ထင်ပေါ်ရန် ဖြတ်လမ်း
လိုဝဲ သောမတ်
လွန်ခဲ့သော ဇန်နဝါရီလအတွင်း ချမ်းအေးသော ညတစ်ညတွင် နယူးယောက် မြို့ရှိ ပင်ဆီဗေးနီးယားဟိုတယ် ၏ ကပွဲခန်းမကြီး အတွင်းသို့ ယောက်ျား မိန်းမ ပရိသတ်ပေါင်း နှစ်ထောင့်ငါးရာ တို့သည် တိုးဝှေ့ဝင်လျက် ရှိကြ၏။ ခုနစ်နာရီကပင် ထိုင်စရာ နေရာအားလုံး လူပြည့်လျက်ရှိ၏။ ရှစ်နာရီ အချိန်တိုင်အောင် ပရိသတ်များမှာ တိုးလျက်ပင် ရှိသေး၏။ များမကြာမီ လသာခန်း တစ်ခုလုံးလည်း ပြည့်ကြပ်သွားတော့၏။ မတ်တတ်ရပ်နိုင်သော နေရာကလေးကို အလုအယက် နေရာယူလျက် ရှိကြ၏။ တစ်နေ့ လုံးလုံး ပင်ပန်းကြီးစွာ အလုပ်လုပ်ရာမှ ပြန်လာကြသော ပရိသတ် ရာပေါင်းများစွာတို့သည် ထိုနေ့ညက တစ်နာရီခွဲတိတိ စိတ်အား ထက်သန်စွာ စောင့်လျက်ရှိကြသည်မှာ ဘာ့ကြောင့်လဲ။
အဝတ်အစား အလှပြိုင်ပွဲကို ကြည့်ချင်လို့လား၊ ခြောက်ရက် မနားဘဲစီးသော စက်ဘီးပြိုင်ပွဲကို ကြည့်ချင်လို့ပဲလား၊ သို့မဟုတ် နာမည်ကျော် ရုပ်ရှင်မင်းသား ကလတ် ဂေဘယ် ကိုယ်တိုင်ထွက်၍ ပြမည်ကို ကြည့်ချင်လို့ပဲလား။
မဟုတ်ပါ။ ဤပရိသတ်ကို ဤနေရာသို့ သတင်းစာကြော်ငြာ တစ်ခုက တိုက်တွန်း၍ လွှတ်လိုက်ခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်လောက်က ထိုလူများသည် နယူးယော့ဆန်း” ခေါ် သတင်းစာတစ်စောင်ထဲတွင် အောက်ပါ ကြော်ငြာတစ်စောင်ကို . မျက်နှာပြည့် တွေ့ကြရလေသည်။ .
သင်၏ ဝင်ငွေကို တိုးအောင် လုပ်လော့။ စကားပြော ထိရောက်အောင် သင်ကြားလော့။ ခေါင်းဆောင်ဖြစ်အောင် ပြင်ဆင်လော့။
သမားရိုးကျ ကြော်ငြာမျိုးပဲ မဟုတ်လား။ ဟုတ်တယ်လေ။ သို့ရာတွင် ယုံချင်ယုံ မယုံချင်နေ၊ ကမ္ဘာပေါ်ဝယ် အပါးနပ်ဆုံးသော မြို့တွင် မြို့သားဦးရေ ၂၀ ရာခိုင်နှုန်းသည် အမ အစကို ခံယူနေရ သည့် အရောင်းအဝယ် အလွန်ညံ့ဖျင်းလျက်ရှိသော အခါသမယကြီး၌ – လူပေါင်း နှစ်ထောင့်ငါးရာတို့သည် ထိုကြော်ငြာဖတ်ပြီးသော် အဆိုပါ ခန်းမကြီးထဲသို့ တိုးလျက်ရှိခြင်းမှာ အမှန်ဖြစ်သည်။ . ထို့ပြင်လည်း ထိုကြော်ငြာပါသည့် နယူးယောက်ဆန်းမှာ နယူးယောက်မြို့တွင် ရှေးအဆန်ဆုံး သတင်းတစ်စောင်ဖြစ်၏။ သီးသန့် ကြော်ငြာခြင်း မဟုတ်သော်လည်း လာသည့်လူများသည် အရာရှိကြီးများ၊ သူဌေးကြီးများ၊ တစ်နှစ်လျှင် ဒေါ်လာငွေ နှစ်ထောင်မှ ငါးသောင်းအထိ ဝင်ငွေရှိသော အလုပ်သမားများ ဖြစ်ကြကုန်သော အထက်တန်းစားတို့သာ များလေသည်။
ထိုနှစ်ထောင့်ငါးရာသော ယောက်ျား မိန်းမတို့သည် ထိထိ ရောက်ရောက် စကားပြောခြင်းနှင့် လူများနှင့် ပေါင်းသင်းဆက်ဆံရေး ပညာများကိုသင်ကြားပေးသော ဒေးလ် ကာနက်ဂျီ တည်ထောင်ထား သည့်ကျောင်း) မှ ကြီးကြပ်၍ ဖွင့်လှစ်သော စကားပြောကောင်းရန် နှင့် အလုပ်လုပ်ရာ၌ လူများကို မိမိအလိုသို့ပါအောင် ဆွဲနိုင်ရန် ၃ ခေတ်ရှေ့ပြေး သင်ခန်းစာများကို သင်ကြားနာယူရန် လာရောက် ကြခြင်း ဖြစ်လေသည်။
မတ္တဗလ ဋိက
.
– ထို နှစ်ထောင့်ငါးရာသော ယောက်ျားနှင့် မိန်းမတို့သည် ထိုနေရာသို့ အဘယ်ကြောင့် လာရောက်ကြသနည်း။ ။
အရောင်းအဝယ် ညံ့ဖျင်းလာသည့်အခါမှသာ ပညာ သင်ကြား လိုသည့် ဆန္ဒများ ရုတ်တရက် ပေါ်ပေါက်လာသောကြောင့်လော။
ဤသို့မဟုတ်တန်ရာ။ ထိုကဲ့သို့ သင်ခန်းစာမျိုးကို လွန်ခဲ့ သော နှစ်ဆယ့်လေးနှစ်ကျော်အခါကပင် နယူးယောက်မြို့တော်တွင် , ရာသီအလိုက် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အခါတိုင်းပင် ကြွရောက် ကြသော ပရိသတ်များမှာ ဒုနှင့်ဒေး ပြည့်ကြပ်လျက်ပင်ရှိ၏။ ထို ၂၄ နှစ်အတွင်း ဒေးလ်ကာနက်ဂျီ ကိုယ်တိုင် ပြုပြင်သွန်သင်ပေးလိုက် ,
သော ကုန်သည်ကြီးများနှင့် ပညာသည်များ၏ အရေအတွက်မှာ – တစ်သောင်းငါးထောင်ကျော်မျှပင် ရှိ၏။ နယူးယောက်မြို့ရှိ အလွန် ရှေးဆန်၍ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေသော ကုမ္ပဏီကြီးများ အလုပ်တိုက်ကြီးများပင်လျှင် သူတို့၏ အရာရှိကြီးများ၊ အလုပ်သမား များအကျိုးငှာ ဤသင်ခန်းစာ သင်တန်းများကို သူတို့၏ တိုက်တာ အသီးသီးတွင် ဖွင့်လှစ်စေခဲ့၏။ .: အရွယ်ရောက်ပြီး သူတို့သည် မည်သည့် အရာကို နှစ်နှစ်ကာ
ကာ သင်ကြားချင်ကြပါသလဲ။ ထိုမေးခွန်းသည် အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်သည်။ ထိုမေးခွန်းကို ဖြေသော အနေဖြင့် ရှီကာဂို ယူနီဗာစီတီ၊ ထို့ပြင် ‘ သက်ကြီးပညာသင်ကြားရေး အမေရိကန်အသင်း နှင့် ယူနိုက်တက် ဝိုင် အမ် စီ အေ ကျောင်း များအဖွဲ့ ” တို့သည် စုံစမ်းရေးအဖွဲ့ တစ်ခု ဖွဲ့ပြီးနောက် အစီရင်ခံစာ တစ်ခုကို ရေးစေရာ ဒေါ်လာငွေပေါင်း နှစ်သောင်းငါးထောင် ကုန်ကျ၍ နှစ်နှစ်ကြာမှ ပြီးစီးလေသည်။
ထိုအစီရင်ခံစာအရဆိုလျှင် အရွယ်ရောက်ပြီးသူတိုင်း၏ အကြီးဆုံးသော စိတ်ပါဝင်စားခြင်းသည် ကျန်းမာရေးပင် ဖြစ်သည်။ ထို့နောက် ဒုတိယ အကြီးဆုံးသော စိတ်ပါဝင်စားခြင်းသည် လူများ နှင့် ပေါင်းသင်းဆက်ဆံရာ၌ ကျွမ်းကျင်သော စွမ်းရည်သတ္တိကို တိုးပွားအောင် ပြုလုပ်ရေးပင်ဖြစ်သည်။ အရွယ်ရောက်ပြီးသူတို့သည် လူအများနှင့် သင့်တင့်စွာဆက်ဆံ၍ ထိုလူများကို မိမိတို့အလိုသို့ “ပါအောင် ဆွဲငင်နိုင်သော သတ္တိထူးများကိုပေးမည့် နည်းလမ်းကောင်း ‘ များကို သင်ကြားလိုကြ၏။ ထိုအရွယ်ရောက်ပြီးသူတို့သည် စင်မြင့် စကားပြောသမားများဖြစ်ရန် အလိုမရှိကြ။ ထို့ပြင် ကြီးကြီးကျယ် ကျယ် တခမ်းတနား ရေးသားသင်ကြားလျက်ရှိသော စိတ်ပညာရပ် များကိုလည်း နားမထောင်ချင်၊ နာယူမှတ်သားလိုသည့် စိတ်လည်း မရှိကြ၊ သူတို့ အလိုရှိကြသည်ကား အလုပ်လုပ်ရာ၌လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရာ၌လည်းကောင်း၊ အိမ်တွင်း၌လည်းကောင်း လျင်လျင်မြန်မြန် လက်တွေ့ အသုံးပြုနိုင်ရန် အကြံကောင်းများသာ ဖြစ်ကြသည်။
သို့ရာတွင် ထိုလူများ အားကိုးအားထားပြုနိုင်ရန် ကျမ်း တစ်စောင်တစ်ဖွဲ့ ကို ရှာဖွေရာ ထိုကဲ့သို့သော လိုလားချက်မျိုးကို ဖြည့်စွမ်းပေးနိုင်သော လက်စွဲကျမ်းမျိုး တစ်အုပ်တလေမျှ ရေးပြီးသား ရှိသည်ကို မတွေ့ရပေ။
နှစ်ပေါင်း ရာပေါင်း များစွာကစ၍ ဂရိ” လက်တင်နှင့် အထက်တန်း ဂဏန်းသင်္ချာတည်းဟူသော ပညာရပ်များအတွက် ကျမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ဖူးကြလေပြီ။ သို့ရာတွင် ထိုကျမ်းစာအုပ်များကို ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးသူတို့သည် နှမ်းတစ်စေ့လောက်မျှ ဂရုမစိုက်ကြချေ။ မှီခိုအားထားရာအတွက် ထိုသူတို့ ငမ်းငမ်းတက် လိုချင်ကြသော စာအုပ်တစ်အုပ်ကိုမူကား ရှာ၍ မတွေ့နိုင်အောင်ပင် ရှားလေသည်။
ထိုအချက်ကိုသိလျှင် အဆိုပါ ခန်းမကြီးသည် အဘယ် ကြောင့် ယောက်ျား မိန်းမပေါင်း နှစ်ထောင့်ငါးရာတို့ဖြင့် ပြည့်နှက်နေ သည်ကို အထူး တွေးတောစရာ မလိုတော့ပေ။ ထိုသူတို့ နှစ်ရှည် လများ ရှာဖွေလျက်ရှိသောအရာကို ထိုည ထိုအချိန်တွင် ထိုခန်းမကြီး၌ တွေ့ ရတော့မည် ဖြစ်သောကြောင့်တည်း။ ။
ထိုသူတို့သည် ကျောင်းများတွင် စာသင်ကြစဉ်က စာတတ်မှ . သာလျှင် စီးပွားရှာ၍ရနိုင်မည်ဟု ထင်သောကြောင့် စာအုပ်များကို အတော်ပင် လေ့လာခဲ့ကြ၏။
သို့ရာတွင် ကျောင်းက ထွက်ပြီးနောက် နင်လားငါလား ကြံရသော ဤလောကကြီးထဲ၌ အလုအယက် စီးပွားရှာဖွေကြရသောအခါမှ ကျောင်း၌ နေစဉ်က အမှန်ဟု ယုံကြည်ခဲ့သမျှတို့သည် အမှားဖြစ်ကြောင်း တွေ့ရ၏။ ထို့ပြင် စီးပွားလမ်း အလွန်အမင်း ဖြောင့်လျက်ရှိကြသော သူအချို့သည် “စာတတ်”ရုံသာမက စကား ပြောကောင်းခြင်း၊ တစ်ဖက်သားကို ကိုယ့်ဘက်ပါအောင် ဆွဲနိုင် ခြင်း၊ မိမိတို့ကိုယ်နှင့် အကြံဉာဏ်များကို အဖိုးတန်အောင်လုပ်နိုင် ခြင်းတည်းဟူသော သတ္တိထူးများနှင့်လည်း ပြည့်စုံကြောင်းကို တွေ့မြင်ကြရလေသည်။
ထိုမှတစ်ပါး အလုပ်ကြီးတစ်ခုကို ပေါက်မြောက်အောင် လုပ်ကိုင်တော့မည်ဟု ဆိုလာလျှင် လက်တင်ဘာသာတတ်မြောက် ခြင်း၊ သို့မဟုတ် ဟာဗတ် ယူနီဗာစီတီ” မှ ဘွဲ့ထူးများကို ရခြင်းတို့ ထက် လူရည်သန့်ခြင်း၊ စကားပြောကောင်းခြင်းက ပိုမို၍ ခရီးရောက် ကြောင်းကိုလည်း သိရှိကြလေသည်။
နယူးယောက်ဆန်း သတင်းစာတွင်ပါသော ကြော်ငြာကို ဖတ်ရခြင်းအားဖြင့် ကပွဲခန်းမကြီးထဲ၌ စိတ်အာရုံကို ဆွဲငင်စေနိုင်သော တစ်စုံတစ်ခုကို တွေ့ရတော့မည်ဟု လူတို့သည် ယုံကြည်ကြ၏။ သူတို့ ယုံကြည်သည့်အတိုင်းလည်း တွေ့ရ၏။
ဒေးလ် ကာနက်ဂျီ၏ သင်ခန်းစာတို့ကို သင်ကြားခဲ့ဖူးသူ ၁၈ ဦးကို အသံချဲ့စက်ရှေ့တွင် စီတန်း၍နေစေ၏။ ထို ၁၈ ဦး အနက် ၁၅ ဦးကို တစ်ဦးလျှင် ၇၅ စက္ကန့်မျှ မိမိ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို ပြောစေ၏။ ၇၅ စက္ကန့်စေ့သည်နှင့်တစ်ပြိုင်နက် နာယကလုပ်သူသည် မောင်းကိုထု၍ “အချိန်ကျပြီ၊ နောက်တစ် ယောက်”ဟု ခေါ်လေသည်။ ။
စကားပြောမည့် သူများထဲတွင် ပေါင်မုန့်ဖုတ်သမား၊ ရှေ့နေ၊ စာရင်းကိုင်၊ အသက်အာမခံကုမ္ပဏီကိုယ်စားလှယ်၊ ဘဏ်သူဌေး၊ အရက်ရောင်းသမားမှ . စ၍ လူအစားစား ပါဝင်လေသည်။
ပထမစကားပြောသူမှာ ပက်ထရစ် အို ဟဲယား ဖြစ်သည်။ သူသည်အိုင်ယာလန်တွင်မွေး၍ ကျောင်းတွင် လေးနှစ်မျှ စာသင်ဖူး၏။
ထို့နောက် အမေရိကန်သို့ ကူးလာပြီးလျှင် ရှေးဦးစွာ စက်ပြင်ဆရာ၊ နောက်မကြာမီ မော်တော်ကားမောင်းသမား အဖြစ်ဖြင့် အသက် မွေး၏။
အသက် ၄ဝ တွင် သူ့၌သားသမီးများလည်း များလာသဖြင့် ရှေးကထက် ငွေကို ပို၍ လိုလာ၏။ ထိုကြောင့် သူသည် ကုန်တင် `မော်တော်ကားများကို ရောင်းရန် ကြိုးစားလေသည်။ စိတ်ငယ် ရွံ့ကြောက်လျက်ရှိသောကြောင့် ဝယ်မည့်သူ၏ အလုပ်ခန်း ရှေ့တွင် လေး ငါးခြောက်ခေါက်လောက် ခေါက်တုံ့ခေါက်ပြန် လျှောက်၍ စိတ်ကို အတော်တင်းပြီးမှ ထိုသူ၏ အခန်းတွင်းသို့ ဝင်ရဲလေသည်။ ထို့ကြောင့် စိတ်အပျက်ကြီးပျက်လျက် ထိုကဲ့သို့ အရောင်းအဝယ် အလုပ်ကို စွန့်ပြီးသော် ရှေးက လုပ်ခဲ့ဖူးသော စက်ဆရာအလုပ် ကိုပင် ပြန်၍ လုပ်ပါတော့မည်ဟု စိတ်ကူးလျက်ရှိစဉ် ဒေးလ် ကာနက်ဂျီ၏ ထိရောက်သော စကားပြောနည်း သင်ခန်းစာများကို တက်ရောက် သင်ကြားရန် ဖိတ်ကြားစာတစ်စောင် ရရှိလေသည်။
စာ ရ စက သူသည် ထိုသင်ခန်းစာများကို သွားရောက် သင်ကြားလိုသည့် ဆန္ဒ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုကျောင်း တွင် ကောလိပ်ကျောင်းထွက်များနှင့် အတူတူရော၍ သင်ကြား ရလျှင် သူသည် အပိုသက်သက်ဖြစ်နေမည်စိုးသောကြောင့်ပင် ဖြစ်၏။
သို့ရာတွင် သူ၏မိန်းမက “ပက် ရယ် သွားသာ သွားပါ။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ အကူအညီရမှာပဲ” ဟု အတင်း တိုက်တွန်း၍ လွှတ်သောကြောင့် ပက်ထရစ်သည် ထိုကျောင်းသို့ သွားလေသည်။ ရောက်လျှင် ငါးမိနစ်လောက် ရဲဆေးတင်ပြီးမှ ကျောင်းခန်းထဲသို့ ဝင်ရဲလေသည်။ .
စကားပြောသင်စ၌ လန့်၍နေ၏။ ရက်အတော်ညောင်း သွားသောအခါ စကားပြောရန်ကိုပင် ဝါသနာပါလေတော့၏။ ထိုနောက် ပရိသတ်များလေ ကြိုက်လေလေ ဖြစ်၏။ ယခုအခါမှာ ဆိုလျှင် သူသည် နယူးယောက်မြို့၏ ပထမတန်း ဈေးရောင်းကောင်း သူ တစ်ဦး ဖြစ်လျက်နေ၏။ ပရိသတ် နှစ်ထောင့်ငါးရာရှေ့တွင် စကား ပြောရသော ထိုနေ့ညက တဝုန်းဝုန်းတဝါးဝါးနှင့် ပရိသတ်များ အလွန်ပွဲကျလျက်ရှိ၏။ ကြေးစား စကားပြောကောင်းသူများပင် သူ့ကို မီရန် ခဲယဉ်း၏။
ဒုတိယ စကားပြောသူမှာ ဂေါ့ဖရေး မိုင်းယား” ဖြစ်၏။ သူသည် ကလေး ၁၁ ယောက်အဖေ ဘဏ်သူဌေးတစ်ဦး ဖြစ်၏။ စကားပြောသင်ရန် အတန်းထဲတွင် ထ၍ ပြောစဉ်က စကားတစ်လုံးမျှ မထွက်ဘဲ အ ၍ ကြက်သေ သေလျက် ရှိ၏။ သူ၏ အတ္ထုပ္ပတ္တိကို နားထောင်ရခြင်းဖြင့် စကားပြောကောင်းသူတစ်ဦးသည် မည်သည့် နည်းနှင့် ခေါင်းဆောင်ဖြစ်လာနိုင်ကြောင်းကို သိရ၏။ သူသည် နယူးဂျာစီပြည်နယ် ကလစ်ဖတန် မြို့တွင် အနှစ် ၂၀ နေခဲ့ရာ မြို့ရေးမြို့ကိစ္စ ဟူသရွေ့တွင် မည်သည့်အထဲမှ မပါခဲ့ဖူးချေ။ ၂၅ နှစ်အတွင်း ထိုအရပ်တွင် သူနှင့် သိကျွမ်းသောသူပေါင်းမှာ ငါးရာ လောက်သာ ရှိပေမည်။ ။
ကာနက်ဂျီကျောင်းတွင် သင်ကြားပြီးနောက် များမကြာမီ မြူနီစီပယ်
ခွန် ပေးရန် နို့တစ်စာရ၏။ အခွန်ငွေမှာ အလွန်အမင်း တိုးလျက်ရှိရကား သူသည် ဒေါသထွက်လျက်ရှိ၏။ ရှေးအခါက ဆိုလျှင် သူသည် ပုဆိုးခြုံထဲက လက်သီးပြရုံလောက်နှင့် ကျေနပ်မည် ဖြစ်သော်လည်း ယခုမှာမူကား မြူနီစီပယ်ကို ကန့်ကွက်သော အစည်းအဝေးသို့ ကိုယ်တိုင် တက်ပြီးလျှင် အပြင်းအထန် “ပွက်” လေ၏။ အပွက်ကောင်းသဖြင့် တစ်ညတည်းနှင့် သူ၏ နာမည်မှာ ကျော်ကြားသွားရကား မြို့သူမြို့သားတို့သည် မြူနီစီပယ် ရွေးကောက် ပွဲတွင် ဝင်၍ အရွေးခံရန် သူ့ကို ဝိုင်း၍ တိုက်တွန်းကြ၏။ , ရွေးကောက်ပွဲပြီးသောအခါ ယှဉ်ပြိုင် အရွေးခံသူ ၉၆ ဦးအနက် သူပင် ပထမဆွဲလေသည်။
တတိယစကားပြောသူသည် စားစရာ သောက်စရာများကို ပြုလုပ်ရောင်းချသူများ အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်လေသည်။ ရှေးအခါ များက ညွှန်ကြားသူလူကြီးများ၏ အဖွဲ့ အစည်း’ တွင် စကားပြောရ မည်ကိုပင် လန့်နေ၏။ စကားပြောသည့် အတတ်ကို သင်ကြား ပြီးနောက် များမကြာမီပင် သူ့အသင်း၏ ဥက္ကဋ္ဌဖြစ်လာပြီးသော် အမေရိကန်ပြည်ထောင်စုအတွင်း တရားလည်၍ ဟောရ၏။ သူ၏ ဟောပြောချက်တို့မှ ကောက်နုတ်ချက်များကို သတင်းစာများ ကုန်စည် မဂ္ဂဇင်းများထဲတွင် မကြာခဏ တွေ့ကြရ၏။ ရှေးအခါက ဒေါ်လာ နှစ်သိန်းကျော်မျှ အကုန်ခံ၍ ကြော်ငြာခဲ့သော်လည်း ယခုကဲ့သို့ သူကိုယ်တိုင် လှည့်လည် ဟောပြောသလောက် သူ၏ ကုမ္ပဏီသည် ကျော်ကြားခြင်း မရှိခဲ့ဖူးပလေ။
စကားပြောကောင်းခြင်းသည် ထင်ပေါ်ရန် ဖြတ်လမ်းပင် ဖြစ်၏။ စကားပြောကောင်းသူတစ်ဦးသည် သာမည လူထုအပေါ်သို့ ထိုးထွက်၍ လာနိုင်လေသည်။ ထိုမျှမကသေး။ စကားပြော ကောင်းသူ တစ်ဦးသည် မိမိတွင်ရှိသော ကိုယ်ပိုင်ဉာဏ်ထက် ပို၍ အထင်ကြီး ခြင်း ခံရတတ်၏။
ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်ပြီး သူများ၏ ပညာရေးအတွက် များစွာ လုံးပန်းလျက်ရှိကြလေသည်။ ဤကဲ့သို့ လုံးပန်းနေသည့် လူစုများထဲတွင် ဒေးလ် ကာနက်ဂျီ၏ နာမည်သည် အထင်ရှားဆုံးပင် ဖြစ်၏။ သူ၏ အတ္ထုပ္ပတ္တိကို ဖတ်ရခြင်းအားဖြင့် လူတစ်ဦးသည် ပင်ကိုယ်ဉာဏ် တစ်စုံတစ်ခုကို ‘ စိတ်အားထက်သန်စွာ အပြင်းအထန် စွဲလမ်းလျှင် ထိုသူသည် မည်မျှပင်’ စွမ်းဆောင်နိုင်မည်ကို ကောင်းစွာ သိရှိရမည် ဖြစ်၏။ – မစ်ဇူရီ ပြည်နယ်ရှိ မီးရထားဘူတာရုံ တစ်ခုနှင့် ဆယ်မိုင် ကွာသော တောရွာကလေး တစ်ရွာတွင် ဒေးလ်ကာနက်ဂျီကို မွေး သည်။ သူသည် ၁၌ နှစ်သားအရွယ်တိုင်အောင် မော်တော်ကားကို မမြင်ဖူးချေ။ သို့ရာတွင် ယခု အသက် ၄၆ နှစ်တွင် တစ်ကမ္ဘာလုံး၏ အကြောင်းများအနက် သူမသိသည့် အရာဟူ၍ မရှိသလောက်ပင်။
ရှေးအခါက ဆီးသီးကောက်၍ တစ်နာရီလျှင် ငါးဆင့် မျှသာ ရခဲ့ဖူးသော တောသားကလေး ကာနက်ဂျီသည် အလုပ်တိုက်ကြီး များရှိ အရာရှိကြီးများအား ထိရောက်စွာ ပြောဆိုနိုင်ရန် သင်ပေးရခြင်း အားဖြင့် ယခုအခါ တစ်မိနစ်လျှင် ဒေါ်လာ ရွှေဒင်္ဂါးတစ်ပြားရ၏။
ရှေးအခါဝယ် ပရိသတ်အလယ်တွင် စကား ထ ပြောရန် လေ့ကျင့်စဉ်က ၆ ကြိမ်လောက် မရှုမလှ ပျက်ခဲ့ဖူးသော ထိုသူမှာ များမကြာမီ ကျွန်ုပ်၏ ပုဂ္ဂလိက မန်နေဂျာဖြစ်လာ၏။ ကျွန်ုပ်၏ ထမြောက် အောင်မြင်ချက်တို့သည် စင်စစ်အားဖြင့် ကျွန်ုပ်ကိုယ်တိုင် ဒေးလ်ကာနက်ဂျီ၏ အသွန်အသင်ခံခဲ့ရဖူးသောကြောင့်ပင် ဖြစ်၏။
ဇာတိချက်ကြွေ မွေးရာမြေတွင် စီးပွားပျက်သဖြင့် ရှိသမျှ ပစ္စည်းကလေးကို ရသမျှနှင့် ရောင်းပြီးလျှင် ကာနက်ဂျီ၏ မိဘ များသည် ဝါရင်စဘတ် ” မြို့ရှိ နိုင်ငံတော် ဆရာဖြစ်သင် ကောလိပ် ကျောင်း ၊ အနီးတွင် လယ်မြေကလေး တစ်ကွက်ဝယ်၍ နေထိုင် ကြ၏။ မြို့တွင် သွား၍နေလျှင် တစ်နေ့ ဒေါ်လာတစ်ပြားမျှ ကုန်ကျမည်ကို မတတ်နိုင်သောကြောင့် သုံးမိုင်မျှ ကွာဝေးသော ကောလိပ်ကျောင်းသို့ နေအိမ်မှ မြင်းစီး၍တက်ရလေသည်။ ကျောင်း အားချိန်တွင် ကာနက်ဂျီသည် အိမ်၌ နွားနို့ညှစ်ရ၏။ ထင်းဖြတ်ရ၏။ ဝက်စာ ကျွေးရ၏။ ညအချိန်တွင် မျက်စိများပြာ၍ ငိုက်မျဉ်းလာသည့် တိုင်အောင် သင်ခန်းစာများကို မှန်အိမ် မလင်းတလင်းကလေးနှင့် ကြည့်ရလေသည်။
ညဉ့်နက်သန်းခေါင်မှ အိပ်ရာဝင်သော်လည်း နံနက် သုံးနာရီ တွင် နှိုးစက်သံကို နာခံ၍ ထရ၏ ။ သူ၏ အဖေသည် ဝက်များကို ဖောက်၍ ရောင်းသဖြင့် ဝက်ကလေးများ အအေးမိ၍ သေမည်ကို ကြောက်ရ၏။ ထို့ကြောင့်ပင် ဝက်ကလေးများကို တောင်းထဲတွင် ထည့်၍ မီးဖိုအနီးတွင် သိပ်ရ၏။ နံနက် ၃ နာရီ အိပ်ရာမှနိုးသော အခါ ဝက်ကလေးများကို မိခင်ဝက်မကြီးများရှိရာသို့ယူ၍ နို့တိုက် ပြီးမှ မီးဖိုအနီးတွင် ရှေးကကဲ့သို့ ပြန်ထားရ၏။
ဒေးလ်ကာနက်ဂျီနေသော ကောလိပ်ကျောင်းတွင် ကျောင်း သားပေါင်း ၆၀၀ ကျော်မျှရှိရာ မြို့ထဲတွင် မနေနိုင်သော မျက်နှာငယ်ကျောင်းသား ၆ ဦးထဲတွင် ကာနက်ဂျီလည်း တစ်ဦး ပါဝင်လေသည်။
ကောလိပ်ကျောင်းသို့ နေ့တိုင်း မြင်းစီး တက်ရသည်ကို သူသည် ရှက်၏။ အိမ်တွင် နေ့တိုင်း နွားနို့ညှစ်ရသည်ကို . ရှက်၏။ ဆင်းရဲလွန်းသဖြင့် အလွန်ကျပ်သော အင်္ကျီနှင့် တိုလှသော ဘောင်းဘီတို့ကို ဝတ်ဆင်နေရသည်ကိုလည်း ရှက်၏။ ထို့ကြောင့် အားငယ်သော စိတ်ဓာတ်များ (ဝါ) လူကိုကြောက်သော စိတ်ဓာတ် များ တစ်နေ့တခြား တိုးပွား၍လာရာ သူသည် ထင်ပေါ်ကျော်ကြား သော ဘဝသို့ရောက်ရန် လမ်းတို့ကို စူးစမ်းရှာဖွေလျက်ရှိ၏။ ကျောင်းတွင် ပေါ်လွင်ထင်ရှား၍ ခေတ်စားသော ကျောင်းသား တစ်စုကို သတိထားမိ၏။ ထိုသူတို့ကား ဘေ့စ် ဘော” နှင့် ဘောလုံးကစားကောင်းသူများနှင့် စကားရည်လုပွဲ စကားပြောပွဲ များ၌ အနိုင်ရသူများ ဖြစ်ကြ၏။ ။
ကစားခုန်စားဘက်တွင် ဝါသနာမပါသည့်အတွက် စကား ပြောပွဲတွင် ချွန်ရန် အထူးကြိုးစားပါသော်လည်း တစ်ကြိမ်ပြီး တစ်ကြိမ် ရှုံး၍သာ နေလေသည်။ ထိုအခါက သူသည် အသက် ၁၈ နှစ်မျှသာ ရှိသေး၏။ စိတ်ပျက်လွန်းအားကြီးသောကြောင့် သတ်သေရန်ကိုပင် စိတ်ကူးခဲ့ဖူး၏။ ထို့နောက် များမကြာမီ စကားပြောပွဲများတွင် တစ်စတစ်စ နိုင်စပြုလာ၏။ အခြား ၄ ကျောင်းသားများကလည်း စကားပြောသင်ပေးရန် ကာနက်ဂျီကို တောင်းပန်တိုးလျှိုးသဖြင့် သင်ကြားပေးရာ ထိုသူများပင် စကားပြော ပြိုင်ပွဲများ၌ အနိုင်ရကြလေသည်။ ။
ကောလိပ်ကျောင်းမှ ထွက်သောအခါ စာတိုက်မှတစ်ဆင့် စာရေး၍ သင်ကြားသော စကားပြော သင်ခန်းစာများကို ရောင်း စားရန် ကြိုးစား၏။ သို့ရာတွင် ထိုအကြံမှာ အထမြောက်ခြင်း မရှိပေ။ စိတ်အပျက်ကြီးပျက်၍ မိမိတည်းခိုနေသော ဟိုတယ်တွင် ရှိုက်ကြီးတငင် ငိုမိလေသည်။ ထိုနေရာမှတစ်ဖန် အိုးမဟာ ပြည်နယ်သို့သွားရန် အကြံပြု၏။ သို့ရာတွင် သွားရန် ခရီးစရိတ် မျှပင် မရှိသောကြောင့် ကုန်တင်ရထားတွဲ တစ်တွဲတွင်စီး၍ မီးရထားခ အစား မြင်းရိုင်းနှစ်ကောင်ကို အစာကျွေး၍ လိုက်သွားရလေသည်။ အိုးမယားသို့ရောက်သောအခါ ဝက်ပေါင်ခြောက်၊ ဆပ်ပြာ၊ ဝက်ဆီ တို့ကို ရောင်းသော အလုပ်တစ်ခုကို ရလေသည်။ နှစ်နှစ်အတွင်း ထိုအလုပ်သည် အလွန်တွင်ကျယ်လာသောကြောင့် ကုမ္ပဏီက သူ့ကို အလုပ်တိုးပေးရန် စီစဉ်၏။ သို့ရာတွင် သူသည် အလုပ်မှ ထွက်ပြီးနောက် ပြဇာတ်အဖွဲ့ တစ်ခုတွင် ဇာတ်လိုက် လုပ်၍ တိုင်းပြည်ကို လှည့်လည်ကပြလေသည်။ ထိုသို့ ကပြရင်း သူ့တွင် ဇာတ်လိုက်ကြီးတစ်ဦးဖြစ်ရန် အရည်အချင်း မရှိမှန်း သိလာ၍ ဈေးရောင်းသော အလုပ်ကိုပင် ပြန်၍လုပ်ရ၏။
ဤအကြိမ်တွင် ပက္ကတ် မော်တော်ကားကုမ္ပဏီ အတွက် ကုန်တင်ကားများကို ရောင်းပေးရ၏။ စက်အကြောင်းကို နားမလည်။ ဝါသနာလည်း မပါသောကြောင့် အလုပ်ဆင်းရန်ပင် စိတ်မပါ့ တပါ ဖြစ်ခဲ့လေသည်။ ကောလိပ်ကျောင်းတွင် နေခဲ့စဉ်က ရေးသား မည်ဟု စိတ်ကူးခဲ့ဖူးသော စာအုပ်များကို ရေးသားလိုသော ဆန္ဒများ ” သည် တစ်နေ့တခြား ပြင်းပြလာသဖြင့် ထိုအလုပ်မှ ထွက်လိုက် ပြန်၏။ စာအုပ်များ ဝတ္ထုများ ရေးနိုင်ရန်အတွက် ညကျောင်းတွင် ဝင်၍ အလုပ်လုပ်ရန် စိတ်ကူး၏။ သို့ရာတွင် ညကျောင်းတွင် မည်သည့်ဘာသာကို သင်ရမည်ကို မတွေးတတ်အောင် ဖြစ်နေလေ သည်။ ကောလိပ်ကျောင်းတွင်နေစဉ်က လုပ်ခဲ့သော အလုပ်များအနက် စကားပြောကောင်းဖြစ်ရန် လေ့ကျင့်ထားခြင်းသည် အခြားသော သင်ခန်းစာများအားလုံးထက် ပို၍ သူ့ကို နှလုံးရည်နှင့်တကွ လူများနှင့် ဆက်သွယ်နိုင်သည့် စွမ်းရည် သတ္တိထူးတို့ကို ပေးခဲ့သည် ဖြစ်ရကား စာသင်ပေးရလျှင် စကားပြောသင် ဘာသာကိုသာ သင်ကြား ပြသပေးလိုသော စိတ်ရှိ၏။ ထို့ကြောင့် နယူးယောက်မြို့ရှိ ဝိုင်အမ်စီအေ ကျောင်းအဖွဲ့သို့ အရောင်းအဝယ်သမားတို့ စကား ပြောနည်းများကို သင်ကြားပြသခွင့်ပေးရန် ပြော၏။ ဤသို့ သင်ကြား ပြသသည့် အတွက် တစ်ညလျှင် ဒေါ်လာ ၂ ပြားကျ ပေးရန် တောင်း၏။ ဆိုင်ရာတို့က တောင်းသည့်အတိုင်း ပေးရန် သဘော မတူသောအခါ ကော်မရှင်နှုန်းဖြင့် ပေးရန် တောင်းပြန်၏။ သုံးနှစ် အတွင်း ကော်မရှင် နှုန်းအရ တစ်ညလျှင် ဒေါ်လာ အပြား ၃၀ မျှ ရလာလေသည်။
များမကြာမီ သူ့သင်ခန်းစာများ၏ ဂုဏ်သတင်းသည် တစ်စတစ်စ ပျံ့နှံ့လာရာ နယူးယော့ တစ်မြို့တည်းသာမက ဖီလ ဒဲဖီးယားဗာလတီမိုး ၃ လန်ဒန်” နှင့် ပဲရစ် ၁ မြို့များသို့ပင် သွားရောက်၍ သင်ကြားပြသခဲ့ရလေသည်။ သူ့ထံသို့ လာရောက် သင်ကြားကြသော ကုန်သည်ကြီးငယ်တို့ အသုံးပြုသည့် လက်စွဲစာအုပ် များသည် နေ့စဉ် အလုပ်လုပ်ရာ၌ သုံး၍ မဖြစ်ချေ။ ထို့ကြောင့် ကုန်ရောင်း ကုန်ဝယ် လုပ်ရာ၌ တစ်ဖက်သားကို ကိုယ့်ဘက်သို့ ပါအောင် ဆွဲနည်းများပါဝင်သည့် ကျမ်းတစ်ကျမ်း” ကို ရေးသားရာ ထိုကျမ်းစာအုပ်သည် ယခုအခါ အမေရိကန် ကုန်သည်ကြီးငယ် အသင်းတိုင်း၏ လက်စွဲကျမ်း ဖြစ်လျက်ရှိ၏။
ယခုအခါ နယူးယောက်မြို့ရှိ စကားပြောနည်းကို သင်ကြား ပေးနေသော ကောလိပ်ကျောင်း ၂၂ ကျောင်းတွင် စာသင်နေသောကျောင်းသားဦးရေထက် ကာနက်ဂျီ တစ်ဦးတည်းထံတွင် သင်ကြား နေသော ကျောင်းသားဦးရေက များမည် ဖြစ်၏။
မည်သူမဆို ဒေါသ ထွက်လာလျှင် စကားပြောကောင်း ဖြစ်နိုင်သည်ဟု ဒေးလ်ကာနက်ဂျီက အတိအကျဆို၏။ လူ့အန္ဒ တစ်ဦး၏ မေးရိုးကို ခပ်ပြင်းပြင်းတစ်ချက်လောက် ထိုးလိုက်လျှင် ထိုသူသည် ပြန်ထလာပြီးလျှင် စကားပြောအကောင်းဆုံး လူတစ် ယောက်လောက် ကောင်းအောင် ဒေါပါပါနှင့် စကားပြောနိုင်မည်ဟု ကာနက်ဂျီက ဆို၏။ ဗလောင်ဆူဝေ၍နေသော ကိစ္စတစ်ခု မိမိရင် တွင်း၌ရှိ၍ မိမိကိုယ်ကို မိမိ စိတ်ချလျှင် မည်သူမဆို ပရိသတ် အလယ်တွင် နားထောင်ကောင်းလောက်အောင် စကားပြောလာ” နိုင်လိမ့်မည်ဟု ကာနက်ဂျီပင် ဆိုသေး၏။
မိမိကိုယ်ကို “ မိမိစိတ်ချသည့် စိတ်ဓာတ်များ ရင့်သန် အောင်ပြုလုပ်ရန် အကောင်းဆုံးသောနည်းလမ်းသည် မိမိကိုယ်တိုင် လုပ်ရန် ကြောက်သော ကိစ္စတို့ကိုလုပ်ပြီးလျှင် အောင်မြင်သည့် အခါတိုင်း ထိုအောင်မြင်ချက်တို့ကို ကောင်းစွာ မှတ်သားထားခြင်း ပင် ဖြစ်သည်ဟု ကာနက်ဂျီက ဆိုပြန်၏။ ထို့ကြောင့် ကာနက်ဂျီ သည် သူ၏ တပည့်များကို အတန်းတက်တိုင်း စကားပြောစေ၏။ – ဤသို့ ပြောဖန်များသဖြင့် အပြောလေ့ကျင့်သူတို့တွင် မိမိကိုယ်ကို မိမိ စိတ်ချယုံကြည်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်အားထက်သန်ခြင်း တည်းဟူသော စိတ်ဓာတ်များ တစ်နေ့တခြား ရင့်သန်လာကြ မည်ကား မလွဲတည်း။ .
“လူများအား စကားပြောသင်ပေးခြင်း အလုပ်တစ်ခုတည်း ဖြင့်သာ အသက်မွေးဝမ်းကျောင်းမရှာ။ ထိုလုပ်ငန်းသည် ခရီးသွား . ဟန်လွှဲခြင်းမျှသာ ဖြစ်၍ ကျွန်ုပ်တို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအစစ်မှာ လူများအား သူတို့၏ ကြောက်စိတ်များကို နှိမ်နင်းပြီးလျှင် သတ္တိများကို မွေးမြူနိုင်ရန် သင်ကြားပြသပေးခြင်း သာလျှင် ဖြစ်သည်”ဟု ဒေးလ် ကာနက်ဂျီက ထုတ်ဖော်ပြောဆိုဖူး၏။
ရှေးဦးပထမ စကားပြောသင်တန်းများကိုသာ ဖွင့်လှစ်ရန် သူသည် ကြံစည်ခဲ့၏။ သို့ရာတွင် သူ့ထံသို့ ပညာဆည်းပူးရန် လာကြသောသူများမှာ ကုန်ရောင်းကုန်ဝယ် သမားများသာဖြစ်ကြ၍ ကျောင်းမှ ထွက်လာခဲ့သည်မှာ အနည်းဆုံး အနှစ် ၃၀ ကျော်စီ ရှိပြီး ဖြစ်ကြလေပြီ။ ထိုတပည့်များသည် ယနေ့သင်သော သင်ခန်းစာ များကို မနက်ဖြန် အသုံးချနိုင်ရန် အလိုရှိကြ၏။ ထို့ကြောင့် ဒေးလ် ကာနက်ဂျီသည် လက်တွေ့အသုံးချနိုင်သော နည်းများကို လျင်မြန်စွာ ထွင်ရလေသည်။ သူ၏ နည်းများမှာ စကားပြောနည်း၊ ဈေးရောင်းနည်း၊ ပေါင်းသင်းဆက်ဆံနည်းနှင့် အသုံးချစိတ်ပညာရပ် များကို အားလုံး စုပေါင်းပြီးလျှင် သင်ခန်းစာတစ်ခုဖြစ်အောင် , ထွင်ထားသောကြောင့် အခြားသူများ၏ သင်ခန်းစာများနှင့် စိုးစဉ်းမျှ မတူချေ။ . ..
သူ့ထံတွင် သင်ခန်းစာများကို ကုန်အောင်သင်ပြီးသောအခါ တပည့်များသည် မိမိတို့ဘာသာ အသင်းများ ထူထောင်၍ တစ်လ `လျှင် နှစ်ကြိမ်ကျ နှစ်ပေါင်း အတော်ကြာစွာ တွေ့ဆုံ ဆွေးနွေး ကြလေသည်။
လူတစ်ဦး၌ ကိုယ်ပိုင်သတ္တိများ အပုံတစ်ရာရှိလျှင် ထိုသူ သည် ဆယ်ပုံကိုသာလျှင် အသုံးချသည်ဟု ဟားဗတ် ယူနီဗာစီတီမှ ပရော်ဖက်ဆာ ဝီလျံဂျိမ်း” က ဆိုထားလေသည်။ ဒေးလ်ကာနက်ဂျီ သည် ကုန်ရောင်း ကုန်ဝယ်သမားတို့အား သူတို့၏ ရှိပြီး ကိုယ်ပိုင် သတ္တိများကို ရှိရှိသရွေ့ အသုံးချနိုင်ရန် ကြိုးစားပေးခြင်းဖြင့် အရွယ်ရောက်ပြီးသော သူများ၏ ပညာပြန့်ပွားရေးကိစ္စတွင် အရေးပါ အရာရောက်ဆုံးသော ကိစ္စကြီးတစ်ရပ်ကို ဆောင်ရွက်လိုက်ပေသည် ဟု ဆိုရမည်ဖြစ်၏။