မိတ္တဗလဋီကာ

သင့်ဘက် ပါအောင် လုပ်ရန် နည်း ၁၂ နည်း အကျဉ်းချုပ်

ဥပဒေသ အမှတ် ၁။ တစ်ဖက်သားကို မိမိဘက်သို့ ပါအောင် လုပ်ရန် အတွက် အကောင်းဆုံးသော နည်းတစ်ခုသည် ငြင်းခုံနေခြင်းကို ရှောင်ရှားပါ။

ဥပဒေသ အမှတ် ၂။ တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ။ လူတစ်ဦးတစ်ယောက်အား မှားသည်ဟုဘယ်သော အခါမျှ မပြောလေနှင့်။

ဥပဒေသ အမှတ် ၃။ ။အကယ်၍ သင်သည် မှားခဲ့ပါလျှင် ထိုအမှားကို . . လျင်လျင်မြန်မြန်နှင့် လေးလေးနက်နက် ဝန်ခံပါ။

ဥပဒေသ အမှတ် ၄။ ။ချိုချိုသာသာနှင့် စပါ။

ဥပဒေသ အမှတ် ၅။ တစ်ဖက်သား အလျင်အမြန် “အင်း”လိုက်အောင် ကြိုးစားပါ။

ဥပုဒေသ အမှတ် ၆။ ။တစ်ဖက်သားကို သူ ပြောချင်တာ ဝ အောင် ပြောပါစေ။

ဥပဒေသ အမှတ် ၇။ တစ်ဖက်သားအား ပေးအပ်သောအကြံသည် သူ၏ အကြံသာဖြစ်သည်ဟု အထင်ရောက်နေပါစေ။

ဥပဒေသ အမှတ် ၈။ ။တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန် ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်း နှင့် ကြိုးစားပါ။

ဥပဒေသ အမှတ် ၉။ ။တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် . စပ်လျဉ်း၍ ကိုယ်ချင်းစာတတ်ပါစေ။

ဥပဒေသ အမှတ် ၁၀။ ။မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ပေးပါ။

ဥပဒေသ အမှတ် ၁၁။ ။သင်၏ အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ် အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။

ဥပဒေသ အမှတ် ၁၂။ ။သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။