အခန်း ၂ အမုန်း အဖတ်မတင်စေသော ဝေဖန်နည်း များ
လျှပ်သည် တစ်နေ့သ၌ သူ၏ သံမဏိစက်ရုံတစ်ရုံကိုဖြတ်၍ လျှောက်သွားစဉ် ဆေးလိပ်သောက်နေကြသော သူ၏ အလုပ်သမားတစ်စုကို တွေ့ရလေသည်။ သူတို့၏ ခေါင်းပေါ်တည့်တည့်တွင် “ဆေးလိပ်မသောက်ရ”ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခုရှိ၏။ ချားရွပ်သည် ထိုဆိုင်းဘုတ်ကို လက်ညှိုးထိုးပြပြီးလျှင် “ဟေ့ကောင်တွေ မင်းတို့ ဒီစာကို မဖတ်တတ်ဘူးလား” ဟူသော လေသံဖြင့် ငေါက်ငမ်းခြင်း ပြုသလား၊ မလုပ်ပါ။ ချားရွှပ်သည် ဤကဲ့သို့ ပြောဆိုမည့် လူစားမျိုး မဟုတ်ပါ။ သူသည် ဆေးလိပ်သောက်နေကြသော အလုပ်သမားများ ရှိရာသို့ သွားပြီးလျှင် ဆေးလိပ် တစ်လိပ်စီ ပေးပြီး “ကိုင်း မောင်တို့၊ ဟောဒီ ဆေးလိပ်တွေကို အပြင်ဘက်မှာထွက်သောက်မယ်ဆိုရင် ဆရာ သိပ် သဘောကျ မှာပဲ”ဟု ပြောလေသည်။ သူ့တို့ အပြစ်တစ်ခုကျူးလွန်နေမှန်းကို သူတို့ ဆရာ သိသည်ဟု သူတို့လည်းကောင်းစွာ နားလည်ကြလေသည်။ သူတို့ကို အပြစ်နှင့် စပ်လျဉ်း၍ ဘာမျှမပြောဘဲ ဆေးလိပ်များကိုပင် လက်ဆောင်ပေးပြီး လျှင် သူတို့ကိုပင် သွေးကြီးအောင်လုပ်ပေးသဖြင့် ချားလျှပ်၏ လုပ်ပုံကို ချီးမွမ်း ကြ၏။ ထိုကဲ့သို့ လူမျိုးတစ်ဦးကို သူတို့သည်မချစ်ခင်ဘဲ မနေနိုင်။ သင်ကော နေနိုင်ပါမည်လော။
ဂျွန် ဝါနာမေကားသည်လည်း ဤနည်းကို အသုံးပြုခဲ့ဖူးလေသည်။ ဖီလဒယ်လ်ဖီးယားရှိ သူ၏ တိုက်ဆိုင်ကြီး – အတွင်းတွင် နေ့စဉ်နေ့တိုင်း ဟိုဟိုသည်သည် လျှောက်ကြည့်တတ်၏။ တစ်နေ့သ၌ ဝယ်သူမိန်းမတစ်ဦးသည် ပစ္စည်းတစ်ခုဝယ်ချင်၍ မတ်တတ်ရပ်နေသည်ကို သူ တွေ့ရ၏။ ဈေးရောင်း သမားများအနက် မည်သူတစ်ဦးတစ်ယောက်မျှ ထိုမိန်းမကို အဖက်မလုပ်ကြချေ။ ထိုမိန်းမနှင့် ခပ်လှမ်းလှမ်း နေရာတစ်ခုတွင် သူတို့ဘာသာစု၍ ရယ်လား မောလားနှင့် စကားပြောနေကြ၏။ ဝါနာမေကားသည် သူ၏ အလုပ်သမား များအား မည်သို့မျှ မပြောဘဲ ဝယ်သူ ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားပြီးလျှင် အလိုရှိသောအရာကို သူကိုယ်တိုင်ယူ၍ ရောင်းလိုက်၏။ ရောင်းပြီးမှ ထိုပစ္စည်းကို ထုပ်ရန် သူ၏ အလုပ်သမားများသို့ပေးပြီးလျှင် အခြားနေရာသို့ထွက်သွား လေသည်။
၁၈၈၇ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စကားပြောကောင်းသူ ဟင်နရီ ဝပ် ဗီရား” သည် ဘဝတစ်ပါးသို့ ပြောင်းသွား၏။ နောက် တနင်္ဂနွေနေ့တွင် ဗီများ ကွယ်လွန်သွားသဖြင့် လစ်လပ်နေသော တရားစင်ပေါ်တွင် တရားဟောရန် – လိုင်မင် အက်ဘော ‘ ကို ဖိတ်ကြားလေသည်။ အကောင်းတကာ့အကောင်းဆုံး ဖြစ်နိုင်ရန် အထူးဂရုစိုက်၍ အမျိုးမျိုးပြင်ရေးလျက် ရှိ၏။ ထိုသို့ရေးပြီးနောက် ထိုတရားစာကို သူ့မိန်းမအားဖတ်ပြ၏။ ရေးပြီးဟောသော တရားစာများသည် ညံ့တတ်သည့်အတိုင်း လိုင်မင်၏ တရားစာမှာလည်း ညံ့၍နေ၏။ အကယ်၍သာ ..သူ၏ မိန်းမသည် အမြော်အမြင် အဆင်ခြင်နည်းသူတစ်ဦးဖြစ်ခဲ့လျှင် “လိုင်မင် ရှင့်တရားစာကြီးကလဲ ဖြစ်နေလိုက်တာ၊ ဒါမျိုးနဲ့ဟောလို့ ဘယ်နေရာကျမလဲ။ တရားနာ ပရိသတ်တွေ အိပ်ချင်အောင်တော့ မလုပ်ပါနဲ့ရှင်၊ ရှင့်ဟာက သပိတ်သံ အိတ်သံ သိပ်ပါတာပဲ၊ တရား ဟောနေတာ ဒီလောက် ကြာမှပဲ ဘယ်တရားမျိုးကို ဟောရမယ်ဆိုတာ သိဖို့ ကောင်းပါပြီ၊ ဘာဖြစ်လို့ စကား လွယ်လွယ်တွေကိုရှာပြီး ပြောချင်ရတာလဲ၊ ဒီလိုတရားမျိုးကိုသာ ကြပ်ကြပ်ဟော ရှင်တော့ နာမည်ပျက်နေလိမ့်မယ်” အစရှိသည်ဖြင့် သူ့ယောက်ျားကို ဆူပွက် ပေလိမ့်မည်။
`ဒီလိုစကားမျိုးကိုသာပြောလိုက်လျှင် ဘာဖြစ်မယ်ဆိုတာကို သင်အသိ သားပဲ။ ထိုအကြောင်းကို သူ့ မိန်းမလည်း ကောင်းစွာ သိ၏။ ထို့ကြောင့် သူ့တရားစာကို နားထောင်ပြီးလျှင် “အင်း “နော့အမေရိကန် ရီဗျူး” အတွက် ဆောင်းပါးတစ်စောင်အနေနဲ့ ပို့လိုက်ရရင်သိပ်ကောင်းမှာပဲ”ဟူ၍သာ ပြောပြ လိုက်လေသည်။ ထိုမိန်းမ၏ စကားကို အဓိပ္ပာယ်ကောက်ရလျှင် ရှေးဦးစွာ ချီးမွမ်းပြီးမှ ထိုတရားစာဟောလျှင် မသင့်လျော်ကြောင်း သွယ်ဝိုက်သည့်နည်းဖြင့် ပြောပြကြောင်း တွေ့ရမည် ဖြစ်၏။ လိုင်မင် အက်ဘော့လည်း အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်သွားသဖြင့် ရေးထားသောစာရွက်ကို ဆုတ်ပစ်လိုက် ပြီးလျှင် မည်သည့်စာရွက်စာတမ်းကိုမျှ မကြည့်ဘဲ အလွတ်ဟောလေသည်။
`တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုလျှင် ဥပဒေသ အမှတ် ၂ သည် – တစ်ဖက်သားတို့၏ အပြစ်များကို သွယ်ဝိုက်သောနည်းဖြင့်သာ သတိ ရအောင် လုပ်ပါ။