “မင်းတို့နေ့သမားတွေ အလုပ်လုပ်လို့ တစ်နေ့ဘယ်လောက် ပြီးသလဲ”ဟု မေးလေသည်။ . ် ခြောက်ခုပြီးပါတယ်”
နောက်ထပ်ဘာစကားမျှ မပြောဘဲ ချား ရွပ်သည် ကြမ်းပေါ်တွင် ၆ ဂဏန်းကြီးတစ်လုံးကို မြေဖြူဖြင့်ရေး၍ ထွက်သွားလေသည်။
ညအလုပ်သမားများရောက်လာကြပြီးလျှင် ထိုဂဏန်းကြီးကို မြင်၍ ( အကြောင်းကို မေးမြန်း၏။
”မန်နေဂျာကြီး ကနေ့ ဒီကို လာတယ်၊ တို့ နေ့သမားတွေ တစ်နေ့ ဘယ်လောက်ပြီးသလဲလို့ မေးတော့ တို့က ခြောက်ခုပြီးတယ်လို့ ပြောလိုက်တာနဲ့ ဒီအပေါ်မှာ ဒီဂဏန်းကြီးကို မြေဖြူနှင့် ရေးသွားတာပဲ”ဟု နေ့အလုပ်သမားများက ပြန်ပြောလေသည်။
နောက်တစ်နေ့နံနက်တွင် ချား ရွပ်သည် စက်ထဲသို့ လျှောက်သွားသော . အခါ ညအလုပ်သမားတို့သည် ၆ ဂဏန်းကိုဖျက်ပြီးလျှင် ထိုနေရာတွင် ၇ ဂဏန်းကို ရေးထားခဲ့သည်ကို တွေ့ရ၏။ နေ့အလုပ်သမားများ လာ၍ ၇ ဂဏန်းကို တွေ့သောအခါ ညအလုပ်သမားများထက် သာအောင် ကြိုးစား၍ လုပ်ကြပြန်ရာ အလုပ် ၁၀ ခု ပြီးသောကြောင့် ၇ ဂဏန်းကို ဖျက်ကာ ၁၀ ဂဏန်းကို ရေးထားခဲ့ကြ၏။ . 🙂 များမကြာမီ အလုပ်အထွက် အလွန်နှေးသော ထိုစက်သည် အခြားစက် များထက် ပို၍ သွက်နေသည်ကို တွေ့ရလေသည်။
သူ၏ နည်းကို သွား ရွပ် ကိုယ်တိုင် ပြောပြပါစေ။
“အလုပ်များကို ပြီးစီးအောင်လုပ်စေချင်လျှင် အပြိုင်အဆိုင်လုပ်လိုသော စိတ်ထားများ ပေါ်လာအောင် ဆွပေးရမည်၊ ပိုက်ဆံရအောင်ဟူသောယုတ်ညံ့ သည့် စိတ်ထားဖြင့် ပြိုင်ဆိုင်စေခြင်းကို ကျွန်ုပ် မဆိုလို၊ တစ်ဦးထက် တစ်ဦး သာလိုသောဆန္ဒဖြင့် ပြိုင်ဆိုင်ကြခြင်းကိုသာ ကျွန်ုပ် ဆိုလိုသည်”
တစ်ဦးထက်တစ်ဦး သာလိုသောဆန္ဒကို ပေါ်လာအောင် ပြုလုပ်ပေးခြင်း သည် စိတ်ထက်သန်သူတို့ကို ́ ဆွပေးနိုင်သည့် မမှားသောဆေးတစ်လက် ဖြစ်ပေသည်။
အကယ်၍ အပြိုင်အဆိုင်သာ မရှိခဲ့လျှင် သီအိုဒို ရုစဗဲ့သည် မည်သည့်နည်းနှင့်မျှ အမေရိကန်ပြည်၏ သမ္မတ မဖြစ်နိုင်ချေ။ ရုစဗဲ့သည် ကျူဘာကျွန်းတွင် – နှစ်ပေါင်းများစွာ နေပြီးနောက် နယူးယောက်သို့ ပြန်လာရာ သူ့ကို နယူးယောက် အုပ်ချုပ်သူ အဖြစ် အရွေးခံရန် ဝိုင်း၍ တိုက်တွန်းကြလေသည်။ သူနှင့်ယှဉ်ပြိုင် အရွေးခံမည့်ဘက်က လူများက သူသည် နယူးယောက်မြို့၏ မဲစာရင်းတွင် မပါသည့်အဖြစ်ကို သိသွားသောအခါ ရုစဗဲ့သည် အတော်ကလေး လန့်သွားပြီး လျှင် ရွေးကောက်ပွဲမှပင် နှုတ်ထွက်ရန် ကြံရွယ်ခဲ့၏။ ထိုအခါ သောမတ် ကော်လီယာပလတ်သည် ရုစဗဲ့ဘက်သို့ ရုတ်တရက် လှည့်ပြီးလျှင် “ဘယ့်နှယ်လဲ ဆန်ဂျူယန် ဟီး- အရပ်က အာဇာနည်တစ်ယောက်ဟာ သူရဲဘော နည်းတဲ့သူ တစ်ယောက် ဖြစ်သွားတော့မှာလား”ဟု ကျယ်လောင်စွာ ဟစ်အော်၍ ပြော လိုက်၏။
ရုစဗဲ့လည်း ရွေးကောက်ပွဲမှ မနှုတ်ထွက်တော့ဘဲ ခံတိုက်လေသည်။ နောက်ဘာဖြစ်သည်ကို သမိုင်းတွင် ထင်ရှားစွာတွေ့နိုင်၏။ ပြိုင်ချင်အောင် ပြောလိုက်ခြင်းကြောင့် သူ၏ အတ္ထုပ္ပတ္တိလည်း တစ်မျိုးပြောင်းသွားရုံသာမက အမေရိကန်ပြည်၏ သမိုင်းလည်း တစ်မျိုးတစ်ဖုံ ဖြစ်လာလေသည်။
များ ရွပ်၊ ပလတ်၊ အယ်ဆမစ် ? စသော ပုဂ္ဂိုလ်တို့သည် ပြိုင်ဆိုင်ခြင်း ၏ တန်ဖိုးကြီးမားပုံကို ကောင်းစွာသိကြလေသည်။
အယ်ဆမစ်သည် နယူးယောက်အုပ်ချုပ်သူဖြစ်စဉ်က ဤနည်းကို သုံးခဲ့ဖူးလေသည်။ ဆင်းဆင်းထောင်သည် အလွန်ဆိုးသောထောင် ဖြစ်သည်။ ထိုထောင်တွင်ထောင်မှူးနေရာ လစ်လပ်လျက်ရှိ၏။ ထောင်အကြောင်းနှင့် စပ်လျဉ်း၍ သတင်းဆိုးအမျိုးမျိုးသည် လွင့်ချင်တိုင်း လွင့်လျက် ရှိလေသည်။ နယူးယောက်အုပ်ချုပ်သူ ဆမစ်သည် ထိုထောင်ကို အုပ်ချုပ်ရန် လူစွမ်းကောင်း တစ်ဦးကို အလိုရှိ၏။ ထို့ကြောင့် သူသည် နယူးဟင့်ပတန်မှ – လူဝီ အီ လောစ် ကို ခေါ်၍ “ဘယ့်နှယ်လဲ၊ ဆင်းဆင်းထောင်ကို သွားပြီး အုပ်ချုပ်မလား၊ အဲဒီထောင်မှာ အရည်အချင်းနဲ့ ပြည့်စုံတဲ့ လူတစ်ယောက် လိုနေတယ်”ဟု ခပ်ပြုံးပြီး ပြောလေသည်။
လောစ်သည် ဖြန်းခနဲ အဖြေမပေးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဆင်းဆင်းသည် အလွန်ကြောက်စရာကောင်းသော ထောင်ဖြစ်လေသည်။ ထိုထောင်မှူးရာထူးသည် နိုင်ငံရေးနှင့်ဆက်သွယ်သော ရာထူးဖြစ်သဖြင့် သြဇာ
ရှိသူ နိုင်ငံရေးသမားများ၏ လက်ခုပ်ထဲမှ ရေလို ဖြစ်နေသည်။ ထိုနေရာ၌ ထောင်မှူးများကို ခန့်ဖူးပေါင်းလည်း များလှပြီ။ ပြုတ်ဖူးပေါင်းလည်း များလှ ပြီ။ ထောင်မှူး တစ်ယောက်မှာမူ တနင်္ဂနွေ သုံးပတ်သာ ခံလေသည်။ လောစ် တွင် နောင်ရေးကို စဉ်းစားစရာရှိသဖြင့် ဒီရာထူးဟာ နောင်ရေးကို စွန့်ပြီးလျှင် သွားလောက်တဲ့ရာထူးလားဟူ၍ စဉ်းစားနေသောကြောင့် ဖြန်းခနဲ မဖြေနိုင်ခြင်း ဖြစ်လေသည်။ လောစ်သည် ချီတုံချတုံဖြစ်နေသည်ကို နယူးယောက် အုပ်ချုပ်သူ ဆမစ် မြင်သောအခါ “အေးလေ၊ မင်းသွားရမှာ ကြောက်နေတာကို ငါ မကြိမ်းချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီထောင်ဟာ အင်မတန်ကြမ်းတဲ့ ထောင်ကွ၊ ဒီနေရာမှာမြဲဖို့ဟာ လူစွမ်းကောင်းမှပဲ ဖြစ်နိုင်မှာပဲ” ဟူ ၍ ပြောလိုက်၏။
ဤကဲ့သို့ စိတ်ကို ဆွပေးလိုက်သဖြင့် ထိုရာထူးကို လောစ်သည် လက်ခံလိုက်၏။ ထိုရာထူးတွင်မှဲ့ရုံသာမက ကမ္ဘာပေါ်တွင် နာမည်အကျော်ကြား ဆုံးသော ထောင်မှူးပင် ဖြစ်လာလေသည်။ “ဆင်းဆင်းထောင်မှာ နှစ်ပေါင်း နှစ်သောင်းကြာ”ဟူသော စာအုပ်ကို သိန်းပေါင်းများစွာအထိ ရောင်းရဖူးလေ သည်။ သူသည် ရေဒီယိုမှလည်း စကားပြော၏။ ကိုယ်တွေ့များကို များစွာ သော ရုပ်ရှင်ကုမ္ပဏီများက ရုပ်ရှင် ရိုက်ကူးကြ၏။ အကျဉ်းသမားများကို လွတ်အောင်ချွတ်သော သူ့နည်းမှာ ထောင်ပြုပြင်ရေး သမိုင်းတွင် အတော်ပင် ထူးဆန်း၍ ‘အံ့မခန်းလိလိ ဖြစ်ခဲ့သည်။
ဖိုင်းယားစတုန်း တိုင်ယာနှင့် ရော်ဘာကုမ္ပဏီ ကို တည်ထောင်သူ ဟာဗေး အက် စ ဖိုင် ́ `ယားစတုန်းက “လခကောင်းရုံနဲ့ အလုပ်တစ်ခုမှာ `လူကောင်းတွေရလိမ့်မယ်၊ ရပြန်ရင်လဲ မြဲလိမ့်မယ်လို့ ကျုပ်ဘယ်အခါတုန်းကမှ မတွေ့ခဲ့ရဖူးဘူး၊ ဒီလူတွေကို ရအောင်၊ ပြီးတော့ မြဲအောင် လုပ်ပေးနိုင်တဲ့ အရာဟာ ဒီလူတွေရဲ့ စိတ်ကို ကြွအောင် လုပ်ပေးခြင်းပဲလို့ ကျွန်ုပ်ထင်တယ်” ဟူ၍ ပြောဆိုဖူးလေသည်။
ထိုသို့ပြုလုပ်ပေးခြင်းကို အလုပ်နှင့် အပေါက်အလမ်း တည့်သူတိုင်း နှစ်သက်၏။ ကိုယ့်အစွမ်းကိုပြရန် အခွင့်အလမ်း၊ ကိုယ့်တန်ဖိုးကိုပြရန် အခွင့်
အလမ်း၊ တစ်ဖက်သားထက်သာသည်ကို ပြရန် အခွင့်အလမ်းတို့ကို လူတိုင်း နှစ်သက်ပေလိမ့်မည်။ သော် တစ်ဖက်သားထက် သာလိုသော ဆန္ဒ၊ သော် ကိုယ့်ကိုယ်ကို အထင်ကြီးချင်သည့်ဆန္ဒ ‘ ထို့ကြောင့် စိတ်မာန်တက်ကြွ၍ သတ္တိထူးသော သူများကို သင့်ဘက်သို့ ပါအောင် ဆွဲလိုလျှင် ဥပဒေသ အမှတ် ၁၂ သည် ၊ သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။